အခန်း ၁၀၂ ဒါကဆုလာဘ်ပဲ လက်ခံလိုက်စမ်းပါ
အိပ်ဆောင်အတွင်းတွင် နွေးထွေးသော ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေသည်။
ကျင့်ကြံသူများသည် အပူအအေးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ဤကဲ့သို့ နွေးထွေးသော လေထုရှိနေခြင်းက စိတ်ကို ကြည်လင်စေသည်။ ကြမ်းပြင်ပေါ်တွင် သားရေကော်ဇော ခင်းထားပြီး ကုတင်နှင့် မနီးမဝေးတွင် မီးဖိုတစ်ခု ချထားသည်။
မီးသွေးကို ခဏခဏ ထည့်စရာမလိုဘဲ တစ်ခါထည့်ထားလျှင် ရက်အတော်ကြာ အပူပေးနိုင်သည်။ ၎င်းမှာ အပြင်ဘက် မီးဖိုချောင်တွင် သုံးသော ထင်းအမျိုးအစားနှင့် အတူတူပင်ဖြစ်ပြီး အပူပေးရန် အလွန်ကောင်းမွန်သည်။
ရဲ့ချန်းလျန်သည် သူမ၏ သားမွေးဝတ်ရုံကို ချွတ်၍ ဘေးတွင်ချကာ ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေရင်း တဖြည်းဖြည်း ကြီးထွားလာသော သူမ၏ဝမ်းဗိုက်ကို မကျေမနပ် ကြည့်နေမိသည်။
ဒါတွေ အကုန်လုံး နင့်ကြောင့်ပဲ။ အခုတော့အင်ပါယာ အလုပ်တွေကိုလည်း လစ်ဟင်းကုန်ပြီ ကျင့်စဉ်ကျင့်တာလည်း ပျင်းရိကုန်ပြီ။ မဟုတ်ရင် နင့်ဆီကအရင်းအမြစ်တွေ အမယ်တွေနဲ့ အဲဒီကျင့်စဉ်သာဆိုရင် ငါအခုလောက်ဆို ကောင်းကင်ဖြစ်စဉ်အဆင့်ကို ရောက်နေတာ ကြာပြီ။
မင်းရဲ့ အခြေခံက အနန္တအဆင့်နှောင်းပိုင်းမှာ တည်ငြိမ်နေတာပဲ။ သုံးလအတွင်းမှာ ဒီအဆင့်အထိ ရောက်တာက မဆိုးပါဘူး။ ဒါပေမဲ့ ပိုမြန်နိုင်တာပေါ့ ဒါနင့်အပြစ်တွေချည်းပဲ။ ရဲ့ချန်းလျန်၏ ချွဲနွဲ့စွာ ဗျစ်တောက်ဗျစ်တောက် ပြောနေသော အသံကို ကြားတော့ ချူနင်က ပြုံးလိုက်ပြီး သူမ၏ဗိုက်ကလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ကောင်းပါပြီ ကောင်းပါပြီ ဒါကိုယ့်အပြစ်တွေပါပဲ ဟုတ်ပြီလား။ ကလေးမွေးပြီးရင် ကိုယ်ဘာပြန်ပေးရမလဲ။ ရဲ့ချန်းလျန်က နှာခေါင်းရှုံ့လိုက်ပြီး မာန်တက်နေသော ပုံစံဖြင့် နင့်ဆီက ဘာမှပြန်ရဖို့ မလိုပါဘူး။
နင်လုပ်ပေးတာတွေက တကယ်တော့ မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ဘက်က ဘာမှ လိုလေသေးမရှိ ခံစားရတာပဲ။ ကျင့်စဉ်ကျင့်တာကတော့ အရေးကြီးလာရင် ငါ့ဘာသာဆက်ကျင့်လို့ရပါတယ်။
နင်က သူန္ဓေတည်ဆေးလုံးအတွက် ဒသမအဆင့်ဆေးလုံးကို သုံးထားတာလေ။ အဲဒါက တာအိုအဆင့်နဲ့ အတူတူပဲ မဟုတ်လား။ ငါ့ဘဝမှာ ဒီလောက် ကောင်းတာမျိုး တစ်ခါမှ မစားဖူးဘူး။
အခုလောလောဆယ် မင်းရဲ့ ခန္ဓာကိုယ်က ဒီထက်ကောင်းတာတွေနဲ့ မသင့်တော်သေးလို့ပါ။ ကလေးမွေးပြီးရင်တော့ ပိုကောင်းတဲ့ အာနိသင်နဲ့ အရည်အသွေးရှိတာတွေကို ဆုလာဘ်အနေနဲ့ ပေးပါ့မယ် ဘယ်လိုလဲ။ ဒါကို ကြားတော့ ရွှေယွန်းက နည်းနည်း မကျေမနပ် ဖြစ်သွားသည်။
ဆုလာဘ်ဆိုတာ ဘာကိုပြောတာလဲ။ ချူနင်က လေးလေးနက်နက် ရှင်းပြသည် ကိုယ့်အတွက် သမီးလေးနှစ်ယောက် မွေးပေးတာဆိုတော့ ဆုလာဘ်လို့ခေါ်သင့်တာ မဟုတ်ဘူးလား။ သမီးလေးတွေက ငါ့သမီးတွေလည်း ဟုတ်တာပဲ နင့်တစ်ယောက်တည်း သမီးတွေမှ မဟုတ်တာ။ ငါ့ကို ဆုလာဘ် ပေးစရာလိုလို့လား။
"ဒါဆို ကိုယ်က ဘယ်လို ပြောရမလဲ"
ရဲ့ချန်းလျန် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားလိုက်သည်။ ဘာပဲဖြစ်ဖြစ် အပေးအယူလုပ်သလိုမျိုးတော့ မဖြစ်စေနဲ့လေ။ လက်ဆောင်လို့ ပြောတာက ပိုပြီး နားထောင်ကောင်းမှာ မဟုတ်ဘူးလား။ အဓိပ္ပာယ်ကတော့ ဆုလာဘ်နဲ့ အတူတူပါပဲ။
ရွှေယွန်းက မကျေမနပ် ပြန်ရှင်းပြသည် ဆုလာဘ်ဆိုတာက ငါ နင့်အတွက်တစ်ခုခု လုပ်ပေးလို့ နင်က ငါ့ကို ပေးတာ။ လက်ဆောင်ဆိုတာက ငါ့ဘာသာ ငါတစ်ခုခု လုပ်လိုက်လို့ နင်ကစိတ်ကြည်ပြီး ပေးတာ။ အဲဒီနှစ်ခုက မတူဘူး။ ချူနင် သဘောပေါက်သွားပြီး ရဲ့ချန်းလျန်၏ ပါးပြင်ကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
ဒါဆိုရင်တော့ သမီးလေးနှစ်ယောက် လက်ဆောင်ပေးတဲ့အတွက်ကြောင့်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်။ နောင်ကျရင် ကိုယ်တို့ ပိုကြိုးစားပြီး နောက်ထပ် အများကြီး ထပ်ယူကြမလား။
ဒါကို ကြားတာနဲ့ ရွှေယွန်းက ပြတ်ပြတ်သားသား ငြင်းလိုက်တော့သည်။ ဒီနှစ်ယောက် မွေးရမှာတင် ငါ တော်တော် ပင်ပန်းနေပြီ။ နောက်ထပ် ယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နင် ထပ်လိုချင်ရင် တခြား မိန်းမတွေဆီ သွားရှာ ငါ့ဆီတော့ လာမပြောနဲ့။
ဒါပေမဲ့ ကိုယ် တကယ် သွားရှာရင်လည်း မင်းကပျော်မှာ မဟုတ်ဘူးလေ။ ငါက နင့်အတွက် ကလေးမွေးပေးနေရတာကို နင်ကတခြားမိန်းမတွေ ခိုးရှာမလို့လား။ နင် အားမနာဘူးလား။။ဒါပေမဲ့ မင်းကိုယ်တိုင်ပဲ ပြောတာလေ။
ငါက ပြောရုံပဲ ပြောတာ နင်က အဲဒီလိုမတွေးရဘူးလေ။ မင်းကြီးက မီးရှို့လို့ရပြီး ပြည်သူတွေက ဆီမီး မထွန်းရဘူး ဆိုတဲ့ သဘောပေါ့။ ရဲ့ချန်းလျန်က သဘောကျသွားပြီး ညည်းတွတွ လုပ်နေသည်။
"ငါက ဧကရီပဲ ငါပြောသမျှ အတည်ပဲ"
ပြောပြီးတာနဲ့ သူမက လက်ကလေးတွေကို ဆန့်ထုတ်လိုက်သည်။ ချူနင်ကတော့ ရွှေယွန်းက ဖက်ခိုင်းနေမှန်း သိတာပေါ့။
ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုက ဒီအချိန်မှာ စိတ်မလုံခြုံမှုတွေ ခံစားရတတ်သည်။ ခန္ဓာကိုယ် ပုံစံပြောင်းလဲလာတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေတတ်ပြီး ဘာမဆို ကိုယ်တိုင် မလုပ်နိုင်တာကြောင့် စိုးရိမ်စိတ်တွေ ပိုများလာတတ်သည်။
ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ချူနင်က အင်ပါယာ အလုပ်တွေကို စီမံနေရတဲ့ ကြားကပဲ သူမရဲ့ ဘေးမှာ အမြဲရှိနေပေးပြီး အပြင်တောင် သိပ်မထွက်တာကြောင့်ပါ။ သူမရဲ့ အလှအပ ဒါမှမဟုတ် ကိုယ်လုံးကိုယ်ပေါက်အတွက် လုံးဝ စိုးရိမ်စရာ မလိုပါဘူး။ ချူနင်က သူမကို အရင်လိုပဲ အမြဲနမ်းရှုံ့နေသလို သူမရဲ့ ရင်သားတွေ ပိုကြီးလာလေလေ ချူနင်က ပိုပြီး စိတ်ဝင်စားနေပုံရလေလေပါပဲ။
သူမက ပါးစပ်ကသာ ဗျစ်တောက်ဗျစ်တောက် ပြောနေပေမဲ့ စိတ်ထဲမှာတော့ အရမ်းပျော်နေတာပါ။ သူမက အပြင်ပန်း အဆင့်အတန်းတွေကို ခေတ္တဘေးဖယ်ထားပြီး အခုတော့ မိခင်လောင်းတစ်ယောက် ဖြစ်နေပြီ။
မိခင်လောင်း တစ်ယောက် အလိုချင်ဆုံးက သူမရဲ့ခင်ပွန်းက ဘေးမှာရှိနေပေးဖို့နဲ့ သူမကို မငြီးငွေ့ဖို့ပါပဲ။ အထူးသဖြင့် ချူနင်က သူမကို မငြီးငွေ့ရုံတင်မကဘဲ ပိုပြီးတောင် စိတ်ဝင်စားနေတာကိုး။
တစ်ခါတလေမှာ ယောက်ျားတစ်ယောက်ရဲ့ရမ္မက်က အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
ချူနင့်ရဲ့ ရင်ခွင်ထဲမှာ ရွှေယွန်းက အရမ်း ကျေနပ်နေမိသည်။ ဒီလူညစ်လေးဆီကရတဲ့ အနံ့ကို ရှူရှိုက်ရတာတောင် သူမအတွက်တော့ ပျော်စရာပါပဲ။
ရဲ့မိသားစုမြင့်မြတ်နယ်မြေဘက်မှာ သူတော်စင်အဆင့်ကျင့်ကြံသူ တစ်ယောက်ပေါ်လာတယ်။ အဲဒါနဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက လက်ဆောင်ပေးထားတဲ့ သူတော်စင်အဆင့်လက်နက်တစ်ခုကို ရဲ့မိသားစုဘိုးဘေးဆီ ပေးလိုက်တယ် သူတို့ကို ဆက်ပြီး ကြိုးစား ကျင့်ကြံအောင် အားပေးတဲ့ သဘောပေါ့။
ဒါကို ကြားတော့ ရဲ့ချန်းလျန်က ခေါင်းညိတ်သည်။
နင်အဆင်ပြေသလိုပဲ စီစဉ်လိုက်ပါ ဒီစနစ်တစ်ခုလုံးကို နင်ပဲတည်ဆောက်ထားတာဆိုတော့ ငါဘာမှ မပြောပါဘူး။
ချူနင်က အနည်းငယ် ပြုံးလိုက်ပြီး မူလက ကိုယ့်အစီအစဉ်က သွေးသားပတ်သက်မှုကျင့်စဉ်စနစ်ကို ဖျက်သိမ်းပြီး စွမ်းအားကိုပဲအခြေခံဖို့ပါ။
ဒါပေမဲ့ မင်းနဲ့ သွေးသားပတ်သက်တဲ့ သူတွေကပဲ အရင်းအမြစ် စာရင်းမှာ အများဆုံး ဖြစ်နေတာကို တွေ့ရတယ်။
ငါက နင့်ကို လက်ထပ်လိုက်ကတည်းက နင့်ရဲ့ ကံကြမ္မာက ငါ့ဆီကို ရောက်လာတာလေ။ ရဲ့မိသားစုက လူတွေကလည်း သဘာဝအတိုင်း အဲဒီကံကြမ္မာရဲ့ အကျိုးကျေးဇူးကို ခံစားရမှာပေါ့။
ရဲ့မိသားစုနဲ့ ပတ်သက်မှု နည်းတဲ့သူတွေကတော့ အကျိုးကျေးဇူး နည်းနည်းပဲ ရမှာပေမဲ့ ချွင်းချက်တော့ ရှိမှာပေါ့ မဟုတ်ဘူးလား။
ချူနင်ပြုံးပြီး ခေါင်းညိတ်လိုက်ကာ ရဲ့ချန်းလျန်ယွန်း မှီလို့ကောင်းအောင် ပုံစံပြောင်းလိုက်သည်။ သူမကို ဖက်ထားရင်း စောင်ကို ခြုံပေးလိုက်သည်။
ဟုတ်တယ် အင်ပါယာထဲမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတယ်။ ပထမတန်းစား ဝိညာဉ်အမြစ်ရှိတဲ့သူ ဆယ်ဂဏန်းလောက် တွေ့ရသလို မင်းထက်တောင် ပါရမီကောင်းတဲ့ မွေးရာပါသန့်စင်သော ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ကိုတောင် တွေ့ထားတယ်။ ရဲ့ချန်းလျန်ကတော့ ချူနင့်ရင်ခွင်ထဲမှာ အေးအေးဆေးဆေးပါပဲ။
ဒါတွေက ငါတို့မင်္ဂလာဆောင်လိုက်လို့ ဖြစ်လာတာပဲ။ နင့်ရဲ့ကံကြမ္မာက အရမ်း ကြီးမားလွန်းလို့ အင်ပါယာရဲ့ ကံကြမ္မာကိုပါ မြင့်တက်လာစေတာ။
အတိုချုပ်ပြောရရင် အဲဒါပါပဲ ဒါပေမဲ့ အရင်က နင် ရဲ့မိသားစုကို ပြတ်ပြတ်သားသား ကိုင်တွယ်လိုက်တာက အရမ်းထိရောက်တယ်။ သာမန်အချိန်မှာ သူတို့က ငါ့ဆွေမျိုးတွေ ဖြစ်ပေမဲ့ ကျင့်စဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာတော့ ငါကဘုရင် သူတို့က လက်အောက်ခံပဲ။ အထက်နဲ့ အောက် ခွဲခြားမှု ရှိမှသာ စနစ်က ပြည့်စုံမှာဖြစ်သလို ပြည်သူတွေရဲ့ ယုံကြည်မှုကိုလည်းရမှာလေ။
ဒါက အင်ပါယာ တိုးတက်ဖို့အတွက် လိုအပ်တဲ့ အချက်ပဲ။ အခုတော့ အရာအားလုံးက အဆင်ပြေနေပါပြီ။
ရဲ့ချန်းလျန်က မျက်လုံးလေးတွေ မှေးလိုက်ပြီး မျှော်လင့်တကြီးနဲ့ ငါတို့အင်ပါယာက တကယ်ပဲ အထက်ဘုံကို တက်လှမ်းနိုင်မလား။ ဒါက မခက်ပါဘူး အခုချက်ချင်းတောင် တက်လှမ်းလို့ ရတယ် ဒါပေမဲ့ အခုကအသင့်တော်ဆုံး အချိန်တော့ မဟုတ်သေးဘူး။
အခုတော့ မသွားသေးဘူး အင်အားစုတစ်ခု တိုးတက်ဖို့ဆိုတာ အဆင့်မြင့်ကျင့်ကြံသူတွေ ရှိရုံနဲ့ မပြီးဘူး သူတို့ကိုယ်တိုင်လည်း တိုးတက်လာဖို့ လိုတယ်။ ငါက တစ်လှမ်းချင်းစီပဲ တက်လှမ်းချင်တယ်။
"ကောင်းပြီလေ"
ကြည့်ရတာ ဒီကာလအတွင်းမှာ နင်ပဲ အကုန်လုပ်နေတာပဲ ငါဘာမှဝင်မလုပ်ရသေးဘူး။
မင်းက အခုချိန်မှာ ဝင်လုပ်လို့မှမရတာ။ အပြင်ကိစ္စတွေကို ကိုယ် ပြောပြမယ် မင်းမှာ ဘာအကြံဉာဏ်ရှိလဲဆိုတာ ပြန်ပြောပေါ့။ ငါတို့ကြားမှာ သတင်းဖလှယ်ဖို့ ဘာအခက်အခဲမှ မရှိဘူး မဟုတ်လား။
ရဲ့ချန်းလျန်က အဲဒီလိုပြောချင်တာ မဟုတ်ပါဘူး။
နင်က ငါ့ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးရုံတင်မကဘဲ ဒီလောက် ကောင်းအောင် လုပ်ပေးနိုင်တာကို ငါ တကယ်ပျော်ပါတယ်။
သူမက လက်ကို ဝှေ့ယမ်းပြီး အကြီးအကဲ ပုံစံဖြင့်ပြောလိုက်သည် ကဲပြောစမ်း နင် ဘာဆုလာဘ်လိုချင်လဲ။ ချူနင့်ရဲ့ နှုတ်ခမ်းလေး တွန့်သွားသည်။ သူ ရဲ့ချန်းလျန်ရဲ့ စိတ်နေစိတ်ထားကို သိနေတာပေါ့။ ဒီပုံစံက သူမက အဲဒါ လိုချင်နေတာပဲ။
ဒါက ငါ့ကိုပေးတဲ့ ဆုလာဘ် ဟုတ်လို့လား။ မင်းကိုယ်မင်း အကျိုးအမြတ် ပေးနေတာ မဟုတ်ဘူးလား။ ချူနင် ပြန်မဖြေတာကို မြင်တော့ ရဲ့ချန်းလျန်က နည်းနည်း မကျေမနပ် ဖြစ်သွားသည်။
မြန်မြန်ပြောလေ နင်ဘာလိုချင်လဲ။ ဒီတိုင်း ရပ်မနေနဲ့ နင်ဒီလောက်ကောင်းအောင် လုပ်ထားတာကို ငါကဆုတစ်ခုခု မပေးသင့်ဘူးလား။ ချူနင် ခဏလောက် တိတ်သွားပြီးမှ သက်ပြင်းချလိုက်သည်။
ချန်းလျန် မင်းလိုချင်ရင်လည်း တိုက်ရိုက်ပြောပါ စကားတွေကို လှည့်ပတ်မနေနဲ့။ ဟွန့် ငါလိုချင်တယ်လို့ ဘယ်သူပြောလဲ နင်လိုချင်လား မလိုချင်လား မေးနေတာလေ မလိုချင်ရင်လည်း ထားလိုက်တော့။
ဒါဆိုရင်တော့ ကိုယ်လိုချင်တာပေါ့ မဟုတ်ရင် မင်းကစိတ်ဆိုးနေဦးမယ်။ ဟဲဟဲ ဆုပေးတာကိုတောင် စိတ်ဆိုးနေဦးမယ်တဲ့လား သွားအလင်းရောင်ကို သွားပိတ်လိုက် ရှောင်ပင်း မြင်သွားဦးမယ်။
နင့်ကို တခြားသူတွေ မြင်တာ ငါမလိုချင်ဘူး သူမ ချက်ချင်းထလိုက်သည်။ ဗိုက်ကြီးနေတာက နည်းနည်းတော့ အဟန့်အတားဖြစ်ပေမဲ့ သိပ်တော့ ကိစ္စမရှိပါဘူး။