မြစ်ကမ်းပါးမြို့တော် ၏ ဝင်ပေါက်ရှေ့တွင် လူရိပ်နှစ်ခု မတ်တတ်ရပ်နေသည်ကို မြင်တွေ့ရပြီး... ၎င်းတို့သည် မြို့ထဲတွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ် အခြေအနေများကို လှမ်း၍ ကြည့်ရှုနေကြသည်။
"သခင်ကြီးက မြို့ထဲကို တိတ်တဆိတ် မဝင်ဖို့ ငါတို့ကို မှာထားတယ်၊ အနည်းဆုံးတော့ အင်အားကြီး မျိုးနွယ်စုကြီးနှစ်ခု စစ်ခင်းတော့မယ့် အခုလိုအချိန်မျိုးမှာပေါ့... ငါကတော့ အဲဒီမျိုးနွယ်စုတွေထဲက ဘယ်သူနဲ့မှ အခုလောလောဆယ် ပဋိပက္ခ မဖြစ်ချင်ဘူး..." အမျိုးသားတစ်ဦးက မြို့တံခါးဝဆီသို့ လှမ်းကြည့်ရင်း ဆိုလိုက်သည်။ ထိုနေရာတွင် မြို့စောင့်ရဲမတ်များကို မြင်တွေ့နေရပြီး မည်သူမဆို ၎င်းတို့၏ နောက်ခံအသိုင်းအဝိုင်း မည်မျှပင်ကြီးမားပါစေ မြို့ထဲသို့ ဝင်ရောက်ခွင့်ကို လုံးဝ ပိတ်ပင်တားမြစ်ထားခဲ့သည်။
သူသည် ဤမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိပြီးနောက်... သူ၏ အကြည့်များသည် မိမိနှင့်အတူ မြို့တံခါးဝကို စိုက်ကြည့်ရင်း ဘေးနားတွင် မတ်တတ်ရပ်နေသော အဖော်ဖြစ်သူထံသို့ ရောက်ရှိသွားခဲ့သည်။
"မင်းရဲ့ အမြင်အရဆိုရင်ကော... ဒါက ကောင်းတဲ့ အကြံဉာဏ်လား၊ ဒါမှမဟုတ် မကောင်းတဲ့ အကြံဉာဏ်လား..." ဟု သူက ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
သူ့ဘေးတွင် ရပ်နေသောအမျိုးသားက ဦးခေါင်းညိတ်ပြလိုက်မိရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ—
"မှန်ပါတယ်... မင်းပြောတာ အတိအကျပဲ၊ ငါတို့ အဲဒီကိစ္စတွေထဲမှာ ဝင်ရောက်ပတ်သက်လို့ မဖြစ်ဘူး... ငါတို့ သူမကို ဘာပြဿနာမှမရှိဘဲ လွယ်လွယ်ကူကူ ရှာဖွေရမယ်၊ မဟုတ်ရင် တစ်စုံတစ်ယောက်က ငါတို့အကြောင်းကိုသာ စုံစမ်းသိရှိသွားခဲ့ရင် အရာအားလုံးက ငါတို့အတွက် တကယ့်ကို ခက်ခဲသွားလိမ့်မယ်..." ဟု ပြန်လည်ဖြေကြားလိုက်သည်။
ပြီးနောက် နောက်တစ်ခဏ၌ ၎င်းတို့နှစ်ဦးစလုံးသည် ဦးခေါင်းညိတ်ပြလိုက်ကြရင်း ထိုနေရာမှနေ၍ ထွက်ခွာသွားခဲ့ကြတော့သည်။ သို့သော်လည်း ၎င်းတို့၏ အနောက်ကွယ် အဝေးတစ်နေရာမှနေ၍ အနက်ရောင်လူရိပ်အချို့က တိတ်တဆိတ် လိုက်လံစောင့်ကြည့်နေခဲ့ကြသည်ကိုမူ ၎င်းတို့နှစ်ဦး လုံးဝ မရိပ်မိခဲ့ကြပါချေ။
"တကယ်ပဲ... ဒီလူနှစ်ယောက်က ကြည့်ရတာ တော်တော်လေး သံသယဖြစ်စရာကောင်းတယ်၊ သခင်ကြီးလင်က သူတို့တွေဟာ လင်မျိုးနွယ်စုအတွက် ရည်ရွယ်ပြီး ရောက်လာတာမဟုတ်ဘဲ အခြားတစ်စုံတစ်ခုကို ရှာဖွေနေပုံရတဲ့အတွက် အခုလောလောဆယ် သူတို့ကို အဝေးကနေပဲ စောင့်ကြည့်ထားဖို့ အမိန့်ပေးထားတယ်..." အနက်ရောင်လူရိပ်များထဲမှ ခေါင်းဆောင်ဖြစ်သူက မိမိကို စိုက်ကြည့်ရင်း အမိန့်ကို စောင့်ဆိုင်းနေကြသော အခြားလူများကို ကြည့်ကာ ဆိုလိုက်သည်။
"လောလောဆယ်တော့ သူတို့အနောက်ကိုပဲ လိုက်စောင့်ကြည့်ကြရအောင်၊ တကယ်လို့ သူတို့တွေက မြို့ထဲကို တိတ်တဆိတ် ခိုးဝင်ဖို့ ကြိုးစားတာမျိုး ဒါမှမဟုတ် လင်းမျိုးနွယ်စုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူတွေကို အန္တရာယ်ပြုဖို့ ကြိုးပမ်းတာမျိုး မလုပ်မချင်း ဘယ်သူမှ လက်ဦးမှုယူပြီး မလှုပ်ရှားရဘူး..." ထိုလူရိပ်က အခြားသော လူရိပ်အချို့ကို ကြည့်ရင်း ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ၎င်းတို့အားလုံးက ဦးခေါင်းညိတ်ပြလိုက်ကြရင်း... ထိုလူနှစ်ယောက်၏ အနောက်ကွယ်မှနေ၍ ရိပ်မိခြင်းမရှိစေဘဲ တိတ်တဆိတ် ခြေရာခံလိုက်လံ စောင့်ကြည့်ကြတော့သည်။
ထိုအတောအတွင်း—
"မြစ်ကမ်းပါးမြို့တော်ရဲ့ ဘေးပတ်ပတ်လည်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ ငါ့ကို ပြောစမ်း..." အမျိုးသားတစ်ဦးက ထိုစကားလုံးများကို အော်ဟစ်ဆိုလိုက်သည်။သူသည် မကြာမီ စစ်ပွဲအတွင်းသို့ ဆင်းသက်တော့မည့်အလား ချပ်ဝတ်တန်ဆာများကို အသီးသီး ဝတ်ဆင်ထားကြသော လူအနည်းငယ်နှင့်အတူ ခန်းမကြီး၏ အတွင်းထဲတွင် ထိုင်နေခြင်း ဖြစ်ပေသည်။
"သခင်ကြီး နီကိုးလပ်စ် ... အဲဒီအဘိုးကြီးနဲ့ သူ့ရဲ့လူတွေက မြစ်ကမ်းပါးမြို့တော်ကနေ ထွက်ခွာလာကြပြီဖြစ်လို့... မကြာခင်မှာ ဒီနေရာကို ဦးတည်ပြီး ရောက်ရှိလာကြတော့မှာပါ..." အမျိုးသားတစ်ဦးက သူ့ကို ဦးညွှတ်အရိုအသေပြုရင်း ထိုစကားလုံးများကို တီးတိုးတင်ပြလိုက်သည်။
"နောက်ဆုံးတော့လည်း သူက ငါ့ကို စပြီး တိုက်ခိုက်ဖို့ သတ္တိရှိရှိနဲ့ လက်ဦးမှုယူလိုက်တာပေါ့... တကယ့်ကို ကောင်းတာပေါ့ အဘိုးကြီးလင်ရယ်၊ မင်းဆီကနေ ဒီလိုမျိုး လုပ်ရပ်ကို ငါ မျှော်လင့်ထားပြီးသားပါ..." သူက မိမိ၏ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း ဘေးနားတွင် ထိုင်နေကြသော လူများကို လှမ်း၍ ကြည့်ရှုကာ အော်ဟစ်ဆိုလိုက်သည်။
"ငါ့ရဲ့ ညီအစ်ကိုတို့... အချိန်ကျပြီ၊ အဲဒီအဘိုးကြီးက မကြာခင်မှာ ပန်းမြို့တော် ကို ရောက်ရှိလာတော့မှာ ဖြစ်လို့... ငါတို့တွေ စစ်ပွဲအတွက် အဆင်သင့်ပြင်ထားကြစို့..." နီကိုးလပ်စ်သည် သူ၏ရှေ့တွင် ထိုင်နေသော အမျိုးသားကို လှမ်း၍ စိုက်ကြည့်လိုက်၏။နီကိုးလပ်စ်၏ မျက်နှာထက်တွင် ရက်စက်ယုတ်မာလှသော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
"စိတ်မပူပါနဲ့ ညီအစ်ကို... အဲဒီအဘိုးကြီးက ဒီနေရာကနေ အသက်ရှင်လျက် ပြန်ပြီး ထွက်ခွာသွားနိုင်မှာ မဟုတ်ပါဘူး၊ ပန်းမြို့တော်ရဲ့ အတွင်းထဲမှာ သူ့အတွက် ဘယ်လိုမျိုး အရာတွေ စောင့်ကြိုနေသလဲဆိုတာကို သူ လုံးဝ သိမှာမဟုတ်ဘူး..." ရာဂ်ျ ဟု ခေါ်တွင်သော အဆိပ်ချိုင့်ဝှမ်းတစ်ရာ ၏ သခင်လေးက သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလျက် နီကိုးလပ်စ်ကို ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
သူ့ပါးစပ်မှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အားလုံးက ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက်... အဖိုးအိုလင်းကို အသေသတ်ရန် အပြည့်အဝ ယုံကြည်ချက် ရှိနေကြသဖြင့် တစ်ပြိုင်နက်တည်း တဟားဟား ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်ကြတော့သည်။
နီကိုးလပ်စ်က သခင်လေးရာဂ်ျကို လှမ်း၍ စိုက်ကြည့်လိုက်ကာ— "ညီအစ်ကို... အဲဒီ အသုံးမကျတဲ့ 'စုလင်' ကိုတော့ မင်းဆီပဲ လွှဲအပ်လိုက်မယ်၊ အဲဒီအဘိုးကြီးကိုတော့ ငါ့လက်ထဲပဲ ထားလိုက်စမ်းပါ..." ဟု ရာဂ်ျကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ရာဂ်ျက ဦးခေါင်းညိတ်ပြလိုက်မိရင်း နီကိုးလပ်စ်ကို လှမ်း၍ ကြည့်ကာ— "မင်းရဲ့ ဆန္ဒအတိုင်းပါပဲ... သခင်ကြီး နီကိုးလပ်စ်..." ဟု ဆိုကာ ပြုံးလိုက်တော့သည်။
ပြီးနောက် ၎င်းတို့အားလုံးသည် နီကိုးလပ်စ်၏ အနောက်ကွယ်မှနေ၍ လိုက်ပါလျက် ထိုနေရာမှ ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
ကောင်းကင်ယံထက်တွင် မတ်တတ်ရပ်နေသော အမျိုးသားသုံးဦးကို မြင်တွေ့ရပြီး... မြေပြင်ပေါ်တွင်မူ ထောင်ပေါင်းများစွာသော လူအစုအဝေးကြီးက ကောင်းကင်ယံဆီသို့ မော့ကြည့်လျက် မတ်တတ်ရပ်နေကြသည်။
ဤလူများသည် လင်မျိုးနွယ်စု၏ စစ်သည်တော်များ ဖြစ်ကြပြီး... ၎င်းတို့အားလုံးသည် အကြီးအကဲလင်၏ အမိန့်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။ စုလင်နှင့် အာဂျန်တို့ကလည်း ထိုအဖိုးအိုနှင့်အတူ ဘေးနားတွင် လိုက်ပါလာခဲ့ကြ၏။
အဖိုးအိုလင်းသည် မြေပြင်ပေါ်ရှိ လူအစုအဝေးကြီးကို လှမ်း၍ ငုံ့ကြည့်လိုက်သည်။
"အားလုံးပဲ... ဒီနေ့ဟာ ငါတို့ လင်မျိုးနွယ်စုကို အစဉ်တစိုက် လာရောက်ရန့်စပြုနေကြတဲ့ အဲဒီအသုံးမကျတဲ့ ကောင်တွေကို ငါတို့ရဲ့ အစွမ်းအစတွေကို သေသေချာချာ ထုတ်ပြရမယ့်နေ့ပဲ၊ ငါတို့ လင်းမျိုးနွယ်စုကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ကြတဲ့ အယုတ်မာတွေကို သတ်ဖြတ်ပြီး... ငါတို့ရဲ့ ယခင်က ဂုဏ်သိက္ခာနဲ့ အရှိန်အဝါတွေကို ပြန်လည်ရယူရမယ့် အချိန်ဟာ နောက်ဆုံးတော့ ရောက်ရှိလို့လာခဲ့ပြီ... ငါတို့ရဲ့ လမ်းခရီးမှာ ပိတ်ဆို့တားဆီးလာသမျှ အရာအားလုံးကို အမြစ်ပြတ်အောင် ဖျက်ဆီးပစ်ကြမယ်..." အဖိုးအိုလင်းသည် အာဂျွန်၊ စုလင်တို့နှင့်အတူ မြေပြင်ပေါ်ရှိ လူများကို လှမ်း၍ စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အားလုံးသည် မိမိတို့၏ ဘေးပတ်ပတ်လည်တွင် ဆန်းသစ်သော မှော်စွမ်းအင် များ တစ်ဟုန်ထိုး တိုးပွားလာသည်ကို ခံစားလိုက်ရပြီး... ၎င်းတို့၏ သွေးသားများမှာလည်း ကလဲ့စားချေလိုစိတ်များဖြင့် ဆူပွက်တက်လာခဲ့ရသည်။
ပြီးနောက် ဟင်းလင်းပြင် လေထုထဲတွင် ရုတ်ချည်းဆိုသလိုပင် အနက်ရောင်လူရိပ် ခုနစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့သည် အကြီးအကဲလင်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"အဲဒီလူတွေကို ဦးဆောင်ပြီး... ဘယ်လိုမျိုး သနားညှာတာမှုမှ မပြဘဲ မြင်မြင်သမျှလူ အားလုံးကို သတ်ပစ်ကြစမ်း..." အဖိုးအိုက အနက်ရောင်ဝတ်စုံများကို ဆင်တူဝတ်ဆင်ထားကြပြီး မျက်နှာများကို ခေါင်းစွပ်များဖြင့် ဖုံးအုပ်ထားသဖြင့် မေးစေ့များကိုသာ မြင်တွေ့နေရသော ထိုလူရိပ် ခုနစ်ခုကို ကြည့်ရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။
အကြီးအကဲလင်၏ ပါးစပ်ဖျားမှ ထိုအမိန့်စကားကို ကြားလိုက်ရသည့်ခဏ၌ ၎င်းတို့သည် လေထုထဲတွင် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး... မြေပြင်ပေါ်တွင် ပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။
"သွားကြစို့... သွေးချောင်းစီးမယ့် လူသတ်ပွဲကြီးကို စတင်ရမယ့်အချိန် ရောက်ပြီ..." အဖိုးအိုက အာဂျန်နှင့် စုလင်ကို လှမ်း၍ ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အာဂျန်နှင့် စုလင်တို့က အဖိုးအိုကို ဦးခေါင်းညိတ်ပြလိုက်ကြရင်း... ပန်းမြို့တော် တည်ရှိရာ တိကျသော အရပ်မျက်နှာဆီသို့ အကြည့်များကို ပို့လွှတ်လိုက်ကြတော့သည်။
ဟင်းလင်းပြင်အထဲ၌!
"မင်းက တော်ဝင်မိသားစုရဲ့ ထက်ဝက်ကျော်လောက်ကို သတ်ပစ်ခဲ့တာ ဟုတ်လား..." ယိုဟန်သည် မိမိကို ကြည့်၍ ပြုံးနေသော အဖိုးအိုကို လှမ်း၍ စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
"ဟုတ်တယ်... တကယ်ပဲ၊ ငါ လွန်ခဲ့တဲ့ အချိန်တုန်းက တော်ဝင်မိသားစုရဲ့ ထက်ဝက်ကျော်လောက်ကို ကွပ်မျက်ပစ်ခဲ့တာ..." လီတောင်းက ယိုဟန်ကို စိုက်ကြည့်ရင်း ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။
ယိုဟန်သည် ထိုကဲ့သို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားခဲ့သဖြင့် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ သူသည် ထိုအဖိုးအို၏ ခန္ဓာကိုယ်ကို ခြေဆုံးခေါင်းဆုံး သေသေချာချာ စိုက်ကြည့်လိုက်မိရင်း—
"ကျွန်တော့်အမြင်အရဆိုရင် မင်းက အဲဒီလောက်အထိ အစွမ်းထက်တဲ့ပုံစံမျိုး မပေါ်ပါဘူး၊ ကျွန်တော် ကြားဖူးသလောက်ဆိုရင် တော်ဝင်မိသားစုမှာ အလွန်တရာ အစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေကြတာလေ... ဒါဆိုရင် မင်းလို အဘိုးကြီးတစ်ယောက်က အဲဒီလိုမျိုး ကြီးမားတဲ့ စွမ်းဆောင်ချက်ကြီးကို သူ့ဘာသာသူ တစ်ကိုယ်တော် ဘယ်လိုမျိုး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာလဲဟင်..." ဟု ထိုအဖိုးအိုကို ပြန်လည်မေးမြန်းလိုက်သည်။
"ဟင်း... ငါ လိမ်ပြောနေတာ မဟုတ်ပါဘူး ကောင်လေးရယ်၊ အဲဒီ ယုတ်မာကောက်ကျစ်တဲ့ ဧကရာဇ်က အာဏာလုပွဲအတွက် သူ့ရဲ့ ကိုယ်ပိုင်ညီအစ်ကို မောင်နှမတွေကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ဖို့ ခိုင်းစေခဲ့တာကွ... ပြီးတော့ သူ အာဏာရလာတဲ့အချိန်ကျတော့မှပဲ ငါ့ကို ထောင်ချောက်ဆင်ပြီး... သူ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အားလုံးကို ငါ့အပေါ်ကိုပဲ ပုံချပစ်လိုက်တော့တာ၊ အခုဆိုရင် နှစ်ပေါင်း ၁၀၀ တောင် ရှိသွားခဲ့ပြီပေါ့..." ထိုအဖိုးအိုက ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်ရှာသည်။
ယိုဟန်သည် ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိပြီးနောက်... ထိုအဖိုးအိုကို ကြည့်၍ ဦးခေါင်းညိတ်ပြလိုက်မိသည်။
"ဒါဆို အခု ဘာဆက်လုပ်မှာလဲ... မင်းရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းတစ်ခုလုံးကို ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့ နေရာရဲ့ အတွင်းထဲမှာပဲ ကုန်ဆုံးသွားတော့မှာလား..." ယိုဟန်က လီတောင်းကို စိုက်ကြည့်ရင်း မေးမြန်းလိုက်တော့သည်။