"သူ့မှာ အတွင်းဒဏ်ရာအချို့ ရရှိထားပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး၊ ကျွန်မ သူ့ရဲ့ဒဏ်ရာတွေကို ကုသပေးပြီးပါပြီ။ သူ ကောင်းကောင်းအနားယူဖို့ လိုအပ်ပြီး နောက်ထပ် နာရီအနည်းငယ်အတွင်းမှာပဲ သက်သာသွားပါလိမ့်မယ်..." ကာနာက သခင်မလေး အီဗလင်းကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အီဗလင်းက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက် ကုတင်ပေါ်တွင် တည်ငြိမ်စွာ လဲလျောင်းနေသော ယိုဟန်ကို လှမ်း၍ စိုက်ကြည့်လိုက်မိရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"ကောင်းပြီ... သူ့ကို သေချာစောင့်ကြည့်ထားလိုက်၊ ငါ ကျင့်ကြံခြင်းခန်းမထဲကို သွားတော့မယ်... သူ အသိစိတ်ပြန်ဝင်လာတဲ့အခါ ငါ့ကို လာခေါ်လိုက်ပါ..." အီဗလင်းက ကာနာကို ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ကာနာက အီဗလင်းကို ကြည့်၍ ဦးခေါင်းညိတ်ပြလိုက်ကာ—
"စိတ်မပူပါနဲ့... ကျွန်မ သူ့ကို သေချာစောင့်ရှောက်ထားပါ့မယ်၊ သူ အသိစိတ်ပြန်ဝင်လာတာနဲ့ သခင်မလေးကို ချက်ချင်း အကြောင်းကြားပါ့မယ်..." ဟု အီဗလင်းကို ပြန်လည်ဖြေကြားပေးလိုက်၏။
အီဗလင်းသည် သူမ၏ ဦးခေါင်းကို ခါယမ်းလိုက်မိရင်း အခန်းထဲမှ မထွက်ခွာမီ ယိုဟန်ကို နောက်ဆုံးအကြိမ် လှမ်း၍ စိုက်ကြည့်လိုက်တော့သည်။
ကာနာသည် သခင်မလေး အီဗလင်းတစ်ယောက် ကျင့်ကြံခြင်းခန်းမဆီသို့ နောက်ဆုံးတွင် ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ သက်ပြင်းတစ်ချက် ဖွဖွချလိုက်မိ၏။ မကြာခင်က ဖြစ်ပွားခဲ့သော အာနား အမှတ်မထင် ယိုဟန်ကို ထိုးနှက်မိသည့် ဖြစ်ရပ်ကြောင့် သူမနှင့် အာနာတို့နှစ်ဦးစလုံး သခင်မလေး အီဗလင်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရတော့မည်ဟု သူမ ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေသည်။ သူမသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ယိုဟန်ကို လှမ်း၍ စိုက်ကြည့်လိုက်မိရင်း တွေးတောနေမိတော့သည်။
"ဒါတွေအားလုံးက မင်းရဲ့အပြစ်ပဲ... ငါ့ရဲ့ခွင့်ပြုချက်ကို မယူဘဲနဲ့ ငါ့ကို အဲဒီလိုမျိုး ဘယ်လိုလုပ် ပြုမူနိုင်ရတာလဲ... မင်းလို ကာမရူးကောင်ရဲ့..." သူမက ယိုဟန်၏ ဗလာကျင်းနေသော ခန္ဓာကိုယ်အထက်ပိုင်းကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိ၏။
မိမိ၏ မျက်စိရှေ့မှောက်တွင် ရှိနေသော ယိုဟန်ကို မြင်တွေ့နေရသဖြင့် သူမ၏ နှလုံးသားမှာ တဒုန်းဒုန်း ခုန်လှုပ်နေခဲ့ပြီး... သူ မိမိကို ဖက်လှိုက်ခဲ့သည့် ထိုခဏမှာလည်း သူမ၏ အမြင်အာရုံထဲတွင် ရုပ်ရှင်ဓာတ်ပုံတစ်ချပ်အလား တစ်ဖျတ်ဖျတ် ပေါ်ထွက်နေခဲ့သည်။
"ငါ ဘာဖြစ်နေတာလဲ... ငါ ဘာဖြစ်လို့ ရုတ်ချည်းဆိုသလို သူ့အကြောင်းကိုပဲ တွေးနေမိရတာလဲ..." ကာနာက မိမိ၏ ဦးခေါင်းကို ကိုင်လိုက်ရင်း တီးတိုးရေရွတ်လိုက်မိ၏။
"တောက်... ငါ့ရဲ့ ခန္ဓာကိုယ်အပူချိန်ကလည်း မြင့်တက်လာနေတယ်၊ ငါ ဘာတွေ ဖြစ်ပျက်နေတာလဲ မသိဘူး..." ဟု သူမ တွေးတောလိုက်မိရှာသည်။
လင်စံအိမ်တော်၌!
"တောင်းပန်ပါတယ် သခင်မလေး... ဒါက ကျွန်မရဲ့ အပြစ်ပါ၊ အမှတ်မထင် မှားယွင်းပြီး ဖြစ်သွားခဲ့ရတာပါ..." အီဗလင်းသည် အကြီးအကဲများခန်းမဆီသို့ လျှောက်လှမ်းနေစဉ် အာနာက သူမ၏ ဘေးနားတွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
"ရပါတယ်... ငါ နားလည်ပါတယ်၊ အာနား.. မင်းကို 'ဒါးလ်မတ်စ် မြေအောက်ထောင် ' ဆီကို သွားပြီးတော့ စောင့်ကြည့်စေချင်တယ်၊ အဲဒီနေရာရဲ့ ဘေးပတ်ပတ်လည်မှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်ပျက်နေတယ်..." အီဗလင်းက အာနာကို လှမ်း၍ စိုက်ကြည့်လိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အာနားက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း— "ဒါဆိုရင် အဲဒီအရာက နောက်တစ်ကြိမ် ပြန်ပြီး ဖြစ်ပျက်နေတာပေါ့... ကျွန်မကိုပဲ စိတ်ချလိုက်ပါ သခင်မလေး အီဗလင်း..." ဟု အီဗလင်းကို ပြန်လည်ဖြေကြားပေးလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ဟင်းလင်းပြင်အတွင်းသို့ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့တော့သည်။
ဖီးနစ်နိုင်ငံတော်၏ တစ်နေရာရာတွင်—
"အား... ဒီနေရာရဲ့ ဘေးပတ်ပတ်လည်က လေထုက ငါ့ရဲ့ အတိတ်က အချိန်တွေကို ပြန်ပြီး သတိရစေတာပဲ၊ ပြန်လည်ရောက်ရှိလာရတာ တကယ့်ကို ကောင်းမွန်လှပေတယ်..." အဖိုးအိုတစ်ဦးသည် ကောင်းကင်ယံထက်မှနေ၍ အောက်သို့ တဖြည်းဖြည်း ဆင်းသက်လာခဲ့ရင်း သူ၏ အကြည့်များမှာ ဘေးပတ်ပတ်လည်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုအဖိုးအိုကို မြင်တွေ့လိုက်ရသည့်အခါ ကင်းစောင့်စစ်သည်အချို့က သူ့ထံသို့ ချဉ်းကပ်သွားခဲ့ကြ၏။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးသာလျှင် ယခုကဲ့သို့ ကောင်းကင်ယံထက်၌ ပျံသန်းနိုင်သည့် စွမ်းဆောင်ရည်မျိုးကို ရရှိနိုင်သောကြောင့် သူသည် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သူတို့ ကောင်းစွာ နားလည်ထားကြသောကြောင့် ဖြစ်ပေသည်။မြစ်ကမ်းပါးနားမြို့တော် မှ ကင်းစောင့်စစ်သည်တစ်ဦးက ထိုအဖိုးအိုကို ဦးညွှတ်လိုက်မိ၏။
"ရိုသေလေးစားအပ်တဲ့ အကြီးအကဲ... မြစ်ကမ်းပါးနားမြို့တော်ကနေ ကြိုဆိုပါတယ်၊ အကြီးအကဲအနေနဲ့ ဒီနေရာကို ဘာအကြောင်းကိစ္စကြောင့် ကြွမြန်းလာခဲ့သလဲဆိုတာကို ကျွန်တော်တို့ သိခွင့်ရနိုင်မလားခင်ဗျာ..." ကင်းစောင့်စစ်သည်များထဲမှ တစ်ဦးက သတ္တိမွေးကာ ရိုသေလေးစားစွာဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
အဖိုးအိုက ကင်းစောင့်စစ်သည်ကို ပြုံးပြလိုက်ပြီးနောက်... နောက်တစ်ခဏ၌ သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရင်း မိမိ၏ လက်ခလယ်တွင် ဝတ်ဆင်ထားသော လက်စွပ်တစ်ကွင်းကို ပြသလိုက်တော့သည်။ထိုလက်စွပ်ကို မြင်တွေ့လိုက်ရသည့်ခဏ၌ ကင်းစောင့်စစ်သည်နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး လှမ်း၍ စိုက်ကြည့်လိုက်ကြမိရင်း ဦးခေါင်းညိတ်ပြလိုက်ကြ၏။
"ရိုသေလေးစားအပ်တဲ့ အကြီးအကဲ... မြို့တော်ရဲ့ အတွင်းထဲကို ဝင်ရောက်နိုင်ပါတယ်ခင်ဗျာ..." ၎င်းတို့နှစ်ဦးစလုံးက သူ့ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြမိရင်း လမ်းခရီးကို ဖယ်ရှားပေးလိုက်ကြတော့သည်။
အဖိုးအိုက ဦးခေါင်းညိတ်ပြလိုက်ရင်း မြို့တော်အတွင်းသို့ ဝင်ရောက်လာခဲ့၏။ အချိန်အနည်းငယ်မျှ လမ်းလျှောက်လာခဲ့ပြီးနောက်... နောက်ဆုံးတွင်မူ သူသည် လင်းမျိုးနွယ်စုဆီသို့ ရောက်ရှိလာခဲ့ပြီး စိုးရိမ်ပူပန်စွာဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"အလီနာ... ငါ့ရဲ့ သမီးလေး..." သူက ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိရင်း... နောက်တစ်စက္ကန့်၌ မျိုးနွယ်စုအတွင်းသို့ မဝင်ရောက်မီ လင်းမျိုးနွယ်စု၏ ကင်းစောင့်စစ်သည်များထံသို့ သူ၏ လက်စွပ်ကို ထပ်မံ၍ ပြသလိုက်ပြန်သည်။
ကင်းစောင့်စစ်သည်များသည် ထိုအဖိုးအိုကို မြင်တွေ့လိုက်ရသည့်အခါ စိုးရိမ်ပူပန်စွာဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကြ၏။
"မင်း သူ့ရဲ့ ညာဘက်ပုခုံး ဘေးပတ်ပတ်လည်မှာရှိတဲ့ ခြင်္သေ့ပုံသဏ္ဌာန် အမှတ်အသားကို မြင်လိုက်ရဲ့လား..." ကင်းစောင့်စစ်သည်များထဲမှ တစ်ဦးက ထိုအဖိုးအို ထွက်ခွာသွားရာ အရပ်မျက်နှာဆီသို့ စိုက်ကြည့်နေမိရင်း... မိမိ၏ ဘေးနားတွင် မတ်တတ်ရပ်နေသော အခြားသော ကင်းစောင့်စစ်သည်ကို လှမ်း၍ မေးမြန်းလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သူက သူ့ကို လှမ်းကြည့်လိုက်ရင်း ဦးခေါင်းညိတ်ပြလိုက်ကာ—
"ဟုတ်တယ်... သေချာပေါက်ပဲ၊ တကယ်လို့ ငါ မမှားဘူးဆိုရင်တော့... သူက 'ဆာ လီယွန် ' ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ သူက ဘာဖြစ်လို့ မြစ်ကမ်းပါးနားမြို့တော်ရဲ့ အတွင်းထဲကို ရောက်နေရတာလဲ... သူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပျောက်ကွယ်သွားခဲ့တယ်လို့ ငါ ကြားဖူးထားတာ..." ဟု ထိုကင်းစောင့်စစ်သည်က သူ၏ မျက်နှာထက်တွင် ချွေးစေးများ ထွက်ပေါ်နေလျက် ပြန်လည်ဖြေကြားပေးလိုက်တော့သည်။
ထိုအတောအတွင်း—
"အမေ... အရာအားလုံး အဆင်ပြေသွားမှာ မဟုတ်လားဟင်..." ဒီယာက အလီနာကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အလီနာက ဦးခေါင်းညိတ်ပြလိုက်ကာ— "အဲဒီကိစ္စတွေအတွက် စိတ်မပူပါနဲ့၊ ထိုအရာတွေကို အဖေနဲ့ 'စုလင်' တို့ဆီမှာပဲ ထားပစ်လိုက်ပါ... သူတို့ အရာအားလုံးကို စီမံခန့်ခွဲသွားနိုင်ပါလိမ့်မယ်..." ဟု သူမ၏ ခုတင်ဘေးတွင် ထိုင်နေရင်း ဒီယာကို ပြန်လည်ဖြေကြားပေးလိုက်၏။
ဒီယာသည် သူမ နက်ရှိုင်းသော အိပ်စက်ခြင်းမှ နိုးထလာခဲ့ပြီးနောက်တွင် ယိုဟန်က သူမ၏ ရှေ့မှောက်၌ ကိုယ်ထင်မပြခဲ့သဖြင့်... သူ့ကို မျှော်လင့်နေမိရင်း အခန်းဝင်ပေါက်၏ အရပ်မျက်နှာဆီသို့ လှမ်း၍ စိုက်ကြည့်နေခဲ့ကာ သူ၏အတွက်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေခဲ့သည်။
အလီနာသည် ဒီယာ ဘာတွေ တွေးတောနေသလဲဆိုသည်ကို နားလည်ထားသော်လည်း... သူမ ကိုယ်တိုင်လည်း ယိုဟန် ဘယ်နေရာကို သွားနေသလဲဆိုသည်ကို လုံးဝ မသိရှိထားပါချေ။ အဘိုးအိုလင်သည် ယိုဟန်နှင့် ပတ်သက်၍ အလီနာ၏ မေးခွန်းများကို လျစ်လျူရှုထားခဲ့သော်လည်း... သူ အဆင်ပြေနေပြီး မကြာခင်မှာပဲ အိမ်ကို ပြန်လာလိမ့်မည်ဖြစ်ကြောင်း သူမကို ပြောကြားထားခဲ့သည်။
"ဒီယာ... သမီး ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်၊ ပြီးတော့ သူ့အတွက် စိတ်မပူပါနဲ့... သူ မကြာခင်မှာပဲ ပြန်လာပါလိမ့်မယ်..." အလီနာက သူမကို ပြန်လည်ဖြေကြားပေးလိုက်၏။
သို့သော်လည်း ဒီယာသည် အလီနာ တစ်စုံတစ်ခုကို ကွယ်ဝှက်ထားကြောင်း သိရှိထားသဖြင့် စိတ်အေးလက်အေး မရှိခဲ့ပါချေ။ သူမသည် ညစာစားပြီးကတည်းက သူ့ကို မြင်တွေ့ရခြင်း မရှိခဲ့သော်လည်း... အလီနာ ကိုယ်တိုင်ကလည်း တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေသဖြင့် သူမကို ထပ်မံ၍ အနှောင့်အယှက် မပေးချင်တော့သဖြင့် သက်ပြင်းသာ ချလိုက်မိတော့သည်။သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် ၎င်းတို့သည် ဒီယာ၏ အခန်းတံခါးကို ခေါက်လိုက်သည့် အသံတစ်ခုကို ကြားလိုက်ရ၏။
"ကျွန်မ အတွင်းထဲကို ဝင်လာလို့ ရမလားခင်ဗျာ... သခင်မလေး အလီနာ..." တံခါးဝမှနေ၍ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အာနာ... အတွင်းထဲကို ဝင်လာခဲ့ပါ၊ ငါလည်း မင်းကို လှမ်းခေါ်တော့မလို့ပဲ..." အလီနာက အာနာကို ပြန်လည်ထူးလိုက်၏။
ပြီးနောက် နောက်တစ်ခဏ၌ အာနာသည် အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အလီနာ၏ အနားသို့ ချဉ်းကပ်သွားခဲ့သည်။
"သခင်မလေး... ဧည့်ခန်းရဲ့ အတွင်းထဲမှာ သခင်မလေးကို စောင့်ဆိုင်းနေတဲ့ လူတစ်ယောက် ရှိနေပါတယ်..." အာနာက အလီနာကို ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
အလီနာသည် မိမိအနေဖြင့် မည်သည့်ဧည့်သည်နှင့်မျှ ချိန်းဆိုထားခြင်း မရှိကြောင်း သတိရလိုက်မိသဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
"ဘယ်သူလဲဟင်..." အလီနာက မေးမြန်းလိုက်၏။
"သခင်မလေးရဲ့ အဖေ... ဆာ လီယွန် ရောက်ရှိနေတာပါ သခင်မလေး..." အာနာက အလီနာကို ကြည့်ရင်း ပြုံးလျက် ထိုစကားလုံးများကို ဆိုလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အလီနာ၏ နှလုံးခုန်သံများမှာ ပိုမိုမြန်ဆန်လာခဲ့ရပြီး စိတ်လှုပ်ရှား ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာခဲ့ရတော့သည်။
"အဖေ ရောက်နေတာလား... နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီပဲ၊ ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်..." အလီနာက ဒီယာကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိတော့သည်။