မင်္ဂလာဆောင်ပြီးနောက်ပိုင်း ဘဝက သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး။
အရာအားလုံးက သဘာဝကျကျ ဖြစ်တည်လာတာပါ။ အတူတူစားမယ် အတူတူအိပ်မယ် နမ်းကြမယ် ဖက်ကြမယ် အတူတူ ရေချိုးမယ် စသဖြင့်ပေါ့။
အားလပ်တဲ့ အချိန်မျိုးမှာဆိုရင် စိတ်ကူးယဉ်စရာကောင်းတဲ့ အလုပ်လေးတွေကို လုပ်ရင်း အချိန်ဖြုန်းကြတယ်။
ပထမရက်အနည်းငယ်မှာတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လုံးဝ မခွာနိုင်အောင် ဖြစ်ခဲ့ကြတာပါ။ နောက်ပိုင်းကျမှ အနှောင့်အယှက်လေးတွေ ရှိလာတယ် ဘာလို့လဲဆိုတော့ သူမရဲ့ ဗိုက်က တဖြည်းဖြည်း ကြီးလာပြီး တကယ်ကို အဆင်မပြေ ဖြစ်လာလို့ပါ။
"ကိုယ်ထင်တယ် မင်းပဲ အပေါ်ကနေ တက်လိုက်တာ ပိုကောင်းမယ်"
"ဘာ"
"အပေါ်ကနေ ထိုင်လိုက်လေ"
မဖြစ်နိုင်တာ လုံးဝမဖြစ်နိုင်ဘူး အရှင်မက ဒါမျိုးကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။
ဒါပေမဲ့ အရင်လိုဆိုရင် မင်းအတွက် အဆင်မပြေမှာ စိုးလို့ပါ။
"အဆင်မပြေရင်လည်း မလုပ်နဲ့တော့ အရှင်မက အဲဒီကိစ္စတွေမပါဘဲ မနေနိုင်တဲ့သူ မဟုတ်ဘူး။
ဒါပေမဲ့ ရက်အနည်းငယ်လောက်ပဲ ကြာတဲ့အခါ ရဲ့ချန်းလျန်တစ်ယောက် မအောင့်နိုင်တော့ပါဘူး။ သူက သူမရဲ့ခင်ပွန်းပဲလေ ပြီးတော့ အရင်ကလည်း လုပ်ဖူးတာပဲကို။
ညတစ်ညမှာတော့ ရဲ့ချန်းလျန်တစ်ယောက် ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ အိပ်မပျော်နိုင် ဖြစ်နေသည်။ ချူနင် အိပ်ပျော်နေတာကို မြင်တော့ သူမက သူ့ကို ပုတ်နှိုးလိုက်ပေမဲ့ သူနိုးလာတဲ့အခါကျတော့လည်း ဘာမှပြန်မပြောဘူး။ အစတုန်းကတော့ ချူနင်က ရဲ့ချန်းလျန်တစ်ယောက် သန္ဓေသားအတွက် စိုးရိမ်နေတာလားလို့ ထင်ခဲ့တာပါ။
သုံးလေးကြိမ်လောက် ဖြစ်ပြီးတဲ့နောက်မှာတော့ သူ သဘောပေါက်သွားပါပြီ။ သူ့ဇနီးက အရင် စကားမပြောချင်တာပဲ သူမက သူ့ကို အရင်စပြောစေချင်တာ မဟုတ်လား ဒါကလွယ်ပါတယ်။ ဒါက ရိုးရှင်းပါတယ် ဒီလိုလေး လုပ်လိုက်မယ် ပြီးရင် ဟိုလိုလေး။
ကမ္ဘာသစ်တစ်ခုကို ကြုံတွေ့လိုက်ရတဲ့ ရွှေယွန်းတစ်ယောက် ရှက်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒါက ချူနင်က အရာအားလုံးကို မြင်နေရတယ်လို့ ဆိုလိုတာ မဟုတ်လား။
ဒါပေမဲ့ ခံစားချက်ကတော့ တကယ်ကောင်းပြီး ဘာကိုမှလည်း ထိခိုက်စေမှာ မဟုတ်ဘူးလေ။ ဒီလိုနဲ့ပဲ ဒါဟာ သူတို့နှစ်ယောက် အချိန်ဖြုန်းဖို့အတွက် အဓိက နည်းလမ်းတစ်ခု ဖြစ်လာတော့သည်။
ဒီကာလအတွင်းမှာ သူတို့တစ်ခါတလေ ကျင့်စဉ်ကျင့်ကြပေမဲ့ အချိန်အများစုကိုတော့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ပဲ အာရုံစိုက်ထားကြတယ်။ ညီလာခံကိစ္စတွေ ပြန်စတဲ့အခါမှာလည်း ချူနင်က သူမကိုယ်စား ဆက်လက် စီမံခန့်ခွဲပေးနေတုန်းပါပဲ။
ကျင့်ကြံသူတွေအတွက် စနစ်သစ်ကလည်း တဖြည်းဖြည်း ပျံ့နှံ့လာပြီဖြစ်သည်။ အချို့လူတွေက မကျေနပ်တာမျိုးရှိပေမဲ့ ရဲ့ချန်းလျန်က ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက်တဲ့အခါမှာတော့ ဘယ်သူမှ မကန့်ကွက်ရဲတော့ပါဘူး။
ရဲ့မိသားစုမြင့်မြတ်နယ်မြေက လူတွေတောင် ဘာမှမပြောရဲကြတော့ဘူး။ ရဲ့ချန်းလျန်က သူတို့နဲ့ သွေးသားတော်စပ်ပေမဲ့ သူမရဲ့ အဆင့်အတန်းက ဧကရီမဟုတ်လား။
လူတွေ အများကြီး သဘောပေါက်သွားတာကတော့ အရင်ကသူတို့ အားကိုးခဲ့တဲ့ အရာတွေဟာ အခုတော့သူတို့အတွက် နောက်ခံမဖြစ်နိုင်တော့ဘူးဆိုတာပါပဲ။ အရင်းအမြစ်တွေ လိုချင်ရင် ကိုယ့်ရဲ့ကျင့်ကြံမှုနဲ့ အစွမ်းကိုပဲ အားကိုးရမယ် အဆင့်မြင့်ကျင့်ကြံသူဖြစ်အောင် လုပ်ရမယ် မဟုတ်ရင်တော့ ဖယ်ပေးလိုက်ရုံပါပဲ။
အမတ်ချုပ်ကြီးနဲ့ ဝန်ကြီးဌာန ခြောက်ခုက အရာရှိတွေကတော့ ဒါကိုအရမ်း ထောက်ခံကြတယ်။ ဒီစနစ်က သူတို့အတွက်တင်မကဘဲ သာမန်ပြည်သူတွေနဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူတွေအတွက်ပါ အကျိုးကျေးဇူး အများကြီး ရှိတာကိုး။ အရင်းအမြစ်တွေ ပေါများလာတာနဲ့အမျှ ဒီစနစ်သစ်ကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ရဲ့ချန်းလျန်က သူမမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေညာလိုက်သည်။
တစ်နိုင်ငံလုံးက အံ့သြသွားကြပြီး ဂုဏ်ပြုလက်ဆောင်တွေ တဖွဲဖွဲ ပေးပို့လာကြတော့သည်။
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ရဲ့ချန်းလျန်က ညီလာခံကို မတက်တော့ပါဘူး။ စကားတစ်ခွန်းပဲ ပြောလိုက်တယ်။
အရေးကြီးတဲ့အင်ပါယာရဲ့ ကိစ္စအဝဝကို ခင်ပွန်းသည် ဧကရာဇ်ကသာ ကိုင်တွယ်ဖြေရှင်းမည် ကိစ္စကြီးငယ် အားလုံးသည် သူ၏အာဏာစက်အောက်တွင် ရှိစေရမည် ဆိုတာပါပဲ။
တာ့ချန်းအင်ပါယာရဲ့ ကောင်းကင်ယံကတော့ မှောင်မိုက်သွားသလိုပါပဲ။ ဒါဟာ အာဏာသိမ်းယူတာပဲ မဟုတ်လား အရှင်မက ညီလာခံ မတက်နိုင်တော့ဘဲ တာ့ချန်းအင်ပါယာရဲ့ အုပ်ချုပ်မှုက ချူမျိုးရိုးဆီ ရောက်တော့မှာပဲ။ ဒါပေမဲ့ ဒါက အမတ်တွေကြားထဲမှာ စနောက်နေကြတဲ့ စကားတွေသာဖြစ်ပြီး ထမင်းစားပြီးနောက် အပျင်းပြေ ပြောလေ့ရှိကြတာပါ။
အခုအချိန်မှာတော့ တစ်နိုင်ငံလုံးမှာ ဒဏ္ဍာရီတစ်ခု ပျံ့နှံ့နေဆဲဖြစ်သည်။ ဒီလိုအဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်က အင်ပါယာရဲ့ရင်ခွင်ပိုက် အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ပေးတာဟာ တာ့ချန်းအင်ပါယာအတွက် ကောင်းချီးတစ်ခုပဲ ဒါတွေက အရှင်မရဲ့ မျက်နှာကြောင့်ပါပဲ။ ဒီလောက် အစွမ်းထက်တဲ့သူက အင်ပါယာကြီးငါးခုထဲမှာ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ဒီနိုင်ငံကိုတောင် ဂရုစိုက်ပါ့မလား။
ဒါ့အပြင် ဧကရာဇ် ညီလာခံ စတက်တဲ့အခါမှာတော့ လူတွေအများကြီး တွေ့လိုက်ရတာက ခံစားချက်က အရှင်မ ရှိနေသလိုပါပဲ ပြောရရင် အရှင်မလုပ်တာထက်တောင် ပိုပြီး ကောင်းနေသလိုပါပဲ။ ကျင့်စဉ် မြင့်မားတဲ့သူတွေက တကယ်ကို ခန့်မှန်းလို့ မရနိုင်ပါဘူး။
ဒီလိုနဲ့ တာ့ချန်းအင်ပါယာဟာ အရင်းအမြစ်တွေ အများကြီးကို အသုံးချပြီး တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့သည်။ တစ်လအကြာမှာတော့ ဖန့်ဟောက်ရန်ကို ထိုက်ရွှီမြင့်မြတ်နယ်မြေဆီ လွှတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခိုင်းလိုက်တယ်။
တစ်ဖက်ကလည်း ပထမအဆင့်ကနေ ကောင်းကင်ဖြစ်အဆင့်အထိ ကျင့်စဉ်တွေကို ပေးမယ် အပြည့်အဝထောက်ခံမယ် ပြီးတော့ အင်ပါယာတိုးတက်ဖို့အတွက် လမ်းညွှန်ပေးဖို့ ကျင့်ကြံသူတွေကိုပါ လွှတ်ပေးမယ်လို့ ပြောလာတယ်။
တခြားအင်ပါယာတွေရဲ့ အမြင်မှာတော့ ဒါကဘယ်လို ပူးပေါင်းဆောင်ရွက်မှုလဲ။ တာ့ချန်းအင်ပါယာက သူတို့ထက် ဘာများသာနေလို့လဲ။ ဒီလောက် အရင်းအမြစ်တွေ ပေးပြီး ဘာအကျိုးအမြတ်ရမှာလဲ။ ဒါက အလကား ပေးနေတာ မဟုတ်ဘူးလား။
ဒါကို မင်ကူးမြင့်မြတ်နယ်မြေက လူတွေကတောင် လှောင်ပြောင်ကြသေးတယ်။ ဦးနှောက်မရှိတဲ့အဘိုးကြီးတွေ ကိုယ့်ကျင့်စဉ်ကိုယ် အာရုံမစိုက်ဘဲ အရေးမပါတဲ့ နိုင်ငံလေးကို သွားကူညီနေတယ် လဝန်းနီမြင့်မြတ်နယ်မြေ ရုတ်တရက် ပျက်စီးသွားတာကို မြင်ပြီးလန့်သွားကြတာလားဆိုပြီးတော့ပေါ့။
လဝန်းနီမြင့်မြတ်နယ်မြေကတော့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ကို သွားစော်ကားမိတာလေ မင်းတို့က ဘယ်သူ့ကိုမှ မစော်ကားဘဲနဲ့ ဘာလို့ဒီလောက် လန့်နေကြတာလဲ။
တခြားနိုင်ငံတွေကလည်း ထိုက်ရွှီမြင့်မြတ်နယ်မြေက ဒီလောက် ရက်ရောနေတာကို မြင်တော့ လူလွှတ်ကြတယ် ပူပန်နေရတဲ့ လော့ချန်းအင်ပါယာကတောင် တမန်တွေ လွှတ်သေးတယ်။ ဒါပေမဲ့ ချွင်းချက်မရှိ အားလုံး အသတ်ခံလိုက်ရတာပါပဲ။ ထိုက်ရွှီမြင့်မြတ်နယ်မြေက မင်းတို့ သွားချင်တိုင်း သွားလို့ရတဲ့ နေရာမှမဟုတ်တာ။
တစ်ကမ္ဘာလုံးက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ လုပ်ရပ်ကို နားမလည်ကြပေမဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတွေကတော့ အမှန်တရားကို သိနေကြတာပေါ့။ ဒီလိုနဲ့ အင်ပါယာကတော့ တည်ငြိမ်နေပြီး အတွင်းရော အပြင်ပါ စိုးရိမ်စရာ မရှိတော့ပါဘူး။
သုံးလတာ အချိန်က တိတ်တဆိတ် ကုန်လွန်သွားခဲ့ပြီ။ ဆယ်နှစ်လပိုင်းရဲ့ အေးစိမ့်တဲ့ ဆောင်းတွင်းမှာတော့ ပထမဆုံး ဆီးနှင်းတွေက မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဆီးနှင်းတွေ တဖွဲဖွဲ ကျနေတာဟာ လာမယ့်နှစ်မှာ အထွက်နှုန်းကောင်းမယ့် နိမိတ်ပါပဲ။ နိုင်ငံရဲ့ ကံကြမ္မာကလည်း မြင့်မြတ်နယ်မြေတွေထက်တောင် ပိုပြီးပေါကြွယ်ဝနေပြီ။ ဒီဆီးနှင်းတွေထဲမှာတောင် သာမန်လူတွေရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေမယ့် ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေသလိုပဲ။
နန်းတော်ထဲမှာတော့ ချန်ချင်းနန်းဆောင်ရဲ့ တစ်နေရာမှာ ဆီးနှင်းတွေကြားထဲမှာ ဆောင်းနှင်းဆီပန်းလေးတွေ ပွင့်နေကြတယ်။ နန်းဆောင်ရှေ့က ဆီးနှင်းတွေပေါ်မှာတော့ မီးဖိုနီလေးတစ်ခု ရှိနေပြီး နွေးထွေးတဲ့ ဝိုင်နဲ့ လက်ဖက်ရည်တွေ ရှိနေတယ်။ ရှောင်ပင်းကတော့ မီးဖိုရှေ့မှာ ဒူးထောက်ထိုင်ပြီး သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်နဲ့ ဝိုင်တွေကို ငှဲ့ပေးနေတယ်။
ဝတ်စုံဖြူလေးကို ဝတ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေးရဲ့ ဗိုက်ကတော့ အရင်ကထက် အများကြီး ပိုကြီးလာပြီ ဖြစ်ပြီး နေ့တိုင်းလိုလို တိုးလာနေသလိုပါပဲ။ အခုဆိုရင် ရဲ့ချန်းလျန်ရဲ့ လှုပ်ရှားမှုတွေက တော်တော်လေး အဆင်မပြေ ဖြစ်နေပါပြီ။
အရင်ကတော့ ကိုယ်ဝန်ရှိတာက ကိစ္စမရှိပါဘူး အလုပ်လုပ်တာကို မနှောင့်ယှက်ပါဘူးလို့ သူမပြောခဲ့ပေမဲ့ အခုတော့ အလုပ်လုပ်ဖို့ နေနေသာသာ လမ်းလျှောက်ဖို့တောင် ခက်ခဲနေပါပြီ။ အထူးသဖြင့် ကလေးက ခဏခဏ လှုပ်တာကို သိလာတဲ့အခါမှာ သူမထိခိုက်မိမှာကို ကြောက်နေမိတယ်။
ခင်ပွန်းဖြစ်သူက တခြားကိစ္စတွေကို ကိုင်တွယ်ပေးနေတာကြောင့် သူမကတော့ ကလေးကိုပဲ ဂရုစိုက်နေလိုက်မယ် နောက်ထပ် နှစ်လကြာရင် နွေဦးပေါက်မှာ ကလေးမွေးတော့မှာလေ။
ဗိုက်နဲ့ ရင်သားကလွဲလို့ တခြားနေရာတွေမှာတော့ သူမသိပ်ပြီး ဝမလာပါဘူး။ အစတုန်းကတော့ ရင်စည်းလေး ဝတ်လို့ ရသေးပေမဲ့ နောက်ပိုင်းကျတော့ သုံးလေးရက် တစ်ခါအသစ်လဲနေရတယ်။ ချူနင်က ဒါကိုမြင်တော့ ဝတ်ဝတ် မဝတ်ဝတ် ကိစ္စမရှိပါဘူး အသစ်မှာနေရတာကလည်း အလုပ်ရှုပ်ပါတယ် ပြီးတော့ နန်းတော်ထဲမှာ သူနဲ့ ရှောင်ပင်းပဲရှိတာပဲလို့ ပြောခဲ့တယ်။
အစတုန်းကတော့ ရဲ့ချန်လျန်က သဘောမတူပါဘူး ဘာမှမဝတ်တာက ဘယ်လိုအပြုအမူမျိုးလဲလို့ တွေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဘာမှမဝတ်တာက တကယ်ကို သက်သောင့်သက်သာရှိပြီး ချုပ်တည်းမှု မရှိဘူးဆိုတာကို သူမတွေ့ရှိသွားခဲ့တယ်။
ဒါပေမဲ့ သူမ ဒါကိုမဝတ်တော့ကတည်းက ချူနင်က ပိုပြီးအသားယူလို့ ကောင်းသွားတာပါ။ ချူနင်က သူ့အတွက် အဆင်ပြေဖို့ပဲ ကြည့်နေတာလားလို့တောင် ရဲ့ချန်းလျန် သံသယဝင်မိတယ်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုတော့ သူမက ဒီလိုအခြေအနေ ရောက်နေပြီလေ။ သူမက လက်ဖက်ရည်ပူပူကို တစ်ငုံသောက်လိုက်ပြီး ရှေ့က မီးဖိုရဲ့ အပူရှိန်နဲ့ အပြင်က အေးစိမ့်တဲ့ လေထုကို ခံစားရင်း စိတ်ကြည်လင်သွားမိသည်။
"ယောင်္ကျား ငါနှင်းပွဲဆော့ချင်တယ် "
အလုပ်တွေရော ကျင့်စဉ်ကျင့်တာတွေကိုပါ လုံးဝရပ်လိုက်ကတည်းက ရဲ့ချန်းလျန်ရဲ့ စိတ်ထဲက ကလေးဆန်တဲ့ အမူအရာလေးတွေက ပိုပြီး ထင်ရှားလာခဲ့သည်။ အရာအားလုံးကို ချူနင့်ဆီပဲ လွှဲထားလိုက်တယ်။ စားချင်တာပဲဖြစ်ဖြစ် လုပ်ချင်တာပဲဖြစ်ဖြစ် ချူနင့်ကိုပဲ ခိုင်းတော့တယ်။ အခုဆိုရင် သူမက သူ့ကို လုံးဝ မခွဲနိုင်တော့ပါဘူး။
ချူနင် သက်ပြင်းချလိုက်သည် နှင်းတွေက အရမ်းကျနေတာပဲ ဘာဆော့စရာ ရှိလို့လဲ။
ဒါပေမဲ့ ငါဒီလောက် နှင်းကျတာမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ ဒါ ပထမဆုံးပဲ။ ပြီးတော့ နင်ပဲ အဲဒီဆေးလုံးက ကိစ္စမရှိဘူးလို့ ပြောထားတာ မဟုတ်လား။
ကလေးကတော့ ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ မင်းသာ တစ်ခုခုတိုက်မိခိုက်မိ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငြိမ်ငြိမ်လေးပဲ နေပါ ရွှေယွန်းက ဒါကို ကြားတော့ မကျေမနပ် ဖြစ်သွားပြီး ချူနင့်ကို စိုက်ကြည့်ကာ သူမရဲ့ဗိုက်ကလေးကို ကိုင်လိုက်သည်။
တွေ့လား သမီးတို့ အဖေက မေမေ့ကို အသားယူပြီးတော့ အခုကျတော့ ဘာမှ မလုပ်ခိုင်းတော့ဘူး။ သမီးတို့ မွေးလာရင် သေချာ ကျင့်ကြံပြီး မေမေ့အတွက် လက်စားချေပေးကြနော်။
"တကယ်လို့ သမီးလေးတွေက ကိုယ့်ဘက်ပါသွားရင်ရော"
"ဒါဆိုရင်... ဒါဆိုရင်"
ချူနင်က မတတ်သာဘဲ ထလိုက်ပြီး ရဲ့ချန်းလျန်းအတွက် နှင်းလုံးလေးတစ်ခု လုပ်ပေးလိုက်သည်။
ကိုယ့်ဘက်ပါပါ မင်းဘက်ပါပါ အတူတူပါပဲ သူတို့က ငါတို့သမီးလေးတွေပဲလေ။ နှင်းပွဲဆော့တာကိုတော့ ထားလိုက်ပါတော့ နောက်နှစ်ကျမှ ဆော့ပေါ့ ရော့ဒီနှင်းလုံးလေးနဲ့ပဲ ဆော့တော့။
ရဲ့ချန်းလျန်ရဲ့ မျက်နှာလေးက ဝမ်းသာသွားပြီး နှင်းလုံးကို ယူကာ ချူနင့်ကို ချက်ချင်း ပစ်ပေါက်လိုက်သည်။ ဒီအလုပ်က ပျင်းစရာကောင်းပေမဲ့ သူမအတွက်တော့ ပျော်စရာ ဖြစ်သွားတာပါ။
"ဒါက အရှင်မကို နှင်းပွဲ မဆော့ခိုင်းတဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ"
ဟူး...
သူ့ဇနီးက ဗိုက်ကြီးလာလေလေ စိတ်ကပိုပြီး ကလေးဆန်လာလေလေပဲ။ နှင်းပွဲဆော့ချင်တာထက် ဘယ်သူနဲ့ ဆော့ရလဲဆိုတာက အဓိကပဲလေ။ ကိုယ်ချစ်တဲ့သူနဲ့ဆိုရင် နှင်းလုံးတစ်လုံး ပစ်ရတာတောင် ပျော်စရာပဲ မဟုတ်လား။
ဘာမှ စိုးရိမ်စရာ မရှိတော့ဘဲ ကလေးမွေးလာဖို့ပဲ စောင့်နေရုံပါပဲ။ ရဲ့ချန်းလျန်ရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက်တွေ ပြည့်နေတယ် နောက်ထပ် နှစ်လဆိုရင် သူမ သမီးလေးကို မြင်ရတော့မယ်။ အစတုန်းကတော့ သမီးထက် သားကိုပိုလိုချင်ခဲ့ပေမဲ့ သမီးဆိုလည်း သမီးပေါ့ ကိုယ်မွေးတဲ့ ကလေးကိုတော့ ချစ်မှာပါပဲ။
"ချူနင် အရှင်မချမ်းနေပြီ အရှင်မကို နန်းဆောင်ထဲ ပွေ့ခေါ်သွား"
သူမက လက်ကိုဆန့်ပြီး အနားကိုလာတဲ့ အမျိုးသားကို တင်းတင်းကြပ်ကြပ် ဖက်ကာ ချွဲနေတော့သည်။
"နင့်ကို နောက်ထပ်နှစ်လလောက်ပဲ အခွင့်အရေး ပေးမယ်နော်။ ကလေးမွေးပြီးရင်တော့ အင်ပါယာကို အရှင်မဆီ ပြန်အပ်ရမယ်"
"ကလေးမွေးပြီးရင်လည်း မင်းအနားယူဖို့ လိုသေးတာပဲ။ ကိုယ်ပဲ ဆက်ပြီး အုပ်ချုပ်ပေးပါ့မယ် ကိစ္စမရှိပါဘူး"
"မဟုတ်ဘူး အဲလိုမရဘူး ဒါဆိုငါ့အင်ပါယာက နင့်အင်ပါယာ ဖြစ်သွားမှာပေါ့"
"အစကတည်းက ဒါက ငါတို့နှစ်ယောက်လုံးရဲ့အင်ပါယာ မဟုတ်ဘူးလား" ရဲ့ချန်းလျန် ခဏလောက် စဉ်းစားလိုက်ပြီး ဒါကလည်း အမှန်ပဲလို့ ခံစားလိုက်ရသည်။
"ဒါဆိုလည်း နင်အလုပ်ရှုပ်နေတာ ကြာပြီပဲ နားသင့်ပြီ။ သွား ကလေးကို သွားထိန်းပေး"
ကလေးထိန်းရတာက အင်ပါယာ အုပ်ချုပ်တာထက် ပိုခက်မယ် ထင်တယ်။ မင်းက အပျင်းထူဖို့ နည်းလမ်းရှာနေတာ မဟုတ်လား။
"ဟွန့် မိသွားပြီလား အရှင်မ ပင်ပန်းနေပြီ မြန်မြန် ပွေ့ခေါ်သွားတော့"