အခန်း (၁၇) - ညှဉ်းပန်းနှိပ်စက်ရေးအခန်း
အိမ်ပြန်ရောက်သော် ကျန်းဖုန်းသည် သူ၏ အချက်အလက်များ အပြောင်းအလဲကို အရင်ဆုံး စစ်ဆေးလိုက်သည်။
အမည် - ကျန်းဖုန်း
(ကံကြမ္မာအမှတ်) - ၁၂၇၃
ကျင့်စဉ် - ထောင်စောင့်ကျန်းမာ ရေး စောင့်ရှောက်မှု-အဆင့်ငယ်အောင်မြင်မှု
ကျွမ်းကျင်မှုများ - ထောင် စောင့်လက်သီးရှည်သိုင်းကျွမ်းကျင်အဆင့် +, နတ်ဘုရားမြား ကျွမ်းကျင်အဆင့်
နယ်ပယ် - အဆင့်၆ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း
တန်ခိုးစွမ်းအား -(ထာဝရအသက်)
"ငါ့ရဲ့ (ကံအမှတ်)
ရှစ်ရာကျော်တောင် တိုးလာတာပဲ။ တော်သေးတာပေါ့၊ ပိုက်ဆံတွေ လုဖို့ အလောမကြီးဘဲ မြား တစ်ဒါဇင်ကျော်လောက် ထပ်ပစ်လိုက်လို့"
ကံကြမ္မာအမှတ်အပြောင်းအလဲကို မြင်သောအခါ ကျန်းဖုန်းသည် ဝမ်းသာပီတိဖြစ်ရသလို တစ်ဖက်တွင်လည်း ကြက်သီးမွေးညင်းထသွားသည်။ကံကြမ္မာအမှတ်အပြောင်းအလဲ ဤမျှ ကြီးမားရခြင်းမှာ ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူ၏ (မိုးကြိုးပေါက်ကွဲလုံး )သည် သူ့အပေါ် ပေါက်ကွဲခြင်း မရှိခဲ့သောကြောင့် ဖြစ်ရမည်ဟု သူကောင်းကောင်း နားလည်လိုက်သည်။ သို့မဟုတ်ပါက ဤမျှနီးကပ်သော အကွာအဝေးတွင် မည်သည့်ကာကွယ်မှုမှ မရှိဘဲ (ဆဌမအဆင့် နယ်ပယ် )ကျင့်စဉ်ရှိသော်ငြားလည်း သူသည် အပြင်းအထန် ဒဏ်ရာရနိုင်သည် (သို့မဟုတ်) သေဆုံးသွားနိုင်သည်။
ယခုကဲ့သို့ ကံကြ မ္မာအမှတ်များစွာ ရရှိခဲ့ခြင်းမှာ ထိုအန္တရာယ်ကို သူရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့်ပင်။
ထို့နောက် ကျန်းဖုန်းသည် ၎င်း စက္ကူဖြူ ချပ်ကို ထုတ်ယူလိုက်သည်။ သူသည် မျောက်အသွင် လွတ်မြောက်ခြင်း နည်းပညာကို သေချာစွာ လေ့လာလိုက်သည်။ ဖတ်ရှုပြီးနောက် ဘောင် ပေါ်တွင် မျောက်အသွင်လွတ် မြောက်ခြင်း ကိုအောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့သည်။
ကျွမ်းကျင်မှုများ - ထောင်စောင့်လက်သီးရှည်သိုင်း ,ကျွမ်းကျင်အဆင့် + နတ်ဘုရားမြား ကျွမ်းကျင်အဆင့်, မျောက်အသွင် လွတ်မြောက်ခြင်း
ကျန်းဖုန်းစဉ်းစားခန်း ဝင်လေသည်။ကံအမှတ်တစ်ထောင်ကျော် စုဆောင်းမိပြီဖြစ်ရာ ထောင်စောင့် ကျန်းမာ ရေး စောင့်ရှောက်မှု တွင် အပေါင်းလက္ခဏာ ပေါ်လာသည်အထိ စောင့်ပြီးမှ အသုံးပြုရမလား? သို့မဟုတ် ယခုပင်ထောင်စောင့် လက်သီးရှည်သိုင်း ,နတ်ဘုရားမြား သို့မဟုတ် မျောက်အသွင် လွတ်မြောက်ခြင်း တစ်ခုခုကို အဆင့်မြှင့်တင်ရမလား?
အသေအချာ စဉ်းစားပြီးနောက် ကိုယ်ခံပညာ သည် အလွန်အရေးကြီးသေးသည်ဟု ကျန်း ဖုန်း ခံစားရသည်။ တိုက်ပွဲတွင်ဖြစ်စေ၊ ထွက်ပြေးရာတွင်ဖြစ်စေ ၎င်းတို့သည် အသက်ရှင်သန်ရေးအတွက် သော့ချက်များပင်။ ယခုတစ်ခေါက် သူ (အမှောင်ဈေး) သို့ သွားခြင်းမှာလည်း လေးတစ်လက်နှင့် ကိုယ်ခံပညာတစ်ခု ဝယ်ယူရန် မဟုတ်ပါလား။ ယခု ကိုယ်ခံပညာတစ်ခု အလကားရထားပြီဖြစ်ရာ ၎င်းကို အဆင့်မမြှင့်ဘဲ နေစရာ အကြောင်းမရှိပေ။
သူသည် ချက်ချင်းပင်မျောက်အသွင် လွတ်မြောက်ခြင်း အတွက်(ကံအမှတ်) တစ်ရာ အသုံးပြုလိုက်သည်။
ကံအမှတ်- ၁၁၇၃
ကျွမ်းကျင်မှုများ ထောင်စောင့်လက်သီးသိုင်း (ကျွမ်းကျင်အဆင့်+)
နတ်ဘုရားမြား (ကျွမ်းကျင်အဆင့်)၊မျောက်အသွင် လွတ်မြောက်ခြင်း (အခြေခံအဆင့်+)
ကျန်းဖုန်း၏ မျက်နှာ အလင်းပေါက်သွားပြီးမျောက်အသွင် လွတ်မြောက်ခြင်း အတွက် နောက်ထပ် ကံအမှတ် နှစ်ရာ ထပ်ထည့်လိုက်ပြန်သည်။
ကံအမှတ်- ၉၇၃
ကျွမ်းကျင်မှုများ-ထောင်စောင့်လက်သီးသိုင်း (ကျွမ်းကျင်အဆင့်+)
မျောက်အသွင် လွတ်မြောက်ခြင်း (ကျွမ်းကျင်အဆင့်+) , နတ်ဘုရားမြား (ကျွမ်းကျင်အဆင့်)၊
ကိုယ်ခံပညာဆိုသည်မှာ အသက်ရှင်သန်ရေး ကျွမ်းကျင်မှုဖြစ်ရာ ပိုသန်မာလေ ပိုကောင်းလေပင်။ ကျန်းဖုန်း သည် ကံအမှတ်ငါးရာကို ချက်ချင်း ထပ်ထည့်လိုက်သည်။
ကံအမှတ် - ၄၇၃
ကျွမ်းကျင်မှုများ ထောင်စောင့်လက်သီး (ကျွမ်းကျင်+)၊ နတ်ဘုရားမြား (ကျွမ်းကျင်)၊
မျောက်အသွင်လွတ်မြောက်ခြင်း(ကျွမ်းကျင်+)
ကျန်းဖုန်း အနည်းငယ် ဆွံ့အသွားသည်။ ကံကြမ္မာအမှတ်ငါးရာ ထည့်လိုက်သော်လည်း
မျောက်အသွင်လွတ်မြောက်ခြင်း
အဆင့်မှာ တက်မလာသေးချေ။ သို့သော် အပေါင်းလက္ခဏာ ကျန်ရှိနေသေးသည်ကို မြင်သောအခါ ကျန်ရှိသော ကံအမှတ် များသည် အဆင့်တက်ရန် လုံလောက်မည်ဖြစ်ကြောင်း သူသိလိုက်သည်။ သူသည် အားလုံးကို တစ်ပြိုင်နက် မထည့်တော့ဘဲ အမှတ် ၂၀ စီ ခွဲ၍ ထည့်လိုက်သည်။
ငါးကြိမ်ခန့် ပြုလုပ်ပြီးနောက် မှတ်တမ်းတွင် အပြောင်းအလဲသစ်များ ပေါ်လာသည်။
အမည် - ကျန်းဖုန်း
Fortune - ၃၇၃
ကျင့်စဉ် -ထောင်စောင့် ကျန်းမာရေးစောင့်ရှောက်မှု အတတ်ပညာ (အတော်အသင့် အောင်မြင်မှု)
ကျွမ်းကျင်မှုများ - ထောင်စောင့်လက်သီးရှည် (ကျွမ်းကျင်+)၊ နတ်ဘုရားမြား (ကျွမ်းကျင်)၊ မျောက်အသွင်လွတ် မြောက်ခြင်း
(ကျွမ်းကျင်မှုအဆင့်မြင့်)
နယ်ပယ် - အဆင့် (၆) ကိုယ်တွင်းအင်္ဂါများကို သန့်စင်ခြင်း
တန်ခိုးစွမ်းအား - ( ထာဝရအသက်)
"ဝှူး!"
ကျန်းဖုန်း သည် အခန်းထဲမှ လျှပ်ခနဲ ထွက်လာခဲ့သည်။ သူသည်မျောက်အသွင်လွတ် မြောက်ခြင်း
၏ အစွမ်းကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။ သူသည် ခြံဝင်းအတွင်း လျှပ်တပြက် လှုပ်ရှားလိုက်သည်။ ချောင်ယန် လမ်းကြားထဲတွင် သူသည်သည်မျောက်အသွင်လွတ် မြောက်ခြင်း ကို အရှိန်အကုန် မြှင့်လိုက်သည်။
မျောက်တစ်ကောင်လို ဟိုခုန်ဒီလွှား ဖြစ်နေမည်ဟု သူထင်ထားသော်လည်း မမျှော်လင့်ဘဲကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏ လှုပ်ရှားမှုများတွင် မျောက်တစ်ကောင်၏ ဟန်ပန်မျိုး မရှိတော့ချေ။ သူ၏ ပြေးလွှားမှုမှာ ထူးဆန်းခြင်း သို့မဟုတ် ကြည့်ရဆိုးခြင်း မရှိဘဲ ကျော့ရှင်းမှု အနည်းငယ်ပင် ရှိနေသည်။ မျောက်နှင့်တူသည့် အချက်ရှိလျှင် ၎င်းမှာ ဖျတ်လတ်မှုပင် ဖြစ်သည်။
အစောပိုင်းက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူသည် ၎င်းကို သုံးစွဲစဉ်က မျောက်နှင့်တူပြီး ရယ်စရာကောင်းနေခြင်းမှာ ထိုသူသည် ဤပညာကို ကျွမ်းကျင်အောင် မလေ့ကျင့်ရသေးသောကြောင့် ဖြစ်ရမည်။ ကျွမ်းကျင်မှုအဆင့် သို့ ရောက်ရှိသွားချိန်တွင်မူ— ၎င်းသည် သစ်ပင်ထိပ်ဖျားများကြား ခုန်လွှားနေသော ဝိညာဉ်မျောက် နှင့် တူလှသည်။ ၎င်း၏ အော်သံကိုသာ ကြားရပြီး အရိပ်ကိုမူ မြင်နိုင်မည် မဟုတ်ပေ။
ကျန်းဖုန်းအခန်းထဲသို့ လျှပ်ခနဲ ပြန်ဝင်လာချိန်တွင်— သူ၏ အသက်သွေးစွမ်းအားသည် မယုံနိုင်လောက်အောင်ပင် အနည်းငယ်သာ လျော့ပါးသွားသည်ကို တွေ့ရသည်။ သူ၏ လက်ရှိ နယ်ပယ် အရဆိုလျှင် သူသည် အရှိန်အပြည့်ဖြင့် တစ်နာရီကြာအောင် ဆက်တိုက် လှုပ်ရှားနိုင်ပေလိမ့်မည်။ အကယ်၍ သူသည် လီဝေ ကဲ့သို့ နတ်မြားစစ်သူတော် နှင့် ရင်ဆိုင်ရပါက ဤကိုယ်ခံပညာဖြင့်လီဝေ၏ မြားများကို အလွယ်တကူ ရှောင်တိမ်းပြီး ပြန်လည် တိုက်ခိုက်နိုင်မည်ဟု ကျန်းဖုန်း ယုံကြည်ချက် ရှိနေသည်။
ကိုယ်ခံပညာနှင့် နတ်မြားကို ပေါင်းစပ်ခြင်းဖြင့်လည်း မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများ ရရှိနိုင်သည်။ ပျံသန်းနေစဉ်အတွင်း ကိုယ်ခံပညာကို အသုံးပြုကာ လျှို့ဝှက်မြားများဖြင့် နောက်ပြန်ပစ်ခြင်းသည် ရန်သူကို ထိရောက်စွာ တားဆီးနိုင်ပြီး အကွာအဝေးကိုလည်း လျင်မြန်စွာ ချဲ့နိုင်မည်ဖြစ်သည်။ ခြုံငုံကြည့်လျှင် မျောက်အသွင်လွတ်မြောက်ခြင်း ကို ကျွမ်းကျင်မှု အဆင့် အထိ မြှင့်တင်ရန် ကံကြ မ္မာအမှတ် ကိုးရာ အသုံးပြုလိုက်ရခြင်းမှာ အလွန်တန်သည်ဟု ကျန်းဖုန်းခံစားရသည်။ အခြေအနေပေးမည်ဆိုပါက နောက်ထပ် အဆင့်မြှင့်တင်ရန် သူ ပထမဆုံး ရွေးချယ်မည့် ပညာမှာ မျောက်အသွင်လွတ်မြောက်ခြင်းပင် ဖြစ်လိမ့်မည်။
ညမှောင်လာပြီ။ ကျန်းဖုန်းသည်ကျန်ပေ့အကျဉ်းထောင်သို့ ထွက်လာခဲ့သည်။ သူကဲ့သို့ အကျဉ်းထောင်စောင့်ငယ် များသည် အလှည့်ကျ တာဝန်ထမ်းဆောင်ရပြီး တစ်ခါတစ်ရံ ညဂျူတီ ကျတတ်သည်။ အခန်းများသို့ အစားအသောက် ဝေငှရသော နေ့ဂျူတီနှင့် ယှဉ်လျှင် ညဂျူတီသည် ပို၍ လွယ်ကူသည်။ သို့သော် ညှဉ်းပန်းနှိပ်စက်ရေး အခန်းကို သန့်ရှင်းရေး လုပ်ရသဖြင့် သွေးသံရဲရဲ မြင်ကွင်းများကို မကြာခဏ မြင်တွေ့ရတတ်သည်။ အထက်လူကြီးများက ပြင်းထန်သော ပြစ်ဒဏ်များ ပေးလိုသည့်အခါများတွင် များသောအားဖြင့် ညဘက်၌သာ လုပ်ဆောင်လေ့ရှိပြီး တစ်ခါတစ်ရံ သန်းခေါင်ယံအချိန်တွင်ပင် ပြုလုပ်တတ်ကြသည်။ ထိုအချိန်သည် အကျဉ်းသားများ၏ စိတ်ဓာတ် အလျော့ရဲဆုံးအချိန်ဖြစ်ပြီး သတိအထားရဆုံး အချိန်လည်း ဖြစ်သည်။
နှာရိုက်ခံရခြင်း (သို့မဟုတ်) ကြိမ်ဒဏ် အနည်းငယ်ပေးပြီးနောက် အကျဉ်းသားအများစုသည် သိသမျှ အကုန်ထွေးထုတ်လေ့ရှိကြသည်။ ဟန်ကိုယ်ဖို့ အကျဉ်းသားများအတွက်မူ အထက်လူကြီးများက နေ့ညမပြတ် အလှည့်ကျ နှိပ်စက်ပြီး ၎င်းတို့ စိတ်ဓာတ်ကျဆင်းသွားသည်အထိ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ရေး အခန်းထဲတွင် သေဆုံးသွားသည်အထိ ပြုလုပ်လေ့ရှိသည်။
ကျန်ပေ့ အကျဉ်းထောင်သို့ ရောက်သောအခါ ကျန်းဖုန်း သည် သူ၏ ရှိနေမှုကို ဖုံးကွယ်ထားပြီး အကျဉ်းထောင်စောင့် ယူနီဖောင်းကို လဲလှယ်ကာ ညှဉ်းပန်းနှိပ်စက်ရေး အခန်းကို သန့်ရှင်းရေး လုပ်ရန် တံမြက်စည်း တစ်ချောင်း ယူလိုက်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် ကျန်း ဖုန်း သည် ပျို့အန်ချင်စရာကောင်းသော သွေးညှီနံ့ကို ရလိုက်သည်။ လတ်တလောတွင် အကျဉ်းထောင်စောင့်ငယ်များကြား၌ န ဂါး အစိုးရရုံးသည် ကြာနီဂိုဏ်း မှ စီမံခန့်ခွဲရေး လူကြီး တစ်ဦးနှင့် နောက်လိုက် ၃၀ နီးပါးကို ဖမ်းဆီးထားကြောင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ သူတို့အားလုံးကို ကျန် ပေ့ အကျဉ်းထောင်၏ ပထမထပ်တွင် ချုပ်နှောင်ထားသည်။ တော်သေးသည်မှာ သူတို့သည် အခန်းနံပါတ် ၄၀ နှင့် အထက်တွင်သာ ရှိနေကြသည်။
ကျန်း ဖုန်း သန့်ရှင်းရေး လုပ်ရန် ဝင်လာချိန်တွင်— အထဲ၌ အလုပ်ရှုပ်နေသော အကျဉ်းထောင်စောင့်ငယ် နှစ်ဦး ရှိနှင့်နေပြီဖြစ်သည်။ ကျန်းဖုန်းသည် ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်သော်လည်း သုံးဦးသားလုံး စကားမပြောဘဲ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်နေကြသည်။ ဤနေရာတွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် သတိထားနေထိုင်တတ်သည်မှာ ကျန်းဖုန်းတစ်ယောက်တည်း မဟုတ်ပေ။ လည်ပတ်သော အကျဉ်းထောင်စောင့်ငယ် အချို့သည်လည်း နှုတ်ဆိတ်ခြင်း တရာ ကို ကျင့်သုံးကြသည်။ ပုံမှန်အားဖြင့် သူတို့သည် ကိုယ့်အလုပ်ကိုယ် လုပ်ကြပြီး လူကြီးများ၏ ကိစ္စရပ်များကို ဘယ်သောအခါမှ ဆွေးနွေးလေ့မရှိကြချေ။
ကျန်းဖုန်းသည် ရေနှစ်ပုံး သယ်လာပြီး ကြမ်းပြင်ပေါ်သို့ လောင်းချကာ သွေးရေများကို တံမြက်စည်းဖြင့် လှည်းထုတ်လိုက်သည်။ သစ်သားမြင်းတန်း အောက်တွင် အသားစများ ကပ်နေသေးသည့် လွှသွားကဲ့သို့ အနားသတ်ရှိသော ပစ္စည်းတစ်ခုကို သူ မြင်လိုက်သည်။ သူသည် ၎င်းကို ကောက်ယူကာ သန့်ရှင်းအောင် သုတ်ပြီး မူလနေရာတွင် ပြန်ထားလိုက်သည်။
"ဘုန်း!"
ကျန်းဖုန်း နှင့် အခြားသူများ သန့်ရှင်းရေး မပြီးခင်မှာပင်— l နဂါး အစိုးရရုံး၏ အရာရှိ ဟွမ်(သို့မဟုတ်) နဂါးအစိုးရရုံး၏ အကြီးအကဲ ဟွမ်ထင် သည် Red ကြာပန်းနီနောက်လိုက် ငါးဦးကို ညှဉ်းပန်းနှိပ်စက်ရေး အခန်းထဲသို့ အတူတူ ပစ်ထည့်လိုက်သည်။
Jiang Feng(ကျန်းဖုန်း) နှင့် သူ၏ လုပ်ဖော်ကိုင်ဖက် အကျဉ်းထောင်စောင့်ငယ်များသည် ဤအခြေအနေကို မြင်သောအခါ— သူတို့၏ ကိရိယာများကို ဘေးဖယ်ထားလိုက်ပြီး ထွက်သွားရန် ပြင်လိုက်ကြသည်။ အကျဉ်းသားများကို နှိပ်စက်နေချိန်တွင် မကြားသင့်သော ဝန်ခံချက်များကို ကြားမိခြင်းသည် မိမိကိုယ်ကိုယ် သေတွင်းတူးခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူတို့အားလုံး နားလည်ထားကြသည်။ ၎င်းသည် အကျဉ်းထောင်စောင့်ငယ်တိုင်း သိထားရမည့် အခြေခံ အသိပညာဖြစ်သည်။
"မင်းတို့ သုံးယောက် မသွားနဲ့ဦး။ ခဏနေရင် ကြမ်းပြင်ပေါ်က သွေးတွေ အသားစတွေကို တစ်စစီ ပြန်ဆေးကြောဖို့ မင်းတို့ လိုလိမ့်မယ်"
မမျှော်လင့်ဘဲ ဝန်ကြီး ယန်၏ အမှုကြောင့် ရာထူးတိုးသွားသော နဂါးအစိုးရရုံ၏ အကြီးအကဲသစ် ဟွမ်ထင်သည် ကျန်းဖုန်းနှင့် အခြားနှစ်ဦးကို ပြန်ခေါ်လိုက်လေသည်။