ကုတင်ထက်တွင် လဲလျောင်းနေသော အမျိုးသမီးငယ်တစ်ဦးကို မြင်တွေ့ရပြီး... သူမ၏ ဘေးနားတွင်မူ အဖိုးအိုတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က စိုးရိမ်တကြီး စောင့်ကြပ်ကြည့်ရှုနေကြသည်။
ဒီယာသည် အချိန်နှင့်အမျှ အသက်ရှူသံများ ပြင်းထန်ကာ နှလုံးခုန်နှုန်းများလည်း တဖြည်းဖြည်း နှေးကွေးလျော့ပါးလာနေခဲ့ရာ... ၎င်းကို မြင်တွေ့လိုက်ရသည့်ခဏ၌ ထိုအဖိုးအိုနှင့် အမျိုးသမီးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြမိသည်။
"သူမ မလွတ်နိုင်တော့ဘူး... တကယ့်ကို နောက်ကျသွားခဲ့ပြီပဲ၊ သနားစရာကောင်းတဲ့ ကောင်မလေး..." ထိုအဖိုးအိုက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း သက်ပြင်းချကာ ဆိုလိုက်၏။
"ဟုတ်ပါတယ် အကြီးအကဲ... သူမက အခုလိုမျိုး နုပျိုတဲ့ အသက်အရွယ်မှာ တကယ့်ကို ပြင်းထန်လှတဲ့ ဒုက္ခဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာပဲ၊ ဘယ်လိုမျိုး ရက်စက်ယုတ်မာတဲ့ ခွေးမသားက သူမအပေါ်မှာ အခုလိုမျိုး လူမဆန်တဲ့ ကိစ္စရပ်ကို လုပ်ရက်ရတာလဲ.။
. သူမရဲ့ လေပြွန်တစ်ခုလုံးက လုံးဝ ပျက်စီးကြေမွသွားခဲ့ပြီ..." ထိုအမျိုးသမီးက ဒီယာ့ကို စိုက်ကြည့်ရင်း ဆိုလိုက်ပြီး... နောက်တစ်စက္ကန့်၌ သူမ၏ အကြည့်များကို သူမ၏ ဘေးနားတွင် မတ်တတ်ရပ်လျက် ဒီယာ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေသော အဖိုးအိုထံသို့ ပို့လွှတ်လိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်၌ ၎င်းတို့နှစ်ဦးစလုံးသည် အနောက်ဘက်ဆီမှနေ၍ ထွက်ပေါ်လာသော ခြေသံများကြောင့် ရုတ်ချည်း ဆွံ့အမှင်တက်သွားခဲ့ကြရ၏။ ၎င်းတို့၏ အကြည့်များသည် အဖိုးအိုလင်နှင့်အတူ လိုက်ပါလာသော မိန်းမလှလေးတစ်ဦးထံသို့ ရောက်ရှိသွားခဲ့ကြပြီး... သူမ၏ အနောက်တွင်မူ သူမ၏ ခြံရံပါးလျက် နောက်လိုက်အမျိုးသမီးနှစ်ဦး ကပ်လျက် လိုက်ပါလာကြသည်ကို မြင်တွေ့လိုက်ရသည်။
"သခင်ကြီးလင်... အခုချိန်က ဒီနေရာကို လာဖို့အတွက် သင့်တော်တဲ့ အချိန်မဟုတ်ဘူးဗျာ၊ သူမရဲ့ အခြေအနေက လုံးဝ မကောင်းဘူး..." ထိုအဖိုးအိုက အဖိုးအိုလင်ကို လှမ်းကြည့်ရင်း သတိပေးလိုက်မိပြီး... သူ၏ အကြည့်များသည် ဒီယာကို စိုက်ကြည့်နေသော အမျိုးသမီးစိမ်းထံသို့ ရောက်ရှိသွားခဲ့ရသည်။
"မင်းတို့နှစ်ယောက် ဘေးနားကို ဖယ်ပေးကြစမ်း... သူမကို ငါ့လက်ထဲသာ အပ်လိုက်တော့..." အီဗလင်းက ဒီယာကို စောင့်ကြပ်ကြည့်ရှုနေကြသော အဖိုးအိုနှင့် အမျိုးသမီးကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို လေးနက်စွာ ဆိုလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ ပတ်ဝန်းကျင်တစ်ခုလုံး၌ အလွန်ပြင်းထန်လှသော ဖိအားကြီးတစ်ခု သက်ရောက်လာသလိုမျိုး ပြင်းထန်စွာ ခံစားလိုက်ကြရပြီး... နောက်တစ်စက္ကန့်၌ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ မိမိတို့ကိုယ်မိမိ မသိရှိလိုက်ဘဲ လမ်းဖယ်ပေးလိုက်မိကြရင်း ဒီယာ့ကို မြင်တွေ့နေရသည့် အမြင်အာရုံထဲမှနေ၍ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာပေးလိုက်ကြမိတော့သည်။
အီဗလင်းသည် ဒီယာထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့ရင်း သူမကို လေးနက်လှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကာ... နောက်တစ်စက္ကန့်၌ သူမ၏ သွေးခုန်နှုန်းကို လက်ဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်၏။
"သူမက တကယ့်ကို သေအံဆဲဆဲ အခြေအနေကို ရောက်နေတာပဲ..." သူမက တီးတိုးရေရွတ်လိုက်မိပြီး... နောက်တစ်စက္ကန့်၌ အဖိုးအိုလင်ကို လှမ်းကြည့်လိုက်သည်။
"မင်းလည်း အဲဒီလူနှစ်ယောက်နဲ့အတူ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း... ငါ့ဘက်က ခွင့်ပြုချက် မရမချင်း ဘယ်သူတစ်ဦးတစ်ယောက်မျှ ဒီအခန်းထဲကို ဝင်ရောက်ခွင့် မရှိစေရဘူး..."
အဖိုးအိုလင်က ဦးခေါင်းညိတ်ပြလိုက်မိရင်း မိမိနှင့်အတူ ရှိနေသော ဆေးဆရာအဖိုးအိုနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်၏။
"အကြီးအကဲထန်..." အဖိုးအိုက ထိုအဖိုးအိုကို အကြည့်တစ်ချက် ပေးလိုက်ရာ... ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း မိမိ၏ ဘေးနားရှိ အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။
"သွားကြစို့..." နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့နှစ်ဦးစလုံးသည် အဖိုးအိုလင်နှင့်အတူ အခန်းတွင်းမှနေ၍ အလျင်အမြန် ထွက်ခွာသွားခဲ့ကြတော့သည်။
"အာနားနဲ့ ကာနာ.. ဘယ်သူတစ်ဦးတစ်ယောက်မျှ ဒီအခန်းထဲကို ဝင်ရောက်ခွင့် မရှိစေနဲ့၊ တကယ်လို့ တစ်စုံတစ်ယောက်က အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားလာခဲ့ရင်... အဲဒီအဖိုးအိုကလွဲလို့ ကျန်တဲ့သူတွေကို ဘာတစ်ခုမှ တွန့်ဆုတ်မနေဘဲ အခုချက်ချင်း သတ်ပစ်လိုက်ကြစမ်း... ငါတို့ တကယ့်ကို နောက်ကျသွားခဲ့ပြီ၊ ငါ သူမကို သာမန်နည်းလမ်းတွေနဲ့ ကယ်တင်လို့ ရမှာမဟုတ်ဘူး... သူမက မိမိရဲ့ သက်စောင့်အားအင်တွေနဲ့ အသက်ရှင်သန်ချင်တဲ့ စိတ်ဆန္ဒတွေကို လုံးဝ ဆုံးရှုံးထားခဲ့ပြီ..." အီဗလင်းက အာနနှင့် ကာနကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ၎င်းတို့နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြမိရင်း ဦးခေါင်းညိတ်ပြလိုက်ကြကာ... အခန်း၏ ဝင်ပေါက်တံခါးဝဆီသို့ ချဉ်းကပ်သွားခဲ့ကြတော့သည်။
အီဗလင်း၏ အကြည့်များသည် ဒီယာ့ထံသို့ ရောက်ရှိသွားခဲ့ရပြီး "မင်းက တကယ့်ကို ကံကောင်းလွန်းလှတဲ့ ကောင်မလေးပဲ... မင်းက ကျင့်ကြံသူတစ်ယောက်အနေနဲ့ နိုးထလာခဲ့လို့သာပေါ့၊ တကယ်လို့ မင်းသာ သာမန်လူသား အမျိုးသမီးတစ်ယောက်သာ ဆိုရင်... မင်း သေဆုံးသွားခဲ့တာ ကြာလှပြီ ဖြစ်ရမယ်..." အီဗလင်က ကုတင်ထက်ရှိ ဒီယာထံသို့ ချဉ်းကပ်သွားခဲ့ရင်း တီးတိုးရေရွတ်လိုက်မိကာ... နောက်တစ်စက္ကန့်၌ သူမသည် ဒီယာ့ကို ဖုံးအုပ်ထားသော ဝတ်ရုံများကို အသာအယာ ဖယ်ရှားလိုက်ပြီး သူမ၏ အပြစ်ပြောစရာမရှိအောင် လှပလွန်းလှသော ဗလာကျင်းခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်တော့သည်။
"ဒါဆိုရင် အဖိုးအိုလင် ပြောခဲ့တာ တကယ့်ကို မှန်ကန်နေတာပဲ... သူမက ယိုဟန်နဲ့အတူ ကျင့်ကြံပြီးတဲ့နောက်မှာမှ အသစ်စက်စက် နိုးထလာခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်..." အီဗလင်းက ဒီယာကို ကြည့်၍ သဘောကျစွာ ပြုံးလိုက်မိရင်း... သူမ၏ လက်အစုံကို ဒီယာ၏ ရင်ဘတ်ထက်သို့ ရွှေ့လျားလိုက်ရာ၊ နောက်တစ်စက္ကန့်၌ သူမ၏ ရင်ဘတ်ထက်တွင် သေးငယ်လှသော ရှေးဟောင်းအက္ခရာ တံဆိပ်အမှတ်အသား များ ရုတ်ချည်း ထွက်ပေါ်လာခဲ့တော့သည်။
ထိုရှေးဟောင်းအက္ခရာများကို မြင်တွေ့လိုက်ရသည့်ခဏ၌ အီဗလင်း၏ မျက်နှာထက်တွင် ကျေနပ်ဖွယ်ကောင်းသော အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့ရ၏။
ထိုအတောအတွင်း—
"ဒီလိုမျိုး ခွေးမသားတွေက ငါ့သမီးရဲ့ တစ်ဦးတည်းသော သား... သူမ အသက်ထက်မက အချစ်ရဆုံးသော သားလေးကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့ ဟုတ်လား... ငါ အဲဒီကောင်တွေရဲ့ မျိုးနွယ်စုတစ်ခုလုံးကို ဒီကမ္ဘာမြေမျက်နှာပြင်ပေါ်ကနေ အမြစ်ပြတ် သုတ်သင်ပစ်ဖို့ သေသေချာချာ လုပ်ဆောင်ပြရတာပေါ့..." စာအိတ်အတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုလိုက်ရသည့်ခဏ၌ အဖိုးအိုတစ်ဦးသည် ဒေါသတကြီး ဟိန်းဟူးအော်ဟစ်လိုက်တော့သည်။ သူ၏ မျက်ဝန်းအစုံမှာလည်း ထိုစကားလုံးများနှင့်အတူ ဒေါသမီးလျှံများကဲ့သို့ ရဲရဲနီမြန်းလာခဲ့ရ၏။
သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အလွန်ပင် အေးစက်စိမ့်ဝင်ကာ တင်းမာခက်ထန်သွားခဲ့ရပြီး... ခဏအကြာတွင်မူ ထိုအဖိုးအိုသည် ညီလာခံခန်းမကြီးအတွင်းမှနေ၍ ရုတ်ချည်း ထွက်ခွာသွားခဲ့တော့သည်။
ယိုဟန်သည် မိမိ၏ အမြင်အာရုံ အရှေ့တည့်တည့်ရှိ အပြာရောင် စနစ်မျက်နှာပြင်ကြီးကို ကြည့်ရင်း ဆွံ့အမှင်တက်နေခဲ့မိကာ— "တောက်... ဒါက ဘာကြီးလဲ..." ဟု တီးတိုးရေရွတ်လိုက်မိသည်။
'ဟင်းလင်းပြင် ဝဲဂယက် ' ... "ဒါက ဘယ်လိုမျိုး စွမ်းရည်လဲ..." ယိုဟန်သည် စနစ်မျက်နှာပြင်ထက်ရှိ စာသားများကို ကြည့်ရင်း စိတ်ထဲမှနေ၍ တွေးတောလိုက်မိ၏။
တုံ
[ဟင်းလင်းပြင် ဝဲဂယက် - အရှင်သည် မိမိ၏ စိတ်ဆန္ဒအတိုင်း မိမိ၏ ပတ်ဝန်းကျင် ကိုက်တစ်ရာအတွင်းရှိ နယ်ပယ်ကို စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်ပါသည်]
[ကန့်သတ်ချက် - အရှင်သည် ဤစွမ်းရည်ကို ၈ နာရီလျှင် တစ်ကြိမ်သာ... ၂ မိနစ်စာ အသုံးပြုနိုင်ခွင့် ရှိပါသည် ]
[မှော်စွမ်းအင် ကုန်ကျမှု - တစ်စက္ကန့်လျှင် မှော်စွမ်းအင် ၁၀၀ စီ ကျသင့်ပါမည်]
ယိုဟန်သည် စနစ်မျက်နှာပြင်ထက်ရှိ စာသားများကို ကြည့်ရင်း တံတွေးကို အသာအယာ မျိုချလိုက်မိကာ
"ဒါဆိုရင် ငါက ငါ့ရဲ့ ပတ်ဝန်းကျင် ကိုက်တစ်ရာအတွင်းမှာရှိတဲ့ ဟင်းလင်းပြင်ကို စိတ်ကြိုက် ကွေးညွတ်ပစ်နိုင်တာပေါ့ ဟုတ်လား..." သူသည် မိမိ ရရှိထားခဲ့သော စွမ်းရည်အသစ်မှာ မည်မျှအထိ အစွမ်းထက်ကြောင်းကို သိရှိသွားခဲ့ရသည့်ခဏ၌ တီးတိုးရေရွတ်လိုက်မိသည်။
သူသည် တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိရင်း သူ၏ မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့ရကာ "ငါ ဒီစွမ်းရည်ကို တကယ့်ကို ဂရုတစိုက်နဲ့ အသုံးချရလိမ့်မယ်... ဒီစွမ်းရည်က ၂ မိနစ်ပဲ သုံးလို့ရတာဖြစ်ပြီး နောက်တစ်ကြိမ် ပြန်သုံးနိုင်ဖို့အတွက် ၈ နာရီတောင် စောင့်ရမှာ..." ယိုဟန်က စိတ်ထဲမှနေ၍ တွေးတောလိုက်မိပြီး... နောက်တစ်စက္ကန့်၌ သူ၏ လက်ဖျားထက်ရှိ အမှတ်အသားတစ်ခုသည် အပြာရောင်အလင်းတန်းများနှင့်အတူ လင်းလက်သွားခဲ့ရကာ သူ၏ လက်ဖျားထဲတွင် ထက်မြက်လှသော ဓားတစ်စင်း ရုတ်ချည်း ပေါ်ထွက်လာခဲ့တော့သည်။
ထိုအတောအတွင်း—
"အဲဒီကြွက်စုတ်က ဘယ်နေရာကို ပုန်းလျှိုးကွယ်လျှိုး သွားတာလဲ... သူက ဝက်တစ်ကောင်လိုပဲ အသက်လုပြီး ထွက်ပြေးနေတာပဲ..." မိစ္ဆာသတ္တဝါဆိုးကြီးတစ်ကောင်က မိမိနှင့် ရုပ်သွင်တူလှသော အခြားသော သတ္တဝါဆိုးကြီးများကို လှမ်းကြည့်ရင်း ဆိုလိုက်ပြီး... ၎င်းတို့အားလုံး၏ လက်ထဲတွင်မူ ကြီးမားကျယ်ဝန်းလှသော လှံရှည်ကြီးများကို တင်းကျပ်စွာ ကိုင်ဆောင်ထားကြသည်။
ထိုလှံရှည်ကြီးများ၏ အရွယ်အစားမှာ ၎င်းတို့၏ ခန္ဓာကိုယ်ထက် နှစ်ဆမျှ ပိုမိုကြီးမားလှ၏။ ၎င်းတို့၏ အရပ်အမောင်းမှာ ခုနစ်ပေခန့်မျှ ရှိကြပြီး... ၎င်းတို့၏ ခန္ဓာကိုယ် အရေပြားမှာ အပြာရင့်ရောင် ဖြစ်နေခဲ့ကြကာ မျက်ဝန်းအစုံမှာမူ ရဲရဲနီမြန်းလျက် ဒေါသမီးလျှံများ တောက်လောင်နေခဲ့ကြသည်။
"သခင်ကြီး... သူက ရုပ်ပျော့ပုံစံမျိုး ရှိနေခဲ့ပေမဲ့လည်း မြေပြင်ပေါ်မှာ ပြေးတာ တကယ့်ကို မြန်လွန်းလှပါတယ်ခင်ဗျာ၊ သူက ကျွန်တော့်ရဲ့ လှံတိုက်ကွက်တွေကိုတောင် အချိန်မီ ရှောင်တိမ်းသွားနိုင်ခဲ့တာပါ... ကျွန်တော်က သူ့ကို အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်နိုင်ခဲ့ပြီလို့ ထင်နေခဲ့တာ၊ ဒါပေမဲ့လည်း နောက်ဆုံးစက္ကန့်ကျမှ သူက ကျွန်တော့်ရဲ့ တိုက်ကွက်ကို ရှောင်သွားနိုင်ခဲ့တာပါ..." သတ္တဝါဆိုးကြီးများထဲမှ တစ်ကောင်က ထိုခေါင်းဆောင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို လျှောက်တင်လိုက်၏။
"သူ ဖြစ်ချင်သလိုသာ စိတ်ကြိုက် ထွက်ပြေးပါစေဦး... နောက်ဆုံးတော့လည်း သူက ငါတို့ရဲ့ လိုက်လံအမဲလိုက်ခြင်းကို ခံရမှာပဲ၊ အဲဒီလိုမျိုး ခွေးမသားတွေက မိမိတို့ရဲ့ စွမ်းအားအဆင့်အတန်းကို စမ်းသပ်ဖို့အတွက် 'မိစ္ဆာနယ်မြေရဲ့ အက်ကွဲကြောင်း' ကို လာပြီး စိန်ခေါ်လေ့ရှိကြပေမဲ့လည်း... ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တဲ့သူက တကယ့်ကို လက်ချိုးရေလို့ရပါတယ်..." မိစ္ဆာကောက်ရိတ်သမား အဖွဲ့၏ ခေါင်းဆောင်က လက်ထဲရှိ လှံရှည်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရင်း ထိုစကားလုံးများကို လှောင်ပြောင်စွာ ဆိုလိုက်သည်။
"ဒီနေရာတစ်ဝိုက်က ဟင်းလင်းပြင်တွေ ပြန်ပြီး မပြောင်းလဲခင်မှာတင်... သူ့ကို အမိဖမ်းနိုင်ဖို့အတွက် အမဲလိုက်ကြစို့၊ ငါတို့မှာ သူ့ကို ဖမ်းဖို့အတွက် အချိန် ၂၄ နာရီပဲ ရှိတာ..." ထိုမိစ္ဆာသတ္တဝါဆိုးကြီးက ထိုစကားလုံးများကို ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ထိုသတ္တဝါဆိုးကြီး လေးကောင်စလုံးသည် ယိုဟန်ကို အမဲလိုက်ရန်အတွက် တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အရှိန်အဟုန်ပြင်းစွာ တဟုန်ထိုး ပြေးဝင်သွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
"အဖေ... ဒီယာက တကယ်ပဲ ပြန်ပြီး အဆင်ပြေသွားမှာလားဟင်..." အလီနာက အဖိုးအိုလင်ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို မေးမြန်းလိုက်၏။
စူးလင်မှာမူ လွန်ခဲ့သော စက္ကန့်ပိုင်းအလိုက မိမိကိုယ်မိမိ ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲဆိုတာကို လုံးဝ မသိရှိနိုင်သေးဘဲ မိန်းမောတွေဝေနေခဲ့ဆဲ ဖြစ်ပြီး... သူသည်လည်း အလီနာ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ အဖိုးအိုလင်ထံသို့ အကြည့်များကို ပို့လွှတ်လိုက်မိသည်။
အဖိုးအိုလင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း အလီနာကို စိုက်ကြည့်လိုက်ကာ—
"သူမ မကြာခင်မှာ ပြန်ပြီး အဆင်ပြေသွားမှာပါ... ဒီယာ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်မနေပါနဲ့၊ သူမက တကယ့်ကို ယုံကြည်စိတ်ချရတဲ့ လက်ထဲကို ရောက်ရှိနေခဲ့ပြီပဲ..." အဖိုးအိုလင်က အလီနာအား ပြန်လည်ဖြေကြားလိုက်ပြီးနောက် သူမ၏ ဦးခေါင်းကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်ရှာသည်။
ထိုနေရာတွင် ဆေးဆရာအဖိုးအိုနှင့် အမျိုးသမီးတို့သည်လည်း မတ်တတ်ရပ်နေခဲ့ကြပြီး... အဖိုးအိုလင်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ၎င်းကို မယုံကြည်နိုင်စွမ်း ဖြစ်နေခဲ့ကြမိ၏။
"ဒါ... ဒါက လုံးဝ ဖြစ်နိုင်ချေ မရှိတာပါ သခင်ကြီး၊ အဲဒီအမျိုးသမီးတွေက တကယ့်ကို နုပျိုလွန်းလှတာကို... သင်က သခင်မလေး ဒီယာကို အဲဒီမိန်းကလေးရဲ့ လက်ထဲမှာပဲ စိတ်ချလက်ချ ထားရစ်ခဲ့တာလားခင်ဗျာ... ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ အစွမ်းကုန် ကြိုးစားပေးနေခဲ့တာကို... သင်က ကျွန်တော်တို့ကို မယုံကြည်ဘဲ အဲဒီနေရာကနေ နှင်ထုတ်ခဲ့တာပဲ..." ထိုဆေးဆရာအဖိုးအိုက အကြီးအကဲလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို မကျေမနပ် လျှောက်တင်လိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အဖိုးအိုက ဆေးဆရာကို စိုက်ကြည့်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ "မင်းက အဲဒီသခင်မလေးကို သူမရဲ့ နုပျိုတဲ့ ရုပ်သွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်ချက် ချနေတာပဲ... ဒါဆိုရင်တော့ မင်း တကယ့်ကို ကြီးမားလှတဲ့ အမှားကြီးတစ်ခုကို ကျူးလွန်မိနေပြီ၊ သူမက အခုလိုမျိုး နုပျိုတဲ့ ရုပ်သွင်ပြင် ရှိနေခဲ့ပေမဲ့လည်း... မင်း ထင်သလိုမျိုး သာမန်ကာလျှံကာ တွေးတောလို့ ရတဲ့သူ လုံးဝ မဟုတ်ဘူး..." အဖိုးအိုက ထိုဆေးဆရာအား ပြန်လည် တုံ့ပြန်လိုက်၏။
ထိုဆေးဆရာအဖိုးအိုသည် အဖိုးအိုလင်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အလွန်ပင် ဆွံ့အအံ့ဩသွားခဲ့ရပြီး... အဘယ်ကြောင့်ဆိုသော် သူသည် အဖိုးအိုလင်အနေနှင့် တစ်စုံတစ်ယောက်ကို ဤမျှလောက်အထိ ချီးမွမ်းခန်းဖွင့်ပြောဆိုနေသည်ကို တစ်ခါမှ မမြင်တွေ့ဖူးခဲ့သောကြောင့် ဖြစ်သည်။
စုလင်သည်လည်း ထိုနေရာတွင် မတ်တတ်ရပ်နေခဲ့ရင်း မိမိ၏ အဖိုးဖြစ်သူ၏ စကားလုံးများကို သေသေချာချာ ကြားသိနေခဲ့ရ၏။ အလီနာမှာမူ အဖိုးအို၏ စကားလုံးများကို ကြားလိုက်ရပြီးသည့်နောက်တွင် စိတ်အေးသွားခဲ့ရသဖြင့် အခြားအရာများကို ဘာတစ်ခုမှ ဂရုမစိုက်တော့ပါချေ။
"အဖေ... အဲဒီနုပျိုလှတဲ့ သခင်မလေးက ဘယ်သူလဲဟင်..." စုလင်က အဖိုးအိုလင်၏ အနီးသို့ ချဉ်းကပ်သွားခဲ့ရင်း စူးစမ်းလိုစိတ်များဖြင့် မေးမြန်းလိုက်သည်။ ထိုဆေးဆရာအဖိုးအိုသည်လည်း ဤပတ်ဝန်းကျင် အရပ်ဒေသတစ်ခုလုံးတွင် အကောင်းဆုံးသော ဆေးဆရာတစ်ဦးအနေဖြင့် မိမိ၏ သိက္ခာကို လောင်းကြေးထပ်ထားရခြင်း ဖြစ်သဖြင့်... ထိုအမျိုးသမီးအား မိမိထက် ဘာဖြစ်လို့ ပိုမိုယုံကြည်ရသလဲဆိုသည့် အကြောင်းအရင်းကို သိရှိလိုလှသဖြင့် အဖိုးအိုကို စိုက်ကြည့်လိုက်မိသည်။
"သူမက... စစ်နတ်သမီး လို့ ကျော်ကြားလှတဲ့ သခင်မလေး အီဗလင်းပဲ..." အဖိုးအိုသည် ထိုလူများက သူ့အား ထိုအမျိုးသမီးအကြောင်းကို တတွတ်တွတ် မေးမြန်းနေကြသဖြင့် နောက်ဆုံး၌ ပါးစပ်ကို ဖွင့်ဟကာ ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ဆေးဆရာအဖိုးအိုမှာမူ မိမိ အခုလေးတင် ဘာတွေကို ကြားလိုက်ရသလဲဆိုတာကို လုံးဝ မတွေးဆနိုင်တော့ဘဲ... ထိုင်လျက်သားအတိုင်း မြေပြင်ထက်သို့ ဖင်ထိုင်လျက်သား ပြုတ်ကျသွားခဲ့ရရှာတော့သည်။
"သူမက... သခင်မလေး အီဗလင်းကိုယ်တိုင် ငါတို့ရဲ့ လင်မျိုးနွယ်စုဆီကို ရောက်နေတာ ဟုတ်လား..." စုလင်သည် ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ မျက်လုံးအစုံ ပြူးထွက်သွားခဲ့ရပြီး... မိမိအနေနှင့် သူမအား သာမန်လူသားတစ်ယောက်ကဲ့သို့ ရိုင်းပျစွာ ဆက်ဆံခဲ့မိပါသော်လည်း အခုထိ အသက်ရှင်သန်နေသေးသည့်အတွက်ကြောင့် သူ၏ နှလုံးသားတစ်ခုလုံးမှာ အရှိန်အဟုန်ပြင်းစွာ တုန်ခါခုန်ပေါက်နေခဲ့ရတော့သည်။
အလီနာသည်လည်း ထိုနာမည်ကို ကြားလိုက်ရသည့်ခဏ၌ အလွန်ပင် အံ့ဩမှင်တက်သွားခဲ့ရပြီး... သခင်မလေး အီဗလင်းကိုယ်တိုင် ဒီယာကိုကိုယ်တိုင်ကိုယ်ကျ ကုသပေးနေသည်ဟူသော အချက်ကို သူမ၏ နားနှင့်ပင် မယုံကြည်နိုင်စွမ်း ဖြစ်နေခဲ့ရရှာသည်။ သူမသည် စိတ်အေးသွားခဲ့ရသဖြင့် မျက်ဝန်းအစုံမှနေ၍ မျက်ရည်များ တဖြည်းဖြည်း စီးကျလာခဲ့ရ၏။
ဆေးဆရာမှာမူ ကြောက်ရွံ့တုန်လှုပ်ခြင်းများနှင့်အတူ တစ်ကိုယ်လုံး တုန်ရီနေခဲ့ရပြီး... မိမိ၏ လည်ပင်းကို လက်ဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်မိရင်း မိမိ၏ ဦးခေါင်းမှာ အခုထိ ပခုံးထက်တွင် ရှိနေသေးသည်ကို အာရုံခံမိသွားခဲ့ရသည်။
"တောက်... ငါ အခုထိ အသက်ရှင်နေသေးတာပဲ..." ဆေးဆရာအဖိုးအိုသည် ထိုအမျိုးသမီးကြီး၏ နောက်ခံသမိုင်းကြောင်းကို ကြားသိလိုက်ရသည့်အတွက်ကြောင့် စိတ်လွတ်သွားခဲ့ရပြီး ကြောက်မက်ဖွယ်ကောင်းစွာ တဟားဟား ရယ်မောလိုက်မိတော့သည်။
အဖိုးအိုက ထိုဆေးဆရာအဖိုးအိုကို စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသော်လည်း... သူ၏ ရူးကြောင်ကြောင် အပြုအမူများကိုမူ လျစ်လျူရှုထားခဲ့လိုက်ပြီး၊ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးကြီးအကြောင်းကို သိရှိသွားကြသူတိုင်းမှာ ဤကဲ့သို့သော သဘာဝကျသည့် တုံ့ပြန်မှုမျိုးကို ပြုလုပ်လေ့ရှိကြသည်ကို သူ ကောင်းစွာ သိရှိနေသောကြောင့် ဖြစ်၏။ အီဗလင်းသည် မိမိ၏ စိတ်ကို ဆွပေးရန် ကြိုးစားလာသူမှန်သမျှကို ဘာတစ်ခုမှ တွန့်ဆုတ်မနေဘဲ ရက်ရက်စက်စက် သတ်ဖြတ်ပစ်လေ့ရှိသဖြင့်... ရက်စက်ကြမ်းကြုတ်လှသော 'စစ်နတ်သမီး' ဟူ၍ ကမ္ဘာကျော်လှသူ ဖြစ်ပေတော့သည်။