အခန်း (၁) အစမှာတင် ဧကရီဗိုက်ကြီးသွားပြီ
တာ့ချန်းအင်ပါယာမြို့တော်အတွင်း၌
"ဘယ်သူက ချူနင်လဲ"
တည်းခိုခန်းအတွင်းသို့ အနက်ရောင်ရွှေရောင်စပ် သံချပ်ကာများ ဝတ်ဆင်ကာ နဂါးပုံစံ ဦးထုပ်များ ဆောင်းထားပြီး ရွှေစီဓားများ ကိုင်ဆောင်ထားသော လူအုပ်စုတစ်စု ချက်ချင်း ဇွတ်အတင်း ဝင်ရောက်လာကြသည်။
တည်းခိုခန်းရှိ ဧည့်သည်များစွာမှာ ထိုသံချပ်ကာ ဝတ်စုံများကို မြင်သည်နှင့် တုန်လှုပ်ချောက်ချားသွားကြပြီး မျက်နှာများ ဖြူလျော်သွားကြသည်။
"ဒါ... ဒါ ဧကရီရဲ့နဂါးအစောင့်တပ်တွေပဲ"
ခေါင်းဆောင်ဖြစ်သူ သန်မာထွားကြိုင်းသော စစ်သည်က ဧကရီအမိန့်တော်လွှာကို ကိုင်မြှောက်လိုက်သည်။
ဧကရီအမိန့်တော်အရ သစ္စာဖောက် ချူနင်သည် ခွင့်မလွှတ်နိုင်သော အပြစ်ကို ကျူးလွန်ထားပြီး ကောင်းကင်နှင့် မြေကြီးအတွက် ဘေးဒုက္ခတစ်ခုဖြစ်သောကြောင့် သူ့အား နန်းတော်သို့ ချက်ချင်း ဖိတ်ခေါ်ရမည်။
သို့သော် ထိုစစ်သည်သည် ဖိတ်ခေါ်ဆိုသည့် စကားလုံးကို ဖတ်လိုက်ရချိန်တွင် ခဏမျှ တုံ့ဆိုင်းသွားသည်။
အကယ်၍ သူက ကမ္ဘာပျက်မယ့် ဘေးဒုက္ခဖြစ်နေရင် ဖိတ်ခေါ်နေဖို့ လိုသေးလို့လား။
ဒါပေမဲ့ ဧကရီရဲ့အမိန့်တော်ဖြစ်နေတော့လည်း နာခံရုံမှတစ်ပါး အခြားမရှိပေ။
"ဘယ်သူက ချူနင်လဲ"
တည်းခိုခန်းပိုင်ရှင်မှာ ကြောက်လန့်တကြားဖြင့် ချူနင်ရှိရာကို တန်းပြောလိုက်တော့သည်။
အရာရှိမင်းတို့ခင်ဗျာ အဲဒီချူနင်ဆိုတဲ့သူက ကျွန်တော့်တည်းခိုခန်းက ဧည့်သည်ပါ။ အခု ဒုတိယထပ်မှာ အနားယူနေပါတယ်။ ကျွန်တော် အခုချက်ချင်း သွားခေါ်ပေးပါ့မယ်။
သူ့မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်နေ၏။ တော်ဝင်စစ်တပ်ကို အဆင့်သုံးဆင့် ခွဲခြားထားရာ မြို့တော်စောင့်စိမ်းရောင် သံချပ်ကာတပ်၊ နန်းတော်စောင့်အနက်ရောင် သံချပ်ကာတပ် နှင့် အမြင့်ဆုံးအဆင့်ဖြစ်သော အနက်ရောင်ရွှေရောင် သံချပ်ကာတပ် (နဂါးအစောင့်တပ်) ဟူ၍ ရှိသည်။
ထိုနဂါးအစောင့်တပ်မှာ ဧကရီ၏ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်ပြီး စစ်သည်တိုင်းမှာ အနည်းဆုံး အဆင့် (၃) ကျင့်စဉ်နယ်ပယ်ရှိသည့် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများ ဖြစ်ကြသည်။
အဲဒီ ချူနင်က ဧည့်သည်သက်သက်ပါ ဒီတည်းခိုခန်းနဲ့ ဘာမှမဆိုင်ပါဘူး။
"မလိုဘူး ငါတို့ဘာသာ ငါတို့ဖမ်းမယ်"
နဂါးအစောင့်တပ်သားများ ဒုတိယထပ်သို့ တက်သွားပြီးနောက် ခေတ္တအကြာတွင် လူတစ်ယောက်ကို မလာကြသည်ကို ဧည့်သည်များ ကြောက်လန့်တကြား ကြည့်နေကြသည်။
"ဟေ့ လူတွေ ခင်ဗျားတို့က ဘယ်သူတွေလဲ ငါ အဝတ်တောင် မဝတ်ရသေးဘူးလေ"
ဧကရီရဲ့နယ်မြေမှာ စစ်သားတွေက ဒီလိုပဲ ဇွတ်ဖမ်းလို့ရလား ငါ ပြောလိုက်မယ်မနက်ဖြန်ကျရင် နန်းတော်ကိုသွားပြီး တိုင်ပစ်မယ် သိလား။
တော်စမ်းပါ မင်းကို ဖိတ်ခေါ်ခိုင်းလိုက်တာ လက်ရှိ ဧကရီအရှင်မ ကိုယ်တိုင်ပဲ
အတွင်းခံဘောင်းဘီတစ်ထည်တည်းနှင့် ချူနင်တစ်ယောက် ဆွံ့အသွားသည်။
လွန်ခဲ့သော သုံးလက သူသည် အမှိုက်ကားတိုက်ခံရပြီးနောက် ဤကမ္ဘာတွင် နိုးလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် မည်သည့်ဆိုးသွမ်းမှုကိုမျှ မလုပ်ခဲ့ဖူးပေ။
ကျင့်စဉ်ကမ္ဘာကြီးတွင် ကျင့်စဉ်မရှိသော သာမန်လူတစ်ယောက်ဖြစ်သည့် သူက ဧကရီကိုယ်တိုင် လာဖမ်းခိုင်းရလောက်အောင် ဘာတွေများလုပ်မိလို့လဲ
ဒါမှမဟုတ် သူက တခြားကမ္ဘာက ကူးပြောင်းလာသူဆိုတာကို သိသွားကြတာလား ဒါပေမဲ့ သူက ဘာမှလည်း မလုပ်ဘဲ အေးအေးဆေးဆေး နေခဲ့တာလေ။
"ဒီအာဏာရှင်နိုင်ငံကြီး ဒီဧကရီမ တောက်" ချူနင်က စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ဘာပဲဖြစ်ဖြစ် သေရတော့မှာပဲဆိုပြီး သူ မကြောက်တော့ပေ။
သူ့ကို တည်းခိုခန်းအပြင်ထုတ်လာပြီးနောက် နဂါးအစောင့်တပ်ခေါင်းဆောင်က ရထားလုံးကို ညွှန်ပြသည်။
ဧကရီအမိန့်တော်အရ ချူနင်က ခွင့်မလွှတ်နိုင်တဲ့ အပြစ်သားဖြစ်ပေမဲ့ အရှင်မက ဖိတ်ခေါ်ခိုင်းတာမို့လို့ ရထားလုံးစီးပြီး နန်းတော်ကို လိုက်ခဲ့ပါ။
ချူနင် ကြောင်သွားသည် ဆက်ဆံရေးက မဆိုးဘူးပဲ။
"ဟိုကျွန်တော် ဘာအပြစ်လုပ်လို့လဲ သိလို့ရမလား ကျွန်တော်က ဘာလို့ ကမ္ဘာကြီးအတွက် ဘေးဒုက္ခဖြစ်ရတာလဲ"
"မသိဘူး"
ဒါဆို ဘာအပြစ်မှန်းမသိဘဲ လူအများကြီးနဲ့ လာဖမ်းတာက သင့်တော်ရဲ့လား။
ချူနင် သက်ပြင်းချလိုက်ပြီး ရထားလုံးပေါ် ကိုယ်တိုင်တက်လိုက်သည်။ မဟုတ်ရင်တော့ သူပဲ နာရချေတော့မည်။
သို့သော် ဤအင်ပါယာက အပြစ်သားကို ရထားလုံးနှင့် ခေါ်သွားသည်မှာ တော်တော်လေး ဂရုစိုက်လှသည်ဟု သူတွေးနေမိသည်။
တုန်တုန်ရီရီဖြင့် ချူနင်တစ်ယောက် တာ့ချန်းအင်ပါယာ၏ နန်းတော်ကြီးဆီသို့ ရောက်ရှိသွားတော့သည်။
နန်းတော်အတွင်းတွင် မြင့်မားသော တံတိုင်းများ၊ တားမြစ်နယ်မြေများနှင့် အလွန်တရာ ခမ်းနားထည်ဝါလှသည်။
ရထားလုံးပေါ်မှ ဆင်းပြီးနောက် ချူနင်သည် နန်းတွင်းအစေခံ အမျိုးသမီးတစ်ဦးနောက်သို့ လိုက်ပါသွားသည်။ အမှန်အတိုင်းပြောရလျှင် သူ နန်းတော်ထဲကို ရောက်ဖူးသည်မှာ ဒါပထမဆုံး မဟုတ်ပေ။
လွန်ခဲ့သောသုံးလ သူဤကမ္ဘာသို့ စတင်ရောက်ရှိစဉ်က နေရာတစ်ခုတွင် နိုးလာခဲ့ပြီး သူ ဘာလုပ်ခဲ့သည်ကို သေချာမမှတ်မိတော့ပေ။
နိုးလာချိန်တွင် ထင်းဂိုဒေါင်တစ်ခုထဲတွင် ပိတ်လှောင်ခံထားရပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူ့ကို မျက်စိပိတ်ကာ အပြင်သို့ ပို့ထုတ်ခဲ့သည်။
မျက်စိမပိတ်ခင် မြင်လိုက်ရသည့် မြင်ကွင်းအရ ထိုနေရာမှာ နန်းတော်အတွင်း ဖြစ်နေသည်။
ဒါဆို သူက နန်းတော်ထဲ ခိုးဝင်မှုနဲ့ အသတ်ခံရတော့မှာလား။
သူသည် သေရတော့မည်ဟု ထင်နေသော်လည်း လမ်းတစ်လျှောက်မှ လှပသော မြင်ကွင်းများကို အစွမ်းကုန် လိုက်ကြည့်နေမိသည်။ ရွှေရောင်ခန်းမဆောင်တစ်ခုရှေ့ ရောက်သောအခါ အစေခံမလေးက တံခါးကို ခေါက်လိုက်သည်။
"အရှင်မ ချူနင်ကို ခေါ်ဆောင်လာပါပြီ"
ခန့်ညားထည်ဝါသော်လည်း ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။
"သူ့ကို အထဲဝင်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ"
အစေခံမလေးက ချူနင်ကို ကြည့်လိုက်ရာတွင် သူမ၏ မျက်ဝန်းများ၌ အထင်အမြင်သေးခြင်း၊ မကျေနပ်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ ရောပြွမ်းနေသည်။
"ရှင်က ဘာလို့ အဝတ်အစားတောင် မဝတ်လာတာလဲ ကြည့်ရတာ သိပ်ရုပ်ဆိုးတာပဲ" ချူနင် ဆွံ့အသွားသည်။
ဟေ့ ခင်ဗျားတို့လူတွေက ငါ့ကို အိပ်ရာပေါ်ကနေ မလာကြတာလေ ငါ့ကို အဝတ်ဝတ်ဖို့ အချိန်ပေးလို့လား။
အခုကျမှ လာပြောနေတာ ရှက်ဖို့မကောင်းဘူးလား သို့သော် ချူနင် ဇဝေဇဝါ ဖြစ်နေဆဲပင်။ ဧကရီကိုယ်တိုင် စစ်ဆေးရလောက်အောင် သူ ဘာတွေ လုပ်မိလို့လဲ။
အစေခံမလေးက သက်ပြင်းချကာ "ဒါဆိုလည်း သည်းခံလိုက်ပါ မစ္စတာချူ အဲဒီ နဂါးအစောင့်တပ်သားတွေက အမိန့်အတိုင်းပဲ လုပ်တတ်ကြတာ ဦးနှောက်သိပ်မရှိကြဘူး။
နေမြင့်တဲ့အထိ ရှင်အိပ်နေလိမ့်မယ်လို့ အရှင်မ မမျှော်လင့်ထားပုံပဲ နောက်မှ နန်းတော်က အဝတ်အစားတွေ ပြင်ပေးခိုင်းလိုက်ပါ့မယ်။
အစေခံမလေး၏ အမူအရာက ချူနင်ကို ထူးဆန်းစေသည်။ အပြစ်သားကို မစ္စတာချူဟု ခေါ်နေသည့်အပြင် သူ ဒီနေ့ သေမှာမဟုတ်ဘူးဟုလည်း အဓိပ္ပာယ်ရနေသည်။
"ကျွန်မနာမည်က ရှောင်ပင်းပါ အရှင်မရဲ့ ကိုယ်ပိုင်အစေခံပါ"
ထိုသို့ပြောပြီးနောက် သူမက ခန်းမတံခါးကို တွန်းဖွင့်ပေးလိုက်သည်။ ချူနင် ပို၍ မျက်စိလည်သွားသည်။ ဘာလဲ ငါ့ကို ခေါင်းဖြတ်သတ်မှာ မဟုတ်ဘူးလား။
သံသယများစွာဖြင့် ဘောင်းဘီတိုတစ်ထည်တည်း ဝတ်ထားသော ချူနင်သည် ခန်းမကြီးထဲသို့ လှမ်းဝင်လိုက်သည်။
'ဒုန်း' ခနဲ တံခါးပိတ်သွားသည်။
ခန်းမကြီးမှာ အလွန်ကျယ်ပြောပြီး ရတနာပစ္စည်းများစွာ ရှိနေသည်။
လေထုထဲတွင် သင်းပျံ့သော ရနံ့တစ်ခု ပျံ့လွင့်နေပြီး ချူနင်၏ ရှေ့တည့်တည့်တွင် ရွှေရောင်နဂါးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူ့ကို အေးစက်စွာ ကြည့်နေသည်။
သူမ၏ ရုပ်ရည်မှာ အလွန်လှပပြီး ထိုညက သူအိပ်မက်မက်ခဲ့သည့် အမျိုးသမီးနှင့် ဆင်တူသော်လည်း ယခုမူ ခန့်ညားထည်ဝါပြီး ဖိအားပေးနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ချူနင် တံတွေးမျိုချလိုက်သည်။ တာ့ချန်းအင်ပါယာ၏ ဧကရီ အဆင့် (၆) ကျင့်စဉ်နယ်ပယ်ရှိသည့် အစွမ်းထက်သူ။
ဧကရီ ရဲ့ချန်းလျန်က မျက်မှောင်ကြုတ်လိုက်သည်။
"ချူနင် ငါ့ကိုမြင်တာတောင် ဘာလို့ ဒူးမထောက်တာလဲ"
အရာအားလုံးက ရုတ်တရက်ဆန်လွန်း၍ ချူနင် ဘာကြောင့် ဒီရောက်နေမှန်း မသိသော်လည်း ယခုအခါတွင် သူ သတ္တိမွေးလိုက်သည်။
"ဟားဟားဟား"
"ငါက သေရမှာပဲလေ ဘာလို့ ဒူးထောက်နေရမှာလဲ ငါ့ဒူးက ကောင်းကင်၊ မြေကြီးနဲ့ မိဘကိုပဲ ဒူးထောက်တာ။ ခင်ဗျားလို အကြောင်းပြချက်မရှိဘဲ လူဖမ်းတဲ့ ဧကရီကို ဘာလို့ ဒူးထောက်ရမှာလဲ"
ချူနင်က ရယ်မောရင်း သတ်ချင်ရင် သတ်လိုက်တော့ ဘာပဲဖြစ်ဖြစ် ငါက ကျင့်စဉ်မရှိတဲ့ သာမန်လူပဲ ခင်ဗျားကို ဘာမှမလုပ်နိုင်ပါဘူး မြန်မြန်ပဲ လုပ်လိုက်ပါ။
ထိုစကားကို ကြားသောအခါ ရဲ့ချန်းလျန်၏ မျက်နှာတွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
"မင်းမျက်လုံးထဲမှာ ငါက တကယ်ပဲ အဲဒီလိုလူမျိုးလား" ချူနင် ကြောင်သွားသည်။ အဲဒါ ဘာစကားလဲ။
သို့သော် အမျိုးသမီး၏ မျက်ဝန်းများ ချက်ချင်း အေးစက်သွားပြန်သည်။
"ငါ ဒီနေ့ မင်းကို ဘာလို့ နန်းတော်ခေါ်လာလဲ သိလား" ချူနင်က ခေါင်းခါပြလိုက်သည်။
"အိပ်နေရင်း အဖမ်းခံရတာ ဘယ်လိုလုပ် သိမှာလဲ"
ထို့နောက် ရဲ့ချန်းလျန်က သူမ၏ အနည်းငယ် ပူထွက်နေသော ဝမ်းဗိုက်ကို ညွှန်ပြလိုက်သည်။ ချူနင်က လူအ မဟုတ်ပါ၊ တစ်ချက်ကြည့်ရုံနှင့် နားလည်သွားသည်။
"အရှင်မက ကိုယ်ဝန်ရှိနေတာလား သုံးလလောက် ရှိနေပြီ ထင်တယ်"
ရဲ့ချန်းလျန်က သူ့ကို သတ်မည့်ပုံမပေါ်သည်ကို တွေ့ရသောအခါ ချူနင်က အခွင့်အရေးယူကာ မြှောက်ပင့်ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် အရှင်မ နဂါးရင်သွေးလေး ရတော့မှာပဲ အသက်ရာကျော် ရှည်ပါစေ ကျွန်တော်တို့ တာ့ချန်းအင်ပါယာမှာ အမွေဆက်ခံသူ ရှိပြီပေါ့"
စကားပြောရင်း ချူနင် ရုတ်တရက် ရပ်သွားသည်။ ဒီဧကရီက အိမ်ထောင်မပြုရသေးဘူးလေ ကြင်ယာတော်လည်း မရှိဘူး ဒါဆိုရင် ဒီကလေးက...
ရဲ့ချန်းလျန်က လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းကိုလည်း ဂုဏ်ယူပါတယ် ကလေးရဲ့ အဖေကြီးရယ်"
ထိုစကားတစ်ခွန်းကြောင့် ချူနင်တစ်ယောက် လုံးဝ ဆွံ့အသွားသည်။
ဘာ သူမ ဘာတွေပြောနေတာလဲ သူက ဘယ်လိုလုပ်ပြီး။
"မင်း တကယ်ပဲ ဘာမှမမှတ်မိတာလား လွန်ခဲ့တဲ့ သုံးလနန်းတော်ရဲ့ လျှို့ဝှက်နယ်မြေထဲမှာလေ"
သူမက အေးစက်စွာ ပြောရင်း ချူနင်ကို စိုက်ကြည့်နေသည်။ ချူနင်၏ အတွေးများ နောက်ကြောင်းပြန်သွားသည်။
သူမှတ်မိပြီ သူဒီကမ္ဘာကို စရောက်တဲ့နေ့က ကျောက်ခန်းမတစ်ခုရဲ့ အလယ်မှာ အမျိုးသမီးတစ်ယောက် ကျင့်စဉ်ကျင့်နေတာ တွေ့ခဲ့တယ်။
ဒါပေမဲ့ သူ ဘာဖြစ်သွားလဲ မသိခင်မှာပဲ အခန်းထဲက အနီရောင် အငွေ့အသက်တွေက သူ့ကို လွှမ်းမိုးသွားပြီး သူက ထိုအမျိုးသမီးဆီကို မသိစိတ်နဲ့ လျှောက်သွားခဲ့တာ။
နိုးလာတော့ ထင်းဂိုဒေါင်ထဲ ရောက်နေပြီး နန်းတော်က အထုတ်ခံရပေမဲ့ ငွေအချို့ ပါလာလို့ သုံးလလုံး အေးဆေး နေနိုင်ခဲ့တာ။
ဒါဆိုရင် သူက ဧကရီကို အံ့သြတကြီး ကြည့်လိုက်သည်။
အဲဒီညက အိပ်မက်မဟုတ်ဘူးလား အဲဒီအမျိုးသမီးက ခင်ဗျားလား။
သူက စိတ်ကူးယဉ် အိပ်မက်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးက ဧကရီဖြစ်နေလိမ့်မည်ဟု သူမထင်ထားသလို ဧကရီက သူ့ကြောင့် ကိုယ်ဝန်ရသွားလိမ့်မည်ဟုလည်း ပို၍ပင် မထင်ထားခဲ့ပေ။
ထိုအချိန်တွင် ချူနင်၏ စိတ်ထဲသို့ အသံတစ်သံ ဝင်ရောက်လာသည်။
ဇီဝဗေဒအရ တော်စပ်သော ရင်သွေးကို ရှာဖွေတွေ့ရှိပါပြီ အသန်မာဆုံး ကလေးထိန်းစနစ်ကို ချိတ်ဆက်လိုက်ပါပြီ။
ဤကမ္ဘာတွင် အန္တရာယ်များစွာကို တွေ့ရှိရသဖြင့် အစပြုသူအဆောင်ထုတ်ပေးလိုက်ပါသည်။ ပိုင်ရှင်အား အနန္တမသေမျိုး ဧကရာဇ် ကျင့်စဉ်ကို ဆုချီးမြှင့်လိုက်ပါသည်။
ဤကျင့်စဉ်မှာ ကလေးအား ပြုစုစောင့်ရှောက်ရန်နှင့် ကာကွယ်ရန်အတွက်သာ ဖြစ်ပါသည်။
ပိုင်ရှင်အနေဖြင့် အစွမ်းကုန် ကြိုးစားပါ။
ချက်ချင်းပင် ချူနင်၏ ခန္ဓာကိုယ်အတွင်း ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို သူ ထိန်းချုပ်နိုင်သလို ခံစားလိုက်ရသည်။
ကလေးထိန်းရန်အတွက် စနစ်က အစွမ်းတွေ ပေးလိုက်ပြီဖြစ်သည်။
ချူနင်က "ဟား မိုက်လှချည်လား" ဟု အော်လိုက်သောအခါ ဧကရီ၏ မျက်နှာမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားတော့သည်။
"မင်းမဟုတ်ရင်ဘယ်သူရှိဦးမှာလဲ"