အခန်း (၂၂) - ပြန်လည်ခုခံခြင်း
ကျန်းဖုန်း သည် နောက်သို့လှည့်မကြည့်ဘဲ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ သူ၏ ခြေလှမ်းတိုင်းသည် ၁၀ မီတာကျော် ခရီးပေါက်၏။ သူ၏ ကျော့ရှင်းလှပသော ကိုယ်ဖော့ပညာကြောင့် လမ်းကြားများထဲတွင် "ဝိညာဉ်မျောက်ဝံ" တစ်ကောင်သဖွယ် ထင်မှတ်ရသည်။ တစ်ခဏအတွင်း ခေါင်မိုးများပေါ်သို့ ခုန်တက်သွားလိုက်၊ နောက်တစ်ခဏတွင် ဝင်းခြံများကို ဖြတ်ကျော်ပြေးလွှားလိုက်နှင့် ဖြစ်နေသည်။
ဂျီဟွေ့ကျုံးအတုနှင့် အပေါင်းအပါများမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြရသည်။ ၎င်းတို့သည် ကျန်းဖုန်းကို ပိတ်ဆို့ရန် နည်းလမ်းအမျိုးမျိုး သုံးခဲ့ကြသလို၊ နောက်ကျောဘက်မှနေ၍ လျှို့ဝှက်လက်နက်မျိုးစုံဖြင့်လည်း ပစ်ခတ်ခဲ့ကြသည်။ သို့သော် ကျန်းဖုန်း ကကျွမ်းကျင်မှုအဆင့် သို့ ရောက်ရှိနေသည့် "မျောက်အသွင်လွတ်မြောက်ခြင်း" ကိုအရှိန်အဟုန်ပြင်းစွာ အသုံးပြုပြီး မြေပြင်အနေအထား ကျွမ်းကျင်မှုကို အခွင့်ကောင်းယူကာ အကြိမ်ကြိမ် ဝိုင်းရံပိတ်ဆို့မှုများကြားမှ ဖောက်ထွက်နိုင်ခဲ့သည်။
"သူက မျောက်လား"၊ "မြန်လွန်းတယ်" ဟု ဆဋ္ဌမအဆင့် ကိုယ်ခံပညာရှင် နှစ်ဦးက ညည်းတွားလိုက်ကြသည်။ ၎င်းတို့သည် အစွမ်းကုန် အားထုတ်ထားသော်လည်း ကျန်းဖုန်း၏ အဝတ်စကိုပင် မထိနိုင်ကြဘဲ ကျန်းဖုန်း ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ မြင်နေရသည်။
"ရှူး!" လေအေးများ နားအနားမှ တိုးဝှေ့ဖြတ်သန်းသွားစဉ် ကျန်းဖုန်းသည် ကျဉ်းမြောင်းသော လမ်းကြားတစ်ခုမှ အခြားလမ်းကြားတစ်ခုသို့ ခုန်ကူးလိုက်သည်။ နောက်ဆုံးတွင် သူသည် အိမ်သို့ ပြန်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ပုန်းအောင်းရန် မဟုတ်ဘဲ "ဧကရာဇ်လေး "ကို သွားရောက်ယူဆောင်ရန် ဖြစ်သည်။ သူ ပြန်လည်ခုခံရမည်။
မဟုတ်ပါက ရန်သူကို အပြတ်အသတ် မဖယ်ရှားနိုင်ဘဲ ဆက်ပြေးနေလျှင် အားအင်ကုန်ခမ်းသွားသည့်အခါ ရန်သူများ၏ ဝိုင်းအုံတိုက်ခိုက်ခြင်းကို ခံရပြီး ဧကန်မုချ သေဆုံးရပေမည်။ ခရီးတစ်လျှောက် ပြေးလွှားလာပြီးနောက် အခြားသူများကို သူ အသာလေး ဖြတ်ထုတ်နိုင်သော်လည်း ဂျီဟွေ့ကျုံးအတုမှာမူ ချွင်းချက်ဖြစ်နေကြောင်း ကျန်းဖုန်းသတိပြုမိသည်။
ထို ဂျီဟွေ့ကျုံးအတုမှာ ပဉ္စမအဆင့်(သွေးသန့်စင်ခြင်း) ကျင့်ကြံသူဖြစ်ပြီး ကိုယ်ဖော့ပညာကိုလည်း တတ်မြောက်ထားသည်။ သူ၏ ပညာအဆင့်သည် ကျန်းဖုန်း လောက် မမြင့်မားသော်လည်း သူ၏ အားကောင်းသော "Qi" နှင့် သွေးသားစွမ်းအင်ကို အခြေခံကာ ကျန်းဖုန်း၏ နောက်ကွယ် ၃၀ မီတာအကွာမှ ထပ်ကြပ်မကွာ လိုက်ပါလာနိုင်သည်။ သူ့ကို အလွယ်တကူ ဖြတ်ထုတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ကျန်းဖုန်း သည် ပြန်လည်တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
နောက်ဆုံးတွင် သူ၏ ဝင်းခြံသို့ ပြန်ရောက်လာသည်။ "ဘုန်း!" သူသည် ဝင်းခြံထဲရှိ ရေအိုးတစ်လုံးကို ကန်ချလိုက်ပြီး ၎င်းအောက်မှ အဝတ်နက်အိတ်တစ်အိတ်ကို ဆွဲထုတ်ကာ ပခုံးပေါ်သို့ အမြန်လွယ်လိုက်သည်။
မြေပြင်ကို ခြေဖျားဖြင့် ထောက်ကန်ကာ ဝိညာဉ်မျောက်ဝံတစ်ကောင်ကဲ့သို့ အပေါ်သို့ ခုန်တက်လိုက်ပြီး အိမ်ခေါင်မိုးပေါ်သို့ ရောက်သည်နှင့် လျင်မြန်စွာ ပြေးထွက်သွားသည်။
"ထပ်၊ ထပ်!" ကျန်းဖုန်း မြေပြင်မှ ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူရပ်ခဲ့သော နေရာတွင် ဒုံးတို သုံးခု စိုက်ဝင်သွားသည်။ ခေါင်မိုးများပေါ်သို့ ပြေးလွှားနေစဉ်မှာပင် ဒုံးတိုများမှာ သူ့ထံသို့ လွင့်ပျံလာနေသည်။ အကယ်၍ သူ အနည်းငယ်မျှ နှေးကွေးသွားပါက ထိုဒုံးတိုများ သူ့ကို ထိမှန်သွားမည်ဖြစ်သည်။
"မင်း လွတ်မှာ မဟုတ်ဘူး" ဂျီဟွေ့ကျုံးအတု၏ မျက်နှာမှာ တင်းမာနေသည်။ သူ၏ ကိုယ်ဖော့ပညာသည် ကျန်းဖုန် လောက် မကောင်းသော်လည်း ဒုံးတိုများ ပစ်ခတ်ပြီး နှောင့်ယှက်ခြင်းဖြင့် အမီလိုက်နေခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ကျန်းဖုန်း ၏ ကိုယ်ဖော့ပညာမှာ အလွန်ပင် လျင်မြန်ဖျတ်လတ်နေပြီး အမြဲတစေ ရှောင်တိမ်းနိုင်ခဲ့သည်။
ထိုအချိန်တွင် ကျန်းဖုန်း က ရေအိုးအောက်မှ အိတ်နက်ကို ဆွဲထုတ်သွားသည်ကို မြင်လိုက်ရသဖြင့် တစ်ခုခု မှားယွင်းနေပြီဟု သူ ခံစားလိုက်ရသည်။ ဤအချိန်၌ပင် ကျန်းဖုန်း က ခြေလှမ်းမရပ်ဘဲ အိတ်နက်ထဲမှ ဧကရာဇ် လေးကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ တစ်နေ့နေ့တွင် ယခုကဲ့သို့ အခြေအနေမျိုးကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ရန် သူသည် ဧကရာဇ် လေးကိုရေအိုးအောက်တွင် ကြိုတင်ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိတ်ကိုလည်း လေးအား အလွယ်တကူ ဆွဲထုတ်နိုင်ရန် အကောင်းဆုံး ပုံစံထုတ်ထားပြီး မြားများကိုလည်း ကျောနောက်တွင် စလွယ်သိုင်း လွယ်ထားပြီးသား ဖြစ်သည်။
ယခု ဧကရာဇ် လေးကို လက်ဝယ်ရရှိထားပြီဖြစ်ရာ လောကကြီးတစ်ခုလုံးသည် သူ၏ လက်ခုပ်ထဲသို့ ရောက်ရှိလာသကဲ့သို့ပင်။ ကျန်းဖုန်းသည် ခေါင်မိုးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး လျင်မြန်စွာပင် လေးကိုဆွဲ၊ မြားကိုတင်ကာ နောက်မှ တကောက်ကောက် လိုက်လာသောဂျီဟွေ့ကျုံးအတုထံသို့ ပစ်ခတ်လိုက်သည်။ ထိုအချိန်တွင် ၎င်းတို့နှစ်ဦးကြား အကွာအဝေးမှာ ၃၀ မီတာကျော်မှ ၁၀ မီတာဝန်းကျင်သို့ ကျဉ်းမြောင်းသွားပြီ ဖြစ်သည်။ လေးကိုထုတ်၊ မြားကိုဆင်ရသည့်အတွက် ကျန်းဖုန်း၏ အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မြားဦးက ပြိုင်ဘက်ကို ချိန်ရွယ်လိုက်သည့်အချိန်တွင် ဂျီဟွေ့ကျုံးအတုမှာ လက်တစ်ကမ်းအကွာသို့ ရောက်နေသကဲ့သို့ပင်။ ကျန်းဖုန်းသည် သူ၏ရှေ့မှ လင်းကနဲ ဖြစ်သွားသော အလင်းတန်းကို မြင်လိုက်ရသည်။ "ရှူး!" သူသည် ဝေခွဲမနေဘဲ လက်ထဲမှ မြားကို လွှတ်လိုက်သည်။
"ချွတ်!" ထိုအလင်းတန်းမှာဂျီဟွေ့ကျုံး အတု ကြိုတင်ပစ်လွှတ်လိုက်သော ဒုံးတိုပင် ဖြစ်သည်။ ကျန်းဖုန်းခေတ္တရပ်ပြီး လှည့်လိုက်သည်ကို မြင်သောအခါ ၎င်းသည် အပိုင်သတ်ရမည့် အခွင့်အရေးဟု ဂျီဟွေ့ကျုံး က ယူဆခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းဖုန်း၏ လေးအတတ်မှာ ခြေလှမ်းတစ်ရာအကွာရှိ မိုးမခရွက်ကို ဖောက်ထွင်းနိုင်ခြင်း အဆင့်ရှိနေမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ မြားသည် ဒုံးတိုကို ရိုက်ချလိုက်ပြီးနောက် သူ၏ မျက်နှာဆီသို့ ဆက်လက် ပျံသန်းလာသည်။
"ဟာ!"ဂျီဟွေ့ကျုံး အတုသည် အံ့အားသင့်သွားပြီး ခေါင်းကို အမြန်ငုံ့ကာ ခေါင်မိုးပေါ်မှ လမ်းကြားထဲသို့ ခုန်ဆင်းလိုက်သည်။ မြားမှာ အဝေးက နံရံတစ်ခုတွင် စိုက်ဝင်သွားသည်။ သူ လမ်းကြားထဲမှ ချောင်းကြည့်လိုက်စဉ် "ရှူး!" ဟု မြည်သံနှင့်အတူ ကြောက်မက်ဖွယ် မြားဦးကို မြင်လိုက်ရသဖြင့် ခေါင်းကို အမြန်ပြန်ငုံ့ကာ နံရံအောက်တွင် ကပ်နေလိုက်ရသည်။ မြားမှာ သူ၏ နောက်ကွယ်ရှိ မြေပြင်တွင် စိုက်ဝင်သွားပြီး မြားမြီးပိုင်းမှာ တုန်ခါနေကာ မြား၏ တစ်ဝက်ခန့်မှာ မြေကြီးထဲသို့ နစ်ဝင်သွားသည်။
"သတိထားကြ၊ သူက နတ်ဘုရားလေးသည် ပဲ" ဟု ဂျီဟွေ့ကျုံး အတုက အော်ဟစ်သတိပေးလိုက်သည်။ သူ၏ အပေါင်းအပါများ သတိပြုမိစေရန် ပြောလိုက်ခြင်း ဖြစ်သည်။ ဤအရေးကြီးသော အချိန်တွင် ကျန်းဖုန်း သည် မြားတစ်စင်းဖြင့် ဂျီဟွေ့ကျုံး အတု၏ ဒုံးတိုကို ရိုက်ချနိုင်ခဲ့သလို ဂျီဟွေ့ကျုံးကိုလည်း ခေါင်မိုးပေါ်မှ လမ်းကြားထဲသို့ ဆင်းပြေးရန် ဖိအားပေးနိုင်ခဲ့သည်။
ဒုတိယမြားဖြင့် ဂျီဟွေ့ကျုံး အတုကို လမ်းကြားထဲ၌ပင် ခေါင်းမပြူရဲအောင် ပိတ်ဆို့ထားလိုက်သည်။
ထိုအချိန်တွင် ခေါင်မိုးပေါ်၌ ရပ်နေသော ကျန်းဖုန်း သည် ရှေ့ ၇၀၊ ၈၀ မီတာအကွာတွင် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦး အမီလိုက်လာသည်ကို မြင်လိုက်သည်။
ဤသည်မှာ အခွင့်အရေးဖြစ်ကြောင်း သူ သိလိုက်သည်။ သူသည် အခြားခေါင်မိုးတစ်ခု၏ နောက်ဘက်သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ထိုနေရာသည် လမ်းကြားထဲရှိ လှုပ်ရှားမှုများကို မြင်နိုင်သလို Ge ဂျီဟွေ့ကျုံး အတု၏ လျှို့ဝှက်လက်နက်များမှလည်း လွတ်ကင်းသည့် နေရာဖြစ်သည်။ သူသည် လေးကိုဆွဲ၍ မြားကိုဆင်လိုက်သည်။
"ရှူး!" "ရှူး!" မြားနှစ်စင်းသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသကဲ့သို့ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ သူ၏ လေးအတတ်ပညာသည် ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ခြေလှမ်းတစ်ရာအတွင်း မိုးမခရွက်ကို ဖောက်ထွင်းခြင်း ကို လုပ်ဆောင်နိုင်ရုံသာမက လေးဆွဲ၊ မြားတင်သည့် အရှိန်မှာလည်း သာမန်ကိုယ်ခံပညာရှင်များ မတုံ့ပြန်နိုင်လောက်အောင် ထူးကဲလှသည်။
"မြန်မြန်၊ ရှောင်ကြ!" ဂျီဟွေ့ကျုံးအတုက အော်ပြောလိုက်သည်။ သူသည် လမ်းကြားထဲမှ အမြန်ပြေးထွက်လာပြီး အမိုးစွန်းများ၏ အကာအကွယ်ကို ယူကာ ကျန်းဖုန်း ဆီသို့ ပြေးတက်လာသည်။ သူ နီးကပ်စွာ ချဉ်းကပ်နိုင်လျှင် ကျန်းဖုန်း၏ လေးအတတ်မှာ အသုံးမဝင်တော့ဟု သူ တွက်ဆထားသည်။
"ဖတ်!" "အား!" အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျန်းဖုန်း ၏ ပထမမြားသည် ရှေ့ဆုံးမှ လာနေသော ဆဋ္ဌမအဆင့် ကိုယ်ခံပညာရှင်၏ ရင်ဘတ်ကို ဖောက်ထွင်းသွားသဖြင့် သူသည် ခေါင်မိုးပေါ်မှ ခေါင်းစိုက်ကျသွားသည်။ ဒုတိယမြားမှာ ထိုသူ တုံ့ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ လေးအတတ်မှာ ရင်ဘတ်ကို တည့်တည့်မထိမှန်ခဲ့သော်လည်း ပြိုင်ဘက်၏ ပခုံးကို ထိမှန်သွားသဖြင့် ထိုသူပါ ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသည်။
"မင်းလို အစိုးရရဲ့ လက်ပါးစေက ငါတို့ဂိုဏ်းက ညီအစ်ကိုတွေရဲ့ တစ်သက်လုံး လိုက်လံသတ်ဖြတ်တာကို မကြောက်ဘူးလား" "ရှူး!" "တောက်!" ဂျီဟွေ့ကျုံး အတုသည် နောက်ဆုံးတွင် အမိုးစွန်းများ၏ အကာအကွယ်ဖြင့် ကျန်းဖုန်း ရှိရာ ခေါင်မိုးအောက်သို့ ရောက်ရှိလာသည်။
သူ အပေါ်သို့ ခုန်တက်လိုက်စဉ် ကျန်းဖုန်း မှာမူ သူ၏ ကိုယ်ဖော့ပညာကို အသုံးပြု၍ တိတ်တဆိတ်နှင့် လျင်မြန်စွာပင် အခြားသက်ငယ်မိုး ခေါင်မိုးတစ်ခုပေါ်သို့ ခုန်ကူးသွားပြီး မီးခိုးတိုင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းလိုက်သည်ကို မြင်လိုက်ရသည်။ ရုတ်တရက် မြားတစ်စင်းသည် သူ့ထံသို့ လွင့်ပျံလာသည်။ ဤမြားမှာ မြန်လွန်းလှသည်။ဂျီဟွေ့ဖုန်းအတုမှာ အပြည့်အဝ မရှောင်နိုင်ဘဲ ပါးပြင်တွင် မြားအရှိန်ဖြင့် ပြတ်ရှသွားကာ သွေးများ ပန်းထွက်လာသည်။ သူသည် အမိုးစွန်းအောက်သို့ အမြန်ပြန်လည် ပုန်းအောင်းလိုက်ရသည်။
ကျန်းဖုန်းကမူ ဘာစကားမျှ မပြောပေ။ သူသည် မြားမှန်ပြီး ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသော ဆဋ္ဌမအဆင့် ကိုယ်ခံပညာရှင်ရှိရာသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ခေါင်မိုးများပေါ်မှ ကျွမ်းကျင်စွာ ခုန်ကူးရင်း ဂျီဟွေ့ကျုံး အတုရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ခဏအကြာတွင် ဂျီဟွေ့ကျုံး အတုမှာ နံရံတစ်ခုနောက်မှ ချောင်းကြည့်နေသည်ကို မြင်လိုက်ရသည်။ "ရှူး!" ဝေခွဲမနေဘဲ အဝေးမှနေ၍ မြားတစ်စင်း ပစ်လိုက်ရာ ရွှံ့နံရံ၏ ထောင့်ကို ဖောက်ထွက်သွားသဖြင့် ဂျီဟွေ့ကျုံး အတုမှာ ထိတ်လန့်တကြားနှင့် အခြားနံရံတစ်ခုသို့ ထွက်ပြေးသွားရသည်။
ကျန်းဖုန်း သည် အခြားခေါင်မိုးတစ်ခုပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ ဤနေရာမှဆိုလျှင် ပခုံးမြားမှန်ထားသော ဆဋ္ဌမအဆင့် ကိုယ်ခံပညာရှင်ကို မြင်နိုင်သည်။ ထိုသူမှာ ဇွဲကောင်းသူဖြစ်ပြီး သွားကိုတင်းတင်းစိကာ မြားကို ဆွဲနှုတ်ပြီး သွေးတိတ်ရန် ကြိုးစားနေသည်။ ကျန်းဖုန်းသည် အခွင့်ကောင်းကို ဝမ်းသာအားရနှင့် မြားသုံးစင်း ဆက်တိုက် ပစ်ခတ်လိုက်သည်။
"ရှူး၊ ရှူး၊ ရှူး!" ဘေးအန္တရာယ်ကို သတိပြုမိသွားသော ထိုသူသည် ခေါင်းမော့ကြည့်လိုက်စဉ် မြားများ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ သူ လှိမ့်ရှောင်ရန် ကြိုးစားသော်လည်း ခါးနှင့် ဝမ်းဗိုက်ကို မြားထိမှန်သွားသည်။ နာကျင်မှုကြောင့် အော်ပင်မအော်နိုင်သေးခင် ပေါင်ကို အခြားမြားတစ်စင်း ထပ်မံထိမှန်သွားပြန်ရာ ထိန်းမနိုင်ဘဲ ရှေ့သို့ လဲကျသွားသည်။ သူ၏ ဒူး မြေပြင်နှင့် မထိခင်မှာပင် တတိယမြားမှာ သူ၏ လည်ပင်းကို ဖောက်ထွင်းသွားပြီး ရွှံ့နံရံတွင် တွဲလောင်း စိုက်ဝင်သွားစေသည်။ သူ၏ ဒူးများမှာ ဒူးထောက်လျက် အနေအထား၊ ခန္ဓာကိုယ်မှာ နံရံတွင် ကပ်လျက်ဖြင့် ထိုနေရာ၌ပင် အသက်ပျောက်သွားလေတော့သည်။