"ဒါ... ဒါက ဘာလဲ..." အဖိုးအိုလင်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အလန့်တကြား လှမ်းကြည့်လိုက်မိသည်။
အဖိုးအိုလင်၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည့်အခါ စူးလင်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး— "အဖေ... အဆင်ပြေရဲ့လားဟင်၊ ဘာဖြစ်လို့လဲ... တစ်စုံတစ်ခု မှားယွင်းနေလို့လား..." ဟု အဖိုးအိုလင်ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
အဖိုးအိုလင်၏ နဖူးပြင်ထက်တွင် ချွေးစေးများ ရုတ်ချည်း ထွက်ပေါ်လာခဲ့ရပြီး... နောက်တစ်စက္ကန့်၌ သူသည် စုလင်ကို မိန်းမောတွေဝေစွာ ထားရစ်ခဲ့မိရင်း ထိုနေရာမှနေ၍ မျက်စိတစ်မှိတ်အတွင်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့ရာ
"အဖေ့ကို ဘာတွေ ဖြစ်နေတာလဲ... ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တောင် အလောတကြီး ထွက်သွားရတာလဲ..." သူက အလီနာကို လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
အလီနာမှာမူ ဒီယာအနေနှင့် အသက်ရှင်သန်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း ကြားသိလိုက်ရသဖြင့် အတွေးနက်နေခဲ့ပြီး... ဒီယာ့အကြောင်းကို တွေးတောမိရင်း သူမ၏ နှလုံးသားတစ်ခုလုံး ဆို့နင့်နေခဲ့ရရှာသည်။
မိမိ၏ မွေးနေ့တွင် ဤကဲ့သို့သော အခြေအနေဆိုးမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိပါသဖြင့် သူမ၏ နှလုံးသားတစ်ခုလုံးသည် အထဲမှနေ၍ အပိုင်းပိုင်းအစစ ကွဲအက်နေခဲ့ရ၏။
သူမသည် မိမိ၏ ပုခုံးထက်သို့ တစ်စုံတစ်ခုက အသာအယာ လာရောက်ထိတွေ့လိုက်သလို ခံစားလိုက်ရသဖြင့် ဦးခေါင်းကို အသာအယာ လှည့်ကြည့်လိုက်ရာ... ၎င်းမှာ သူမကို စိုးရိမ်တကြီး စိုက်ကြည့်နေသည့် စုလင် ဖြစ်နေခဲ့ပြီး၊ နောက်တစ်စက္ကန့်၌ သူက အလီနာကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်ရင်း "ငါ မင်းရဲ့ အနားမှာ ရှိနေပါတယ်... စိုးရိမ်မနေပါနဲ့၊ ကိစ္စရပ်တွေအားလုံး အဆင်ပြေသွားမှာပါ... အားတင်းထားစမ်းပါ အလီနာ..." သူက မိမိ၏ ဇနီးသည်ကို တင်းကျပ်စွာ ပွေ့ဖက်ထားမိရင်း... သူ၏ အကြည့်များကိုမူ ဒီယာတစ်ယောက် သတိလစ်မေ့မြောလျက် အသက်ရှင်သန်ခွင့်ရရန် အသေအလဲ ရုန်းကန်နေရသည့် ယိုဟန်၏ အခန်းတွင်းဆီသို့ ပို့လွှတ်လိုက်မိတော့သည်။
ထိုအတောအတွင်း
ကောင်းကင်ယံထက်မှနေ၍ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာခဲ့ပြီး မြေပြင်ထက်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်ရသော လူငယ်တစ်ဦးကို မြင်တွေ့ရပေလိမ့်မည်။ အတန်ကြာပြီးနောက်တွင်မူ သူသည် နောက်ဆုံး၌ မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်ကာ တည်ငြိမ်စွာ မတ်တတ်ရပ်နိုင်ရန် ကြိုးစားလိုက်ရသည်။
"တောက်... တကယ်ပဲ..." ယိုဟန်က မတ်တတ်ရပ်ရန် ကြိုးစားရင်း တီးတိုးရေရွတ်လိုက်မိကာ ကောင်းကင်ယံထက်ဆီသို့ မော့ကြည့်လိုက်မိ၏။
သူသည် အခုလေးတင် နယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးထဲသို့ ဝင်ရောက်ခဲ့မိခြင်း ဖြစ်ပြီး... နောက်တစ်စက္ကန့်၌ မိမိကိုယ်မိမိ ကောင်းကင်ယံထက်မှနေ၍ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် မြေပြင်နှင့် မထိတွေ့မိခင် စက္ကန့်ပိုင်းအလို၌ မိမိ၏ လှုပ်ရှားမှုစွမ်းရည်ကို အချိန်မီ အသုံးပြုနိုင်ခဲ့သဖြင့် ပွန်းပဲ့ဒဏ်ရာအချို့မှလွဲ၍ ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိခြင်းမျိုး လုံးဝ မရှိခဲ့ပါချေ။
တုံ
[အရှင်... သင်သည် မိစ္ဆာနယ်မြေ၏ အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်လာခဲ့ပါပြီ]
အကြောင်းကြားစာတစ်ခုသည် ယိုဟန်၏ ဦးနှောက်ထဲတွင် ရုတ်ချည်း မြည်ဟည်းသွားခဲ့သည်။ သူသည် ထိုအကြောင်းကြားစာကို ကြားလိုက်ရသည့်ခဏ၌ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။
"မိစ္ဆာနယ်မြေရဲ့ အက်ကွဲကြောင်း ဟုတ်လား... အဲဒါက ဘာကောင်ကြီးမို့လို့လဲ..." ယိုဟန်က ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိရင်း မိမိ၏ ပတ်ဝန်းကျင် တစ်ဝိုက်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဆုံးအစမဲ့ ကျယ်ပြောလှသော တောနက်ကြီးတစ်ခုဖြင့် ဝန်းရံခြင်း ခံထားရပြီး... နောက်တစ်စက္ကန့်၌ သူသည် အလွန်ပင် မကောင်းဆိုးဝါးဆန်လှသော အသံနက်ကြီးတစ်ခုကို ရုတ်ချည်း ကြားလိုက်ရတော့သည်။
"ဘယ်လိုမျိုး စိတ်မနှံတဲ့ ခွေးမသားက အခုလိုမျိုး အသံတွေကို လာပြီး အော်ဟစ်နေတာလဲ..." မိမိ၏ ပတ်ဝန်းကျင်တစ်ခုလုံး၌ ဟိန်းဟူးပဲ့တင်ထပ်သွားသော အော်ဟစ်သံနက်ကြီးကြောင့် ယိုဟန်၏ နှလုံးသားတစ်ခုလုံး လျှောကျသွားခဲ့ရရှာသည်။
"ဒီအသံက ဘာကြီးလဲ... တကယ့်ကို မကောင်းဆိုးဝါးဆန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားချက်မျိုးကို ပေးစွမ်းလွန်းတယ်..." ယိုဟန်က ထိုအသံထွက်ပေါ်လာရာ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိရင်း တီးတိုးရေရွတ်လိုက်၏။
နောက်တစ်စက္ကန့်တွင်မူ သူ၏ ဦးနှောက်ထဲ၌ ရိုးစင်းလှသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
တုံ
[လျှို့ဝှက်မစ်ရှင် ဖြစ်သော 'အမဲလိုက်ခြင်း' စတင်ပါပြီ~ သင်သည် မိစ္ဆာကောက်ရိတ်သမားများ ၏ လိုက်လံအမဲလိုက်ခြင်းကို ခံရတော့မည်ဖြစ်ရာ... ထိုကြောက်မက်ဖွယ်ကောင်းလှသော ကောက်ရိတ်သမားများ၏ ရန်မှနေ၍ မိမိကိုယ်မိမိ အသက်ရှင်အောင် ကယ်တင်ပါ]
တုံ
[သင့် တည်နေရာကို ဖော်ထုတ်လိုက်ပါပြီ]
[အလွန်ပြင်းထန်လှသော သွေးဆာမှု အရှိန်အဝါများကို စမ်းသပ်စစ်ဆေးတွေ့ရှိရသဖြင့်... သင်သည် မိစ္ဆာကောက်ရိတ်သမားများ၏ လိုက်လံအမဲလိုက်ခြင်းကို ခံရတော့မည် ဖြစ်ပါသည်]
ယိုဟန်၏ ဦးနှောက်တစ်ခုလုံးမှာ အခုလေးတင် ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲဆိုတာကို လုံးဝ မသိရှိနိုင်သေးခင်မှာတင် ရုတ်ချည်း ထွက်ပေါ်လာသော အကြောင်းကြားစာများကြောင့် ဆူညံသွားခဲ့ရသည်။
သူသည် ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်မိရင်း... နောက်တစ်စက္ကန့်၌ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အကြည့်များကို ပို့လွှတ်လိုက်မိရာ၊ မိမိ၏ အရပ်မျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာနေသည့် အရာတစ်ခုကို ချက်ချင်း မြင်တွေ့လိုက်ရတော့သည်။
"တောက်... တကယ်ပဲ..." ယိုဟန်က လျှပ်စီးလက်သဖွယ် မြန်ဆန်လှသောအရှိန်အဟုန်ဖြင့် လေဟာနယ်ထဲမှ ပျံသန်းလာသော ချွန်ထက်လှသည့် လက်နက်ဆိုးကြီးကို အချိန်မီ ရှောင်တိမ်းလိုက်မိရင်း တီးတိုးရေရွတ်လိုက်သည်။ လှံတစ်စင်းနှင့် တူလှသော ထိုအရာက ကြီးမားကျယ်ဝန်းလှသော သစ်ပင်ကြီးကို အလွယ်တကူ ထိုးဖောက်သွားသည်ကို မြင်တွေ့လိုက်ရသည့်ခဏ၌ သူ၏ မျက်နှာတစ်ခုလုံး ချက်ချင်း မည်းမှောင်သွားခဲ့ရ၏။
ယိုဟန်သည် ထိုလှံပျံကြီး ထွက်ပေါ်လာရာ အရပ်မျက်နှာဆီသို့ ဦးခေါင်းကို အသာအယာ လှည့်ကြည့်လိုက်သည်။ ထိုအရာသည် သူ့ထံသို့ လျှပ်စီးလက်သဖွယ် မြန်ဆန်လှသောအရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ခြင်း ဖြစ်ပြီး... ၎င်းနှင့် သူ မတ်တတ်ရပ်နေသည့် နေရာကြားရှိ အကွာအဝေးမှာ ကိုက်ရှစ်ရာခန့်မျှ ကွာဝေးလှသည်။
"ငါ့ကို လာပြီး တိုက်ခိုက်တဲ့သူက လုံးဝ ရိုးရှင်းတဲ့သူ မဟုတ်ဘူး... သူက ဒီလောက်တောင် ဝေးကွာလှတဲ့ အကွာအဝေးကနေ ဒီလိုမျိုး လှံနဲ့ လှမ်းပြီး တိုက်ခိုက်နိုင်တာပဲ၊ ပြီးတော့ သူက တစ်ယောက်တည်းလည်း မဟုတ်ဘူး... သူတို့တွေ ငါ့ကို သတ်ဖို့အတွက် လာနေကြတာပဲ..." ယိုဟန်က တီးတိုးရေရွတ်လိုက်မိရင်း... မိမိ၏ အတွေးများကို ပြန်လည်စုစည်းနိုင်ရန်အတွက် ဆန့်ကျင်ဘက် အရပ်မျက်နှာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်း စတင်ထွက်ပြေးခဲ့တော့သည်။
ဖီအိုရာမြို့တော်!
"လင်မျိုးနွယ်စုရဲ့ သတင်းပို့သမား ဟုတ်လား..." ကြီးမားကျယ်ဝန်းလှသော ညီလာခံခန်းမကြီးအတွင်းရှိ ရာဇပလ္လင်ထက်တွင် တည်ငြိမ်စွာ ထိုင်နေသော အဖိုးအိုတစ်ဦးကို မြင်တွေ့ရပေလိမ့်မည်။
သူသည် လင်မျိုးနွယ်စုဟူသော နာမည်ကို ကြားလိုက်ရသည့်ခဏ၌ မိမိ၏ ရှေ့မှောက်တွင် ဒူးထောက်လဲကျနေသော အမျိုးသားကို လှမ်းကြည့်လိုက်မိ၏။
"ဟုတ်ပါတယ် သခင်ကြီး... ထိုသူက လင်မျိုးနွယ်စုကနေ လာတာ ဖြစ်ပြီး၊ တစ်စုံတစ်ခုသော သတင်းစကားကို လာရောက်ပေးပို့ဖို့အတွက် ရောက်နေတာပါ..." ထိုအမျိုးသားက အဖိုးအိုကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ထိုအဖိုးအိုသည် သူ၏ ရင်ဘတ်အထိ ရှည်လျားစွာ ကျဆင်းနေသော ဆံပင်ဖြူမုတ်ဆိတ်မွေးကြီးကို လက်ဖြင့် အသာအယာ သုံးသပ်လိုက်မိပြီး... သူသည် အပေါ်အင်္ကျီကို ဆင်မြန်းထားခြင်း မရှိသဖြင့် သူ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင် ခန္ဓာကိုယ်ထက်ရှိ ကြွက်သားကြီးများမှာ ကျစ်လစ်တောင့်တင်းလှသည်။
သူ၏ ဘယ်ဘက်ပုခုံးထက်တွင်မူ ခြင်္သေ့တစ်ကောင်၏ ရုပ်သွင်ကို မြင်တွေ့ရပေလိမ့်မည်။ သူ၏ မျက်နှာအမူအရာမှာ တကယ့်ကို စူးရှထက်မြက်လှပြီး မိမိ၏ ရှေ့မှောက်၌ ဒူးထောက်နေသော အမျိုးသားကို စိုက်ကြည့်လိုက်ကာ— "အဲဒီလူကို ဒီနေရာကို ခေါ်ဆောင်လာခဲ့စမ်း..." ထိုအဖိုးအိုက အသက်လတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း စေခိုင်းလိုက်သည်။
ထိုစကားလုံးများကို ကြားရသည့်ခဏ၌ ထိုအမျိုးသားက ဦးခေါင်းညိတ်ပြလိုက်မိပြီး... နောက်တစ်စက္ကန့်၌ ထိုသတင်းပို့သမားကို သွားရောက်ခေါ်ဆောင်ရန်အတွက် ခန်းမကြီးအတွင်းမှနေ၍ အလောတကြီး ထွက်ခွာသွားခဲ့တော့သည်။
ထိုအဖိုးအိုသည် အသက်လတ်ပိုင်းအရွယ် အမျိုးသား ထွက်ခွာသွားခဲ့သည့် အရပ်မျက်နှာဆီသို့ စိုက်ကြည့်လိုက်မိရင်း— "ဒါက တကယ့်ကို ထူးဆန်းတဲ့ ကိစ္စရပ်သစ်တစ်ခုပဲ... ငါ့အတွက် သတင်းစကား ဟုတ်လား၊ ဒါက အဲဒီအဖိုးအိုလင်ဆီကနေ လာတာလား... ဒါမှမဟုတ် အဲဒီခွေးမသား စုလင်ရဲ့ ဘက်ကနေ လာတာလား..." ထိုအဖိုးအိုက ထိုစကားလုံးများကို အံ့ဩတီးတိုး ရေရွတ်လိုက်မိသည်။
နောက်တစ်စက္ကန့်တွင်မူ သူ၏ အကြည့်များသည် အမျိုးသားနှစ်ဦး ခြေလှမ်းကျဲကြီးများဖြင့် ခန်းမကြီးအတွင်းသို့ လှမ်းဝင်လာခဲ့ကြသည့် တိကျသော အရပ်မျက်နှာဆီသို့ ရောက်ရှိသွားခဲ့ရ၏။
"မင်း ထွက်သွားတော့..." အဖိုးအိုက အသက်လတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အဖိုးအို၏ အသံထက်မှ အေးစက်စိမ့်ဝင်လှသော အရှိန်အဝါများကို ခံစားလိုက်ရသဖြင့် ချက်ချင်း ပြာပြာသလဲ ထွက်ပြေးသွားခဲ့တော့၏။
လင်မျိုးနွယ်စု၏ သတင်းပို့သမားမှာမူ အဖိုးအို၏ ပါးစပ်ဖျားမှ ထိုကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါများ ပြည့်နှက်နေသည့် အသံနက်ကြီးကို ကြားလိုက်ရသည့်အတွက်ကြောင့် မျက်နှာတစ်ခုလုံး ချက်ချင်း မည်းမှောင်သွားခဲ့ရရှာသည်။
သူသည် အဖိုးအို၏ ရှေ့မှောက်၌ ရိုသေစွာ ဒူးထောက်လဲကျလိုက်မိရင်း အသက်ကို ပြင်းပြင်းရှူသွင်းကာ မိမိကိုယ်မိမိ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး... ရာဇပလ္လင်ထက်တွင် ထိုင်လျက် မိမိကို စိုက်ကြည့်နေသည့် အဖိုးအိုကို မော့ကြည့်လိုက်မိသည်။
"ငါ့ကို သေသေချာချာ ပြောစမ်း... ဒီသတင်းစကားက ဘယ်သူ့ဆီကလဲ၊ အဲဒီအဖိုးအိုလင်ဆီကလား... ဒါမှမဟုတ် အဲဒီခွေးမသား စုလင်ဆီကလား... မင်းရဲ့ အဖြေပေါ်မှာ မူတည်ပြီး မင်းရဲ့ အသက်ရှင်သန်ခွင့်က ဆုံးဖြတ်ချက် ချခြင်း ခံရလိမ့်မယ်..." အဖိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်မိရင်း သူ၏ အနောက်ဘက်ရှိ နံရံကြီးကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ခွဲပစ်လိုက်တော့သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ သတင်းပို့သမားမှာမူ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရရှာသည်။ သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားခဲ့မိပါသဖြင့် သူ၏ နှလုံးသားတစ်ခုလုံး လျှောကျသွားခဲ့ရပြီး... တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် ဤအဖိုးအိုသည် တကယ့်ကို ဒေါသအိုးပေါက်ကွဲနေသည့်ပုံစံမျိုး ဖြစ်နေခဲ့ကာ ထိုနေရာတစ်ခုလုံးရှိ အရှိန်အဝါများမှာလည်း ပိုမို တင်းမာခက်ထန်လာခဲ့ရ၏။
သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် သူသည် ဤနေရာသို့ မလာရောက်ခင်တုန်းက သခင်ကြီးစုလင်က သူ့အား မှာကြားခဲ့ဖူးသည့်... ထိုအဖိုးအို၏ ရှေ့မှောက်တွင် ၎င်းတို့၏ နာမည်ကို လုံးဝ လုံးဝ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်ဟူသော စကားလုံးများကို ကောင်းစွာ ပြန်လည်မှတ်မိသွားခဲ့သည်။
သတင်းပို့သမားသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ဦးခေါင်းယမ်းပြကာ.... "မဟုတ်ပါဘူးခင်ဗျာ... ကျွန်တော် ဒီနေရာကို လာခဲ့တာက သခင်မလေး အလီနာရဲ့ သတင်းစကားကို လာရောက်ပေးပို့ဖို့အတွက်ပါ၊ သခင်မလေး အလီနာက သခင်ကြီးအတွက် စာတစ်စောင် အထူးတလည် ပေးပို့လိုက်လို့ပါခင်ဗျာ..." ထိုသတင်းပို့သမားက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ထိုစကားလုံးများကို ပြာပြာသလဲ လျှောက်တင်လိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ထိုအဖိုးအိုသည် မိမိ၏ နေရာမှနေ၍ ရုတ်ချည်း ထရပ်လိုက်မိကာ
"မင်း အခုနက ဘာပြောလိုက်တာလဲ... ငါ့ရဲ့ သမီးဖြစ်သူက ငါ့ဆီကို သတင်းစကား ပို့လိုက်တယ် ဟုတ်လား..." အဖိုးအို၏ အသံများမှာမူ တုန်လှုပ်ခြင်းများနှင့်အတူ ဗယောက်ဗရက် ဖြစ်သွားခဲ့ရရှာသည်။
"နောက်ဆုံးတော့... ငါ့ရဲ့ အသက်တမျှ ချစ်လှစွာသော သမီးလေး အလီနာက သူမရဲ့ အဖေဆီကို သတင်းစကား ပို့လာခဲ့ပြီပဲ... တောက်... ငါ ဒီလိုမျိုး အချိန်အခါကို ရောက်ရှိလာဖို့အတွက် တကယ့်ကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ..." အဖိုးအိုသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရင်း ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်တော့၏။