အခန်း ၁၀၀ ထိန်းမနိုင်သိမ်းမရ
ညဘက်တွင် ရဲ့ချန်းလျန်သည် ဗိုက်ဝရုံတင်မကဘဲ စိတ်ကျေနပ်မှုအပြည့်နဲ့ ကုတင်ပေါ်မှာ လဲလျောင်းနေသည်။ ဘေးနားရှိ ချူနင်ကတော့ သူမ၏ဗိုက်ကလေးကို အသာအယာ ပွတ်သပ်ပေးရင်း လက်ကခွာမသွားတော့ပေ။ဟဲဟဲ မိန်းမ ခုနက ကလေးလှုပ်တာကို ကိုယ်ခံစားလိုက်ရတယ်။
ကလေးကို ဘာနာမည်ပေးရင် ကောင်းမလဲ ကိုယ်အရင်က ပြောဖူးတဲ့ နာမည်တို့ဆိုရင်ရော ထိုစကားကို ကြားသောအခါ ရဲ့ချန်လျန်က ချူနင့်ကို စိတ်ပျက်လက်ပျက် တစ်ချက် ကြည့်လိုက်သည်။
"ဒီလောက် နားထောင်လို့မကောင်းတဲ့ နာမည်မျိုးကို နင်ဘယ်လိုတောင် ပြောထွက်ရတာလဲ"
"ဒါပေမဲ့ ကိုယ်ကတော့ တော်တော်ကောင်းတယ်လို့ ထင်တာပဲ"
ဒါဆို သူတို့ကြီးလာရင် လူကြားထဲ ဘယ်လိုမျက်နှာပြရမှာလဲ။ အဲဒီနာမည်တွေက ချူခွေးချေးလို့ ခေါ်တာနဲ့ ဘာထူးမှာလဲ။
"ဒါဆို ရဲ့ခွေးချေးပေါ့"
အရှင်မက ခွေးချေးအကြောင်း ပြောနေတာမဟုတ်ဘူး ချူနင် ခဏလောက် စဉ်းစားလိုက်ပြီး ဒါဆိုမင်းက ဘယ်လိုထင်လဲ။
ရဲ့ချန်းလျန်ကခေါင်းကို ခေါင်းယမ်းလိုက်သည်။ သူမအတွက်လည်း နာမည်ပေးဖို့က တော်တော်ခက်ခဲနေပုံရသည်။ နောက်ထပ် ခြောက်လလောက် ကျန်သေးတာပဲ စဉ်းစားဖို့အချိန်တွေ အများကြီး ရှိပါသေးတယ်။ နာမည်ကို အလောတကြီး ပေးစရာမလိုပါဘူး။ နင်ပြောသလိုပဲတစ်ယောက်က ငါ့မျိုးရိုးယူမယ် တစ်ယောက်က နင့်မျိုးရိုးယူမယ်လေ။
ချူနင်က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ သူမ၏တဖြည်းဖြည်း ပိုသိသာလာသော ဝမ်းဗိုက်ကလေးကို ကြည့်နေသည်။
"ဒါနဲ့ အင်ပါယာကို ဘယ်လိုအသိပေးဖို့ စီစဉ်ထားလဲ"
"နောက်ထပ် လဝက်နေရင်ညီလာခံကျင်းပတဲ့အခါ နင်က အလိုအလျောက် ကြေညာမှာပေါ့"
"တစ်ယောက်ယောက်က သံသယဝင်ရင်ရော"
"သံသယ ဘယ်သူက နင်ကို သံသယဝင်ရဲမှာလဲ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ကလေးပဲလေ ဘယ်သူက ဘာပြောနိုင်မှာလဲ"
ချူနင် ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ ရဲ့ချန်းလျန်းနားသို့ ချက်ချင်း တိုးကပ်သွားသည်။ ချန်းလျန် မင်းဆီကရတဲ့ အနံ့လေးက သိပ်မွှေးတာပဲ။ ထိုစကားကို ကြားရုံနဲ့တင် ရဲ့ချန်းလျန် တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
ခုတင်တင်မှ ထမင်းစားပြီးတာကို နင်က ဒါကို ထပ်လုပ်ချင်နေပြန်ပြီလား။ ကိုယ် ဘာမှမပြောရသေးဘူးနော် မင်းဘာသာ မင်းတွေးတာ။
ဒါဆို နင်က ဒါကိုမလုပ်ချင်ဘူးဆိုရင် ငါ့နားကို ဘာလို့ဒီလောက်တိုးနေတာလဲ။ ဒါမဟုတ်ရင် တခြားဘာရှိဦးမှာလဲ အရှင်မက နင့်ကို သတိပေးလိုက်မယ် နင်က အရှင်မရဲ့ ခင်ပွန်းဖြစ်နေရင်တောင် ဒါကိုနေ့တိုင်းလုပ်လို့မရဘူး။ ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း။ ချူနင် သက်ပြင်းချလိုက်သည်။
ချန်းလျန် မင်းပြောတာတွေက အဓိပ္ပာယ်မရှိလိုက်တာ။ ကိုယ်က မင်းကိုဖက်တောင် မဖက်ရတော့ဘူးလား။ ကိုယ်က အဲဒီလောက်တောင် နှာခေါင်းကြီးတဲ့ လူမျိုးလား။
ရွှေယွန်းက ချူနင့်ရဲ့ အပြစ်ပြောစရာမရှိတဲ့ မျက်နှာကို သေချာစိုက်ကြည့်ပြီး တွေဝေခြင်းမရှိဘဲ ပြောချလိုက်သည်။
"ဟုတ်တယ်"
ဟဲဟဲ မင်းက ကိုယ့်အကြောင်းကို ကောင်းကောင်းသိနေတာပဲ ဒါဆိုရင်တော့ ကိုယ် အားနာမနေတော့ဘူး။ ဒါကိုမြင်တော့ ရဲ့ချန်းလျန်နည်းနည်း ထိတ်လန့်သွားသည်။ ထမင်းစားပြီးရင် အနားယူကြမယ်လို့ သဘောတူထားတာ မဟုတ်လား သူက ကလေးအကြောင်းပဲ အာရုံစိုက်လို့ မရဘူးလား။
နေဦး အနားယူကြရအောင် ယောကျာ်း ယောင်္ကျား ငါနင့်ကို ခင်ပွန်းလို့ ခေါ်လိုက်ပြီလေ ဒါကြောင့် နင်ဒီလောက် မဆင်မခြင် မလုပ်သင့်ဘူး။
ဒါဆို မင်းရဲ့ခင်ပွန်းအနေနဲ့ ကိုယ်ကပိုပြီးတော့တောင် စည်းမဲ့ကမ်းမဲ့ ဖြစ်သင့်တာ မဟုတ်ဘူးလား။ ရဲ့ချန်းလျန်ရုတ်တရက် ဆွံ့အသွားသည်။ အဲဒီစကားက အဓိပ္ပာယ်ရှိသလိုလိုပဲ။ ဒါပေမဲ့ ချူနင်က အဲဒီလို မတွေးပါဘူး။ သူက ရဲ့ချန်းလျန်ရဲ့ ပုခုံးပေါ်မှာ မှီလိုက်ပြီး သူမရဲ့ ခန္ဓာကိုယ် နွေးထွေးမှုကို ခံစားနေလိုက်သည်။
ကိုယ်မင်းကို စတာပါ ကိုယ်ဝန်ကို ဂရုစိုက်ဖို့က အရေးကြီးဆုံးပဲ။ ဘာမှမဖြစ်ဘူးဆိုရင်တောင် ကိုယ်တို့ဒါကိုနေ့တိုင်း လုပ်လို့မရတာ သေချာပါတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့အရာဖြစ်ဖြစ် အလွန်အကျွံဆိုရင် ငြီးငွေ့စရာ ဖြစ်လာမှာပေါ့ ဟုတ်တယ်မလား။
ရွှေယွန်းက ချူနင့်ကို စိုက်ကြည့်လိုက်သည်။ ဒါဆို နင်က အရှင်မကို ငြီးငွေ့နေပြီပေါ့ ဟုတ်လား။
"ကိုယ်က ဘယ်မှာ အဲလိုပြောလို့လဲ"
ဒါပေမဲ့ နင့်စကားတွေက အဲဒီသဘော သက်ရောက်နေတာပဲ။ အရှင်မကို ငြီးငွေ့နေရင်လည်း ဒီလောက် အနားမကပ်နဲ့ ဟေး လက်ကို အထဲမနှိုက်နဲ့လေ မလုပ်ဘူးလို့ ပြောထားတယ်မဟုတ်လား။ ရဲ့ချန်းလျန်၏ မျက်နှာလေး နီမြန်းသွားကာ ချူနင့်ရဲ့ လျှောက်သွားနေတဲ့ လက်ကို ချက်ချင်း တားဖို့ ကြိုးစားပေမဲ့ ချူနင်ကတော့ ပြုံးနေတုန်းပါပဲ။
ကိုယ်ဘာမှမလုပ်ပါဘူး မင်းရဲ့ကျင့်စဉ်ကို စစ်ဆေးပေးဖို့ ကူညီနေတာပါ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို ဘယ်သူကမှ ယုံမှာမဟုတ်ပါဘူး။ ရဲ့ချန်းလျန်က မျက်စောင်းထိုးလိုက်ပြီး ချူနင့်ကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။
နင်က အရှင်မရဲ့ ရင်ဘတ်ကိုစစ်ဆေးပြီးတော့ ကျင့်စဉ်ကို စစ်ဆေးနေတာလား။ ဟုတ်တာပေါ့ ဒီနေရာမှာ သွေးကြောတွေ အများဆုံးရှိတာလေ ပြဿနာရှိမရှိ စစ်ဆေးတာ အကောင်းဆုံးပဲ။
"ဒါက စစ်ဆေးတာလား နင်က အရှင်မကို အသားယူနေတာပဲ"
ကိုယ့်ရဲ့ ကျင့်စဉ်ကမြင့်တယ်လေ ဒါကြောင့် ကိုယ်ကစစ်ဆေးနေတာလို့ ပြောရင် စစ်ဆေးနေတာပဲပေါ့။
ရွှေယွန်း: "..."
နင့်ရဲ့ ကျင့်စဉ်က ဒီလို သေးဖွဲတဲ့ ကိစ္စတွေအတွက်ပဲ သုံးတာလား။ စိတ်ပျက်စရာကြီး။ ကိုင်ချင်ရင်လည်း ကိုင်ပေါ့ အရင်ကလည်း မကိုင်ဖူးတာမှ မဟုတ်တာ။ တကယ်ပဲ စိတ်တိုစရာကောင်းလိုက်တာ။ သူတို့ မင်္ဂလာဆောင်ပြီးကတည်းက နေ့တိုင်း ဒီလိုပဲ။ ဒီလူမှာ တခြားဝါသနာရော မရှိဘူးလား။
မင်းအတွက်က သေးဖွဲတဲ့ ကိစ္စဖြစ်ပေမဲ့ ကိုယ့်အတွက်တော့ ဒါကအကြီးကြီးပဲ။ ဒါက နောင်ကျရင် ကလေးရဲ့ အစားအစာ ထောက်ပံ့မှုနဲ့ သက်ဆိုင်နေတာဆိုတော့ သေချာပေါက် စစ်ဆေးဖို့ လိုအပ်တယ်။
"အရှက်မရှိလိုက်တာ"
သူတစ်ပါးကို အသားယူတာကို ဒီလောက်တောင် တရားဝင်သလိုမျိုး ပြောနိုင်တာ လောကမှာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်။ အော် ဒါနဲ့ နင်ဒီနေ့ ငါ့ကိုပြောခဲ့တဲ့ ကိစ္စကို ငါအမိန့်ထုတ်ပြီး အကောင်အထည်ဖော်ခိုင်းလိုက်ပြီ ချူနင်ကတော့ စိတ်မပါတပါနဲ့ ခေါင်းညိတ်ပြသည်။
"ပြီးတော့ရော"
တကယ်လို့ ကန့်ကွက်တဲ့သူ ရှိလာရင် အရှင်မကိုယ်တိုင် ဓားနဲ့ သွားဖြေရှင်းမယ်။ ဒီလုပ်ရပ်က ငါတို့အင်ပါယာ ပိုပြီး တောင့်တင်းလာဖို့ပဲ။ ဘယ်သူပဲ အရှင်မကို လာတားတား အရှင်မကတော့ အကုန်သတ်မှာပဲ။ အရှင်မက ရည်မှန်းချက် ကြီးမားပြီး လောကကြီးကို ငဲ့ညှာတဲ့ စိတ်ထားရှိတာပဲ။ ကိုယ် တကယ်ပဲ အထင်ကြီးမိပါတယ်။
ငါရဲ့ အဝတ်အစားတွေကို မချွတ်နဲ့လေ အရှင်မက နင်နဲ့ အရေးကြီးတဲ့ ကိစ္စ ပြောနေတာ။ အဝတ်မချွတ်ဘဲနဲ့ ဘယ်လို အိပ်လို့ရမှာလဲ။
"အရှင်မက အခုထိ အိပ်ဖို့ မစဉ်းစားသေးဘူး နင်နဲ့ အရေးကြီးတာတွေ တိုင်ပင်နေတာ"
ဒါဆိုရင် နောက်ကျရင် အလုပ်ရှုပ် သက်သာသွားတာပေါ့။ ရပါတယ် မင်းဆက်ပြောလေ ရဲ့ချန်းလျန် စကားမပြောနိုင်တော့ပါဘူး တကယ်ကို နားမလည်နိုင်တော့တာပါ။
ဒီလူက သူမအပေါ် တကယ်ပဲ ဒီလောက်တောင် စိတ်ဝင်စားနေတာလား။ နေ့တိုင်း အသားယူဖို့ပဲ ချောင်းနေတယ် ပြီးတော့ အဲဒါကိုတောင် တရားသလိုလိုနဲ့ ပြောနိုင်သေးတယ်။ သူတို့က တကယ် အရေးကြီးတာတွေ ဆွေးနွေးနေကြတာလေ။
ထားလိုက်ပါတော့ ဖြစ်ချင်သလို ဖြစ်ပါစေ ပြောစရာရှိတာကိုပဲ ဆက်ပြောတော့မယ်။ ချူနင်က လိုအပ်တာတွေကို ဖြည့်စွက်ပေးလိမ့်မယ် တကယ်လို့ ချူနင်က ဘာမှမပြောဘဲ သူ့ရဲ့သုတေသနမှာပဲ အာရုံစိုက်နေတယ်ဆိုရင် ဒါက ဘာပြဿနာမှ မရှိဘူးလို့ဆိုလိုတာပဲပေါ့။
" အစောင့်တပ်တွေကို ငါ ဖျက်သိမ်းလိုက်ပြီ"
"ဘာလို့လဲ"
အဲဒီလူတွေက ကျင့်စဉ်မြင့်သလို အရည်အချင်းလည်း ရှိကြတယ်။ သူတို့ကို အင်ပါယာရဲ့အနာဂတ် တိုးတက်မှုအတွက်အရေးပါတဲ့ အင်အားစုအဖြစ် ကျင့်ကြံသူတွေရဲ့ပထမလှိုင်းထဲမှာ ထည့်သွင်းပေးလို့ ရတယ်။ ပြီးတော့ သူတို့ကို အရှင်မရဲ့ ဘေးမှာပဲ ထားထားတာက အလဟဿပဲ သူတို့ကို ဆက်ပြီးကျင့်ကြံခိုင်းတာက ပိုကောင်းတယ်။
ချူနင့်ရဲ့ကျင့်စဉ်က ဒီလောက်မြင့်နေမှတော့ အဲဒီလူတွေကို သူမကိုကာကွယ်ဖို့ ထားထားတာက အရင်းအမြစ်တွေ ဖြုန်းတီးတာ မဟုတ်လား။
ချူနင်ကလည်း ဒါကို ကန့်ကွက်စရာ မရှိပါဘူး။ မင်းက အင်ပါယာ ကျင့်ကြံသူတွေအတွက် အစီအစဉ် ရှိပြီးသားပဲ ဘေးက အစောင့်တပ်တွေကိုလည်း ဖျက်သိမ်းလိုက်ပြီ။ ဒါဆို အရင်က ဘိုးဘေးနန်းဆောင်က အဘိုးကြီးကရော။
သူမခဏလောက် စဉ်းစားလိုက်သည်။
မူလကတော့ သူ့ကိုလော့ချန်းအင်ပါယာက ရုတ်တရက် တိုက်ခိုက်လာရင် အနိုင်ရဖို့အတွက် အရေးပါတဲ့ နယ်ရုပ်တစ်ခုအနေနဲ့ သုံးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ အခုတော့ သူက သိပ်ပြီးအသုံးမဝင်တော့သလိုပဲ။ ဒီနေ့ညနေက အရှင်မက သူ့နဲ့ စကားပြောခဲ့တယ် သူကလည်း အရှင်မရဲ့အစီအစဉ်ကို သဘောတူပြီး နယ်စပ်တပ်မတော်ကို သွားပြီး စစ်မှုထမ်းရင်း ကျင့်စဉ်အတွက် စစ်မြေပြင်က အကျိုးအမြတ်တွေ ရှာဖွေဖို့ ဆန္ဒရှိတယ်လို့ ပြောတယ်။ သူ့ကို ပေးထားတဲ့ အရင်းအမြစ်တွေကလည်း အလဟဿ ဖြစ်မှာ မဟုတ်တော့ဘူးပေါ့။ ပြောပြီးတဲ့နောက် သူမ နည်းနည်း စိတ်လှုပ်ရှားသွားသည်။
အခုထိတောင် သူ့ရဲ့ကျင့်စဉ်က အရှင်မလောက် မမြင့်သေးဘူး။ တစ်လကျော်လေးပဲ ရှိသေးတာကို ဒါတွေ အကုန်လုံးက နင့်ကြောင့်ပါ။ထိုက်ရွှီမြင့်မြတ်နယ်မြေက ရလာတဲ့ အရင်းအမြစ်တွေကလည်း နင့်မျက်နှာကြောင့် ပေးတာဆိုတာ ငါသိပါတယ်။ မင်းနဲ့ ကိုယ်နဲ့ကြားမှာ ဒါတွေကို ရှင်းနေစရာ မလိုပါဘူး။
ငါက အရမ်းရှင်းနေတာ မဟုတ်ပါဘူး ဒါပေမဲ့ ဘယ်သူ့ကြောင့် ရတာလဲဆိုတာကိုတော့ သိဖို့လိုအပ်တယ်။ ဒါကို ရောထွေးလို့ မရဘူး အခုလောလောဆယ် သူတို့ကနင့်ကြောင့် ရောက်လာကြတာ ဖြစ်ပေမဲ့ နောင်ကျရင်တော့ အရှင်မကြောင့် ရောက်လာစေရမယ်။ ပြောပြီးတဲ့နောက် ရဲ့ချန်းလျန်းရဲ့ မျက်နှာမှာ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားမှုတွေ ပေါ်လာသည်။
"ချူနင် နောင်ကျရင် နင်အရင်လိုပဲ နင့်ရဲ့ကျင့်စဉ်ကို ဖုံးကွယ်ထားပေးလို့ရမလား။ ထျန်းရွှမ်း တိုက်ကြီးပေါ်မှာတော့ အရှင်မက သူမရဲ့စွမ်းရည်ကို ထုတ်ပြဖို့ အလှည့် မရောက်သေးပါဘူး။ အခုတော့ ငါဘာကိုမှ သိမ်းပိုက်ချင်တဲ့ ဆန္ဒမရှိတော့ဘူး အရာအားလုံးက နင်ချမှတ်ပေးတဲ့ မဟာဗျူဟာပေါ်မှာပဲ မူတည်နေတာ။
ဒါပေမဲ့ တစ်နေ့နေ့မှာ အထက်ဘုံကိုရောက်သွားရင်တော့ အရှင်မက ကိုယ့်အားကိုယ်ကိုးပြီး တိုက်ခိုက်ချင်တယ်။ နင်က အရှင်မအတွက် အကျိုးကျေးဇူးတွေ အများကြီး ယူဆောင်လာပေးပြီးပြီ။ တကယ်လို့ အရှင်မက ဘာမှ မလုပ်ဘူးဆိုရင် အမြဲတမ်း နေလို့မကောင်းသလို ခံစားရလိမ့်မယ် ဘယ်လိုလဲ။ ဒါကို ကြားတော့ ချူနင် သက်ပြင်းချလိုက်သည်။
"ကိုယ် ဘယ်တုန်းကမှ ကျင့်စဉ်ကို မဖုံးကွယ်ခဲ့ပါဘူး"
"မဟုတ်တာ နင်အရင်က အရှင်မကို အကြာကြီး ဖုံးကွယ်ထားခဲ့တာပဲ"
"ဒါပေမဲ့ ကိုယ်မဖုံးကွယ်ခဲ့ဘူးလေ ကိုယ် မင်းကို ပြောပြခဲ့သားပဲ"
ကောင်းပြီ ကောင်းပြီ နင် ပြောခဲ့တယ်ပဲ ထားပါတော့။ ဒါဆို နောင်ကျရင်လည်း အရင်လိုပဲ အစွမ်းတွေ ထုတ်မပြနဲ့ဦး။ အရှင်မက နင့်အကူအညီမပါဘဲ ဒါတွေအားလုံးကို လုပ်နိုင်ပါတယ်။ နောင်ကျရင် အရှင်မက နင့်ကို တကယ် လိုအပ်တဲ့ အခါကျမှ နင်ကကူညီပေးမလား။ ဘာကို ကူညီရမှာလဲ ကိုယ်တို့ လုပ်နေကျ အလုပ်တွေကိုလား။ရဲ့ခဖန်းလျန် ချက်ချင်း တောင့်တင်းသွားသည်။
ဟင် ကိုဘာလဲ
ငါပြောတာနဲ့ အဲဒီကိစ္စလုပ်တာ နဲ့ ဘာဆိုင်လို့လဲ။
ဒါပေမဲ့ အကြောင်းအရာက ပေါ်လာပြီဆိုတော့။ ရဲ့ချန်းလျန်ရဲ့ အကြည့်တွေက တဖြည်းဖြည်း ပြောင်းလဲသွားပြီး ရှေ့က ချူနင့်ကို စိုက်ကြည့်နေမိသည်။ သူတို့နှစ်ယောက် ခဏလောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး ချူနင့်ရဲ့ ပထမဆုံး အနမ်းကနေ စတင်ကာ အရာအားလုံးက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။