အခန်း ၂၃ နည်းလမ်းကို ရှာဖွေတွေ့ရှိခြင်းနှင့် လူသားအစစ်ပေါ်တွင် စမ်းသပ်ခြင်း
ဆောထိုမြို့က ဆေးဆိုင်ပိုင်ရှင်လိုမျိုး တွေးတောနေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒီပြကွက်ကို မြင်လိုက်ရတဲ့အခါ စိတ်ဓာတ်ကျသွားပြီး ဒေါသထွက်လွန်းလို့ လက်ထဲမှာရှိတဲ့ ဝေလငါးကော်တွေကို စျေးအသက်သာဆုံးနဲ့ ရောင်းထုတ်ပစ်လိုက်တဲ့သူတွေလည်း အများကြီးပါပဲ။
【 ဗီဒီယိုက ဆက်လက် ပြသနေဆဲ... 】
【 ယဲ့ဟန်ချွမ်းရဲ့ စကားတွေက ယွီရှောင်ကန်းကို ဝေလငါးကော်အပေါ် စူးစမ်းရှာဖွေမှုတွေ ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ယွီရှောင်ကန်းက နောက်ထပ် စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ချင်နေတဲ့ အကြောင်းရင်းကလည်း ဒီလိုအခြေအနေမျိုး မဖြစ်ပေါ်စေဖို့အတွက်ပါပဲ။ 】
【 "ဦးလေးယဲ့... အလောတကြီး မဖြစ်ပါနဲ့ဦး။ စဉ်းစားကြည့်ပါ၊ ဝေလငါးကော်ကို ပုံမှန်သုံးနေကြတဲ့ မှူးမတ်တွေက ရာသက်တမ်း ဒါမှမဟုတ် ထောင်သက်တမ်းရှိတဲ့ အကောင်တွေကို သုံးနေကြတာလေ။" 】
【 "ရလဒ်ကရော ဘာဖြစ်သလဲ။ သူတို့ ဘာမှ မဖြစ်ခဲ့ကြဘူး။ ဆိုလိုတာက ဝေလငါးကော်က ဦးလေး ထင်သလောက် အန္တရာယ်မရှိပါဘူး။" 】
【 ယွီရှောင်ကန်းက သူ့ကို စိတ်အေးစေဖို့ ပြောလိုက်တယ်။ ယဲ့ဟန်ချွမ်းက ဒါကိုကြားတော့ ကြောင်သွားပေမဲ့ ယွီရှောင်ကန်းရဲ့ ယုတ္တိဗေဒအရတော့ တကယ်ပဲ မှန်ကန်နေပါတယ်။ 】
【 "ဒီဝေလငါးကော်က တကယ်ကို ထူးဆန်းတယ်။ ခန္ဓာကိုယ်ကို သန်မာစေနိုင်ပေမဲ့ သက်တမ်းကြီးလာရင် သုံးစွဲသူရဲ့ အသက်ကို ခြိမ်းခြောက်တယ်။ ဒါပေမဲ့ ဖြေရှင်းနည်းက ရိုးရှင်းသားပဲ၊ ဆေးအာနိသင်ကိုပဲ စားသုံးလိုက်ရင် ရပြီ။" 】
【 "ငါ မိုးကြိုးနဂါးဆေးဆိုင်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး အရင်ကလည်း မင်းရဲ့ဖခင်နဲ့အတူ တိုက်ကြီးတစ်ခွင် လှည့်လည်ခဲ့ပေမဲ့၊ ဒီလို ထူးဆန်းတဲ့အရာမျိုးကို အခုမှပဲ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။" 】
【 ယဲ့ဟန်ချွမ်းက အံ့ဩတကြီး ပြောလိုက်တယ်။ ဘေးနားက ယွီရှောင်ကန်းကတော့ ဘာမှပြန်မပြောဘဲ အတွေးနက်နေပါတယ်။ 】
【 ဆယ်စုနှစ်သက်တမ်း ဝေလငါးကော်က ခန္ဓာကိုယ်ကို သန်မာစေနိုင်တာမှန်ရင်၊ ရာသက်တမ်း ဒါမှမဟုတ် ထောင်သက်တမ်းရှိတဲ့ ကော်တွေကလည်း သုံးလို့မရစရာ အကြောင်းမရှိပါဘူး။ ဝက်တွေ သေဆုံးသွားပုံကို ပြန်တွေးကြည့်ရင်း ယွီရှောင်ကန်းတစ်ယောက် သူတို့ရဲ့ ခန္ဓာကိုယ်က ဆေးအာနိသင်ကို မခံနိုင်လို့ သေဆုံးရတာဖြစ်ကြောင်း ကောက်ချက်ချလိုက်တယ်။ 】
【 ဒါကြောင့် ဝေလငါးကော်ကို သုံးပြီး ခန္ဓာကိုယ်ကို သန်မာစေမယ့်လမ်းက ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်၊ သူက မှန်ကန်တဲ့ သုံးစွဲနည်းကိုသာ ရှာဖွေရမှာပါ။ ဒါကို သဘောပေါက်သွားတဲ့အခါ ယွီရှောင်ကန်းက ယဲ့ဟန်ချွမ်းကို ကြည့်လိုက်တယ်။ 】
【 "ဦးလေးယဲ့... နောက်တစ်ခါ ဝေလငါးကော်ကို အရင် ပြုပြင်ပြီးမှ စမ်းကြည့်ရအောင်။ ပြုပြင်ပြီးသား ဝေလငါးကော်ကို ဝက်တွေကို ကျွေးပြီး ဘာပြောင်းလဲမှုတွေ ရှိမလဲဆိုတာ ကြည့်ရအောင်။" 】
【 "အရင် ပြုပြင်ရမယ်ဝေလငါးကော်ကို သုံးတဲ့ မှန်ကန်တဲ့နည်းလမ်းကို ငါတို့ မတွေ့သေးဘူးလို့ ပြောတာလား။" 】
【 ယဲ့ဟန်ချွမ်းရဲ့ မျက်လုံးတွေ ဝင်းလက်သွားတယ်။ ယွီရှောင်ကန်း စကားဆုံးတာနဲ့ သူက အသုံးပြုဖို့အတွက် အထူးပြုပြင်ရမယ့် ဆေးဘက်ဝင်အပင်တွေကို ချက်ချင်း သတိရသွားတယ်။ ဝေလငါးကော်ကလည်း အဲဒီလိုပဲ အထူးပြုပြင်ဖို့ လိုအပ်နေတာလား။ 】
【 "အတိအကျပဲ။ ဆယ်စုနှစ်သက်တမ်း ဝေလငါးကော်က ခန္ဓာကိုယ်ကို သန်မာစေနိုင်ရင်၊ ရာသက်တမ်း ဒါမှမဟုတ် ထောင်သက်တမ်း ရှိတာတွေကလည်း မဖြစ်နိုင်စရာ မရှိဘူး။ ဒါကြောင့် နောက်တစ်ခါ ဆေးပမာဏ လျှော့တာ၊ အပိုင်းပိုင်းခွဲပြီး စားတာ ဒါမှမဟုတ် တခြား ဆေးဘက်ဝင်အပင်တွေနဲ့ တွဲဖက်တာမျိုးကို စမ်းကြည့်ရအောင်။" 】
【 "ဝေလငါးကော်ကို ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ပြီး ရေနဲ့ရောပြီး သောက်တာမျိုးတောင် လုပ်ကြည့်လို့ရတယ်။ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ ငါတို့ နောက်ဆုံးတော့ သင့်တော်တဲ့ နည်းလမ်းကို ရှာတွေ့မှာပါ။" 】
【 ဒါနဲ့ပဲ ဝက်ခြံဧရိယာမှာ ဝေလငါးကော်ကို အမျိုးမျိုးပြုပြင်ပြီး ဝက်တွေကို စကျွေးပါတော့တယ်။ ဒီဖြစ်စဉ်မှာ ယွီရှောင်ကန်းက ပြုပြင်နည်းတိုင်းကို မှတ်တမ်းတင်ထားခဲ့တယ်။ သူက အချက်အလက်တွေကို စာရင်းတစ်ခုထဲမှာ စုစည်းပြီး သုတေသန လုပ်ခဲ့တာပါ။ မကြာခင်မှာ ယွီရှောင်ကန်းတစ်ယောက် အချက်အလက်တစ်ခုကို ရှာတွေ့သွားတယ်။ 】
【 "ပြုတ်တာ၊ ကြော်တာ၊ ကင်တာ... ဒီလို ပြုပြင်တဲ့နည်းလမ်းတွေနဲ့ ရလာတဲ့ ဝေလငါးကော်ကို စားလိုက်တဲ့အခါ ဝက်တွေ ခံနိုင်ရည်ရှိတဲ့ သက်တမ်းက တောက်လျှောက် တိုးလာနေတယ်" 】
【 "ဆိုလိုတာက ဝေလငါးကော်ကို သုံးတဲ့ မှန်ကန်တဲ့နည်းလမ်းက အပူပေးဖို့ပဲ" 】
【 စုစည်းထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး ယွီရှောင်ကန်းရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ ဝေလငါးကော်ကို သုံးတဲ့ မှန်ကန်တဲ့နည်းလမ်းက ဒီလောက်တောင် ရိုးရှင်းလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။ နောက်ဆုံးရလဒ်တွေကို ကိုင်ပြီး ယွီရှောင်ကန်းက ယဲ့ဟန်ချွမ်းဆီကို သွားကာ အကုန်လုံးကို ရှင်းပြလိုက်တယ်။ 】
【 ယွီရှောင်ကန်း ပေးလိုက်တဲ့ စမ်းသပ်ချက် အချက်အလက်တွေနဲ့ ရလဒ်တွေကို ကြည့်ပြီး ယဲ့ဟန်ချွမ်းတစ်ယောက် စကားမပြောနိုင်အောင် ဖြစ်သွားတယ်။ အချက်အလက်တွေက အကုန်လုံးကို ရှင်းရှင်းလင်းလင်း ပြောပြနေပြီမို့ သူ ဘာများ ထပ်ပြောနိုင်ဦးမှာလဲ။ ယွီရှောင်ကန်းဟာ တကယ်ပဲ အစ်ကိုကြီး ယွီရဲ့ သားပါပဲလို့ သူ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ ကောင်းကင်က ပါရမီမပေးအပ်ရင်တောင်မှ သူက တက်လမ်းရှာနေဦးမှာပါပဲ။ 】
【 ဝေလငါးကော်ရဲ့ မှန်ကန်တဲ့ သုံးစွဲနည်းကို အတည်ပြုပြီးတဲ့နောက်၊ ယဲ့ဟန်ချွမ်းက ယွီရှောင်ကန်းကို နောက်ဆုံးစမ်းသပ်မှု လုပ်ဖို့အတွက် မီးဓာတ်ရှိတဲ့ ဝိညာဉ်ဧကရာဇ် တစ်ယောက်ကို ခေါ်လိုက်တယ်။ ဒီတစ်ခါတော့ ဘာမတော်တဆမှုမှ မဖြစ်တော့ပါဘူး။ 】
【 မီးဓာတ်ဝိညာဉ်ဧကရာဇ်က ထောင်သက်တမ်း ဝေလငါးကော်ကို ပျော့သွားတဲ့အထိ အပူပေးပြီး ဝက်ကို ကျွေးလိုက်တယ်။ တတိယနေ့မှာတော့ အဲဒီဝက်က ပုံမှန်အတိုင်းပဲ ရှိနေပြီး သူ့ခန္ဓာကိုယ်ကလည်း မကြုံစဖူး သန်မာသွားကာ ရာသက်တမ်း ဝိညာဉ်သားရဲနဲ့တောင် ယှဉ်နိုင်တဲ့ ခွန်အားမျိုး ရသွားခဲ့တယ်။ 】
【 ဒီရလဒ်ကို ရတဲ့အခါ ယွီရှောင်ကန်းနဲ့ ယဲ့ဟန်ချွမ်းတို့ရဲ့ နှလုံးသားထဲက လေးလံနေတဲ့ ကျောက်တုံးကြီး လွင့်စင်သွားခဲ့ပြီ၊ အထူးသဖြင့် ယွီရှောင်ကန်းအတွက်ပေါ့။ ဝေလငါးကော်ရဲ့ အကူအညီနဲ့ သူက ပိုမြင့်မားတဲ့ သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းတွေကို ရနိုင်တော့မှာမို့ ကံကြမ္မာကို ဆန့်ကျင်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းနိုင်တော့မှာပါ။ 】
【 ဒါပေမဲ့ ယဲ့ဟန်ချွမ်းကတော့ နည်းနည်းလေး စိတ်မချသေးပါဘူး။ 】
【 "အခုထိ စမ်းသပ်သမျှက ဝက်တွေချည်းပဲ၊ လူသားပေါ်မှာ မစမ်းရသေးဘူး။ မင်းကို ဝေလငါးကော် သုံးခိုင်းဖို့ စိတ်အေးရအောင် လူစစ်စစ်ပေါ်မှာ စမ်းကြည့်ဖို့ လိုအပ်သေးတယ်။ မင်းအဖေ သာဆိုရင်လည်း ဒီလိုပဲ စဉ်းစားမှာပဲ။" 】
【 ဒါကိုကြားတော့ ယွီရှောင်ကန်းက မငြင်းပါဘူး။ နောက်နေ့မှာပဲ ဝိညာဉ်စွမ်းအား အဆင့် (၁၀) ရောက်ပြီး ပထမဆုံး ဝိညာဉ်ကွင်း ရယူဖို့ ပြင်ဆင်နေတဲ့ ဝိညာဉ်သခင်တစ်ယောက်ကို ယွီရှောင်ကန်းတို့ ရှေ့ကို ခေါ်လာခဲ့ကြတယ်။ 】
【 "လူငယ်... နားထောင်။ ငါတို့က မင်းကို စမ်းသပ်မှုတစ်ခု ပြီးမြောက်အောင် ကူညီပေးစေချင်တယ်။ စမ်းသပ်မှုသာ မအောင်မြင်ရင် မင်း ဘာမှ အများကြီး ဆုံးရှုံးမှာ မဟုတ်ဘူး။ အဆိုးဆုံးဖြစ်ရင်တောင် ငါယဲ့ဟန်ချွမ်းရဲ့ နာမည်နဲ့ အာမခံတယ်၊ မင်း တစ်သက်လုံး သက်သောင့်သက်သာ နေနိုင်အောင် ငါ လုပ်ပေးမယ်။" 】
【 "ဒါပေမဲ့ စမ်းသပ်မှုသာ အောင်မြင်သွားရင် ကောင်လေး... မင်း ရမယ့် အကျိုးအမြတ်က မင်း စိတ်ကူးတာထက် အများကြီး ပိုသာလွန်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ ပထမဆုံး ဝိညာဉ်ကွင်းကို ရအောင် ငါ ကိုယ်တိုင် ကူညီပေးမယ်။ ဘယ်လိုလဲငါတို့ တောင်းဆိုချက်ကို သဘောတူမလား။" 】
【 ယဲ့ဟန်ချွမ်းက ဝိညာဉ်သခင်ကို ကြည့်ပြီး မေးလိုက်တယ်။ ယွီရှောင်ကန်းကလည်း ဘေးကနေ စောင့်ကြည့်နေပါတယ်။ အသက် (၁၆)၊ (၁၇) နှစ်မှာမှ ပထမဆုံး ဝိညာဉ်ကွင်း ရယူတာဆိုတော့ သူ့ပါရမီက သိပ်မကောင်းလှပါဘူး။ ဆေးကြောထားတဲ့ အဝတ်ဟောင်းတွေ ဝတ်ထားတာကို ကြည့်ခြင်းဖြင့် သူက ဆင်းရဲတဲ့ နောက်ခံကလာတာမှန်း သိသာပါတယ်။ ဒီဝိညာဉ်သခင်အတွက်ဆိုရင် စမ်းသပ်မှုသာ အောင်မြင်ရင် ရမယ့်အကျိုးအမြတ်က တကယ်ကို မမှန်းဆနိုင်စရာပါပဲ။ စမ်းသပ်မှုသာ မအောင်မြင်ရင်တောင် သူ့အနာဂတ်ကတော့ သေချာသွားပြီလေ။ 】
【 "ကျွန်တော် သဘောတူပါတယ်။" 】
【 ယဲ့ဟန်ချွမ်းရဲ့ စကားကို ကြားပြီးနောက် အဲဒီဝိညာဉ်သခင်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်တယ်။ 】
【 "ကောင်းပြီ။ ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ။" 】
【 "ဝမ်ဒါချွဲ့ ပါ။" 】
【 ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး ယဲ့ဟန်ချွမ်းက ယွီရှောင်ကန်းကို ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံလိုက်ပြီး ပြုံးလိုက်ကြတယ်။ ဝမ်ဒါချွဲ့ကို နောက်ခန်းကို ခေါ်သွားပြီး မီးဓာတ်ဝိညာဉ်ဧကရာဇ်က ထောင်သက်တမ်း (၃) ထောင်ကျော် ဝေလငါးကော်ကို ပြုပြင်ပြီး ဝမ်ဒါချွဲ့ကို ပေးလိုက်တယ်။ 】
【 ဝမ်ဒါချွဲ့က မတွန့်ဆုတ်ပါဘူး၊ ဝေလငါးကော်ရဲ့ အပူချိန်ကို ဂရုမစိုက်ဘဲ တစ်ချက်တည်းနဲ့ မျိုချလိုက်ပြီး ယဲ့ဟန်ချွမ်းကို ကြည့်လိုက်တယ်။ 】*
【 "ဘာလုပ်နေတာလဲ၊ကျင့်ကြံစမ်း ပုံမှန်အတိုင်းပဲ ကျင့်ကြံပြီး ရင်ထဲက မငြိမ်မသက်ဖြစ်တာကို ထိန်းချုပ်ထားဖို့ မမေ့နဲ့။" 】
【 ယဲ့ဟန်ချွမ်းရဲ့ စကားနဲ့အတူ ဝမ်ဒါချွဲ့ မျက်လုံးမှိတ်ပြီး ပုံမှန်ကျင့်ကြံတဲ့ နည်းလမ်းအတိုင်း ကျင့်ကြံလိုက်တယ်။ မကြာမှာပဲ ဝမ်ဒါချွဲ့ တစ်ကိုယ်လုံးမှာ ပူလောင်မှုတွေကို ခံစားလာရပေမဲ့ ယဲ့ဟန်ချွမ်းရဲ့ စကားကို သတိရပြီး သူ့စိတ်ထဲက တွန်းကန်မှုတွေကို အတင်းအကျပ် ထိန်းချုပ်လိုက် တယ်။ ဘယ်လောက်ကြာသွားမှန်း မသိတဲ့နောက် မှာတော့ ပူလောင်မှုတွေ ပျောက်ကွယ် သွားပြီး ဝမ်ဒါချွဲ့ မျက်လုံးဖွင့်လိုက်တယ်။ 】
【 "မင်း ခန္ဓာကိုယ် ဘယ်လိုရှိလဲ ခံစားကြည့်ဦး။" 】
【 ဒါကိုကြားတော့ ဝမ်ဒါချွဲ့က သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ပြီး မယုံကြည်နိုင်တဲ့ အမူအရာ ပြလိုက်တယ်။ 】
【 "ကျွန်တော့်ခန္ဓာကိုယ်က အင်မတန် သန်မာနေ တာပဲ" 】
【 "သန်မာရင် ကောင်းတာပေါ့၊ မင်း မသန်မာမှာ ငါ စိုးရိမ်နေတာ" 】
【 ယဲ့ဟန်ချွမ်းက တဟားဟား ရယ်မောလိုက်ပြီး ဝမ်ဒါချွဲ့ဘေးနား သွားကာ သူ့ခန္ဓာကိုယ်ရဲ့ ခွန်အားကို ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်တယ်။ သူက အရင်ကနဲ့ လုံးဝကို မတူတော့တဲ့ လူတစ်ယောက်လိုပါပဲ! ဒီရလဒ်ကို ရတဲ့အခါ ယဲ့ဟန်ချွမ်းက ဝမ်းသာအားရ မျက်နှာနဲ့ ယွီရှောင်ကန်းကို ကြည့်လိုက်တယ်။ ယွီရှောင်ကန်းရဲ့ အမူအရာက ပိုပြီး တည်ငြိမ်နေပေမဲ့၊ တင်းတင်းကြပ်ကြပ် ဆုပ်ထားတဲ့ သူ့လက်သီးတွေကို ကြည့်ရင် သူ့စိတ်လှုပ်ရှားမှုက ယဲ့ဟန်ချွမ်းထက် မလျော့နည်းမှန်း သိသာလှပါတယ်။ 】