အခန်း ၁၇ ဝိညာဉ်ဇစ်မြစ် ပြောင်းလဲခြင်းနှင့် ကိန်းဂဏန်းတန်ဖိုးများ တိုးလာခြင်း
【 ဘာလို့ လေ၊ မီး၊ လျှပ်စီးနဲ့ ရေခဲလို ဒြပ်စင်ဂုဏ်သတ္တိတွေကို ထပ်ဆင့်တာက ဝိညာဉ်ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စေနိုင်ပြီး၊ ဝိညာဉ်တစ်ခုမှာ ဝိညာဉ်ကွင်းအသစ်တွေ ထည့်တဲ့အခါမှာ ဝိညာဉ်သားရဲ အမျိုးအစား တစ်ခုတည်းကိုပဲ ရွေးချယ်တာကလည်း ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်စေနိုင်တာပဲ။ ဘာလို့ ခွန်အားနဲ့ အလျင်နှုန်းလို အရာတွေကျတော့ အလုပ်မဖြစ်ရတာ လဲ။ 】
【 ယွီရှောင်ကန်းက ဒီမတူညီတဲ့ ဂုဏ်သတ္တိတွေကို စာရင်းချရေးလိုက်တယ်။ 】
【 "တကယ်လို့ ကျွန်တော်က ဒီဂုဏ်သတ္တိတွေကို အ မျိုးအစားခွဲမယ်ဆိုရင်၊လေနဲ့ လျှပ်စီးလိုဂုဏ်သတ္တိ တွေ ကို ဒြပ်စင်ဂုဏ်သတ္တိ အဖြစ် သတ်မှတ်လို့ရတယ်။" 】
【 "ခွန်အား၊ အလျင်နှုန်းနဲ့ ကာကွယ်ရေးတို့ကိုတော့ အခြေခံဂုဏ်သတ္တိ အဖြစ် သတ်မှတ်နိုင်တယ်။" 】
【 "နဂါး၊ ကျားနဲ့ ဝက်ဝံတို့ကတော့ မတူညီတဲ့ ဝိညာဉ်အမျိုးအစားတွေကို ရည်ညွှန်းတာပဲ။ သူတို့ရဲ့ အမျိုးအစားခွဲခြားမှုကတော့..သွေးမျိုးဆက်ဂုဏ်သတ္တိ ဖြစ်သင့်တယ်။" 】
【 မတူညီတဲ့ ဂုဏ်သတ္တိအမျိုးအစား သုံးခုကို စာရင်းပြုစုပြီးနောက်၊ ယွီရှောင်ကန်းက စဉ်းစားခန်း ဝင်သွားခဲ့တယ်။ 】
【 အဲဒီအချိန်မှာပဲ ယွီယွမ်ကျန့်က ရုတ်တရက် စကားဆိုလာတယ် - 】
【 "မင်းရဲ့ ဂုဏ်သတ္တိထပ်ဆင့်ခြင်းက ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲစေနိုင်တယ်ဆိုတော့၊ ဒီထပ်ဆင့်ခြင်း အတွင်းမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လဲဆိုတာ ကို မင်း ဘာလို့ ထည့်မစဉ်းစားတာလဲ။" 】
【 ယွီယွမ်ကျန့်ရဲ့ စကားကို ကြားတဲ့အခါ ယွီရှောင်ကန်ရဲ့ မျက်ဝန်းတွေ ဝင်းလက်သွားတယ်။ 】
【သူက စာရွက်တစ်ရွက်ကိုချက်ချင်းထုတ်လိုက်ပြီး 】
【 "မီးဒြပ်စင်လိုမျိုး ဒြပ်စင်ဂုဏ်သတ္တိတွေကို အဆက်မပြတ် ထပ်ဆင့်တာက မီးတောက်တွေရဲ့ အပူချိန်နဲ့ စွမ်းအားကို တိုးလာစေနိုင်ပြီး၊ ပိုပြီးတော့တောင် စွမ်းအားကြီးတဲ့ ထူးခြားဆန်း ပြားမီးတောက်တွေကို ထွက်ပေါ်လာစေနိုင်တယ်။" 】
【 "သွေးမျိုးဆက်ဂုဏ်သတ္တိတွေကို ထပ်ဆင့်တာက တော့ သွေးမျိုးဆက်ကို သန်မာစေနိုင်တယ်။ ဥပမာ မြွေတစ်ကောင်ကနေ နဂါးပျံ အဖြစ် ပြောင်းလဲသွား နိုင်သလို၊ နဂါးစစ်စစ် တစ်ကောင်တောင် ဖြစ်လာနိုင် တယ်။" 】
【 "ဒါပေမဲ့ ခွန်အားလို အခြေခံဂုဏ်သတ္တိတွေ ကျတော့... သူတို့ကို ထပ်ဆင့်လိုက်ရင် ကိန်းဂဏန်းတန်ဖိုးတွေပဲ တိုးလာပြီး၊ ထင်ထင်ရှားရှား အရည်အသွေး အလှည့်အပြောင်း မျိုး ဖြစ်မလာဘူး ထင်တယ်" 】
【 ယွီရှောင်ကန်းက သူ့ရဲ့အတွေးတွေ စီးဆင်းမှု ပိုမိုချောမွေ့လာတာနဲ့ စာကို ပိုပြီး မြန်မြန်ဆန်ဆန် ရေးသားနေခဲ့တယ်၊ သူဟာ အခြေခံကျတဲ့ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုပါပင်။ 】
【 "...ဝိညာဉ်ဆင့်ကဲပြောင်းလဲခြင်းဆိုတာ ဝိညာဉ်အတွက် အရည်အသွေးပိုင်းဆိုင်ရာ ကျော်လွှားမှုတစ်ခုပဲ။ ဒါဟာ ဝိညာဉ်ရဲ့ အနှစ်သာရက ပြောင်းလဲမှုကို ကြုံတွေ့ရ တာ ဖြစ်တယ်။" 】
【 "မူလက အေးစိမ့်တဲ့ လေကိုပဲ မှုတ်ထုတ်နိုင်တဲ့ ဝိညာဉ်တစ်ခုကနေ ရေခဲတွေကို ထုတ်လွှတ်နိုင်တဲ့ ဝိညာဉ်တစ်ခု ဖြစ်လာတာဟာ... ဝိညာဉ်ဇစ်မြစ် ကို ထိတွေ့သွားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်တယ်။" 】
【 "သွေးမျိုးဆက်ဂုဏ်သတ္တိ ထပ်ဆင့်ခြင်းကလည်း ဒီအတိုင်းပဲ။ မြွေတစ်ကောင်ကနေ နဂါးပျံတစ်ကောင် ဖြစ်လာတာဟာ ဝိညာဉ်ရဲ့ အနှစ်သာရ ပြောင်းလဲသွား တာပဲ ဖြစ်တယ်။" 】
【 "ဒါပေမဲ့ ခွန်အားနဲ့ အလျင်နှုန်းလို ဂုဏ်သတ္တိတွေကတော့၊ သူတို့ကို ခွန်အား ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာမက သန်မာလာအောင် ထပ်ဆင့်လိုက်ရင်တောင်၊ ဝိညာဉ်ရဲ့ အနှစ်သာရကို ပြောင်းလဲသွားစေမှာ မဟုတ်ဘူး။" 】
【 "သူတို့ ပြောင်းလဲလိုက်တာက ကိန်းဂဏန်းတန်ဖိုး သက်သက်ပဲ ရှိတာ။" 】
【 သူ နောက်ဆုံးစာလုံးကို ရေးပြီးသွားတဲ့အခါ ယွီရှောင်ကန်းက အလွန်အမင်း ကျေနပ်အားရနေခဲ့ပြီး၊ ဘေးနားကနေ စောင့်ကြည့်နေတဲ့ ယွီယွမ်ကျန့်ကတော့ အံ့ဩမှင်သက်လို့ နေခဲ့တယ်။ 】
【 ယွီရှောင်ကန်း ရေးသားခဲ့တာတွေက သူ့ရဲ့တွေးတောဆင်ခြင်မှုတွေသက်သက်ပဲ ဖြစ်ပေမဲ့၊ ယွီယွမ်ကျန့်ဟာ ဘွဲ့အမည်ရဒိုလော်တစ်ယောက် ဖြစ်တာကြောင့် ဝိညာဉ်စနစ်အပေါ် နက်နက်နဲနဲ နားလည်သဘောပေါက်ထားသူ ဖြစ်တယ်။ 】
【 ယွီရှောင်ကန်းက ဒီအရာတွေကို ရေးသားပြီးသွားတဲ့ ခဏမှာတင်၊ သူတို့တွေဟာ မှန်ကန်ကြောင်း ယွီယွမ်ကျန့် သေချာပေါက် အာမခံနိုင်ခဲ့တယ်! 】
အမှောင်ကမ္ဘာ၊
ဂုဏ်သတ္တိတစ်ခုတည်းသုံး ဂိုဏ်းခွဲလေးခုတွင်။
*ခွမ်း*
ခွက်တစ်ခု ကြမ်းပြင်ပေါ် ပြုတ်ကျ သွားတဲ့ အသံက အခန်းထဲမှာ ပဲ့တင်ထပ်သွားပေမဲ့၊ ဒီအချိန်မှာဘယ်သူမှ အဲဒာကို ဂရုမစိုက်နိုင်ကြတော့ပါဘူး။
ဂုဏ်သတ္တိတစ်ခုတည်းသုံး ဂိုဏ်းခွဲလေးခုရဲ့ ဂိုဏ်းခွဲခေါင်းဆောင်တွေဟာ ယွီယွမ်ကျန့်က ယွီရှောင်ကန်းကို အဆက်မပြတ် ချီးမွမ်းနေတဲ့ ကောင်းကင်စီရင်ချက်ထဲက ပြကွက်ကို ငေးမှိုင်စွာ စိုက်ကြည့်နေကြပြီး၊ သူတို့ရဲ့ ရင်ဘတ်ထဲမှာ အသက်ရှူကျပ်မတတ် ခံစားချက်မျိုး ပျံ့နှံ့သွားခဲ့ရတယ်။
"ဒါ... ဒါကြောင့်ကိုး။" ရန်ဝူတီက သူ့ဘာသာသူ ရေရွတ်လိုက်တယ်။
ဉာဏ်ကောင်းတဲ့လူတစ်ယောက်အနေနဲ့ ရန်ဝူတီက နည်းနည်းလေး တွေးလိုက်တာနဲ့တင် နားလည်သွားခဲ့တာပါ။
ပိုင်ဟယ်ရဲ့ မိသားစုဖြစ်တဲ့ အပ်မြီးပျံလွှားငှက် ဝိညာဉ်ကို ဥပမာထားကြည့်ရင် -
အပ်မြီးပျံလွှားငှက် ဝိညာဉ်ရဲ့ ဗဟိုချက်က အပ်မြီးပျံလွှားငှက် ကိုယ်တိုင်ပဲ ဖြစ်ပြီး၊ အလျင်နှုန်းဆိုတာက ဒီဝိညာဉ်ရဲ့ အားသာချက်သက်သက်သာ ဖြစ်တယ်။
တကယ်လို့ သူတို့က ငှက်အမျိုးအစား ဝိညာဉ်သားရဲတွေဆီက ဝိညာဉ်ကွင်းတွေကို အပ်မြီးပျံလွှားငှက် ဝိညာဉ်ပေါ်မှာ ထည့်ပေးခဲ့မယ်ဆိုရင်၊ ဖြစ်နိုင်တာက အပ်မြီးပျံလွှားငှက်ရဲ့ သွေးမျိုးဆက်က ပြောင်းလဲသွားပြီး ဆင့်ကဲပြောင်းလဲခြင်းဆီ ဦးတည်သွားနိုင်လိမ့်မယ်။ဒါပေမဲ့ အလျင်နှုန်း ဆိုတာ ဘယ်လောက်ပဲ ထပ်ဆင့်ထပ်ဆင့်၊ ကိန်းဂဏန်းတန်ဖိုး ကိုပဲ တိုးစေမှာဖြစ်လို့ ဝိညာဉ်ရဲ့ အနှစ်သာရကိုတော့ အနည်းငယ်တောင် ပြောင်းလဲစေမှာ မဟုတ်ဘူး။
ဒါကို သဘောပေါက်သွားပြီးနောက် ရန်ဝူတီက သူ့မိသားစုရဲ့ဝိညာဉ် ဝိညာဉ်ဖျက်လှံ အကြောင်းကို တွေးမိသွားတယ်။ယခင်က ရန်မိသားစုဟာ အဆုံးစွန်သော တိုက်ခိုက်မှုစွမ်းအားကိုပဲ လိုက်စားပြီး ဝိညာဉ်ဖျက်လှံပေါ်မှာ တိုက်ခိုက်ရေးအမျိုးအစား ဝိညာဉ်ကွင်းတွေကိုပဲ အမြဲတမ်း ထည့်ခဲ့ကြတာ ဖြစ်တယ်။
ဒါပေမဲ့ ယွီရှောင်ကန်းရဲ့ သုတေသနကို မြင်ပြီး နောက်မှာ၊ ရန်ဝူတီက ရုတ်တရက် သူ့ရဲ့မျိုးဆက် တွေကို ပြောင်းလဲမှုတစ်ခု လုပ်စေချင်သွားခဲ့ပြီ။
သွေးမျိုးဆက်ထပ်ဆင့်ခြင်း လမ်းစဉ်ကတော့ သူတို့ ရန်မိသားစုအတွက် မဖြစ်နိုင်ပေမဲ့၊ သူတို့တွေက ဒြပ်စင်ထပ်ဆင့်ခြင်း လမ်းစဉ်ကိုတော့ လျှောက်လှမ်းနိုင်တယ် မဟုတ်လား။ဥပမာ ဝိညာဉ်ဖျက်လှံပေါ်မှာ မီးဂုဏ်သတ္တိ ဒါမှမဟုတ် လျှပ်စီးဂုဏ်သတ္တိတွေကို ထည့်သွင်း တာမျိုးပေါ့။
"ရှူး... ဒီလိုတွေးကြည့်ရင် တကယ်ပဲ တော်တော်လေး ကောင်းမယ့်ပုံပဲ။" ရန်ဝူတီက သူ့မေးစေ့ကို သတ်ရင်း၊ နောက်မှ ဒီကိစ္စကို သေချာလေး ပြန်စဉ်းစားဖို့ နှလုံးသားထဲမှာ ဆုံးဖြတ်လိုက်တယ်။
ကျန်တဲ့ ဂိုဏ်းခွဲခေါင်းဆောင် သုံးယောက်အတွက်ကတော့ သူတို့ရဲ့ ခံစားချက်က သိပ်မကောင်းလှပါဘူး၊ အထူးသဖြင့် ပိုင်ဟယ်ပေါ့။
ပိုင်မိသားစုရဲ့ ဂိုဏ်းခွဲခေါင်းဆောင်အနေနဲ့ သူဟာ တစ်ဒိုလော်တိုက်ကြီးလုံးမှာ အမြန်ဆုံး အလျင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် သူ့မိသားစုရဲ့ အပ်မြီးပျံလွှားငှက် ဝိညာဉ်အပေါ် အမြဲတမ်း ဂုဏ်ယူခဲ့တာ ဖြစ်တယ်။
ဒီလို အလျင်နှုန်းကို ရရှိဖို့အတွက် အပေးအယူအနေနဲ့ သူတို့မှာ တိုက်ခိုက်မှုစွမ်းရည် မရှိတာ ဖြစ်ရင်တောင်မှပေါ့။
ဒါပေမဲ့ အခုတော့ ကောင်းကင်စီရင်ချက်က သူတို့ လမ်းမှား လျှောက်ခဲ့ကြတယ်လို့ ပြောနေတာပဲ။ အလျင်နှုန်းအမျိုးအစား ဝိညာဉ်ကွင်းတွေကို ထည့်ခြင်းအားဖြင့် သူတို့မိသားစုရဲ့ ဝိညာဉ်ဟာ ဆင့်ကဲပြောင်းလဲဖို့ ဘယ်တော့မှ ဖြစ်နိုင်ချေ ရှိလာမှာ မဟုတ်တော့ဘူး။ ဒီရိုက်ခတ်မှုက သူတို့ရဲ့ တည်ရှိမှုတစ်ခုလုံးကို အခြေခံကနေ ငြင်းပယ်လိုက်သလိုပါပဲ။
"သူ... သူ... အဲဒီကလေးစုတ်ရဲ့ အတွေးအခေါ်တွေကို ငါ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး" တုန်ရီနေတဲ့ လက်ကို မြှောက်ပြီး ပိုင်ဟယ်က ကောင်းကင်စီရင်ချက် ထဲက ယွီရှောင်ကန်းကို လက်ညှိုးထိုးရင်း အံကြိတ်ကာ ပြောလိုက်တယ်။
"ကျွန်တော်လည်း လက်မခံဘူး။ ငါတို့ ဂိုဏ်းလေးခုက ဒီအမွေအနှစ်ကို နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တာ။ ဒီနှစ်တွေတစ်လျှောက် စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေက သူ့ရဲ့ စကားအနည်းငယ်နဲ့ ဘယ်လိုလုပ် ပျက်ပြယ်သွားနိုင်မှာလဲ။"
ထိုက်ထန်းက ပထမဆုံး မတ်တတ်ရပ်ပြီး ပိုင်ဟယ်ကို ထောက်ခံလိုက်တယ်။ သူကတော့ စိတ်ပိုင်းဖြတ်ပြီးသားပါ၊ ကောင်းကင်စီရင်ချက်ထဲက ယွီရှောင်ကန်းက နောက်ဆုံးမှာ ဘွဲ့အမည်ရဒိုလော် ဖြစ်လာရင်တောင်မှ၊ ပြီးတော့ သူ့ရဲ့သီအိုရီတွေကို ဘယ်လောက်ပဲ ထူးချွန်ပြောင်မြောက်တယ်လို့ ပြောပါစေဦး၊ သူ့ရဲ့ ခွန်အားဂိုဏ်းကတော့ ဒါကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး
【 ဗီဒီယိုက ဆက်လက် ပြသနေဆဲ... 】
【 ဝိညာဉ်ကို ဘယ်လိုဆင့်ကဲပြောင်းလဲစေ ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက်၊ ယွီရှောင်ကန်းရဲ့ နောက်တစ်ဆင့်ကတော့ သူ့အတွက် မှန်ကန်တဲ့ လမ်းစဉ်ကို ရွေးချယ်ဖို့ပဲ ဖြစ်တယ်။ 】
【 သူ့ရဲ့ဝိညာဉ်ဖြစ်တဲ့ ရှောင်လုံဟာသူ့ရဲ့မွေးရာပါပါရမီ မလုံလောက်မှုကြောင့် ဆိုးဝါးတဲ့ သန္ဓေပြောင်းလဲခြင်း ကို ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်။ 】
【 အပြာရောင်လျှပ်စီး နဂါး ဖြစ်လာရမယ့်အစား ဒီလိုပုံစံ ဖြစ်သွားခဲ့ရတာတယ်။ 】
【 ယွီရှောင်ကန်းအနေနဲ့ ရှောင်လုံမှာ လျှပ်စီးဂုဏ်သတ္တိ ရှိနေသေးလားဆိုတာ မသေချာခဲ့ဘူး။ 】
【 ဘာပဲဖြစ်ဖြစ် အားထုတ်မှုအများကြီး လုပ်ပြီးတဲ့နောက်မှာတော့ ယွီရှောင်ကန်းဟာ ရှောင်လုံဆီကနေ ဒြပ်စင်ဂုဏ်သတ္တိရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့ပါဘူး။ 】
【 ဒါကြောင့် ယွီရှောင်ကန်း ရွေးချယ်နိုင်တဲ့ လမ်းစဉ်က အလွန် ရှင်းလင်းသွားခဲ့ပြီ။ 】
【 ရှောင်လုံပေါ်မှာ နဂါးအမျိုးအစား ဝိညာဉ်သားရဲတွေ ဆီက ဝိညာဉ်ကွင်းတွေကို ထည့်ဖို့ပဲ၊ ပြီးတော့ နဂါးသွေးစစ်လေ ပိုကောင်းလေပဲ ဖြစ်တယ်။ 】
【 နဂါးသွေးရဲ့ ဆေးကြောသန့်စင်မှုကတစ်ဆင့် ရှောင်လုံဟာ သူ့ရဲ့ မူလပုံစံအစစ်အမှန်ကို ပြသနိုင်မှာ ဖြစ်တယ်။ 】
【 "ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေသေးတယ်၊ အဲဒါကတော့ တကယ်လို့ ကျွန်တော်က စည်းမျဉ်းတွေအတိုင်းပဲ ဝိညာဉ်ကွင်းတွေကို စုပ်ယူမယ်ဆိုရင်၊ ကျွန်တော့်ရဲ့ ဝိညာဉ်ကွင်းအားလုံးက သွေးစစ်နဂါးအမျိုးအစား ဝိညာဉ်သားရဲတွေဆီက ဖြစ်နေရင်တောင်မှ၊ ကျွန်တော့်ရဲ့ ပါရမီက ကျွန်တော့်ကို အဝေးကြီးအထိ သွားနိုင်အောင် ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။" 】
【 ယွီရှောင်ကန်းက သူ့မေးစေ့ကို ထောက်လိုက်တယ်။ 】
【 ပထမအဆင့် မွေးရာပါဝိညာဉ်စွမ်းအား — ဒီမွေးရာပါဝိညာဉ်စွမ်းအားက ယွီရှောင်ကန်းအတွက် အလွန်ကြီးမားတဲ့ ကန့်သတ်ချက် ဖြစ်နေတုန်းပါပဲ။ 】
【 "ဒါကြောင့် တကယ်လို့ ကျွန်တော်က ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်၊ ဝိညာဉ်ကွင်းဂုဏ်သတ္တိတွေကို ရွေးချယ်ရာမှာ အဆုံးစွန်သော ဂုဏ်သတ္တိထပ်ဆင့်ခြင်းကို လုပ်ရုံတင်မကဘဲ၊" 】
【 "ကျွန်တော် ရမယ့် ဝိညာဉ်ကွင်းတွေရဲ့ သက်တမ်း ကန့်သတ်ချက် စည်းမျဉ်းလည်းချိုးဖျက်ရလိမ့်မယ်" 】
【 အနာဂတ်မှာ သူ အကောင်အထည်ဖော်မယ့် အစီအစဉ်ကို သတ်မှတ်ပြီးနောက်၊ ယွီရှောင်ကန်း ပထမဆုံး တွေးမိတာကတော့ သူတို့ ခံနိုင်ရည် အကန့်အသတ်ထက် ကျော်လွန်တဲ့ သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းတွေကို စုပ်ယူခဲ့တာကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသူတွေ ဒါမှမဟုတ် ချက်ချင်း သေဆုံးသွားခဲ့ကြတဲ့ ဖြစ်ရပ်တွေပဲ ဖြစ်တယ်။ 】
【 ဒီဖြစ်ရပ်တစ်ခုချင်းစီက ဒါဟာ လွယ်လွယ်ကူကူ စမ်းသပ်လို့ရတဲ့ လမ်းစဉ်မဟုတ်ကြောင်း ယွီရှောင်ကန်းကို သတိပေးနေခဲ့တယ်။ 】
【 ဒါပေမဲ့ သူက ဝိညာဉ်နိုးထခြင်း အခမ်းအနားတုန်းက သူ့ကို စောင့်ကြည့်နေခဲ့ကြတဲ့ မိသားစုဝင်တွေရဲ့ မထီမဲ့မြင် ပြုခဲ့ကြတဲ့ အကြည့်တွေကို ပြန်လည် မြင်ယောင်လာခဲ့တယ်။ 】
【 ပြီးတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိသားစုထဲမှာ သူ ကြားခဲ့ရတဲ့ စကားတွေဖြစ်တဲ့၊ သူ့ကို 'ကျား အဖေကမွေးတဲ့ ခွေးသား လေး' လို့ ခေါ်ကြတာတွေ၊ ပြီးတော့ ယွီယွမ်ကျန့်ကိုပါ တိုက်ရိုက် လှောင်ပြောင် သရော်ခဲ့ကြတဲ့ စကားတွေကို တွေးမိသွားတယ်။ 】
【 ဒီအရာတွေကို တွေးမိတဲ့အခါ ယွီရှောင်ကန်းရဲ့ လက်သီးတွေက အလိုအလျောက် တင်းတင်းဆုပ်သွားခဲ့ရတယ်။ 】
【 ထို့ကြောင့်ပင် သူ့ရဲ့ မျက်ဝန်းထဲမှာ လှုပ်ခတ်နေခဲ့တဲ့ တုံ့ဆိုင်းမှု အနည်းငယ်ဟာ ပြတ်သားမှုတွေနဲ့ ချက်ချင်း အစားထိုးဝင်ရောက်သွားခဲ့တော့တယ်။ 】
【 ပြင်းထန်စွာ ဒဏ်ရာရမှာ ဒါမှမဟုတ် သေဆုံးနိုင်တဲ့ အန္တရာယ် ရှိနေတော့ကော ဘာဖြစ်လဲ။ 】
[တကယ်လို့ သူက ဒီအန္တရာယ်လေးကိုတောင် ရင်မဆိုင်ရဲဘူးဆိုရင်၊ ဘယ်အခြေခံနဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလဲ။ 】