အခန်း ၂၁ ဒိုင်မူပိုင် - တိုက်ခိုက်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ
ကောင်းကင်စီရင်ချက်ထဲမှာတော့ နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ဝေလငါးကော်ရဲ့ အာနိသင်တွေကို လူတိုင်းရဲ့ ရှေ့မှောက်မှာ ရှင်းရှင်းလင်းလင်း ပြသထားလိုက်ပါတယ်။
ဒီအချိန်မှာ ကောင်းကင်စီရင်ချက်ကို ကြည့်ရှုနေတဲ့ လူတိုင်းဟာ ယွီရှောင်ကန်းရဲ့ တွေးခေါ်မှုနဲ့ တစ်လှိုင်းတည်း ဖြစ်နေကြပါတယ်။ တကယ်ပဲ... နှစ်ပေါင်းအနည်းငယ် သက်တမ်းရှိတဲ့ ဝေလငါးကော်က ဒီလောက်အစွမ်းထက်နေပြီဆိုရင်၊ ရာနှစ်သက်တမ်း၊ ထောင်နှစ်သက်တမ်း ဒါမှမဟုတ် သောင်းနှစ်သက်တမ်းရှိတဲ့ ဝေလငါးကော်တွေက ဘယ်လောက်အထိ အစွမ်းထက်နေမလဲ။
အမှောင်ကမ္ဘာ၊ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းတွင်။
"အားလုံး နားထောင်ကြ။ အခုကစပြီး ငါတို့ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းလက်အောက်ခံ ဆေးဆိုင်တွေအားလုံး ဝေလငါးကော်တွေကို ဆိုင်တင်ရောင်းချခြင်းမပြုရ။ ဆယ်နှစ်သက်တမ်း ရှိတာတောင် မရဘူး"
"ဒါ့အပြင် အားလုံး အပြင်ထွက်ပြီး နေရာအနှံ့ လိုက်ရှာကြ။ ဝေလငါးကော်ကို ရောင်းမယ့်သူ ဘယ်သူမဆို တွေ့ရင် ရှိသမျှ အကုန်လုံးကို ဝယ်လိုက်ကြ။"
"အထူးသဖြင့် ထောင်နှစ်သက်တမ်းနဲ့ သောင်းနှစ်သက်တမ်းရှိတဲ့ ဝေလငါးကော်တွေပေါ့။ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ငါတို့ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းမှာ တခြားအရာတွေ လိုအပ် ချက်ရှိကောင်း ရှိလိမ့်မယ်၊ ဒါပေမဲ့ ငွေကြေးတော့ မလိုအပ်ဘူး"
"ပြီးတော့ ဝေလငါးဖမ်းဆီးရေးအဖွဲ့ တစ်ခုကို ချက်ချင်း ဖွဲ့စည်းလိုက်။ အဖွဲ့ဝင်တွေက ထူးချွန်တဲ့သူတွေ ဖြစ်ရမယ်၊ သမုဒ္ဒရာက ကျယ်ပြောလှတယ်၊ ငါတို့အဖွဲ့တွေ ပင်လယ်ထဲ ထွက်တဲ့အခါ ပြဿနာမျိုးစုံနဲ့ မကြုံတွေ့စေချင်ဘူး။"
"..."
ဂိုဏ်းချုပ် နင်ဖုန်းကျိရဲ့ ပါးစပ်ကနေ အမိန့်တွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ ဂိုဏ်းသားတွေကလည်း အဲဒီအမိန့်တွေကို ချက်ချင်း စီစဉ်ဆောင်ရွက်ဖို့ ထွက်ခွာသွားကြတယ်။ အားလုံး စီစဉ်ပြီးတဲ့နောက်တော့ နင်ဖုန်းကျိက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တယ်။
"ဟူး... စိတ်ကြွဆေးအဖြစ်ပဲ သုံးနေကျ ဝေလငါးကော်က ဝိညာဉ်သခင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်စေနိုင်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။"
"ငါလည်း ဒါကို တစ်ခါသုံးဖူးတယ်၊ ဒါပေမဲ့ ဒီလို အာနိသင်မျိုးရှိမှန်း လုံးဝ သတိမထားမိခဲ့မိဘူး။"
နင်ဖုန်းကျိက ခေါင်းခါယမ်းကာ နောင်တရတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။ သူသာ ဒါကို စောစော သိရှိခဲ့မယ် ဆိုရင် ဒိုလော်တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ဝေလငါး ကော်တွေအားလုံးဟာ သူတို့ရဲ့ ဘုံခုနစ်ဆင့်ပြာသာဒ် ဂိုဏ်းပိုင် ဖြစ်သွားမှာပါ။
"မင်းက ဝေလငါးကော်ကို စိတ်ကြွဆေးအဖြစ်ပဲ သုံးခဲ့တာကိုး... အဲဒီထဲက လျှို့ဝှက်အာနိသင်တွေကို တွေ့ရှိဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။"
အရိုးဒိုလော်က နင်ဖုန်းကျိကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ရာ၊ အဲဒီအကြည့်အောက်မှာ နင်ဖုန်းကျိ တစ်ယောက် အားနာစွာနဲ့ ချောင်းနှစ်ချက် ဟန့်လိုက်မိတယ်။
"ဒီတွေ့ရှိချက်နဲ့ဆိုရင် ဝိညာဉ်သခင်တွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အနာဂတ်မှာ ပိုတိုးတက်လာမယ်၊ ရနိုင်မယ့် ဝိညာဉ်ကွင်းတွေရဲ့ သက်တမ်းကလည်း မြင့်တက်လာလိမ့်မယ်။ ဒါက ငါတို့ ဘုံခုနစ်ဆင့်ပြာသာဒ်စေတီကို ဘုံကိုးဆင့်ပြာသာဒ်စေတီအဖြစ် ပြောင်းလဲဖို့တောင် ကူညီပေးနိုင်ပါရဲ့။"
"ဒါဆိုရင်ဆိုရင် ရုန်ရုန်ကို ပြန်ခေါ်ရတော့မယ်။ သူက အခုမှ စတင်တာမကြာသေးပေမဲ့ ပါရမီက အလွန်ကောင်းတယ်၊ ကောင်းကင်စီရင်ချက်ထဲက နဂါးနတ်ဘုရားဒိုလော်နဲ့အတူ ကြီးပြင်းလာနိုင်မှာပါ"
ချောင်းဟန့်ပြီးနောက် နင်ဖုန်းကျိရဲ့ အမူအရာက ပိုမို တည်ကြည်သွားခဲ့တယ်။ နင်ဖုန်းကျိရဲ့ စကားကို ကြားတဲ့အခါ အရိုးဒိုလော်နဲ့ ဓားဒိုလော်တို့ရဲ့ အမူအရာကလည်း တည်ကြည်သွားခဲ့ကြတယ်။ ဂိုဏ်းနဲ့ပတ်သက်လာရင် သူတို့က အမြဲတမ်း တည်ကြည်တဲ့ သဘောထားမျိုး ရှိကြတာကိုး။
ဒါပေမဲ့...
"ရုန်ရုန်နဲ့ ပတ်သက်လို့ရော၊ သူ ခံနိုင်ရည်ရှိပါ့မလား။ မင်း သိထားဖို့က ဝေလငါးကော်ဆိုတာ..."
ဓားဒိုလော်က စကားကို အဆုံးမသတ်ပေမဲ့ သူဆိုလိုချင်တာက ရှင်းပါတယ်။ နင်ရုန်ရုန်ကို ဒီလိုမျိုး စမ်းသပ်ချက်တွေထဲ ပါဝင်စေဖို့ သူ သဘောမတူချင်တာပါ။
"ဟုတ်တယ် ဖုန်းကျိ၊ မင်းလည်း စမ်းသပ်ခံ ဝက်တွေရဲ့ အခြေအနေကို မြင်တာပဲလေ။ သူတို့ ခန္ဓာကိုယ်တွေ ကြံ့ခိုင်လာပေမဲ့ အဲဒီဖြစ်စဉ်မှာ သူတို့တွေက 'ရာဂစိတ်မီး’ ကို ခံစားခဲ့ရတာ။ ဖခင်တစ်ယောက်အနေနဲ့ မင်းသမီးလေးကို ဒီလိုမျိုး လုပ်ခိုင်းဖို့ တကယ်ပဲ စိတ်ကူးရှိနေတာလား။"
ဓားဒိုလော်ရဲ့ စကားကို ကြားတဲ့အခါ အရိုးဒိုလော်ကလည်း သဘောမတူတဲ့ အမူအရာကို ပြသလိုက်တယ်။
"...ထားလိုက်ပါတော့၊ ငါ သေချာ မစဉ်းစားမိခဲ့ဘူး။ ရုန်ရုန်ကိုတော့ အရင် ပြန်ခေါ်ရမယ်။ ကောင်းကင် စီရင်ချက် ကျရောက်လာချိန်မှာ တိုက်ကြီးရဲ့ အခြေ အနေက ပြောင်းလဲနေပြီ၊ သူ အပြင်မှာ ဆက်နေတာကို ငါ စိတ်မချဘူး။"
နင်ဖုန်းကျိ ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံး သက်ပြင်းချလိုက်တယ်။ နင်ဖုန်းကျိတစ်ယောက်တည်းဆိုရင်တော့ သူ သေချာပေါက် နင်ရုန်ရုန်ကို စမ်းသပ်ခိုင်းမှာပါ။ ဘာလို့ဆို ဖခင်တစ်ယောက်မဖြစ်ခင်မှာ သူက ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေလို့ပါပဲ။ ဂိုဏ်းအတွက်ဆိုရင် သမီးဖြစ်သူ နည်းနည်းလေး ခံစားရတာက အလွန်တန်ဖိုးရှိတဲ့ အပေးအယူတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ သူက ဂိုဏ်းချုပ် ဖြစ်နေတာကြောင့် ဓားဒိုလော်နဲ့ အရိုးဒိုလော်တို့ရဲ့ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားရဦးမယ်။ သူတို့သာ သဘောမတူရင် နင်ဖုန်းကျိတစ်ယောက်တည်း ဆန္ဒရှိဦးတော့ သူ ဖိအားမပေးနိုင်ပေ။
ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းတင်မကဘဲ အမှောင်ကမ္ဘာနဲ့ အလင်းကမ္ဘာ နှစ်ခုလုံးက အင်အားကြီးဂိုဏ်းတွေရဲ့ အကြီးအကဲတွေဟာလည်း စမ်းသပ်ရလဒ်တွေကို မြင်တွေ့ပြီးနောက် ဝေလငါးကော်တွေကို စုဆောင်းဖို့ အမိန့်တွေ ချက်ချင်း ထုတ်ပြန်ခဲ့ကြတယ်။
ဒိုလော်တိုက်ကြီးမှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်စေနိုင်တဲ့ ဆေးဝါးမျိုး မရှိသလောက်ပဲ။ ဝေလငါးကော်က ပထမဆုံး ဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုက ရနိုင်မယ့် ဝိညာဉ်ကွင်းရဲ့ သက်တမ်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ ဝိညာဉ်ကွင်းရဲ့ သက်တမ်းက ဝိညာဉ်သခင် တစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးတာပါ။
ဒီအချိန်မှာ ဒိုလော်တိုက်ကြီးက လူတိုင်းရဲ့ ရင်ထဲမှာ ဝေလငါးကော်ဆိုတာ ဝိညာဉ်သခင်တွေရဲ့ အနာဂတ်ကို ကိုယ်စားပြုနေတယ်လို့ ပြောနိုင်ပါတယ်။ အခုချိန်မှာ ဘာမှ မလုပ်ဘူးဆိုရင်တော့ အနာဂတ် မရှိတော့ဘူးလို့ ဆိုလိုတာပါပဲ။
အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီတွင်။
ဝူး
လေချွန်သံနဲ့အတူ မျက်နှာတည်တံ့နေတဲ့ ဖလန်းဒါးတစ်ယောက် ကောင်းကင်ကနေ ဆင်းသက်လာပြီး သူ့ရဲ့ ဝိညာဉ်ကို ပြန်လည်သိမ်းဆည်းလိုက်တယ်။
"ဘယ်လိုလဲ ကျောင်းအုပ်ကြီး ဝေလငါးကော် ရခဲ့လား"
တပည့်ဖြစ်သူ မဟုန်ကျွန်းက ဆရာပြန်ရောက်တာနဲ့ အလောတကြီး ချဉ်းကပ်မေးမြန်းလိုက်တယ်။
"မရခဲ့ဘူး၊ စွတ်ထိုမြို့က ဆေးဆိုင်တွေအားလုံးက သူတို့ဆိုင်မှာ ဝေလငါးကော် တစ်ခုမှ မရှိတော့ဘူးလို့ ပြောတယ်၊ အကုန် ကုန်သွားပြီတဲ့။"
"ဒါကတော့ လိမ်နေတာပေါ့ ကျွန်တော် နှစ်ရက်လောက်ကပဲ အဲဒီဆေးဆိုင်တွေမှာ ရောင်းနေတာ တွေ့လိုက်တယ်၊ ထောင်နှစ်သက်တမ်း ဝေလငါးကော်တွေတောင် ပါသေးတယ်"
ဒိုင်မူပိုင်က ဘေးကနေ ဒေါသတကြီး ပြောလိုက်တယ်။ သူ့စကားကြောင့် မဟုန်ကျွန်းနဲ့ အော်စကာတို့က သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ ခဏလေးပါပဲ။ အခုချိန်မှာ သူတို့အတွက် အရေးကြီးဆုံးက ဝေလငါးကော် ကိစ္စပါပဲ။ ဝေလငါးကော်သာ ရှိရင် သူတို့တွေ ပိုမြင့်မားတဲ့ ဝိညာဉ်ကွင်းတွေကို ရနိုင်မှာလေ။ ဒါက သူတို့ရဲ့ ကိုယ်ပိုင် အနာဂတ်နဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။
"သူတို့ အရင်က ရောင်းခဲ့မှန်း ငါလည်း သိတယ်၊ ဒါပေမဲ့ အခု မရောင်းတော့ဘူးဆိုရင် ဘာလုပ်လို့ရမှာလဲ။ ငါတို့သွားပြီး သူတို့ကို လုယက်လို့မှ မရတာ။"
ဖလန်းဒါးရဲ့ မျက်နှာက အလွန်တရာ တင်းမာနေတယ်။ သူတို့တွေ အမြတ်ကြီးစားဖို့ ဆေးဖက်ဝင် ပစ္စည်းတွေကို စုဆောင်းဖို့ ကြိုတင် စဉ်းစားခဲ့တဲ့ အစီအစဉ်ကို သူ ပြန်တွေးမိတယ်။ အဲဒီတုန်းက သူဖြေခဲ့တဲ့ အဖြေကို ပြန်တွေးမိတဲ့အခါ လက်ရှိ ဖလန်းဒါးတစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့ကိုယ်သူ လည်ပင်းညှစ်သတ်ချင်စိတ်တောင် ပေါက်မိတယ်။
ဘာလို့ အဲလောက် စဉ်းစားနေခဲ့တာလဲ ဘာလို့ ကောင်းကင်စီရင်ချက်ထဲက ယွီရှောင်ကန်း လုပ်သမျှကို မလိုက်လုပ်တာလဲ ကိုယ့်ဖာသာကိုယ်ပဲ စဉ်းစား နေခဲ့မိတယ်။ အခုကြည့်၊ အလွယ်တကူ ရှာနိုင်မယ့် ငွေပုံကြီးတွေအားလုံး လွင့်စင်သွားခဲ့ပြီ။
"ဒါဆို ဘာလုပ်ကြမလဲ ကျွန်တော်တို့ အခြေအနေနဲ့ဆို ဝေလငါးကော် ရဖို့ဆိုတာ ဝယ်မှပဲ ရမှာ။ ဒါပေမဲ့ အခု ဘယ်သူမှ မရောင်းတော့ဘူး။ ဝေလငါးကော်ရဲ့ လျှို့ဝှက်ချက်ကို သိထားပေမဲ့ ကျွန်တော်တို့အတွက်တော့ ဘာမှ မထူးခြားဘူး မဟုတ်လား။"
မဟုန်ကျွန်းက စိတ်ဓာတ်ကျသွားတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။ အော်စကာ၊ ထန်စန်းနဲ့ တခြားသူတွေရဲ့ မျက်နှာအမူအရာကလည်း မကောင်းလှပါဘူး။ မဟုန်ကျွန်းလိုပဲ သူတို့အတွက် တစ်ခုတည်းသော နည်းလမ်းက ဝယ်ဖို့ပါ၊ ဒါပေမဲ့ အခုတော့ ဝယ်မရတော့ဘူး။ ဒါဆိုရင် အနာဂတ်မှာ တခြား ဝိညာဉ်သခင်တွေထက် အများကြီး နောက်ကျကျန်ခဲ့တော့မှာလား။
ဒီအချိန်မှာ စိတ်အပျက်ဆုံးသူက ဘယ်သူလဲလို့ မေးရင် ဒိုင်မူပိုင် ဖြစ်နေမှာ အသေအချာပါပဲ။ အခုသူ ခံစားနေရတဲ့ ခံစားချက်ကတော့ 'မျှော်လင့်ချက်မဲ့ခြင်း' ပါပဲ။ စတားလော့အင်ပါယာရဲ့ မင်းသားတစ်ပါးအနေနဲ့ အနာဂတ်မှာ အသက်ရှင်ကျန်ရစ်ဖို့ဆိုရင် ဒိုင်မူပိုင်ဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ ဒိုင်ဝေ့စီကို အနိုင်တိုက်ရမှာပါ။ ညီအစ်ကိုချင်း အားပြိုင်မှုမှာ ဒိုင်ဝေ့စီက အသာစီးရနေပြီးသားမို့ ဒိုင်မူပိုင်တစ်ယောက် ရှုံးနိမ့်မှာ ကြောက်လို့ ထွက်ပြေးခဲ့ရတာပါ။
အခုတော့ ကောင်းကင်စီရင်ချက်က ဝေလငါးကော်က ခန္ဓာကိုယ်ကို တိုးတက်စေနိုင်ပြီး ပိုမိုမြင့်မားတဲ့ ဝိညာဉ်ကွင်းတွေကို ရနိုင်တယ်ဆိုတဲ့ အချက်အလက်ကို ပေးလိုက်ပြီ။ အဲဒီတော့ ဘာဖြစ်လာမလဲ၊ သူ့ဘက်မှာ ဝေလငါးကော်ကို မရနိုင်တဲ့ အခြေအနေ ဖြစ်နေပြီ။ တစ်ဖက်မှာတော့ ဒိုင်ဝေ့စီက အင်ပါယာမှာ ရှိနေတာမို့ ဝေလငါးကော်လို အရာမျိုး သူ့ဆီမှာ မရှိစရာ အကြောင်းမရှိဘူး။ ဝေလငါးကော်ရှိရင် သူတို့နှစ်ယောက်ကြားက ကွာဟချက်က ပိုပြီး ကြီးမားသွားတော့မှာပေါ့။
"ဒါဆိုရင် ငါ တိုက်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒီအတိုင်းပဲ လျောင်းပြီး သေဖို့ စောင့်နေတာက ပိုမကောင်းဘူးလား။"
ဒိုင်မူပိုင်ရဲ့ ပျက်စီးသွားတဲ့ မျက်နှာကို ကြည့်ရင်း ကျူးကျူးချင်းရဲ့ ရင်ထဲမှာလည်း မျှော်လင့်ချက်မဲ့မှုတွေ တိုးပွားလာတယ်။ ဒါပေမဲ့ သူမကတော့ ဒိုင်မူပိုင်လိုမျိုး လျောင်းပြီး သေဖို့ စောင့်နေမယ့်သူ မဟုတ်ပါ။ နောက်ဆုံးရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဲဒီနေ့ ရောက်လာတဲ့အထိ သူမ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အသက်ရှင်မလား၊ သေမလားဆိုတာတော့ အဲဒီအချိန်ကျမှပဲ ဆုံးဖြတ်တော့မှာပါ။