အခန်း (၃) - အောင်မြင်သော နိုးထခြင်း
စက္ကန့်အနည်းငယ်အတွင်းမှာပဲ မိုက်ကယ်ဟာ သူ့ရင်ဘတ်ထဲက တဒိန်းဒိန်း ခုန်နေတဲ့ နှလုံးခုန်သံကို အတိုင်းသား ကြားနေရသည်။ ကျောင်းသားတစ်ဦးစီတိုင်းကို နိုးထခြင်းစက်လုံးရှေ့တွင် စက္ကန့် ၃၀ စီ သတ်မှတ်ပေးထားပြီး ထိုထက်ပိုသော အချိန်သည် အပိုသာဖြစ်ကြောင်း နှစ်ပေါင်းများစွာကပင် သက်သေပြခဲ့ပြီးဖြစ်သည်။ ၁၀ စက္ကန့် ကုန်ဆုံးသွားသည်။ ၁၅ စက္ကန့်၊ စက္ကန့် ၂၀၊ ၂၅ စက္ကန့်...။ စိတ်ပျက်အားငယ်မှုကြောင့် ရင်ထဲမှာ နင့်ကနဲ ခံစားနေရသော မိုက်ကယ်ကို ဆရာဖြစ်သူက ပြန်လွှတ်ရန် ပြင်လိုက်စဉ်မှာပင် မိုက်ကယ်၏ လက်အောက်ရှိ နိုးထခြင်းစက်လုံးထံမှ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် မိုက်ကယ်၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု စီးဆင်းသွားသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ စိတ်အစဉ်မှာ ကြည်လင်သွားပြီး ခွန်အားများ တိုးလျှံလာသလို ခံစားလိုက်ရသည်။ နိုးထသူအသစ်တိုင်းနှင့်အတူ ပေါ်လာတတ်သော နိမိတ်လက္ခဏာမှာ မကြာမီပင် ပေါ်ထွက်လာတော့သည်။ မိုက်ကယ်၏ ခန္ဓာကိုယ်ကို မှောင်မည်းအုံ့မှိုင်းသော စွမ်းအင်တစ်ခုက ရစ်ပတ်ဖုံးလွှမ်းသွားပြီး သူ၏လက်ထဲတွင် အနက်ရောင် ဝါးရင်းတုတ်ရှည်တစ်ခု ခဏတာ ပေါ်လာပြီးနောက် အရာအားလုံး ပျောက်ကွယ်သွားသည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် မိုက်ကယ် ခဏတာ ကြောင်အသွားသော်လည်း သူကဲ့သို့ပင် အံ့အားသင့်နေသော ဆရာဖြစ်သူ၏ အသံက သူ့ကို မူလကမ္ဘာဆီ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
"မိုက်ကယ် နော်မန်၊ နိုးထခြင်း အောင်မြင်တယ်... အသက်မွေးဝမ်းကျောင်းကတော့ 'သေသူစေခိုင်းသူ' သေလူတို့ကို စေခိုင်းနိုင်သူပဲ!" ဟု ဆရာက ကြေညာလိုက်သည်။
"နောက်တစ်ယောက်တောင်လား?!"
"သေသူစေခိုင်းသူ ဟုတ်လား? အတော်လေး အစွမ်းထက်ပုံရပေမဲ့ နည်းနည်းတော့... ဆိုးယုတ်တဲ့ ဘက်ကို ရောက်မလားမသိဘူးနော်?"
"သေချာပြောစမ်းပါ အစ်ကိုရာ... ဆိုးယုတ်တာမှ အတော်လေးကို ဆိုးတာဗျ!"
"အေးလေ... ဒါပေမဲ့ ငါသာ တစ်ခုခု နိုးထခွင့်ရမယ်ဆိုရင် ငါ့ခန္ဓာကိုယ်ကို ရောင်းစားရမယ်ဆိုရင်တောင် ဂရုမစိုက်ဘူး!"
"မင်းကတော့ မင်းဆန္ဒကိုပဲ ရှေ့တန်းတင်နေတာပါကွာ"
အရင်ကလိုပင် ခန်းမထဲတွင် ဆူညံပွက်လောရိုက်သွားသော်လည်း အရင်နှစ်ကြိမ်ထက်စာလျှင် အနည်းငယ် ငြိမ်သက်သွားသည်။ လီလီယန် စတုန်း၏ မထင်မှတ်ထားသော နိုးထမှု သို့မဟုတ် ဘရိုင်ယန် လီယန်၏ ပါရမီရှင်အဖြစ် ပြောင်းလဲသွားမှုတို့လောက် မိုက်ကယ်က ကျောင်းတွင် ထင်ရှားသူ မဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ယခုအချိန်မှစ၍ ထိုသို့ ဖြစ်တော့မည်မဟုတ်ပေ...။ ထို့ပြင် ခန်းမထဲတွင် သူ၏ အခန်း (၃) မှ အတန်းဖော် အနည်းငယ်သာရှိပြီး သူသိသူမှာ ပို၍ပင် နည်းပါးလှသည်။ သူနှင့် လူချင်းရင်းနှီးသူ တစ်ဦးမှမရှိပေ။
"ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတာပဲ" ဟု နိုးထခြင်းအခမ်းအနား တာဝန်ခံဆရာက ဝမ်းသာအားရ သုံးကြိမ်တိုင်တိုင် ရေရွတ်လိုက်သည်။ သူက မိုက်ကယ်ကို လူချင်းသိ၍မဟုတ်ဘဲ နိုးထသူတစ်ဦးမျှ ထွက်ပေါ်လာလိမ့်မည်မဟုတ်ဟု သူထင်ထားသည့် အခမ်းအနားမှ သုံးဦးအထိ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ အကယ်၍ တစ်ဦးမျှ နိုးထမလာလျှင်လည်း သူ အံ့သြမည်မဟုတ်—ထိုကဲ့သို့သော ရလဒ်များမှာ ရိုးအီနေပြီဖြစ်သည်။
"ငါ့ဘေးမှာ လာရပ်ပြီး စောင့်ဦး" ဟု ဆရာက အခြားနိုးထသူ နှစ်ဦးရှိရာသို့ မိုက်ကယ်ကို လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်။
"ဟုတ်ကဲ့ ဆရာ" မိုက်ကယ်က စိတ်လှုပ်ရှားမှု မပြေသေးဘဲ ခေါင်းငြိမ့်ကာ လိုက်သွားသည်။ ရဲဘော်သစ်တစ်ယောက် တိုးလာသည်ကို မြင်သောအခါ လီလီယန်နှင့် ဘရိုင်ယန်တို့က ခေါင်းငြိမ့်နှုတ်ဆက်ကြပြီး မိုက်ကယ်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။ အမှန်စင်စစ် မိုက်ကယ်၏ အာရုံမှာ သူ့ပတ်ဝန်း
ကျင်ဆီ၌ အပြည့်အဝ မရှိတော့ပေ။ အတန်းဖော်များက သူ့အကြောင်း တိုးတိုးတိတ်
တိတ် ပြောဆိုနေကြသည်ကို သူကြားနေရသော်လည်း ဂရုစိုက်ရန်အတွက် သူ အလုပ်
များလွန်းနေသည်။ သူ၏ အာရုံမှာ သူ့မျက်စိရှေ့တွင် ပေါ်လာသော အရာတစ်ခုဆီသို့သာ ရောက်ရှိနေသည်။
အပြာရောင် ပွင့်လင်းမြင်သာသော မျက်နှာပြင်တစ်ခုမှာ မိုက်ကယ်၏ ရှေ့တွင် လွင့်မျောနေသည်-
မိုက်ကယ်၏ စိတ်မှာ ထိုအချက်အလက်များပေါ်တွင် အာရုံမစိုက်နိုင်သေးပေ။ ယခုမှသာ သူ ဘာဖြစ်သွားသည်ကို အပြည့်အဝ နားလည်သွားသည်။ သူ နိုးထသွားပြီ! သူ တကယ်ပဲ နိုးထသွားခဲ့ပြီ! ပျော်ရွှင်မှုများ သူ့ဆီသို့ တဟုန်ထိုး စီးဝင်လာပြီး တင်းမာနေသော သူ၏ ပုခုံးများမှာ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။ ဤသည်မှာ အစပျိုးရုံသာ ရှိသေးသော်လည်း အရေးကြီးဆုံးအချက်မှာ သူ နိုးထနိုင်ခဲ့ခြင်းပင်။ ရှေ့ဆက် ဘာပဲဖြစ်လာပါစေ သူ၏ အနာဂတ်တွင် အခွင့်အလမ်းအသစ်များ ရှိနေပြီဖြစ်သည်။
မိုက်ကယ်က သက်ပြင်းတစ်ချက်ကို အဝအပြတ်ချလိုက်ပြီး ကျန်ရှိနေသော နိုးထခြင်းအခမ်းအနားကို ပြန်လည်အာရုံစိုက်လိုက်သည်။ ကျောင်းသား ခြောက်ဦးသာ ကျန်တော့သဖြင့် နောက်ထပ် လေးမိနစ်ခန့်တွင် အခမ်းအနား ပြီးဆုံးတော့မည်ဖြစ်သည်။ ကျောင်းသားတစ်ဦးစီသည် မကြာမီ မိမိတို့အိမ်သို့ ပြန်ကြရမည်ဖြစ်ပြီး မိမိတို့၏ နိုးထမှုရလဒ်အပေါ် မူတည်ကာ အနာဂတ်ကို စဉ်းစားကြရတော့မည်ဖြစ်သည်။
ယခုအခါတွင် စိတ်မလှုပ်ရှားတော့သဖြင့် မိုက်ကယ်မှာ အခြားအရာများကို စဉ်းစားရန် အချိန်ရသွားသည်။ အရေးကြီးဆုံး သိရှိလိုက်ရသည့်အချက်မှာ သူသည် သေသူစေခိုင်းသူ အသက်မွေးဝမ်းကျောင်းကို ရရှိခဲ့ခြင်းဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် မိုက်ကယ်သည် နိုးထသူများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများအကြောင်းကို ကျောင်းတွင် သင်ကြားခဲ့ရသည်နှင့် ကြားဖူးနားဝရှိသည်ထက် ပို၍ မသိပေ။ သူသိထားသည်မှာ အသက်မွေးဝမ်းကျောင်းများကို ယေဘုယျအားဖြင့် တိုက်ခိုက်ရေး၊ ကူညီထောက်ပံ့ရေးနှင့် လူနေမှုဘဝ ဟူ၍ သုံးမျိုး ခွဲခြားထားခြင်းဖြစ်သည်။ သူ၏ သေသူစေခိုင်းသူ အသက်မွေးဝမ်းကျောင်းမှာ တိုက်ခိုက်ရေးနှင့် ကူညီထောက်ပံ့ရေး နှစ်မျိုးစလုံး ရောယှက်နေပုံရသော်လည်း မိုက်ကယ်မှာ လုံးဝ တပ်အပ်မပြောနိုင်သေးပေ။
ဤကမ္ဘာတွင် သြဇာကြီးမားလှသော သူရဲကောင်း နှင့် မှော်ဆရာ အသက်မွေးဝမ်းကျောင်းများအပြင် အခြားအရာများကို သူ သိပ်မသိပါ။ ကျောင်းတွင် နိုးထသူများအကြောင်းကို အခြေခံဗဟုသုတလောက်သာ သင်ကြားပေးပြီး အသေးစိတ်ထဲထိ မဝင်ပေ။
အထက်လူကြီးများက နိုးထရန် အလားအလာမရှိသော ကျောင်းသားများသည် ထိုအရာများကို ပိုသိရန်မလိုဘဲ စာလေ့လာခြင်း သို့မဟုတ် ကျင့်ကြံခြင်းတွင်သာ အချိန်ကို အကျိုးရှိရှိ အသုံးပြုစေလိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အကယ်၍ နိုးထခြင်းမပြုမီ ကျင့်ကြံအားထုတ်မှုရှိပြီး ထိုအရာတွင် ပါရမီပါရှိပါက ဒုတိယအသက်
မွေးဝမ်းကျောင်းတစ်ခုကိုပါ ရရှိနိုင်သော
ကြောင့် ကျင့်ကြံခြင်းကို ကောင်းမွန်သော အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။
ဤကဲ့သို့သော သတင်းအချက်အလက် ကန့်သတ်ချက်မှာ ဝုဒ်စတုန်း အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း တစ်ခုတည်းမှာပင် ဖြစ်မဖြစ် မိုက်ကယ် မသေချာသော်လည်း အချက်တစ်ချက်ကိုမူ သူ အသေအချာ သိထားသည်—အသက်မွေးဝမ်းကျောင်းများကြားတွင် ခွဲခြားဆက်ဆံမှု မရှိခြင်းပင်။ "အလွန်အမင်း အားနည်းသော" အသက်မွေးဝမ်းကျောင်းဟူ၍ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် အသက်မွေးဝမ်းကျောင်းအားလုံးမှာ သီအိုရီအရ အကန့်အသတ်မရှိသောကြောင့် ဖြစ်သည်။ စွမ်းအားမှာ နိုးထသူများအပေါ်တွင်သာ မူတည်သည်။ ဆရာများ၏ အဆိုအရ ဤအချက်မှာ အပ်ချုပ်သမားကဲ့သို့သော လူနေမှုဘဝဆိုင်ရာ အသက်မွေးဝမ်း
ကျောင်းများအတွက်ပင် အကျုံးဝင်သည်ဟု ဆိုသည်။ ဤအရာမှာ မည်မျှအထိ မှန်ကန်ကြောင်း မိုက်ကယ် မသေချာသော်လည်း မကြာမီ သူ သိရှိလာရမည်ဟု တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် ယခုအခါ အစိုးရက တန်ဖိုးထားရမည့် နိုးထသူတစ်ဦး ဖြစ်လာပြီ မဟုတ်ပါလား။
မိုက်ကယ်က သူ၏အတွေးများကို စုစည်းပြီး သူ၏စိတ်ထဲတွင် ပေါ်လာသော ဝင်းဒိုးကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် နိုးထခြင်းအခမ်းအနား တာဝန်ခံဆရာ၏ အသံက သူ၏အာရုံကို ဖမ်းစားလိုက်သည်။
"ကဲ၊ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ နိုးထဖို့ မအောင်မြင်ခဲ့တဲ့ သူတွေအနေနဲ့လည်း နိုးထသူတစ်ယောက် ဖြစ်မလာတာဟာ မင်းတို့ရဲ့ အနာဂတ်တွေ ပျက်သုဉ်းသွားတာ မဟုတ်ဘူးဆိုတာ မှတ်ထားပါ။ ကမ္ဘာပျက်ကပ်ရဲ့ အစောပိုင်းကာလတွေမှာ ငါတို့ရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ တိုးတက်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ငါတို့ရဲ့ ဘိုးဘေးတွေထဲက အနည်းဆုံး တစ်ဝက်လောက်ဟာ သာမန်လူတွေပဲ။ အဲဒီတော့ မင်းတို့ နိုးထခွင့်မရခဲ့ရင် ဘာဖြစ်လဲ?"
စင်မြင့်အောက်မှ စိတ်မကောင်းဖြစ်နေသော ကျောင်းသားများသည် ဤစကားကို ကြားလိုက်ရသောအခါ စိတ်အားထက်သန်မှုများ တဖွားဖွား ပေါ်ပေါက်လာကြသည်။ မိုက်ကယ်ကိုယ်တိုင်ပင် ဆရာ၏ စကားများကို သဘောကျမိသည်။ သို့သော် သူတို့ ခန်းမထဲမှ ထွက်သွားသည်နှင့် ကြမ်းတမ်းလှသော လက်တွေ့ဘဝက သူတို့ကို ပြန်လည်နှိပ်စက်ဦးမည်ကို သူ သိထားသည်။ အချို့သော ကျောင်းသားများကလည်း ဤအချက်ကို နားလည်ထားပုံရသော်လည်း လတ်တလော စိတ်သက်သာရာရစေမည့် အရာတစ်ခုခုကို သူတို့ လိုအပ်နေကြခြင်းဖြစ်သည်။
ဤကမ္ဘာသည် နည်းပညာအရ မိုက်ကယ်၏ ယခင်ကမ္ဘာထက် ပိုမိုတိုးတက်နေသော်
လည်း သာမန်လူများအတွက်မူ အရာအားလုံးက လှပနေသည်မဟုတ်ကြောင်း သိထားရမည်။ ဥပမာအားဖြင့် ဘဏ်လုပ်ငန်းရှင်များနှင့် အခြားသော အလုပ်အကိုင်များစွာမှာ အတိတ်ဟောင်းများ ဖြစ်သွားခဲ့ပြီဖြစ်သည်။ စက်ရုပ်များ လုပ်ဆောင်နိုင်သည့် အလုပ်များကို လူသားများအား ခိုင်းစေနေဆဲဖြစ်သော နေရာအနည်းငယ်သာ ကျန်တော့သည်—အလွန်အမင်း ဆင်းရဲလွန်း၍ ဖြစ်စေ သို့မဟုတ် အဆင့်မြင့်ဟိုတယ်အချို့ကဲ့သို့ "ဇိမ်ကျကျ" ရှိချင်၍ ဖြစ်စေ ခိုင်းစေခြင်းမျိုး ဖြစ်သည်။ ဤကမ္ဘာရှိ လူအများစုမှာ ဆင်းရဲတွင်းနက်နေကြပြီး ရသမျှ အလုပ်အနည်း
ငယ်ဖြင့် မနည်းရုန်းကန်နေကြရသည်။ ဤကမ္ဘာသို့ ရောက်လာပြီးမှသာ မိုက်ကယ်
သည် သူ၏ ဘဝဟောင်းမှ စကားတစ်ခွန်းကို အမှန်တကယ် နားလည်သွားတော့သည်—"နည်းပညာဆိုတာ ကောင်းချီးတစ်ခုလည်း ဖြစ်နိုင်သလို ကျိန်စာတစ်ခုလည်း ဖြစ်နိုင်တယ်" ဆိုသည်ကိုပင်။
ယခုရှိနေသော အခြေအနေဆိုးမှ လွတ်မြောက်လိုသော ဆန္ဒသည် ဤကျောင်းသားများ နိုးထသူဖြစ်လာရန် အပြင်းအထန် လိုလားနေကြရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍ မိုက်ကယ်သာ နိုးထနိုင်ခြင်းမရှိခဲ့ပါက သူသည်လည်း ဆရာ၏ အားပေးစကားကို နားထောင်နေရသူများထဲတွင် ပါဝင်နေမည်ဖြစ်သည်။ သူ အမှန်တကယ် ကံကောင်းခဲ့ကြောင်း သူ သိလိုက်သည်။
သူ၏စကားများက ကျောင်းသားများအပေါ် သက်ရောက်မှုရှိသွားသည်ကို မြင်သောအခါ ဆရာက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောသည်။
"သာမန်ကောလိပ်တွေနဲ့ ကျင့်ကြံရေးအကယ်ဒမီတွေအတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေဟာ နောက်ထပ် သုံးလအကြာမှာ ရှိမှာဖြစ်လို့ ဒီအချိန်အတွင်းမှာ သေချာပြင်ဆင်ကြပါ။ ဒီနေ့ပြီးရင် ကျောင်းထပ်လာဖို့ မလိုတော့ဘူးဆိုတာနဲ့ပဲ အပျော်အပါး မမက်ကြနဲ့ဦးနော်၊ ဟုတ်ပြီလား?"
"ဟုတ်ကဲ့ပါ ဆရာ!" ဟု မိုက်ကယ်နှင့် အခြားနိုးထသူ နှစ်ဦးအပါအဝင် ကျောင်းသားများက ကျယ်လောင်စွာ ပြန်ထူးကြသည်။
"ကဲ၊ အားလုံး သွားနိုင်ပြီ!"
ကျောင်းသားများ ခန်းမထဲမှ ထွက်ခွာသွားကြစဉ် ဆရာဖြစ်သူက မိုက်ကယ်၊ လီလီယန်နှင့် ဘရိုင်ယန်တို့ဘက်သို့ လှည့်လာသည်။ ပြုံးရွှင်သော မျက်နှာဖြင့် သူက "မင်းတို့ သုံးယောက်၊ ငါ့နောက်ကနေ ကျောင်းအုပ်ကြီးရုံးခန်းကို လိုက်ခဲ့ကြဦး" ဟု ပြောလိုက်လေသည်။