အခန်း ၁၀၅ မမွေးဖွားမီ စိုးရိမ်ပူပန်မှုများ
နေ့ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဇနီးမောင်နှံနှစ်ဦးရဲ့ သံယောဇဉ်က ပိုပြီး ခိုင်မြဲလာသည်။ ရဲ့ချန်းလျန်သည် ချူနင့်ဆီကနေ အပြည့်အဝ ဂရုစိုက်မှုကို ခံစားနေရသည်။
ပထမဆုံးကလေးက ချူမျိုးရိုးယူရမှာ မဟုတ်လား ဒီလူက အရမ်းအစွမ်းထက်တာပဲ ဒါပေမဲ့ တစ်နေ့ကျလို့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ တွေ့ပြီး ချူနင့်ကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲ။
"ချူမု မုမုလေး"
"ရဲ့ယောင် ယောင်ယောင်လေး"
နားထောင်လို့ ကောင်းသားပဲ အဲဒီနောက်ပိုင်း ရဲ့ချန်းလျန်ဟာ သူမဗိုက်ထဲက ကလေးတွေကို နေ့တိုင်း စကားတွေ တတွတ်တွတ် ပြောနေတော့သည်။
"မကြာခင် မွေးတော့မှာနော်"
"မွေးလာတဲ့အခါ အကောင်းဆုံး ကျင့်စဉ်အရင်းအမြစ်တွေပေးမယ်"
"အကောင်းဆုံး လမ်းညွှန်မှုတွေလညပေးမယ်"
"အခုတော့ မင်းတို့က ရင့်ကျက်တဲ့ ကျင့်ကြံသူလေးတွေ ဖြစ်နေပြီ"
အခုကစပြီး ဘဝရဲ့ပထမဆုံး ရန်သူကို ရင်ဆိုင်ပြီး နင့်အဖေကို အနိုင်ယူလိုက်စမ်း။
နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ အရမ်းချစ်ဖို့ကောင်းပါသည်။ ဒါဟာ သူမရဲ့ ဉာဏ်ရည်တွေက ကလေးတွေဆီ ရောက်ကုန်ပြီဆိုတဲ့ သဘောပါပဲ။ ကလေးတွေကတော့ နောင်ကျရင် သေချာပေါက် ထက်မြက်ကြမှာပါ။
ရဲ့ချန်းလျန်ရဲ့ သားအိမ်ထဲမှာတော့ အင်္ဂါစုံလင်နေပြီဖြစ်တဲ့မိန်းကလေး နှစ်ယောက်ဟာ ကိုယ်ပိုင်အသိစိတ်တွေ ရှိနေကြပြီ ဖြစ်သည်။ သူတို့ရဲ့ အရွယ်အစားနဲ့ ရုပ်ရည်က တော်တော်လေး ဆင်တူသည်။ အပြင်လောကကိုတော့ မမြင်ရသေးတာကြောင့် တစ်ယောက်ကိုတစ်ယောက်ပဲ စိတ်ဝင်စားနေကြသည်။
တစ်ယောက်ကတော့ ကြည်လင်တဲ့ မျက်ဝန်းတွေနဲ့ ပြန်လည်ဝင်စားခြင်းအသိစိတ် အပြည့်ရှိနေသည်။ အခြားတစ်ယောက်ကတော့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေနဲ့ လောကကြီးကို စူးစမ်းချင်စိတ် အပြည့်ရှိနေသည်။ တွက်ကြည့်ရသလောက်ဆိုရင် ငါမွေးဖို့ အချိန်နီးပြီပဲ။
ငါ့ရဲ့ခန္ဓာကိုယ်အခြေခံက ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ ငါ့မိဘတွေက ငါ့ကိုအာဟာရကျွေးဖို့ ဒီလောက် အရင်းအမြစ်တွေ သုံးထားတယ်ဆိုတော့ သူတို့ကလည်း အတော်လေး အစွမ်းထက်မှာပဲ။
အခြေခံကောင်းတော့ ကျင့်စဉ်ကလည်း မြန်မြန်တက်တာပေါ့။ သူမက သူမရဲ့ပါရမီကိုတောင် သိနေပါပြီ။ သူတော်စင်အဆင့် ကောင်းကင်ဝိညာဉ်အမြစ် ၊ ထိပ်တန်းပါရမီရှင်ပဲ ဒါတင်မကဘူး။သူမရဲ့ရှေ့မှာရှိတဲ့ ညီမလေးမှာလည်း အဲဒီပါရမီမျိုး ရှိနေတာကို သူမ ခံစားမိသည်။
ဘာလို့ညီမလေးလို့ ခေါ်တာလဲဆိုတော့ သူမက အရင်ထွက်မှာမို့လို့ပါ။ သူမက ဘယ်သူ့လက်အောက်မှာမှ မနေချင်ဘူး သွေးသားအရင်းအမြစ်ဆိုရင်တောင် သူမကပဲ အစ်မဖြစ်ချင်တာလေ။
သူတော်စင်အဆင့် ပါရမီဆိုတာ သူမ အရင်က အုပ်ချုပ်ခဲ့တဲ့တာအိုတိုက်ကြီး ရှစ်ရာမှာတောင် ရှားပါးလှတာပါ။ အခု မိခင်တစ်ယောက်တည်းက မွေးတဲ့ညီအစ်မ နှစ်ယောက်လုံးမှာ ရှိနေလိမ့်မယ်လို့ သူမမထင်ထားခဲ့ဘူး။
သူမက ကျေနပ်စွာ ပြုံးလိုက်ပြီး စိတ်ထဲက ရေရွတ်လိုက်သည် ဒီလင်မယားတော့ တကယ်ကံကောင်းတာပဲ။
တကယ်တော့ ဝိညာဉ်အမြစ်ဆိုတာက ဒုတိယအချက်ပါ။ ထိပ်ဆုံးကို ရောက်မယ့်သူတွေအတွက် တခြားအချက်တွေ အများကြီး လိုပါသေးသည်။
ပါရမီက အရေးမကြီးဘူးလို့တွေးပြီး သူမဟာ မွေးမွေးချင်းမှာတင် ကောင်းကင်တာအိုဓားရိုးဆိုတဲ့ သူတော်စင်အဆင့်ခန္ဓာကိုယ် ရရှိဖို့အတွက် စိတ်ကျင့်စဉ်တွေကို လေ့ကျင့်နေခဲ့တာ သုံးလရှိပါပြီ။ အဲဒီလိုမှသာ နောက်ပိုင်းမှာ ထိပ်ဆုံးကို အမြန်ဆုံးရောက်နိုင်မှာလေ။
သူမရဲ့ ခန္ဓာကိုယ်ကလည်း အမြဲပြောင်းလဲနေသည်။ ဒါပေမဲ့ ထူးဆန်းတာက ဘာမှမသိဘဲ ငြိမ်နေတဲ့ ဟိုဘက်က ညီမလေးရဲ့ ခန္ဓာကိုယ်နဲ့ သူမနဲ့က ဘာမှမခြားနားသလို ခံစားနေရတာပါပဲ။
ငါက စိတ်ကျင့်စဉ်တွေနဲ့ ကြိုးစားနေတာကို ဘာမှမလုပ်တဲ့သူက ဘာလို့ငါနဲ့ အတူတူဖြစ်နေရတာလဲ။
ဖြစ်နိုင်တာက ငါတို့မွေးမလာသေးလို့ ထူးခြားတဲ့ လက္ခဏာတွေ မပြသေးတာ ဖြစ်မှာပါ။ မွေးလာရင်တော့ ပိုကောင်းလာမှာပါလေ။
အဲဒီအချိန်မှာပဲ နွေးထွေးတဲ့ ဆေးစွမ်းတွေက သူတို့ရှိရာ ကောင်းကင်နဲ့ မြေကြီး (သားအိမ်) ထဲကို စီးဝင်လာပြီး ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားသည်။
သူမက အဲဒီဆေးစွမ်းတွေကို လုယူနိုင်ပေမဲ့ မလုပ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သွေးသားအရင်းအမြစ်တွေပဲလေ အညီအမျှ ခွဲဝေတာ ပြဿနာမရှိပါဘူး။ နောင်ကျရင်လည်း တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမှာပဲ မဟုတ်လား။
ဒီလိုဆေးစွမ်းတွေ ရောက်လာတာက သူတို့အမေ ဆေးသောက်လိုက်တဲ့ အချိန်တိုင်းပါပဲ။ ဒီဆေးစွမ်းက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ သူမ မထင်ထားဘူး။ ရှေ့က ညီမလေးက ဘာမှမသိဘဲ လက်ကလေးတွေပဲ ယမ်းနေတာကိုမြင်တော့ သူမကပဲ ဆေးစွမ်းတွေကို ညီမလေးဆီ လမ်းကြောင်းပေးလိုက်ရသည်။
ကြည့်ရတာ ဒီညီမလေးက တော်တော်လေး အူကြောင်ကြောင်နိုင်မယ့် ပုံပဲ။ ထားပါတော့လေ ငါက အစ်မဆိုတော့လည်း ဒီလောက်လေးတော့ ကူညီပေးရမှာပေါ့။ ဒါတွေက နင့်အတွက် ကောင်းတယ် ယူထားလိုက်။
အမေက ထမင်းစားတဲ့ အချိန်တွေက တိကျတာကြောင့် သူမက တစ်နေ့တာ အချိန်နာရီတွေကို ခန့်မှန်းလို့ ရနေသည်။ ဒါပေမဲ့ တစ်ခါတလေကျရင် သူတို့ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးက ပြင်းပြင်းထန်ထန် မဟုတ်ပေမဲ့ လှုပ်ခါသွားတတ်သည်။
အဲဒီလို လှုပ်ခါတာက ပုံမှန်မဟုတ်ဘူး။ တစ်ခါတလေ နေ့ခင်းမှာဖြစ်တတ်သလို ညဘက်မှာ ပိုဖြစ်တတ်သည်။ တစ်ခါတလေ တစ်နေ့ကို အကြိမ်ကြိမ် တစ်ခါတလေ နှစ်ရက်သုံးရက်မှ တစ်ခါဖြစ်တတ်သည်။
သူတို့ ဘာလုပ်နေကြတာလဲ။
သူမ နားမလည်ဘူး။ ဒါပေမဲ့ အဲဒီလိုလှုပ်ခါတာ ရပ်သွားတိုင်း ထူးခြားတဲ့ဝိညာဉ်စွမ်းအင်တွေ ရောက်လာပြီး သူတို့ရဲ့ ကျင့်စဉ်တွေကိုပိုပြီး အထောက်အကူ ဖြစ်စေတာကိုတော့ သတိထားမိသည်။
ဒါက တစ်မျိုးမျိုးသော ကျင့်စဉ်လား။ ဒါပေမဲ့ ညသန်းခေါင်ကြီး လှုပ်ခါတာကတော့ သူမအတွက် တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာပါ။
ငါ အိပ်ချင်နေပြီလေ။ သူမက မကျေမနပ်နဲ့ ဗိုက်ကို ကန်လိုက်ရင်း သတိပေးမိသည် ညဘက်မှာ လူတိုင်း ကောင်းကောင်း အနားယူပြီး ငါတို့ကို ဘေးကင်းကင်း မွေးပေးတာက ပိုမကောင်းဘူးလား ငါတို့မွေးလာရင် နင်တို့ကို ထိပ်ဆုံးရောက်အောင် ခေါ်သွားမှာပါဆို။
အပြင်ဘက်မှာတော့ လင်မယားနှစ်ယောက်က ဗိုက်ကို စိုက်ကြည့်နေကြသည်။
"ချူနင်... ကလေးက အခုလေးတင် ကန်လိုက်တယ်"
"ခံစားရတယ် ကိုယ်လည်း ခံစားရတယ်"
"သူက အသက်ရှင်နေတုန်းပဲနော်"
အင်း အသက်ရှင်နေတာပေါ့ မင်းပြောတာက ဘောင်းဘီချွတ်ပြီး လေလည်သလိုပဲ (အပိုတွေ ပြောနေတာ)။
ငါ့ခန္ဓာကိုယ်က သန့်စင်ပြီးသား လေမလည်ဘူး။ နင်ပဲ ငါ့ဘောင်းဘီကို အမြဲလာလာချွတ်နေတာ။ အေးပါကိုယ့်အပြစ်တွေပါ ဟုတ်ပြီလား။
သူတို့နှစ်ယောက် ကိစ္စပြီးလို့ လဲလျောင်းနေတဲ့ အချိန်တိုင်းမှာ ကလေးရဲ့ လှုပ်ရှားမှုကို ခံစားရတတ်သည်။ ချူနင် မုမုလား ယောင်ယောင်လား မသိဘူးနော်။
လှုပ်လှုပ်ရွရွ ဖြစ်နေတာဆိုတော့ မုမုဖြစ်မှာပါ သူကအရင်ထွက်လာမှာ သေချာတယ်။ ရဲ့ချန်းလျန်က ခေါင်းညိတ်ပြီး ဒါဆို သူတို့ ထွက်လာဖို့ လုကြမှာလား။ မသိဘူးလေ ကိုယ်လည်း တစ်ခါမှ မမြင်ဖူးဘူး။ သူတို့ လုတာမျိုးတော့ ကိုယ် ခွင့်မပြုပါဘူး။
"အော်"
သူတို့ ကျင့်စဉ်တွေကရော အရမ်းမြန်မှာလား အခုငါစားနေတာတွေက သူတို့ဆီ ရောက်နေတာဆိုတော့ အခြေခံကောင်းရင် နောက်ကျရင် ကျင့်စဉ်မြန်မြန်တက်မှာ မဟုတ်ဘူးလား။
မင်းကိုယ်တိုင်ပဲ သူတို့ကို ကိုယ့်ထက် အစွမ်းထက်အောင် လုပ်ပြီး ကိုယ့်ကို နှိမ်ခိုင်းမယ်လို့ ပြောထားတာလေ။ သူတို့ကတော့ သေချာပေါက် မြန်မှာပေါ့။
ဟဲဟဲ... ငါတစ်ယောက်တည်းနဲ့တင် နင့်ကို နှိမ်လို့ရပါတယ် ကလေးတွေ မလိုပါဘူး။ အဲဒါလည်း ဟုတ်တာပဲ။ ချူနင် ငါ့ပေါင်က နည်းနည်း ကြွက်တက်ချင်သလိုပဲ။ ဘယ်နားလဲ ကိုယ်နှိပ်ပေးမယ်။
"ငါ ဗိုက်ဆာတယ် ခုနက စားတာ မဝဘူး"
"ခေါက်ဆွဲ စားမလား တခြားဟာ စားမလား"
"နင် ဆုလာဘ် လိုချင်လား ငါနင့်ကိုဆုပေးချင်တယ်"
အေးပါ ဆုပေးချင်တယ်ပေါ့။ တကယ်တော့ တခြား အကြောင်းပြချက်လေး ပြောင်းပေးပါဦး။ ငါက ပေးချင်လို့ကိုး... ဟဲ့... အသာလေး လုပ်ပါ။
ဆီးနှင်းတွေ အရည်ပျော်ပြီး ဆောင်းကုန်လို့ နွေဦးရောက်လာသည်။ အင်ပါယာရဲ့ အခြေအနေတွေကလည်း ပြောင်းလဲနေပေမဲ့ လင်မယားနှစ်ယောက်ကတော့ အဲဒါတွေကို ဂရုမစိုက်နိုင်တော့ပါဘူး။
ရွှေယွန်းက မွေးခါနီးဖြစ်လာတာကြောင့် နေ့ရောညပါ အိပ်မပျော်ဘဲ နေ့တိုင်း ငိုနေတော့သည်။
ငါမွေးတော့မယ် ထင်တယ်။ ကိုယ် သားဖွားဆရာမ သွားခေါ်လိုက်မယ်။ သူတို့က အတွေ့အကြုံ ရှိကြပါတယ်။
မသွားနဲ့ ငါ အခုမမွေးချင်သေးဘူး။ ငါ အရမ်းကြောက်တယ် တကယ်လို့ ကလေးက ရုပ်ဆိုးဆိုးလေး မွေးလာလို့ နင်မချစ်ရင် ဘယ်လိုလုပ်မလဲ။
"ကလေးမွေးပြီးရင်ရော နင် ငါ့ကို မချစ်တော့ဘူးလား"
ချူနင် ငါ့ဘေးမှာပဲ နေပေးပါ ထမင်းသွားမချက်နဲ့တော့။ နင့်ကို မမြင်ရရင် ငါငိုချင်လာလို့။ ဒါတွေ အကုန်လုံး နင့်ကြောင့်ပဲ ငါ့ကိုဖက်ထားပေး ဘယ်မှ မသွားနဲ့။
တစ်ခဏလေး ပျောက်သွားရင်တောင် ငါငိုမှာ။ ငါမွေးပြီးရင်ရော နင် ငါ့ကိုချစ်နေဦးမှာလား ငါကနင့်ကိုပဲချစ်တာ။ ငါမွေးပြီးရင် နင် ငါ့ကို မငြီးငွေ့ရဘူးနော်။
မစိုးရိမ်ပါနဲ့ ကိုယ် မင်းဘေးမှာ အမြဲ ရှိနေမှာပါ။