အခန်း ၁၂ - ဝိညာဉ်နိုးထခြင်းနှင့် ပြောင်းလဲသွားသော မွေးရာပါဝိညာဉ်စွမ်းအား
ယွီယွမ်ကျန့်ရဲ့ မနာလိုဖြစ်နေမှုကို ပြင်ပလူများ မသိရှိကြပေ။
သို့သော်လည်း ယခုအချိန်တွင် သားသမီးရှိကြသော ဖခင်တိုင်းနီးပါးသည် ယွီယွမ်ကျန့်နှင့် ထပ်တူထပ်မျှ ခံစားနေရပြီး၊ ဟိုဘက်ကမ္ဘာမှ ယွီယွမ်ကျန့်တွင် ထိုလောက် သိတတ်လိမ္မာသော သားတစ်ယောက် ရှိနေခြင်းကို အားကျမနာလို ဖြစ်နေကြသည်။
မိမိတို့ရဲ့ ကိုယ်ပိုင်သားများ အသက်ငါးနှစ်အရွယ်တွင် ဘာတွေလုပ်နေခဲ့ကြသည်ကို ပြန်လည်တွေးတောမိသောအခါ၊ သူတို့နှင့်နှိုင်းယှဉ်ခြင်းက တကယ်ပဲ စိတ်ပျက်စရာကောင်းလှသည်ဟုသာ ညည်းတွားနိုင်ကြတော့သည်။
【ဗီဒီယိုက ဆက်လက်ပြသနေသည်...】
【သူ၏ ပထမဆုံးနေ့ အပြေးလေ့ကျင့်ခန်းကို ပြီးဆုံးသွားသောအခါ၊ ယွီရှောင်ကန်းမှာအလွန် မောပန်းနွမ်းနယ်သွားခဲ့သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး လက်ချောင်းတစ်ချောင်းပင် မလှုပ်ချင်တော့ပေ။】
【အဲဒါကို မြင်သောအခါ ယွီယွမ်ကျန့်က ရှေ့သို့ လှမ်းလာပြီး ယွီရှောင်ကန်းကို ပွေ့ချီကာ ရေနွေးငွေ့များ တရစပ် ထွက်ပေါ်နေသော အခန်းတစ်ခုဆီသို့ လျှောက်လှမ်းသွားခဲ့သည်။】
【ကြီးမားသော ဂိုဏ်းကြီးတစ်ခု၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ အခြေခံလေ့ကျင့်ခန်းများ ပြီးဆုံးပြီးနောက် ဆေးဖက်ဝင်ရေချိုးကန် က မရှိမဖြစ် လိုအပ်လှသည်။】
【ဆေးဖက်ဝင်ရေချိုးခြင်း အားဖြင့် ခန္ဓာကိုယ်စွမ်းအင်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ရုံသာမက ဒဏ်ရာရရှိမှုများကိုလည်း ကာကွယ်ပေးနိုင်သည်၊】
【ထို့အပြင် လေ့ကျင့်ခန်းလုပ်ထားခါစ ခန္ဓာကိုယ်ကိုလည်း ပိုမိုသန်မာလာစေရန် အထောက်အကူပြုသည်။】
【အပြာရောင်လျှပ်စီးနဂါးဂိုဏ်းဂိုဏ်းချုပ် တစ်ဦးအနေဖြင့် ယွီယွမ်ကျန့် အသုံးပြုနိုင်သောအရင်းအမြစ်များအားလုံးမှာ အဆင့်မြင့်မားလှသည်။】
【ထိုအရင်းအမြစ်များကို အသုံးပြုသည့်အခါ အကြီးအကဲများ၏ ငြည်းငြူသံများနှင့် ကန့်ကွက်သံများကို မလွဲမသွေ ကြားရတတ်သော်လည်း၊】
【သူသည် အလွန်ပင် လိုလိုလားလား ရှိနေခဲ့သည်။】
【သူ့သားမှာ ဒီလောက် သိတတ်လိမ္မာလှသည်၊ မိမိရဲ့ ညံ့ဖျင်းသော ပါရမီကြောင့် ဖခင်ဖြစ်သူအား အရှက်ရစေမည်ကို စိုးရိမ်သဖြင့် သူ့ဝိညာဉ်မနိုးထခင်ကတည်းကပင် လေ့ကျင့်ခန်းများကို စတင်ခဲ့သည်။】
【ထို အခြေအနေမျိုးတွင် သူက ဖခင်တစ်ဦးအနေဖြင့် သူ့သားကို အပြည့်အဝ ပံ့ပိုးမပေးခဲ့လျှင်၊ သူ့သား ထားရှိသော စေတနာကို စိတ်ထဲမထားရာ ရောက်မည်မဟုတ်ပါလား။】
【ဆေးဖက်ဝင်ရေချိုးကန် ရှိရာ အခန်းသို့ ရောက်ရှိသောအခါ ယွီယွမ်ကျန့်က ရေအပူချိန်ကို စမ်းသပ်ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိတ်လိုက်ကာ ယွီရှောင်ကန်းကို ရေထဲသို့ ထည့်လိုက်သည်။】
【"အား... ပူလိုက်တာ"】
【ရေထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပူလောင်လှသော ဆေးရည်များက လှုံ့ဆော်သော ကြောင့် ယွီရှောင်ကန်းမှာ မနေနိုင်ဘဲ ဆတ်ခနဲ ထထိုင်လိုက်မိသည်။ သူရဲ့ ရှုံ့မဲ့သွားသော မျက်နှာအမူအရာကြောင့် ယွီယွမ်ကျန့်က အားရပါးရ ရယ်မောလိုက်တော့သည်။】
【"ဟားဟားဟား... အောင့်အီးထားစမ်းပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်မှ ဆေးအာနိသင်ကို ပိုပြီး ကောင်းကောင်း စုပ်ယူနိုင်မှာ"】
【အဲ့ဒါကို ကြားသောအခါ ယွီရှောင်ကန်းက ရေထဲမှ ထွက်ချင်စိတ်ကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး နာကျင်မှုကို အောင့်အီးကာ ဆေးရည်ထဲတွင် ငြိမ်ငြိမ်လေး ဆက်ထိုင်နေခဲ့သည်။】
【မကြာမီ ဆေးဖက်ဝင်ရေချိုးကန် အတွင်း စိမ်ထားခြင်းက ဆက်လက်ဖြစ်ပေါ်နေပြီး ယွီရှောင်ကန်းသည်လည်း ရေအပူချိန်နှင့် ကျင့်သားရလာခဲ့ရာ၊ ဆေးရည်များက သူ၏ခန္ဓာကိုယ်ကို တစ်ဖန်ပြန်ပြီး လှုံ့ဆော်ပေးနေသည်ကို ခံစားလိုက်ရသည်။】
【အထူးသဖြင့် အပြေးလွန်ပြီး နာကျင်ကိုက်ခဲကာ ဖောယောင်နေသော သူ၏ခြေထောက်နှစ်ဖက်လုံးမှာ ဆေးဝါးများရဲ့ လှုံ့ဆော်မှုအောက်တွင် ကိုက်ခဲခြင်းနှင့် တဆစ်ဆစ် နာကျင်ခြင်းတို့ အလှည့်ကျ ဖြစ်ပေါ်နေသဖြင့်၊ ယွီရှောင်ကန်းမျက်နှာအမူအရာမှာ မျက်လှည့်ပြနေသည့်အလား တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေခဲ့သည်။】
【အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့သည်။ ယွီရှောင်ကန်းက သူရေထဲတွင် ထာဝရ ရှိနေရတော့မည်ဟု ထင်မှတ်နေသည့် အချိန်မှာပင် ယွီယွမ်ကျန့်က စကားဆိုလာခဲ့သည် -】
【"ကဲ... မင်း ရေထဲက ထွက်လို့ရပြီ!"】
【ထိုစကားကို ကြားလိုက်ရသောအခါ ယွီရှောင်ကန်းသည် ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိလိုက်သည့်အလား ခံစားလိုက်ရသည်။ သူက ရေထဲမှ အမြန်ဆုံး ရုန်းကန်ထွက်လိုက်ပြီး ကျန်ရစ်ခဲ့သော ဆေးရည်များကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်လည်ကြည့်ရှုမိသည်။】
【သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရေချိုးခြင်းက အဲ့လောက်အထိ နာကျင်စရာကောင်းသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်သည်ဟု သူ ခံစားလိုက်ရခြင်းပင်။】
【"ဘယ်လိုလဲ။ အကယ်လို့ မင်းက ကျင့်ကြံခြင်းကို ဆက်လုပ်ချင်သေးတယ်ဆိုရင်၊ ဒီနေ့ မင်းလုပ်ခဲ့တဲ့အရာ အားလုံးက မင်းရဲ့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေ ဖြစ်လာလိမ့်မယ်။"】
【ယွီယွမ်ကျန့်ရဲ့ စကားသံထဲတွင် ဖိအားပေးလိုသော အရိပ်အယောင်တစ်ခု ပါဝင်နေသည်။】
【"ကျွန်တော် အဆုံးထိ သည်းခံနိုင်ပါတယ်"】
【တစ်စက္ကန့်ပင် တုံ့ဆိုင်းမနေဘဲ ယွီရှောင်ကန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။】
【"အလွန်ကောင်းတယ်! တကယ်ပဲ ငါ့ရဲ့သား၊ ယွီယွမ်ကျန့်ရဲ့ သားပီသပေတယ်။"】
【ယွီရှောင်ကန်းရဲ့ စကားကို ကြားရသောအခါ ယွီယွမ်ကျန့်က ကျေနပ်အားရစွာဖြင့် ခေါင်းငြိတ်လိုက်ပြီး ယွီရှောင်ကန်း ခေါင်းကို နောက်တစ်ကြိမ် ထပ်မံပွတ်သပ်ပေးခဲ့သည်။】
【ထို့သို့ သားတစ်ယောက်ရှိနေမှတော့ သူ ဘယ်လိုလုပ်ပြီး မကြည်နူးဘဲ နေပါမလဲ။】
【မနက်ခင်းတွင် ယွီရှောင်ကန်းက သူ့ခန္ဓာကိုယ်လေ့ကျင့်ခန်းနှင့် ဆေးဖက်ဝင်ရေချိုးခြင်း ဖြင့် ကုသခြင်းကို ပြီးဆုံးစေခဲ့သည်။ မွန်းလွဲပိုင်းတွင်မူ ယွီယွမ်ကျန့်၏ လမ်းညွှန်မှုအောက်တွင် တရားထိုင်ခြင်း ကျင့်စဉ်ကို လုပ်ဆောင်ခဲ့သည်။】
**【ဒိုလော်တိုက်ကြီးပေါ်ရှိ အထွတ်အထိပ် ဂိုဏ်းကြီးတစ်ခုအနေဖြင့်၊ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းတွင် သဘာဝအတိုင်းပင် သူတို့ရဲ့ သီးသန့်တရားထိုင်ခြင်း ကျင့်စဉ် ရှိနေခဲ့သည်။】
【သို့သော်လည်း စိတ်မကောင်းစရာမှာ အပြာရောင်လျှပ်စီး နဂါးဂိုဏ်း၏ တရားထိုင်ခြင်းကျင့်စဉ်က အပြာရောင်လျှပ်စီး နဂါးဝိညာဉ်ကို နိုးထထားပြီးသူများအတွက်သာ ပိုမိုကိုက်ညီမှု ရှိခြင်းပင် ဖြစ်သည်။】
【အနည်းဆုံးတော့ လူတစ်ယောက်အနေဖြင့် လျှပ်စီးဓာတ်သဘာဝရှိသော ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။】
【ထို့ကြောင့် လောလောဆယ်တွင်မူ ယွီရှောင်ကန်းက အခြေခံ တရားထိုင်ခြင်းကျင့်စဉ်ကိုသာ အသုံးပြုနိုင်သည်။】
【သို့သော်လည်း သူအသုံးပြုနေသော အခြေခံတရားထိုင်ခြင်းကျင့်စဉ်မှာ ဒိုလော်တိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့နေသော သာမန်ကျင့်စဉ်များထက် များစွာ ပိုမိုသာလွန်လှသည်။】
【ယွီယွမ်ကျန့်ရဲ့လမ်းညွှန်မှုအောက်တွင် ယွီရှောင်ကန်းကတရားထိုင်ခြင်းကို စတင်ခဲ့သည်။ တရားထိုင်ခြင်းအားဖြင့် သူက မြေကမ္ဘာနှင့် ကောင်းကင်ဘုံရှိ ဝိညာဉ်စွမ်းအင်များကို မိမိခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး၊ အဲ့ဒါတို့ကို ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။】
【နှမြောစရာကောင်းတာက သူ့ ဝိညာဉ်က နိုးထခြင်းမရှိသေးသောကြောင့်၊ ယွီရှောင်ကန်းသည် တရားထိုင်ပြီးနောက်တွင်လည်း မည်သည့်ပြောင်းလဲမှုကိုမှ မခံစားရဘဲ ယခင်အတိုင်းပင် ရှိနေခဲ့သည်။】
【သို့သော်လည်း ယွီရှောင်ကန်းက စိတ်ဓာတ်မကျခဲ့ပေ။ အကယ်လို့ တရားထိုင်ရုံဖြင့် ချက်ချင်း ပြောင်းလဲမှုများကို သတိပြုမိနိုင်မည်ဆိုပါက၊ ဒိုလော်တိုက်ကြီးပေါ်ရှိ ကျင့်ကြံခြင်းများက ဝိညာဉ်နိုးထခြင်း ပြီးမှသာ စတင်ရသည်ဟူသော အချက်က ရှိလာလိမ့်မည်မဟုတ်ပေ။】
【နေ့ခင်းဘက်တွင် ကျင့်ကြံခြင်းကို ပြီးဆုံးစေပြီးနောက်၊ ယွီရှောင်ကန်းသည် ညနေခင်းအချိန်များကို ဒိုလော်တိုက်ကြီးနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများကို လေ့လာဖတ်ရှုရန် အသုံးချခဲ့သည်။】
【လွန်ခဲ့သော ငါးနှစ်အတွင်း ယွီယွမ်ကျန့်က ယွီရှောင်ကန်းကို ဒိုလော်တိုက်ကြီးအကြောင်း အများကြီး ပြောပြခဲ့သော်လည်း၊ ထိုအရာများမှာ အပေါ်ယံ အချက်အလက်များသာ ဖြစ်သည်။】
【တကယ်ပဲ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်ရန်အတွက် သူကိုယ်တိုင် စာအုပ်စာပေများကို လေ့လာရမည် ဖြစ်သည်။】
【ထိုလေ့လာသင်ယူမှု လုပ်ငန်းစဉ်အတွင်း ယွီရှောင်ကန်းက တစ်ယောက်တည်း အားထုတ်နေခြင်းမဟုတ်ပေ။】
【သူ နားမလည်သောအရာတစ်ခုခုနှင့် ကြုံတွေ့ရတိုင်း၊ သူက ယွီယွမ်ကျန့်ကို ချက်ချင်း မေးမြန်းလေ့ရှိပြီး ထို့နောက် မိမိဘာသာ ပြန်လည်တွေးတော ဆင်ခြင်လေ့ရှိသည်။
【ဥပမာ...】
【"အဖေ... ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် ပထမဝိညာဉ်ကွင်းကို ရယူနိုင်တဲ့ အမြင့်ဆုံးသက်တမ်း အကန့်အသတ်က နှစ်ပေါင်းလေးရာဝန်းကျင် ဖြစ်ပေမဲ့၊ အချို့လူတွေက နှစ်ပေါင်းသုံးရာသက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူတဲ့အချိန်မှာတောင် ဘာဖြစ်လို့ ကျရှုံးရတာလဲ။"】
【"ဒီအချက်ပေါ်မှာ ဘယ်အရာက လွှမ်းမိုးမှုရှိတယ်လို့ အဖေ ထင်ပါသလဲ။"】
【ယွီရှောင်ကန်းက သူ့ဘေးတွင်ရှိသော ယွီယွမ်ကျန့်ကို ကြည့်ရင်း မေးမြန်းလိုက်သည်။】
【"ဒါက ရိုးရှင်းပါတယ်၊ အမြင့်ဆုံး သက်တမ်းမှတ်တမ်းကို စိုက်ထူခဲ့တဲ့သူက သားရဲဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ ငါတို့ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်ပဲ။"】
【"သားရဲဝိညာဉ် အများစုက မွေးရာပါ သန်မာတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားကြတာမို့၊ သူတို့ ရရှိနိုင်တဲ့ ဝိညာဉ်ကွင်းရဲ့ သက်တမ်းက ပိုပြီး မြင့်မားနိုင်တာပေါ့။"】
【"လက်နက်ဝိညာဉ်တွေကတော့ ဒီအချက်မှာ ငါတို့ရဲ့ သားရဲဝိညာဉ်တွေလို အားသာချက်မျိုး မရှိကြဘူး။ ဒါက ကမ္ဘာ့နံပါတ်တစ် လက်နက်ဝိညာဉ်ဖြစ်တဲ့ ဟောက်ထျန်းဂိုဏ်း ရဲ့ ဟောက်ထျန်းတူ အတွက်တောင်မှ အမှန်တရားပဲ။"】
【ယွီယွမ်ကျန့်က ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသော မျက်နှာဖြင့် ပြောကြားလိုက်သည်။】
【"ဆိုလိုတာက... သန်မာတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ရှိနေခြင်းက သက်တမ်းရင့် ဝိညာဉ်ကွင်းတွေကို ရရှိဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ်မှတ်ချက်တစ်ခုပေါ့..."】
【ယွီရှောင်ကန်းက ထိုအချက်အလက်ကို နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်သားလိုက်ပြီး ဂိုဏ်း မှတ်တမ်းများကို ဆက်လက်ဖတ်ရှုနေခဲ့သည်။】
【နောက် ခြောက်လခွဲခန့် ကြာသော အချိန်အတွင်းမှာပင်၊ ယွီရှောင်ကန်းက သူရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများကို အချိန်ဇယားပြည့် စတင်ခဲ့တော့သည်။】
【သူ လုပ်ဆောင်ချက်များကို မြင်တွေ့ရသော အပြာရောင်လျှပ်စီး နဂါးဂိုဏ်းမှ ဂိုဏ်းသားများက မကြာခဏဆိုသလို ခေါင်းခါရမ်းမိကြသည်။】
【သူက ဝိညာဉ်တောင် မနိုးထသေးဘဲ ကျင့်ကြံဖို့ အလျင်စလို ဖြစ်နေတယ်၊ သူ့ရဲ့ ဦးနှောက်က လုံးဝ ပုံမှန်ပြန်ဖြစ်မလာသေးဘူး ထင်ပါရဲ့။】
【 အချိန်များ ကုန်လွန်လာခဲ့ပြီးနောက် ဝိညာဉ်နိုးထခြင်း အခမ်းအနား အချိန်သို့ ရောက်ရှိလာခဲ့သည်။】
【ယခုနှစ် ဝိညာဉ်နိုးထခြင်း အခမ်းအနားတွင် ထူးထူးခြားခြား တောက်ပလှသော အဓိကဇာတ်ကောင် မပါဝင်သောကြောင့်၊ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းက ကြီးမားသော နိုးထခြင်း အခမ်းအနားကို မကျင်းပခဲ့ပေ။】
【ယွီရှောင်ကန်းရဲ့ဘွဲ့အမည်ရဒိုလော်တစ်ဦး၏ သားဟူသော ဂုံပုဒ်က သူ့ကို လုံလောက်စွာ တောက်ပစေခဲ့သည်ဟု ဆိုနိုင်သော်လည်း၊ သူ နှစ်ပေါင်းများစွာ ငေးငေါင်နေခဲ့မှုကြောင့် သူက ဘယ်လိုအစွမ်းထက်သော ဝိညာဉ်ကိုမှ နိုးထနိုင်လိမ့်မည်ဟု ဘယ်သူမှ မယုံကြည်ကြပေ။】
【ထို့ပြင် လက်တွေ့အရှိတရားကလည်း လူတိုင်း မျှော်လင့်ထားတဲ့အတိုင်းပင် ဖြစ်လာခဲ့သည်။】
【ယွီရှောင်ကန်းက ဝိညာဉ်နိုးထခြင်းအစီအရင် ဗဟိုတွင် မတ်တပ်ရပ်နေစဉ်၊ရွှေရောင်အလင်းတန်း
များကသူ့ကိုလွှမ်းခြုံသွားခဲ့ပြီး နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့သော်လည်း၊ ထို့နောက်တွင်မူ ထိုအလင်းတန်းများသည် ဘုန်းခနဲမြည်ကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ရသည်။】
【ဝက်တစ်ကောင်နှင့် တူလှသော သားရဲငယ်လေးတစ်ကောင်သည် ယွီရှောင်ကန်းရဲ့ခြေဖဝါးနားတွင် ထွက်ပေါ်လာခဲ့သည်။】
【ထိုရလဒ်နှင့် ပတ်သက်ပြီး အစကတည်းက မျှော်လင့်ချက် မထားခဲ့ကြသော လူအုပ်ကြီးကသဘာဝအတိုင်းပင် စိတ်ပျက်မှုကိုမှ မခံစားရပေ။ ဝိညာဉ်နိုးထခြင်းအစီအရင် ထဲရှိ သူ့သားကို စိုက်ကြည့်နေသော ယွီယွမ်ကျန့် တစ်ဦးတည်းသာလျှင် မျက်ဝန်းထဲတွင် နက်ရှိုင်းလှသော စိုးရိမ်ပူပန်မှုများ ဖြတ်ပြေးသွားခဲ့သည်။】
【ထို့နောက် မွေးရာပါဝိညာဉ်စွမ်းအား စမ်းသပ်မှုအတွင်းမှာပင်၊ နောက်ဆုံးရလဒ်မှာ ‘အဆင့် ၁’ သာ ဖြစ်ခဲ့သည်။】
【ယွီရှောင်ကန်းနှင့် သက်ဆိုင်သော ဝိညာဉ်နိုးထခြင်း အခမ်းအနားကအဆုံးသတ်သွားခဲ့ရတော့သည်။】
【တစ်ချိန်တည်းမှာပင်၊ ကောင်းကင်စီရင်ချက် မျက်နှာပြင် အောက်တွင်မူ... အင်အားစုအားလုံးမှာ ဆူညံပွက်လောရိုက်သွားခဲ့ကြတော့သည်】