အခန်း( ၁၈ )- ထူးခြားသော ရနံ့တစ်ခု
ဤစကားကို ကြားလိုက်ရသဖြင့် ကျန်းဖုန်း နှင့် ကျန်နှစ်ယောက်မှာ နှိပ်စက်ခန်းထဲ၌သာ ဆက်နေရန်မှတစ်ပါး အခြားမရှိတော့ချေ။ ဟွမ်ဦးစီးမှုး၏ စကားအရ ဤမှတ်ချက်မှာ ကြာနီဂိုဏ်သားငါးယောက် အားကြားသိစေရန် ရည်ရွယ်ပြောကြားခြင်းဖြစ်ကြောင်း ကျန်းဖုန်းသိလိုက်သည်။ ဆက်လက်လုပ်ဆောင်မည့် စစ်ဆေးမေးမြန်းမှုပုံစံများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သွေးချောင်းစီးမည်မှာ သေချာလှသည်။
သို့သော် ထို ကြာနီဂိုဏ်းမှငါးယောက်စလုံးမှာ ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြရာ နှိပ်စက်ခြေချုပ်ကိရိယာမျိုးစုံနှင့် ကြမ်းပြင်ပေါ်မှ ဆေးကြောရခြင်းမရှိသေးသော သွေးကွက်များကို မြင်တွေ့နေရသည့်တိုင် ထိုငါးယောက်စလုံးမှာ တည်ငြိမ်အေးဆေးနေဆဲပင်။ ၎င်းတို့နှင့် ဘာမှမဆိုင်သကဲ့သို့ပင်။
ဤအသေးစိတ်အချက်အလက်များက ကျန်းဖုန်းကို စိတ်မသက်မသာ ဖြစ်စေသည်။ထိုကြာနီဂိုဏ်းသား ငါးယောက်၏ အဆင့်အတန်းမှာ ဘယ်လိုမှ မရိုးရှင်းနိုင်ပေ။
အကယ်၍ ဤနှိပ်စက်ခန်းထဲတွင် ၎င်းတို့က အရေးကြီးသော သတင်းအချက်အလက်များကို ဝန်ခံထွက်ဆိုပြီး ထောင်အစောင့်များ ကြားသွားခဲ့လျှင် ၎င်းတို့အတွက် သေဒဏ်အမိန့်တစ်ခု ဖြစ်လာနိုင်သည်။ အရေးကြီးသောအချက်အလက်များ မပေါ်ပေါက်မီ ဦးစီးမှူး ဟွမ်က ၎င်းတို့ကို မောင်းထုတ်ခဲ့လျှင်ပင် နောင်တွင် ပြဿနာတစ်စုံတစ်ရာရှိလာပါက ၎င်းတို့ပါ ဆွဲသွင်းခံရနိုင်ခြေရှိသည်၊ အဘယ်ကြောင့်ဆိုသော် အောက်ခြေလူငယ်များမှာ အထက်လူကြီးများအတွက် အမြဲတမ်း အပြစ်ပုံချခံ အသုံးတော်ခံများ ဖြစ်ရစမြဲမို့ပင်။
"သူတို့အားလုံးကို (သံမြင်းခုံ)မှာ ချည်နှောင်ထားလိုက်။" ဦးစီးမှုးဟွမ်က အမိန့်ပေးလိုက်သည်။
ရဲမတ်အချို့ ရှေ့သို့တက်လာပြီး ကြာနီဂိုဏ်းသားငါးယောက်ကို သံမြင်းခုံတွင် တစ်ယောက်ပြီးတစ်ယောက် ချည်နှောင်လိုက်ကြသည်။ ကျန်းဖုန်းနှင့် ကျန်နှစ်ယောက်မှာလည်း အံကြိတ်ကာ ကူညီပေးခဲ့ရသည်။သံမြင်းခုံဟု ခေါ်ဆိုသည့်အရာမှာ—
လူတစ်ယောက်အား မြင်းကျောပေါ်တွင် ခွစီးထားသကဲ့သို့ ဇွတ်အတင်း လှဲလျောင်းစေခြင်းပင်။ ဤရက်စက်လှသော ကိရိယာ၏အောက်တွင် မီးဖိုတစ်ခုရှိပြီး ၎င်းက ခုံတန်းလျားကို ရဲရဲနီလာသည်အထိ အပူပေးနိုင်ကာ အကျဉ်းသား၏ ဝမ်းဗိုက်ကို မီးကင်သကဲ့သို့ ဖြစ်စေသည်၊ ထိုနာကျင်မှုမှာ အလွန်ပြင်းထန်လှသဖြင့် ရာဇဝတ်ကောင်ပေါင်းများစွာ ဤခုံပေါ်တွင် သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။
"(အိုးဓား)ကို ယူခဲ့။" ဦးစီးမှုးဟွမ် က ထပ်မံပြောဆိုပြန်သည်။ကျန်းဖုန်းလည်း အပြေးအလွှား သွားရောက်ယူဆောင်ကာ ဦးစီးမှုးဟွမ်ထံသို့ ကမ်းပေးလိုက်သည်။
(အိုးဓား)ဆိုသည်မှာ—
လက်ချောင်းတွင် တပ်ဆင်ထားသည့် ဓားသွားတစ်ခုဖြစ်ပြီး လက်ချောင်းမှ အရေပြားနှင့် အသားများကို တစ်ချက်တည်းဖြင့် လှီးဖြတ်ခွာထုတ်ရန် ဒီဇိုင်းထွင်ထားခြင်းဖြစ်သည်။ ထို့ပြင် ဤဓားသွား၏ အောက်ခြေတွင် သံအိုးတစ်လုံး ရှိနေသည်။ ထိုသံအိုးထဲတွင် စပ်လောင်သော ဆေးရည်တစ်မျိုး ပါဝင်သဖြင့် အသားကို လှီးခွာပြီး အိုးဓာက လက်ချောင်းအရိုးကို ညှပ်မိသည့်အခါ စပ်လောင်သော အခိုးအငွေ့များက ချက်ချင်း အထက်သို့ ပျံတက်လာကာ နာကျင်မှုကို မခံမရပ်နိုင်ဖြစ်အောင် အာရုံကြောများကို လှုံ့ဆော်ပေးလေသည်— ဤသို့သော နှိပ်စက်မှုကို ခံနိုင်ရည်ရှိသူ အလွန်ရှားပါးလှသည်။
"မင်းက ကြာနီဂိုဏ်းမှာ စီမံခန့်ခွဲရေးအဖြစ် တာဝန်ယူထားတယ်လို့ ငါကြားတယ်။ နဂါးမြို့ထဲက မင်းတို့ဂိုဏ်းရဲ့ အခြေစိုက်စခန်းတွေ ဘယ်မှာလဲဆိုတာ ငါ့ကိုပြောရင် မင်းအသက်ကို ချမ်းသာပေးမယ်။"ဦးစီးမှုးဟွမ် က ထွားကြိုင်းသော လူတစ်ယောက်အနားသို့ ချဉ်းကပ်သွားသည်။
ထိုလူမှာ ခုံတန်းလျားတွင် ချည်နှောင်ခံထားရပြီး သူ၏ ဝမ်းဗိုက်နှင့် မျက်နှာမှာ သံပြားပေါ်သို့ ဖိကပ်နေကာ ရဲမတ်နှစ်ယောက်က အောက်မှ မီးကို မွှေးနေကြသည်။ ခုံတန်းလျားမှာ လျင်မြန်စွာ ပူပြင်းလာသည်။ ဦးစီးမှုးဟွမ်က ထိုလူ၏ လက်ချောင်းကို ဆုပ်ကိုင်လျက် စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
သို့သော်—
ထိုလူက နှုတ်ဆိတ်နေဆဲပင်။ ပူပြင်းလှသော ခုံတန်းလျားပေါ်တွင် မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး ဖိကပ်ထားလျက် သူက အံကိုသာ ကြိတ်ထားပြီး နာကျင်မှု ပြင်းထန်လာသည်နှင့်အမျှ မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ ချွေးစေးများ တဖြာဖြာကျနေသည်။
"ဖျတ်!"
ဤသည်ကိုမြင်သော် ဦးစီးမှုးဟွမ်က ကရုဏာကင်းမဲ့စွာဖြင့် အိုးဓားကို ထိုလူ၏ လက်ချောင်းပေါ်သို့ အားပြင်းပြင်းဖြင့် ညှပ်ချလိုက်သည်။
"အားးးး!"
ထိုလူမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်တော့သည်။ ကျန်းဖုန်းနှင့် ကျန်တဲ့ အကျဉ်းထောင့်စောင့နှစ်ယောက်မှာ ထိုလူ၏ လက်ညှိုးမှ အသားများ လှီးခွာခံရပြီး ဖြူဖွေးသော အရိုးပေါ်ထွက်လာသည်ကို စောင့်ကြည့်နေခဲ့ရသည်။ ဦးစီးမှုးဟွမ်ကမူ အားရကျေနပ်ပုံမပေါ်ဘဲ အိုးဓားထဲမှ ဆေးရည်များကို သွန်းလောင်းကာ ပေါ်ထွက်နေသော အရိုးပေါ်သို့ ပက်ဖျန်းလိုက်သည်။
"အားးးးးး!"
အသားမဲ့နေသော လက်ညှိုးရိုးမှ အခိုးအငွေ့များ ထွက်လာပြီး ပွက်ပွက်ဆူကာ တရှူးရှူး မြည်လာတော့သည်။
"မင်းတို့ ကောင်စုတ်တွေ— ငါ့ကို သတ်လိုက်တော့၊ မဟုတ်ရင် မင်းတို့ မိသားစုတစ်ခုလုံးကို ငါသတ်ပစ်မယ်၊ ဒီမှာရှိတဲ့ကောင်တွေ အကုန်သေရမယ်!" ထိုလူက ထိန်းမနိုင်သိမ်းမရ အော်ဟစ်ကျိန်းဝါးတော့သည်။
သူ၏ လက်ချောင်းမှ နာကျင်မှုနှင့် ခုံတန်းလျားမှ လောင်မြိုက်သော ဝေဒနာတို့က သူ့ကို ရူးသွပ်မတတ် ဖြစ်စေသည်၊ သူ၏ အသံတွင် သွေးလေလှိုင်းများပင် တုန်ခါလျက်ရှိပြီး ပြင်းထန်သော သံပြင်းလှိုင်း ကို ဖြစ်ပေါ်စေသည်။ ကျန်းဖုန်နှင့် ကျန်သည့် အစောင့်နှစ်ယောက်မှာ ၎င်းတို့၏ နားစည်များ စူးရှစွာ နာကျင်လာသဖြင့် နားကို မဖြစ်မနေ ပိတ်ထားကြရသည်။
"အားးးး!" ထိုလူက မရပ်မနား ဆက်လက်အော်ဟစ်နေသည်။
"ဖျန်း!"
ဦးစီးမှုးဟွမ်က စားပွဲပေါ်မှ လွှကို ဆွဲယူကာ ထိုလူ၏ ခြေသလုံးပေါ်သို့ ပြင်းထန်စွာ ဖိချပြီး လွှဖြင့် ရှေ့တိုးနောက်ဆုတ် တိုက်လိုက်ပြီးနောက် ဒဏ်ရာအသစ်ပေါ်သို့ အိုးဓားမှ ဆေးရည်များကို ပိုမိုသွန်းလောင်းရန် ကြိုးပမ်းသည်။ ထိုလူကို ဝန်ခံလာစေရန် အတင်းအကျပ် ဖိအားပေးနေခြင်းပင်။
"ဝုန်း!"
ထောင့်စွန်းတစ်နေရာတွင် လူတစ်ယောက် လဲပြိုကျသွားသည့် အသံ ထွက်ပေါ်လာသည်။
၎င်းမှာ ကျန်းဖုန်း ပင် ဖြစ်သည်။ ထိုလူ၏ အော်ဟစ်သံများနှင့် ဦးစီးမှုးဟွမ်၏ သွေးစွန်းသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် တုန်လှုပ်ချောက်ချားသွားရကာ ကျန်းဖုန်းမှာ နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားခြင်းဖြစ်သည်။
"အရှင်မင်းကြီး... သူက စိတ်ဓာတ်ပျော့ညံ့ပြီး ကြောက်တတ်လို့ ထိတ်လန့်ပြီး သတိလစ်သွားတာပါ၊ အရှင်မင်းကြီးကို အနှောင့်အယှက်မဖြစ်စေဖို့ ကျွန်တော် သူ့ကို အပြင်ကို ဆွဲထုတ်သွားပါ့မယ်။" ကျန်းဖုန်းဘေးတွင် ရပ်နေသော ထောင်စောင့် ကခွင့်ပြုချက် အမြန်တောင်းခံလိုက်သည်။
"ထွက်သွားစမ်း!"ဦးစီးမှုးဟွမ်က ငေါက်ငေါက်တောက်တောက် ပြောလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် သတိလစ်နေသော ကျန်းဖုန်း ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။ထောင်အစောင့်မှာ နောက်ထပ် စကားမဆိုရဲတော့ဘဲ ကျန်းဖုန်း ကို ဆွဲထုတ်သွားရန် ပြင်စဉ်၊ ကျန်ရှိနေသည့် နှုတ်ဆိတ်နေသောထောင် စောင့်တစ်ယောက် ကပါ ကျန်းဖုန်း၏ ခြေထောက်များကို အမြန်မကာ အလုပ်ခန်းထဲသို့ ပြန်လည်သယ်ဆောင်ရန် ကူညီပေးခဲ့ပြီး နှိပ်စက်ခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
အလုပ်ခန်းထဲသို့ ရောက်သောအခါ ကျန်းဖုန်း မျက်လုံးပွင့်လာသည်။ သူနှင့်အတူ နှိပ်စက်ခန်းကို ဆေးကြောခဲ့သည့် ထောင် စောင့်နှစ်ယောက်မှာ မရှိတော့ချေ။ ယခုမှပင် သူ သိရှိလိုက်ရသည်မှာ၊ ဤအန္တရာယ်များလှသော ကမ္ဘာကြီးတွင် သူတစ်ဦးတည်းသာ ဉာဏ်ပြေးသည်မဟုတ်— ထို ထောင် စောင့်နှစ်ယောက်မှာလည်း အလွန်ပါးနပ်ကြပြီး အကြောင်းရင်းမရှိဘဲ မည်သည့်အခါမျှ ပြဿနာရှာမည့်သူများ မဟုတ်ကြပေ။
ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်တာ ကုန်လွန်သွားခဲ့ပြီ။ ကျန်းဖုန်းသည် သူ၏ ကံကြမ္မာအမှတ် ကို နေ့တိုင်း စစ်ဆေးခဲ့သည်။ သူ၏ ကံကြမ္မာအမှတ်မှာ များစွာ ပြောင်းလဲခြင်းမရှိသည်ကို သတိပြုမိသဖြင့် နှိပ်စက်ခန်းမှာ ထင်သလောက် အန္တရာယ်မရှိကြောင်း သိသာသည်။ အကယ်၍ သူ သတိလစ်ချင်ယောင်မဆောင်ခဲ့လျှင်ပင် ဦးစီးမှုးဟွမ် အနေဖြင့် ၎င်းတို့ကို မည်သည့်အရေးကြီးသော သတင်းအချက်အလက်မျှ ကြားခွင့်ပေးမည်မဟုတ်ပေ။
ထိုနေ့နံနက်တွင် ညဆိုင်းဆင်းပြီးနောက် ကျန်းဖုန်းသည် ကျန်ပေ့မှ စောစောစီးစီး ထွက်ခွာခဲ့သည်။ သူ ကျန်ပေ့ မှ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်—
တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ ဆဌမအဆင့် ကျင့်ကြံခြင်းနယ်ပယ်က သူ့ကို အမြဲတစေ နိုးနိုးကြားကြား ရှိနေစေသည်။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေပြီး ၎င်းတို့၏ အကြည့်များက သူ၏ လှုပ်ရှားမှုတိုင်းကို နောက်ယောင်ခံလိုက်နေသည်ကို သူ ရှင်းလင်းစွာ အာရုံရနေသည်။
ကျန်းဖုန်း စဉ်းစားခန်းဖွင့်ရတော့သည်။ အမှောင်ဈေးအပြင်ဘက်တွင် ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူသုံးယောက်ကို သတ်ခဲ့သည်မှအပ သူ မည်သည့်ပြဿနာမျှ မဖန်တီးခဲ့သလို သူ၏ အထောက်အထားကိုလည်း အလွန်အမင်း လုံခြုံအောင် ဖုံးကွယ်ထားခဲ့သည်။ ထိုလူများ၏ နောက်ကွယ်တွင် လူများရှိနေလျှင်ပင် ၎င်းတို့အနေဖြင့် သူ့ကို ဤမျှအထိ လျင်မြန်စွာ စုံစမ်းသိရှိနိုင်စရာမရှိပေ။
လီဝေ၏ လူများ ဖြစ်နေမလား? လီဝေသည် နတ်မြှားတပ်မတော် မှဖြစ်ရာ အကယ်၍ သူ့တွင် အပေါင်းအဖော်များရှိပါက ၎င်းတို့ထဲမှ တစ်ယောက် ဖြစ်သင့်သည်၊ သို့သော် ၎င်းတို့က ဘာကြောင့် နေ့ခင်းကြောင်တောင်ကြီးတွင် ကျန်ပေ့အပြင်ဘက်မှာ စောင့်ဆိုင်းနေရသနည်း? အကယ်၍ ၎င်းတို့က သူ့ကို ရည်ရွယ်ခြင်းဖြစ်ပါက လီဝေကဲ့သို့ပင် ညဘက်တွင် မြှားတစ်စင်း ပစ်လွှတ်ကာ သတ်ဖြတ်ကြလိမ့်မည်။
သို့မဟုတ်... ?
နှမြောစရာကောင်းသည်မှာကျန်းဖုန်းအနေဖြင့် မည်သူဖြစ်နိုင်သည်ကို ခန့်မှန်း၍မရခြင်းပင်။ ဘာကြောင့် သူ့ကို အကြောင်းရင်းမရှိဘဲ စောင့်ကြည့်နေရသနည်း? သူ အာရုံခံမိသည်ဆိုကတည်းက ထိုနောက်ယောင်ခံလိုက်သူမှာ သူ၏အဆင့်လောက် မသန်မာကြောင်း ထင်ရှားသည်။
'သူတို့ကို အပြင်ထွက်အောင် ငါပဲ မျှားခေါ်ပြီး ဘာကို လိုချင်နေတာလဲဆိုတာ ကြည့်ရမလား?'
သို့သော် သူ၏လက်ထဲတွင် ဝှက်ထားခဲ့သော မိုးကြိုးပေါက်ကွဲမှုပုတီးစေ့ကို သူ ပြန်လည်သတိရသွားသည်။ ဤကမ္ဘာတွင် လျှို့ဝှက်လက်နက်များနှင့် ထောင်ချောက်များ ရှိသည်။ အကယ်၍ သူ၏ရန်သူ၌ ပြင်းထန်သော အကွက်အဆန်းတစ်ခုခုရှိနေပြီး သူသာ ထိုထောင်ချောက်ထဲ သက်ဆင်းမိပါက ဘယ်လိုလုပ်မလဲ? သူ ခဏမျှ ဝေခွဲမရဖြစ်သွားသည်။
ကျန်းဖုန်း လှည့်ပြန်ပြီးကျန်ပေ့ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ နောက်တစ်ကြိမ် အပြင်မထွက်မီ ရက်အနည်းငယ်မျှ အထဲတွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက ပိုမိုဘေးကင်းသော အစီအစဉ်ဖြစ်သည်။ အကယ်၍ နောက်ယောင်ခံလိုက်သူက သူ့ကို အမှန်တကယ် ပစ်မှတ်ထားနေခြင်းဖြစ်ပါက— ၎င်းတို့သည် နောက်ရက်အနည်းငယ်အထိ အပြင်ဘက်တွင် ဧကန်မုချ စောင့်ဆိုင်းနေကြလိမ့်မည်။ အကယ်၍ သူကသာ စိတ်မထင်တာမျိုးဆိုလျှင်လည်း ထောင်ထဲတွင် ရက်အနည်းငယ် နေရုံမျှဖြင့် ဘာမှ ဆုံးရှုံးစရာမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ထောင်ထဲက အနံ့အသက်ဆိုးများ၊ စိုထိုင်းမှုများနှင့် မှောင်မိုက်မှုများကို ကျင့်သားရနေပြီဖြစ်သောကြောင့်ပင်။
ကျန်းဖုန်းလှည့်ပြန်ပြီး ကျန်ပေ့ထဲသို့ ဝင်သွားသည့်အချိန်တွင်—
သူ့ကို နောက်ယောင်ခံလိုက်နေသည့် သူ၏လျှို့ဝှက်အကြည့်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ထွက်ခွာမသွားကျန်ပေ့ အပြင်ဘက်၌ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ဤသို့ဖြင့် သုံးရက်တာ ကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင် ကျန်းဖုန်းသည် သူ၏ အဆိုင်းပြီးဆုံး၍ ကျန်ပေ့မှ ထွက်လာခဲ့ရာ သူ၏ ကိုယ်ပေါ်တွင် အရိုးထွင်းဓား တစ်လက်ကို ဝှက်ယူလာခဲ့သည်။ သို့သော် ယခုအကြိမ်တွင် အပြင်သို့ ခြေလှမ်းလှမ်းပြီးနောက် သူ့အပေါ် ကျရောက်နေသည့် မည်သည့်အကြည့်ကိုမျှ အာရုံမရတော့သဖြင့် စိတ်သက်သာရာရကာ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
ကွက်တိပင်ထောင် စောင့်နှစ် ယောက် သူ၏အနားသို့ ချဉ်းကပ်လာသည်။ သူ၏အမည်မှာ ဂျီဟွေ့ကျုံးဖြစ်သည်။ နှိပ်စက်ခန်းထဲတွင်ဦးစီးမှုးဟွမ် ထံ အစီရင်ခံကာ ကျန်းဖုန်းကို ဆွဲထုတ်သွားရန် မိမိသဘောအလျောက် တာဝန်ယူခဲ့သူ ထိုသူပင်ဖြစ်သည်။ အေးဆေးတည်ငြိမ်ပြီး ဝီရိယရှိသူဖြစ်ရာ ကျန်းဖုန်းက သူ၏စရိုက်ကို လေးစားသည်၊ ထို့ကြောင့် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သော်လည်ဂျီဟွေ့ကျုံးကမူ သူ့ကို မမြင်သကဲ့သို့ ပြုမူကာ ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းဖုန်းသည် ထူးခြားဆန်းပြားသော ရနံ့တစ်ခုကို ရုတ်တရက် ရရှိလိုက်လေသည်။