ကျယ်ဝန်း၍ သားနားထည်ဝါလှသော အခန်းတစ်ခန်း၏ အတွင်း၌ အမျိုးသမီးတစ်ဦး လဲလျောင်းနေရင်း သူမ၏ မျက်လုံးများကို ဖွင့်ဟလိုက်သည်ကို မြင်တွေ့ရသည်။
"သူ ရောက်နေပြီ..." အီဗလင်းက မျက်လုံးများကို ဖွင့်လိုက်ရင်း တီးတိုးရေရွတ်လိုက်၏။ ဝတ်ဆင်ထားသော မျက်လုံးများ၏ အရောင်မှာ ကောင်းမွန်စွာ အနားယူပြီးနောက်တွင် ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်သွားခဲ့ပြီဖြစ်ရာ... သူမသည် လုံးဝကို သာမန်အတိုင်း ပြန်လည်ကောင်းမွန်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေခဲ့သည်။
ပြီးနောက် နောက်တစ်ခဏ၌ အာနာသည် သူမ၏ ခုတင်ဘေးတွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး— "သခင်မ.. နိုးလာပြီလားဟင်..." ဟု အီဗလင်းကို ကြည့်ရင်း ဆိုလိုက်သည်။
အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ အာနားကို လှမ်း၍ စိုက်ကြည့်လိုက်၏။
"ကာနာ ဘာတွေ လုပ်နေသလဲဆိုတာ သွားပြီး ကြည့်လိုက်ဦး... ငါလည်း မကြာခင် မင်းတို့ဆီကို လာခဲ့မယ်..." အီဗလင်းက အာနာကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အီဗလင်းသည် မိမိ၏ ခန္ဓာကိုယ်ထက်တွင် မည်သည့်အဝတ်အစားမျှ ဝတ်ဆင်ထားခြင်းမရှိသဖြင့် စောင်တစ်ထည်ဖြင့် ဖုံးအုပ်ထားခဲ့၏။ အာနားက ထိုစကားကို ကြားလိုက်ရသည့်အခါ ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ အီဗလင်း၏ မျက်စိရှေ့မှနေ၍ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့တော့သည်။
အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ခုတင်ပေါ်မှ ထကာ မိမိအခန်း၏ သီးသန့်အရပ်မျက်နှာတစ်ခုဆီသို့ လှမ်း၍ ကြည့်ရှုလိုက်ပြီး... အဝတ်အစားများ ကွယ်ဝှက်ထားရာ နေရာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့သည်။
ထို့နောက် နောက်တစ်ခဏ၌ သူမသည် အပြာရောင် ဝတ်ရုံရှည်တစ်ထည်ကို ထုတ်ယူလိုက်ကာ မှန်တင်ခုံရှေ့သို့ လျှောက်လှမ်းသွားခဲ့၏။
"ဒါက တကယ့်ကို ကွက်တိပဲ... သူ့ကို သွားပြီး တွေ့ရမယ့် အချိန်ရောက်ပြီ..." သူမက ဝတ်ရုံကို စတင်ဝတ်ဆင်ရင်း ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိတော့သည်။
ထိုအတောအတွင်း.....
"တောက်... ဒီလိုမျိုး နယ်မြေကူးပြောင်းရေးဂိတ် တွေထဲကနေ ဖြတ်သန်းပြီး ခရီးသွားရတာကို ငါ တကယ်ပဲ မုန်းတီးတာပဲ..." ယိုဟန်သည် ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းလျက် ဒူးထောက်နေမိရင်း တီးတိုးရေရွတ်လိုက်သည်။ သူသည် နောက်ဆုံးတွင် အီဗလင်း၏ စံအိမ်တော် ဘေးပတ်ပတ်လည်တွင် ပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး... သူ၏ အကြည့်များမှာ အနက်ရောင်နှင့် အနီရောင်ဖျော့ဖျော့ အလင်းတန်းများ တစ်ဖျတ်ဖျတ် တောက်ပနေသော မိမိ၏ အနောက်ကွယ်ရှိ နယ်မြေကူးပြောင်းရေးဂိတ်ဆီသို့ ရောက်ရှိသွားခဲ့၏။
ယိုဟန်က ထိုဂိတ်ကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည့်ခဏ၌... ရုတ်ချည်းဆိုသလို ရင်းနှီးကျွမ်းဝင်နေခဲ့သော အသံတစ်ခုကို ကြားလိုက်ရတော့သည်။
"မင်းက အသက်ရှင်နေသေးတာပဲ... ငါကတော့ မင်း အဲဒီနေရာကနေ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး ပြန်မလာနိုင်တော့ဘူးလို့ ထင်နေတာ၊ အခုလိုမျိုး မင်းကို ဒီနေရာမှာ မြင်တွေ့လိုက်ရလို့ တကယ့်ကို အံ့ဩမိပါတယ်..." ကာနာသည် ယိုဟန်၏ ရှေ့မှောက်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
ယိုဟန်က သူ၏ ဦးခေါင်းကို စောင်းလိုက်မိရင်း ခါနာကို လှမ်း၍ စိုက်ကြည့်လိုက်ကာ "ဟင်း... မင်းရဲ့ ဆန္ဒက ဒီတစ်ကြိမ်မှာတော့ ပြည့်ဝသွားမှာ မဟုတ်ဘူးလို့ ပြောရတာ စိတ်မကောင်းပါဘူး..." ဟု ကာနာကို ပြန်လည်တုံ့ပြန်လိုက်ပြီးနောက်... သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ကာ သူမကို တည်ငြိမ်အေးဆေးစွာဖြင့် စိုက်ကြည့်လိုက်တော့သည်။
"သူမကော... သူမ အဆင်ပြေရဲ့လားဟင်... သခင်မလေး အီဗလင်းက သူမကို ဆေးကုသပေးခဲ့ရဲ့လား..." ယိုဟန်က ခိုင်မာပြတ်သားသော မျက်နှာအမူအရာဖြင့် ခါနာကို လှမ်း၍ မေးမြန်းလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ကာနာက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ
"မင်းကြောင့်မို့လို့ သခင်မလေး အီဗလင်းက သူမကို ကုသပေးဖို့အတွက် တကယ့်ကို ဒုက္ခခံပြီး လုပ်ဆောင်ပေးခဲ့တာ... သူမ အခု အဆင်ပြေသွားပါပြီ၊ အန္တရာယ်ကနေလည်း လုံးဝ ကျော်လွန်သွားခဲ့ပါပြီ..." ဟု ခါနာက ယိုဟန်ကို ပြန်လည်ဖြေကြားပေးလိုက်၏။
သူမ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ယိုဟန်သည် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်သွားခဲ့ရသဖြင့် ဆတ်ခနဲ အပေါ်သို့ ခုန်တက်လိုက်မိရင်း... ကာနာကို တင်းကျပ်စွာ လှမ်း၍ ဖက်လိုက်မိတော့သည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသဖြင့် မိမိ၏ ခန္ဓာကိုယ်အထက်ပိုင်းတွင် အဝတ်အစားများ ဝတ်ဆင်ထားခြင်း မရှိသည်ကိုပင် လုံးဝ မေ့လျော့နေခဲ့၏။
ကာနာသည် ယိုဟန်၏ ဖက်လှိုက်ခြင်းကို ခံလိုက်ရသည့်အခါ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းများ ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ဤသည်မှာ သူမ၏ ဘဝသက်တမ်းတစ်ခုလုံးတွင် အမျိုးသားတစ်ဦး၏ ပထမဆုံးအကြိမ် ဖက်လှိုက်ခြင်းကို ခံရဖူးခြင်း ဖြစ်ပေသည်။
သူမသည် ယခုလက်ရှိ ခံစားနေရသော ခံစားချက်မျိုးကို တစ်ခါမျှ မခံစားဖူးခဲ့ပါချေ။ သူမ၏ ခြေထောက်များမှာ တောင့်တင်းသွားခဲ့ရပြီး... နှလုံးခုန်သံများမှာလည်း တဒုန်းဒုန်းနှင့် ပိုမိုမြန်ဆန် ပြင်းထန်လာခဲ့ရသဖြင့် တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်မိရှာသည်။
သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် လုံးဝ မျှော်လင့်မထားခဲ့သော အရာတစ်ခု ဖြစ်ပွားခဲ့ရ၏။
"မင်းက ငါ့ရဲ့ အစ်မအပေါ်ကို ဘာတွေ လာပြီး ကစားနေတာလဲ... အယုတ်တမာ ကာမရူးကောင်ရဲ့..." အသံတစ်သံက ယိုဟန်၏ နားစည်အတွင်းသို့ တစ်ဟုန်ထိုး ရိုက်ခတ်လာခဲ့သဖြင့်... သူက ထိုအသံထွက်ပေါ်ရာဆီသို့ မျက်နှာကို လှည့်ကြည့်လိုက်သော်လည်း တုံ့ပြန်ရန်အတွက်မူ တကယ့်ကို နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဖြောင်း...
လက်သီးချက်တစ်ခုက ယိုဟန်၏ မျက်နှာထက်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သဖြင့်... သူ၏ ခန္ဓာကိုယ်မှာ အနောက်ဘက်ရှိ သစ်ပင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် လွင့်စင်သွားခဲ့ရတော့သည်။
"ဘာကြီးလဲဟ..." ပျံသန်းဝင်ရောက်လာသော လက်သီးချက်ကို မြင်တွေ့လိုက်ရသည့်ခဏ၌ ထိုစကားလုံးများမှာ သူ၏ ပါးစပ်ဖျားမှ တီးတိုးထွက်ပေါ်သွားခဲ့ရ၏။ ယိုဟန်၏ ခန္ဓာကိုယ်မှာ ထာဝရအကျဉ်းထောင်အတွင်း၌ အတွင်းဒဏ်ရာများကို ရရှိခဲ့ဖူးပြီး ယခုထက်တိုင် အပြည့်အဝ ပြန်လည်သက်သာခြင်း မရှိသေးသဖြင့် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ယိုဟန်သည် သူမ၏ လက်သီးချက်ဖြင့် အထိုးခံလိုက်ရပြီးနောက်... ဦးခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားခဲ့ရပြီး ထိုလက်သီးချက်၏ နောက်ကွယ်ရှိ စွမ်းအားမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် နောက်တစ်စက္ကန့်၌ သတိလစ်မေ့မြောသွားခဲ့ရတော့သည်။
အာနားသည် မျက်နှာတစ်ခုလုံး ရဲရဲနီလျက် ကျောက်ရုပ်တစ်ရုပ်အလား မတ်တတ်ရပ်နေသော ခါနာ၏ အနားသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့၏။ သူမသည် မိမိ၏ ရင်ထဲတွင် ရင်ခုန်သံများ ဗယောက်ဗယက် ဖြစ်ပေါ်နေခဲ့ရရှာသည်။
"အဆင်ပြေရဲ့လား အစ်မကြီး... အဲဒီတိရစ္ဆာန်က အစ်မအပေါ်ကို တစ်ခုခု ရိုင်းရိုင်းစိုင်းစိုင်း လုပ်လိုက်သေးလား..." အာနာက ခါနာ၏ ပုခုံးကို ဖွဖွပုတ်ပေးရင်း လှမ်း၍ မေးမြန်းလိုက်သည်။
ခါနာက အာနာကို လှမ်းကြည့်လိုက်မိရင်းမှ အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့ပြီး... နောက်တစ်စက္ကန့်၌ သူမ၏ အကြည့်များသည် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောလျက် လဲလျောင်းနေသော ခန္ဓာကိုယ်ဗလာကျင်းနေသည့် ယိုဟန်ထံသို့ ရောက်ရှိသွားခဲ့၏။
" မင်း သူ့ကို ဘာတွေ လုပ်လိုက်တာလဲ၊ အဲဒီလိုမျိုး မဟုတ်ပါဘူးဟ... သူက အဲဒီအမျိုးသမီးရဲ့ အကြောင်းကို ကြားလိုက်ရလို့ အလွန်အမင်း ဝမ်းသာအားရဖြစ်ပြီး စိတ်လှုပ်ရှားသွားလို့ အမှတ်မထင် ငါ့ကို လာဖက်မိတာပါ၊ ဒါက သူ့ရဲ့ အပြစ်မဟုတ်ပါဘူး..." ကာနာက အာနားကို ပြန်လည်အော်ဟစ်ဆိုလိုက်ရင်း... မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယိုဟန်၏ အနားသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့တော့သည်။
အာနာသည် ခါနာ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရပြီး... သူမ၏ မျက်နှာထက်တွင် ခါးသီးလှသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ရ၏။
"ဟင်း... ငါကတော့ သူက အစ်မခါနာအပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့ ကြိုးစားနေတယ်လို့ ထင်နေတာ၊ ငါ တကယ့်ကို အမှားတစ်ခု လုပ်မိသွားတာပဲ... ဒါပေမဲ့ ဒါက သူ့ရဲ့ အပြစ်ပဲလေ၊ ငါ့အပြစ် မဟုတ်ပါဘူး... ဟုတ်တယ်... ငါက ငါ့ရဲ့အစ်မကို ကာကွယ်ဖို့အတွက် ငါ့ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာပဲဥစ္စာ၊ ဒါက သာမန် နားလည်မှုလွဲမှားခြင်းတစ်ခုပဲလို့ ထင်တာပဲ..." အာနားက မိမိ၏ လုပ်ရပ်များအတွက် ယိုဟန်အပေါ်သို့ အပြစ်ပုံချရန် ကြိုးပမ်းရင်း တခစ်ခစ် ရယ်မောလိုက်မိသည်။ ခါနာက သူမကို လှမ်း၍ စိုက်ကြည့်လိုက်မိရင်း "မင်း ဘာတွေ လုပ်နေတာလဲ... ဒီကိုလာပြီး ငါ့ကို ကူညီဦးစမ်း..." ဟု အာနာကို လှမ်း၍ အော်ဟစ်လိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အာနာက အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ယိုဟန်၏ အနားသို့ ချဉ်းကပ်သွားခဲ့၏။
"သူက ငါ့ရဲ့ ရိုက်ချက်ဒဏ်ကြောင့် သေသွားတာတော့ မဟုတ်ပါဘူးနော်..." အာနားက မျက်နှာတစ်ခုလုံး ဖူးရောင်လျက်... ခန္ဓာကိုယ်ထက်တွင်လည်း ပွန်းပဲ့ဒဏ်ရာများနှင့် ပြတ်ရှဒဏ်ရာအချို့ ဖြစ်ပေါ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယိုဟန်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
"မဟုတ်ဘူး... သူ အသက်ရှင်နေပါသေးတယ်၊ မင်းက သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်လို့ သူ သတိလစ်သွားရုံတင်ပါ... တောက်... အာနား၊ မင်းကိုယ်မင်း ထိန်းချုပ်ဖို့အတွက် ငါ မင်းကို ဘယ်နှစ်ကြိမ်တောင် ပြောခဲ့ဖူးလဲ၊ မင်း ဘာတွေ လုပ်လိုက်သလဲဆိုတာကိုလည်း ကြည့်ဦး... သူက အရင်ကတည်းက ဒဏ်ရာတွေ ရရှိထားတာကို မင်းက ပိုပြီး ဆိုးရွားအောင် လုပ်ပစ်လိုက်တာပဲ၊ ငါတို့ ဒီကိစ္စကို သခင်မအီဗလင်းကို ဘယ်လိုမျိုး သွားပြီး ပြောပြရတော့မှာလဲ..." ခါနာက အာနာကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
အာနားကမူ သူမ၏ အကြည့်များကို လျစ်လျူရှုထားခဲ့ရင်း အခြားသော အရပ်မျက်နှာဆီသို့ လှမ်း၍ ကြည့်ရှုနေခဲ့သည်။ သို့သော်လည်း ရုတ်ချည်းဆိုသလို ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ အနောက်ကွယ်မှနေ၍ ရင်းနှီးကျွမ်းဝင်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သဖြင့် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရတော့သည်။
"မင်းတို့နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ... ယိုဟန်ကော ဘယ်မှာလဲ..." အပြာရောင် ဝတ်ရုံရှည်ကို ဆင်တူဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ၎င်းတို့၏ အနောက်ကွယ်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့ရင်း ထိုစကားလုံးများကို ဆိုလိုက်ပေသည်။
အာနားနှင့် ကာနာတို့နှစ်ဦးစလုံး၏ အကြည့်များသည် သခင်မလေး အီဗလင်းထံသို့ ရောက်ရှိသွားခဲ့ကြပြီး ခါးသီးစွာ ပြုံးလိုက်ကြမိ၏။ အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ယိုဟန်ကို လှမ်း၍ စိုက်ကြည့်လိုက်သည်။
"ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ... သူက ဘာဖြစ်လို့ ဒီလိုမျိုး အခြေအနေအထိ ဖြစ်သွားရတာလဲ၊ ငါကတော့ သူ ဒီနေရာကို ရောက်လာတာကို အထင်အရှား မြင်တွေ့လိုက်ရတာပဲဥစ္စာ..." အီဗလင်းက ကာနာကို ကြည့်ရင်း မေးမြန်းလိုက်၏။
ကာနာက သက်ပြင်းတစ်ချက် ချလိုက်မိရင်း ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သေသေချာချာ ရှင်းလင်းပြောပြလိုက်တော့သည်။ အာနာကမူ သခင်မလေး အီဗလင်း၏ အကြည့်များကို ရှောင်လွှဲရန်အတွက် အခြားသော အရပ်မျက်နှာဆီသို့သာ သေသေချာချာ စိုက်ကြည့်နေခဲ့၏။
ထိုရှင်းလင်းချက်ကို ကြားလိုက်ရသည့်အခါ အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း အာနားနှင့် ကာနာတို့ကို စိုက်ကြည့်လိုက်ကာ— "သူ့ကို စံအိမ်တော်ရဲ့ အတွင်းထဲအထိ သယ်ဆောင်လာခဲ့ကြစို့..." ဟု မိန့်ကြားလိုက်တော့သည်။