ယိုဟန်သည် ဒီယာ့ခန္ဓာကိုယ်ပေါ်မှ သွေးစွန်းကြောင်းများကို သန့်စင်ပေးပြီးနောက် ဆေးဝါးများကို သေချာစွာ လိမ်းကျံပေးလိုက်သည်။
"ကဲ... အားလုံးပြီးပြီ။ ဒါက မင်းစားဖို့ စားစရာတွေပါ၊ ဘာမှ စိုးရိမ်မနေနဲ့တော့... စိတ်အေးအေးသာ ထားပါ"
သူက ဒီယာ့ကို ပြုံးပြလိုက်ရင်း စားစရာလင်ဗန်းကို လှမ်းပေးလိုက်၏။
တစ်ဖက်တွင်မူ...
အာနာသည် အတွေးနက်နေပြီး ယိုဟန်ကို ကြည့်ကာ ငေးမောနေမိသည်။ ဒီနေရာမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သူမ လုံးဝနားမလည်နိုင်တော့ချေ။ လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ယိုဟန် ထိုလူမိုက်များကို အလဲလဲအပြိုပြို နှိပ်ကွပ်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း သူမ ကြောင်အမ်းနေမိခြင်း ဖြစ်သည်။
'သူက ငါသိတဲ့ တကယ့် သခင်လေးယိုဟန် ဟုတ်ရဲ့လား။ တစ်မြို့လုံးက 'အမှိုက်' လို့ သမုတ်ထားကြတဲ့ လင်မျိုးနွယ်စုရဲ့ အသုံးမကျတဲ့ သခင်လေးက တကယ်ပဲ သူ ဟုတ်နေတာလား'
အာနားသည် စိတ်ထဲကနေ ဇဝေဇဝါ တွေးတောနေမိသည်။ သူမက ယိုဟန်ကို နက်ရှိုင်းသော အကြည့်များဖြင့် စိုက်ကြည့်နေစဉ် ယိုဟန်က အာနား၏ အကြည့်ကို သတိပြုမိသွား၏။
"ဟေ့... အာနာ၊ မင်း တစ်ခုခု ပြောချင်လို့လား။ စိတ်ထဲမှာ တစ်ခုခု အဆင်မပြေဖြစ်နေလို့လား"
ယိုဟန်က အာနားဘက်သို့ လှည့်၍ မေးလိုက်သည်။
ထိုစကားကြောင့် သူမ၏ ခန္ဓာကိုယ်လေး ဆတ်ခနဲ တောင့်တင်းသွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားရသည်။
"ဟင့်အင်း... ဘာမှမဟုတ်ပါဘူး သခင်လေးယိုဟန်" ဟု သူမ ပျာပျာသလဲ ပြန်လည်ဖြေကြားလိုက်၏။
သူမ၏ လေသံထဲမှ အနေရခက်မှုများကို ကြားလိုက်ရသောအခါ ယိုဟန်သည် သူမ ဘာကြောင့် ဤကဲ့သို့ ပြုမူနေရသည်ကို ခေတ္တမျှ စဉ်းစားပြီးနောက် နားလည်သွားခဲ့သည်။ မိမိ၏ စိတ်နေသဘောထားက ရုတ်တရက်ကြီး ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သော်လည်း ဤကိစ္စအတွက် သူလည်း ဘာမှတတ်နိုင်မည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် သခင်လေးယိုဟန်... သခင်လေးက ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပါ။ ဒီကျေးဇူးကို ကျွန်မ တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး"
ဒီယာက အစားအသောက်များကို သုံးဆောင်ပြီးနောက် ယိုဟန်၏ နီပြာရောင်မျက်ဝန်းများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ ယိုဟန်က ထိုမြင်ကွင်းကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်မိ၏။
"ရပါတယ်... ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ဒါနဲ့ နောက် ဘာဆက်လုပ်မလဲ... မင်း အခုကစပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟု သူက ဒီယာကို မေးလိုက်သည်။
ယိုဟန်၏ နှုတ်မှ ထိုစကားကို ကြားလိုက်ရသောအခါ သူမသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။
"ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် မသိတော့ပါဘူး သခင်လေးရယ်" ဟု သူမက ခါးသီးသော အပြုံးလေးဖြင့် ဆိုရှာသည်။
"ငါ နားလည်ပါတယ်။ ဒါဆိုရင်... မင်း လင်မျိုးနွယ်စုဝန်းထဲမှာပဲ ဆက်မနေချင်ဘူးလား။ ပြီးတော့ ငါ့အတွက် အလုပ်အကျွေးပြုပေးပေါ့။ မင်းအတွက် ငါ့မိခင်နဲ့ မနက်ဖြန်ကျရင် သေချာပေါက် စကားပြောပေးပါ့မယ်"
ယိုဟန်က ဒီယာကို ကြည့်ရင်း အကြံပြုလိုက်၏။
"သခင်လေးယိုဟန်... ကျွန်မက..."
သူမ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း နှုတ်ခမ်းဖျားမှ စကားလုံးများက ရှေ့ဆက်မတိုးနိုင်တော့ဘဲ မျက်ဝန်းအစုံမှ မျက်ရည်များသာ တလိမ့်လိမ့် စီးကျလာပြန်သည်။ ဤသည်ကို မြင်ရသောအခါ ယိုဟန် သက်ပြင်းတစ်ချက်ချလိုက်မိ၏။
"မငိုပါနဲ့တော့... မင်း ဒီနေရာမှာ ဘေးကင်းမှာပါ။ ဘယ်သူမှလည်း မင်းကို လာပြီး မခြိမ်းခြောက်ရဲစေရဘူး... ငါ့ကို ယုံကြည်လိုက်ပါ" ဟု သူက ဒီယာ့မျက်ဝန်းများကို စိုက်ကြည့်ရင်း အားပေးလိုက်သည်။
ထိုစကားကြောင့် သူမ ခေါင်းကို အသာငြိမ့်ပြရှာစဉ် ယိုဟန်က အာနာဘက်သို့ လှည့်ကြည့်လိုက်၏။
"အာနာ... ဒီယာ့အတွက် အခန်းတစ်ခန်းလောက် အဆင်ပြေအောင် စီစဉ်ပေးပါဦး။ သူမက မနက်ဖြန်ကစပြီး ငါတို့နဲ့အတူ နေထိုင်တော့မှာမလို့ပါ" ဟု ယိုဟန်က အာနားကို မှာကြားလိုက်သည်။
"နားလည်ပါပြီ သခင်လေးယိုဟန်... အလုပ်သမားတွေ နားနေဆောင်ဘက်မှာ သူမအတွက် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ အခုက ညဉ့်နက်နေပြီဆိုတော့ မနက်လင်းမှပဲ ရပါလိမ့်မယ်" ဟု သူမက ယိုဟန်ကို ပြန်လည်ဖြေကြားသည်။ ထိုစကားကို ကြားရသောအခါ ယိုဟန်က ခေါင်းငြိမ့်ပြလိုက်ပြီး ဒီယာ့ထံသို့ အကြည့်ကို ပြန်ရွှေ့လိုက်၏။
"ဒီညတော့ ငါ့အခန်းထဲမှာပဲ နားလိုက်ပါ။ အာနာက မင်းဘေးမှာ အတူတူ အဖော်နေပေးလိမ့်မယ်။ တစ်ခုခု လိုအပ်တာရှိရင် အာနားကိုသာ ပြော... သူမ မင်းကို ကူညီပေးလိမ့်မယ်"
ယိုဟန်က ဒီယာ့ကို ပြောပြီးနောက် အာနာဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။
"ဒါက မင်းအတွက် အဆင်ပြေရဲ့လား အာနား" ဟု သူက မေးလိုက်၏။
"ဒါပေမဲ့ သခင်လေး... ဒါက သခင်လေးရဲ့ အိပ်ဆောင်လေ။ ကျွန်မက သခင်လေးရဲ့ အခန်းထဲမှာ မနေဝံ့ပါဘူး"
အာနား၏ မျက်နှာလေး ဖြူလျော်သွားရသည်။
"ဟုတ်ပါတယ် သခင်လေး... ကျွန်မ အခု သက်သာနေပါပြီ။ သခင်လေး ဤမျှအထိ လုပ်ပေးဖို့ မလိုပါဘူး" ဟု ဒီယာကလည်း ဆိုကာ ကုတင်ပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်၏။
"မင်းတို့နှစ်ယောက်လုံး ငါပြောတဲ့အတိုင်းပဲ လုပ်ကြစမ်းပါ။ ငါ့မှာ တကယ်ကို အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်စရာရှိလို့ ကျင့်ကြံခြင်းအခန်း ထဲကို သွားရတော့မှာမလို့ပဲ" ဟု သူက အာနားကို ကြည့်ကာ ပြတ်သားစွာ ဆိုလိုက်သည်။
"ဒါပေမဲ့ သခင်လေးယိုဟန်..."
ဒီယာ တစ်စုံတစ်ခုကို ထပ်မံပြောရန် ပြင်လိုက်သော်လည်း ယိုဟန်က သူမ စကားကို ဖြတ်ပြောလိုက်၏။
"ရပါတယ်" ဟု သူက ဆိုကာ သူမကို ပြုံးပြလိုက်ပြီး အာနာဘက်သို့ အကြည့်ကို ရွှေ့လိုက်သည်။
"သူ့ကို သေချာစောင့်ရှောက်လိုက်ဦး"
ယိုဟန်က မှာကြားပြီးနောက် နောက်တစ်စက္ကန့်တွင် ထိုအမျိုးသမီးနှစ်ဦးကို အခန်းထဲ၌ ချန်ထားခဲ့ကာ ချက်ချင်း ထွက်ခွာသွားခဲ့တော့သည်။
ယိုဟန်၏ ထူးဆန်းသော အပြုအမူများကို ကြည့်ရင်း အာနာ သက်ပြင်းအရှည်ကြီးကို ချလိုက်မိ၏။
"ဟူး... ငါ့မှာ ဘာလို့ ဒီလိုတွေ ဖြစ်ပျက်နေရတာလဲ... တောက်"
အာနာတိုးတိုးလေး ရေရွတ်လိုက်ရင်း ဒီယာ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"မင်း ဘေးကင်းသွားတာ တကယ်ကို ကံကောင်းပါတယ်။ သခင်လေးယိုဟန်သာ အချိန်ကိုက် ဝင်မကယ်ခဲ့ရင် အဲဒီလူမိုက်တွေ မင်းကို ဘာတွေလုပ်ကြမလဲ မသိဘူး" ဟု အာနာက ဆိုလိုက်ရာ ဒီယာက ခါးသီးစွာ ပြုံးလိုက်မိ၏။
"ကျွန်မရဲ့ အသက်က သခင်လေးရဲ့ လက်ထဲမှာ ရှိနေတာပါ။ ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ ကျွန်မ တွေးတောင်မတွေးတတ်တော့ဘူး" ဟု ဆိုကာ ယိုဟန် ထွက်ခွာသွားရာ လမ်းကြောင်းဆီသို့ ငေးကြည့်နေမိသည်။
"ဒါပေမဲ့ ကျွန်မ တကယ်ပဲ ဇဝေဇဝါ ဖြစ်နေမိတာတစ်ခုရှိတယ်။ သခင်လေးယိုဟန်က ဘာဖြစ်လို့ ကျင့်ကြံခြင်းအခန်းထဲကို သွားရတာလဲ" ဟု အာနာက အံ့သြတကြီး မေးမြန်းလိုက်သည်။
ထိုစကားကြောင့် ဒီယာသည်လည်း နားမလည်နိုင်အောင် ဖြစ်သွားရ၏။
"နင်က ဘာကို ဆိုလိုတာလဲ" ဟု ဒီယာက မေးလိုက်သည်။
"ဒီလိုရှိတယ်... သခင်လေးက 'ဖိုမကျင့်စဉ်' သမားတစ်ယောက်လေ။ သူက နာမည်ပျက်တွေကြောင့် ဂိုဏ်းကနေ ထွက်ပြေးလာခဲ့ရတာ။ ဂိုဏ်းထဲမှာလည်း သူ့မှာ ဘာအဖော် (ကျင့်ကြံဖော်) မှ မရှိဘူး။ သူ သဘောကျခဲ့ရတဲ့ ငယ်သူငယ်ချင်းကတောင် သူ့ကို ငြင်းပယ်ခဲ့တာလေ။
အဲဒီမိန်းကလေးက လူပုံအလယ်မှာ သူ့ကို အရှက်ခွဲခဲ့ရုံတင်မကဘူး... သူမက ကိုယ်ခန္ဓာသန်မာခြင်းအဆင့်ရဲ့ ဆဋ္ဌမအဆင့်ကိုတောင် ရောက်နေပြီဖြစ်ပေမဲ့၊ သခင်လေးကတော့ အခုထိ ကိုယ်ခန္ဓာနိုးထခြင်းအဆင့်ရဲ့ အစပျိုးကာလမှာပဲ ရှိသေးတာ" ဟု အာနားက အဖြစ်အပျက်အားလုံးကို ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဒီယာ့၏ နှလုံးခုန်သံများမှာ ပိုမိုမြန်ဆန်လာခဲ့ရသည်။
"သူက... ဖိုမကျင့်စဉ်လမ်းစဉ်ကို ရွေးချယ်ခဲ့တာလား..." သူမ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
တစ်ဖက်တွင်မူ...
ယိုဟန်သည် ကျင့်ကြံခြင်းအခန်း၏ တံခါးချပ်ကို တွန်းဖွင့်လိုက်သည်။
"ဟူး... ဒါက ငါ့ဖခင် ကျင့်ကြံတဲ့အခါ သုံးလေ့ရှိတဲ့ သာမန်ကျင့်ကြံခြင်းအခန်းပေါ့" သူ တိုးတိုးလေး ရေရွတ်လိုက်ရင်း တံခါးကို အတွင်းမှနေ၍ သေချာစွာ ပိတ်လိုက်၏။
သူသည် အခန်းအလယ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ခန္ဓာကိုယ်အနေအထားကို ကမ္ဘာဦးကြာပန်းပုံစံ အဖြစ် ပြောင်းလဲထိုင်လိုက်သည်။
"ကဲ... အခြေအနေတွေ ဘယ်လိုဖြစ်မလဲ ကြည့်ရသေးတာပေါ့။ အရင်ဘဝတုန်းကတော့ ငါက လေအဟုန်စွမ်းအင် (Qi) ကို အသုံးပြုပြီး ကျင့်ကြံမှုကို စတင်ခဲ့တာ။ ကျင့်စဉ်ခေတ်ဂိမ်းထဲမှာတော့ လေအဟုန်စွမ်းအင်ဆိုတာ ဒီကမ္ဘာကြီးရဲ့ အနှစ်သာရပဲလေ"
သူသည် စိတ်ထဲကနေ ရေရွတ်ရင်း မျက်လုံးများကို မှိတ်လိုက်ကာ ပတ်ဝန်းကျင်မှ လေအဟုန်စွမ်းအင်များကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စတင်စုစည်းလိုက်ပါတော့သည်။
တီ
<သင်သည် ပထမဆုံးအကြိမ် ကျင့်ကြံခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူတစ်ဦး ဖြစ်လာသည့်အတွက် ဂုဏ်ယူပါသည် အရှင်...>
"ဘုရားရေ... ဒါ... ဒါ ဘာကြီးလဲ"
သူ၏ စိတ်ဝိညာဉ်ထဲမှ ထွက်ပေါ်လာသော ထိုခံစားချက်မဲ့ အေးစက်စက် အသံကြောင့် သူ အလွန်တရာ ထိတ်လန့်အံ့အားသင့်သွားရပြီး ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းကျန်ရစ်ခဲ့ပါတော့သည်။