ဝတ်စုံထက်တွင် သွေးစများ စိုရွှဲနေသော လူငယ်တစ်ဦးသည် တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အပြင်းအထန် ပြေးလွှားနေခဲ့ပြီး... ထိုပတ်ဝန်းကျင် တစ်ဝိုက်တွင်မူ ဝတ်စုံနက်လူရိပ်အချို့ နေရာအနှံ့ ရှိနေခဲ့ကြကာ သူ့အား စိုက်ကြည့်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ယိုဟန်၏အနီးသို့ မချဉ်းကပ်ရဲကြပါချေ။
ယိုဟန်သည် သူ၏ အခန်းတွင်းသို့ လှမ်းဝင်လိုက်စဉ်မှာပင်... သူ၏ အကြည့်များမှာ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ရာ၊ သူ၏ အဖိုးဖြစ်သူသည် ယိုဟန်၏ ကုတင်ဘေးတွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရပြီး... အဖိုးအိုတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာမူ ဒီယာ့၏ ခန္ဓာကိုယ်ကို စစ်ဆေးပေးရင်း သူမ၏ ဘေးနားတွင် ထိုင်နေကြသည်။ ၎င်းတို့မှာ ဒီယာ့ကို အပူတပြင်း စောင့်ကြပ်ကြည့်ရှုပေးနေကြသည့် ဆေးသမားတော်များ ဖြစ်ကြ၏။
"အဖိုး... သူမ ဘယ်လိုနေသေးလဲ" ယိုဟန်သည် အဖိုးအိုထံသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့ရင်း မေးမြန်းလိုက်မိကာ... သူ၏ အကြည့်များမှာ ကုတင်ထက်တွင် လဲလျောင်းလျက် အသိစိတ်မဲ့စွာ သတိလစ်မေ့မြောနေဆဲ ဖြစ်သည့် ဒီယာ့ထံသို့ ရောက်ရှိသွားခဲ့သည်။
အဖိုးအိုလင်သည် ယိုဟန်ကို လှမ်းကြည့်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ... ဘာစကားမျှ မဆိုဘဲ တိတ်ဆိတ်စွာဖြင့် ဒီယာ့ကို အမျိုးသမီးနှင့်အတူ စမ်းသပ်စစ်ဆေးပေးနေသည့် ဆေးသမားတော်အိုကြီးထံသို့သာ အကြည့်တို့ကို ပို့လွှတ်လိုက်သည်။
အဖိုးဖြစ်သူက မိမိ၏ အကြည့်များကို လျစ်လျူရှုထားလိုက်သည်ကို မြင်တွေ့လိုက်ရသည့်ခဏ၌ ယိုဟန်၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ နစ်မြုပ်သွားခဲ့ရပြီး... သူသည် ဒီယာ့ကို စမ်းသပ်နေသည့် အဖိုးအိုကို စိုက်ကြည့်လိုက်ကာ— "သူမ ဘာဖြစ်သွားတာလဲ... သူ ဘာဖြစ်လို့ မျက်လုံး မဖွင့်လာတာလဲ" ယိုဟန်က ဒေါသတကြီး မျက်လုံးများဖြင့် ဆေးသမားတော်အိုကြီးကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို အော်ဟစ်လိုက်တော့သည်။
"ကျေးဇူးပြုပြီး သခင်ကြီး... သခင်ကြီးရဲ့ မြေးဖြစ်သူကို ဒီအခန်းထဲကနေ ခေတ္တခဏလောက် ခေါ်ထုတ်ပေးပါဦး၊ ကျွန်တော်တို့ကို ကျွန်တော်တို့ရဲ့ အလုပ်ကို လုပ်ခွင့်ပေးပါ... အခုအချိန်မှာ သူမရဲ့ အခြေအနေကို သေသေချာချာ မစမ်းသပ်ရသေးဘဲနဲ့ ဘာတစ်ခုမှ အတပ်မပြောနိုင်သေးပါဘူး" ဆေးသမားတော်အိုကြီးသည် ယိုဟန်၏ ဒေါသတကြီး စိုက်ကြည့်နေမှုကို လျစ်လျူရှုလိုက်မိရင်း အကြီးအကဲလင်ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ ယိုဟန်သည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး—
"တောက်... မင်းတို့၊ ငါ့ကို ချက်ချင်းပြောစမ်း... သူမ ဘာဖြစ်နေတာလဲ၊ သူ ဘာဖြစ်လို့ မျက်လုံး မဖွင့်လာရတာလဲ" ယိုဟန်သည် ဆေးသမားတော်အိုကြီးထံသို့ ဒေါသတကြီး အော်ဟစ်လိုက်မိရင်း သူ့ကို လည်ပင်းမှနေ၍ အတင်းအဓမ္မ ဆွဲကိုင်မြှောက်တင်လိုက်တော့သည်။ ယိုဟန်၏ မျက်နှာထက်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော လူသတ်လိုစိတ် အရှိန်အဝါများ အဟုန်ပြင်းစွာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ဆေးသမားတော်အိုကြီးမှာမူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခြင်းများနှင့်အတူ ပြင်းထန်စွာ တုန်ယင်လာခဲ့ရပြီး... ယိုဟန်၏ ဒေါသတကြီး ရူးသွပ်မှုကို မြင်တွေ့လိုက်ရသည့်အခါ ဒီယာ့ကို စောင့်ကြပ်ကြည့်ရှုပေးနေသည့် အမျိုးသမီးမှာလည်း ကုတင်ဘေးမှနေ၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရရှာသည်။ ယခုအခါ ယိုဟန်သည် ထိုအဖိုးအိုကို ဝေဟင်ထက်သို့ အတင်းအဓမ္မ မြှောက်တင်ထားခြင်း ဖြစ်၏။
"ယိုဟန်... မင်းကိုယ်မင်း ထိန်းစမ်း၊ မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်လိုက်စမ်း" သူ၏ အဖိုးဖြစ်သူက ယိုဟန်၏ လက်ကို အတင်းအဓမ္မ လှမ်းကိုင်လိုက်ရင်း သူ့ကို စိုက်ကြည့်ကာ— "သူတို့ကို သူတို့ရဲ့ အလုပ်ကို လုပ်ခွင့်ပေးလိုက်ပါ... ငါ့ကို ယုံစမ်းပါ၊ သူက ဒီမြို့တစ်မြို့လုံးမှာ အတော်ဆုံး ဆေးသမားတော်ပဲ... ငါတို့မှာ တခြားရွေးချယ်စရာ လုံးဝ မရှိဘူး" အဖိုးအိုလင်က ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ယိုဟန်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း ထိုဆေးသမားတော်ကို သူ၏ လက်ခုပ်တွင်းမှနေ၍ ပြန်လည်လွှတ်ပေးလိုက်ရာ... ဆေးသမားတော်အိုကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း မြေပြင်ထက်သို့ ဒူးထောက်လဲကျသွားခဲ့ရပြီး၊ အတန်ကြာပြီးနောက်တွင်မူ ထိုဆေးသမားတော်အိုကြီးသည် အဖိုးအိုလင်အား ယိုဟန်ကို ထိန်းသိမ်းပေးရန် အကူအညီတောင်းခံသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
"လာပါ... သူတို့ကို သူတို့ရဲ့ အလုပ်ကို လုပ်ခွင့်ပေးလိုက်ကြစို့၊ သူမ သေချာပေါက် အဆင်ပြေသွားမှာပါ... မင်း အခုလို လုပ်နေတာက သူမအတွက် ကိစ္စတွေကို ပိုပြီး ခက်ခဲအောင် လုပ်နေသလို ဖြစ်နေလိမ့်မယ်" အဖိုးအိုလင်က ယိုဟန်၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ... ယိုဟန်က သူ၏ အဖိုးဖြစ်သူကို ဦးခေါင်းညိတ်ပြလိုက်မိရင်း၊ သူသည် ကုတင်ထက်ရှိ ဒီယာထံသို့ အသာအယာ ချဉ်းကပ်သွားခဲ့တော့သည်။
"ငါ တောင်းပန်ပါတယ်... ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်ရတာပါ၊ ငါ့ကို ပစ်မသွားပါနဲ့... ကျေးဇူးပြုပြီး ဒီယာရယ်... ငါ့ကို ပစ်မသွားပါနဲ့၊ တကယ်လို့ မင်းကို တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့မယ်ဆိုရင် ငါ့ကိုယ်ငါ ဘယ်လိုမျက်နှာမျိုးနဲ့ ဆက်ပြီး ရင်ဆိုင်ရတော့မှာလဲ..." ယိုဟန်သည် ဒီယာ့၏ လက်ကလေးကို မိမိ၏ လက်ဖဝါးအတွင်းသို့ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရင်း သူ၏ မျက်ဝန်းအစုံမှ မျက်ရည်များမှာ တရဟော စီးကျလာခဲ့တော့သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ အဖိုးအိုလင်၏ နှလုံးသားတစ်ခုလုံး ဆတ်ကနဲ နစ်မြုပ်သွားခဲ့ရပြီး... သူသည် မိမိ၏ မြေးဖြစ်သူကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပါချေ။ သူသည် ယိုဟန်အနေဖြင့် အခြားတစ်စုံတစ်ယောက်အတွက်နှင့် အခုလိုမျိုး ငိုယိုနေသည်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ဤအရာမှာ အဖိုးအိုတစ်ဦးအနေဖြင့် တစ်နေ့သောအခါတွင် မိမိ၏ မြေးဖြစ်သူကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိသည့် အရာပင် ဖြစ်၏။
ယခု သူမြင်တွေ့နေရသည့် ယိုဟန်မှာ ယခင်က သူသိခဲ့သော ယိုဟန်နှင့် လုံးဝ ခြားနားနေခဲ့ပြီ ဖြစ်သော်လည်း... သူ နာကျင်ခံစားနေရသည်ကို မြင်တွေ့ရခြင်းမှာ အဖိုးအိုလင်အတွက်မူ လုံးဝ စိတ်ချမ်းမြေ့စရာ ခံစားချက်မျိုး မဟုတ်ပါချေ။
ဆေးသမားတော်နှင့် အမျိုးသမီးတို့သည် ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်အခါ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက်... ယိုဟန်အား ဤအခန်းထဲမှ ခေါ်ထုတ်ပေးရန် အဖိုးအိုလင်ထံသို့ အကြည့်ချင်း ဖလှယ်လိုက်ကြသဖြင့်၊ အဖိုးအိုလင်က ယိုဟန်၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်ကာ "သွားကြစို့... ငါ့မြေးလေး"
ယိုဟန်သည် သူ၏ အဖိုးဖြစ်သူကို လှမ်းကြည့်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ... သူ၏ အခန်းထဲမှ မထွက်ခွာမီ နောက်ဆုံးအနေဖြင့် ဒီယာ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်မိသည်။ သူမမှာမူ အိပ်မောကျနေသည့်အလား အသိစိတ်မဲ့စွာ သတိလစ်မေ့မြောနေဆဲ ဖြစ်ပြီး... သူမ၏ လည်ပင်းထက်တွင်မူ ညိုမည်းပြာနှမ်းနေသော အမာရွတ် အမှတ်အသားတစ်ခုကို အထင်အရှား မြင်တွေ့နေရသည်။
သူမ၏ လည်ပင်းပတ်ပတ်လည်မှ ထိုအမာရွတ်များကို မြင်တွေ့လိုက်ရသည့်ခဏ၌ ယိုဟန်၏ သွေးများမှာ ဒေါသတကြီး ပြင်းထန်စွာ ဆူပွက်လာခဲ့ရပြီး... သူသည် သူ၏ အဖိုးဖြစ်သူနှင့်အတူ အခန်းထဲမှ ချက်ချင်း ထွက်ခွာခဲ့တော့သည်။ နောက်တစ်စက္ကန့်တွင်မူ ထိုအမျိုးသမီးသည် အခန်းတံခါးကို အထဲမှနေ၍ တင်းကျပ်စွာ ပိတ်ဆို့လိုက်တော့၏။
ထိုအတောအတွင်း—
"အဖိုး... ဒါဟာ ငါ့ရဲ့ အပြစ်တွေပဲ၊ ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်ရတာပါ..." ယိုဟန်သည် ဆေးသမားတော်က ဒီယာကို စမ်းသပ်စစ်ဆေးပေးနေသည့် အခန်းတံခါးဆီသို့ စိုက်ကြည့်လိုက်မိရင်း လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
အဖိုးအိုလင်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း မိမိ၏ ဘေးနားတွင် မတ်တတ်ရပ်နေသော ယိုဟန်ကို လှမ်းကြည့်ကာ "ဒီယာက မင်းရဲ့ အခန်းထဲကို ရောက်လာလိမ့်မယ်လို့ ငါ တစ်ခါမျှ မတွေးခဲ့မိဘူး... သူမက သူမရဲ့ အခန်းထဲမှာ အိပ်ပျော်နေခဲ့တာလေ၊ ဒါပေမဲ့ တစ်နည်းတစ်ဖုံအားဖြင့် သူမက ဒီနေရာကို ရောက်ရှိလာခဲ့တာပဲ... ငါတို့တွေ ဂရုမစိုက်မိဘဲ ပေါ့ဆသွားခဲ့ကြတာ၊ မင်းရဲ့ အဖိုးကြောင့်ပါ ယိုဟန်ရယ်... မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့၊ တကယ်လို့ မင်းအနေနဲ့ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့... ငါ့ကိုသာ အပြစ်တင်လိုက်စမ်းပါ" အဖိုးအိုလင်က သူ၏ မျက်နှာထက်မှ ဝမ်းနည်းပူဆွေးလှသော အမူအရာများနှင့်အတူ ယိုဟန်ကို ကြည့်ကာ ဆိုလိုက်သည်။
"ယိုဟန်..." သို့သော်လည်း ရုတ်ချည်းဆိုသလိုပင်... အနောက်ဘက်ဆီမှနေ၍ ထူးဆန်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သဖြင့်၊ ယိုဟန်သည် သူ၏ ဦးခေါင်းကို အနည်းငယ် စောင်းလိုက်မိရင်း ထိုအသံထွက်ပေါ်လာရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ရာ... အမျိုးသမီးတစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးတို့မှာ ထိုနေရာ၌ မတ်တတ်ရပ်လျက် ယိုဟန်ကို စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
"အမေ... အမေ ဒီကို ရောက်နေတာပဲ..." ယိုဟန်က ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိသည်နှင့် တစ်ပြိုင်နက်... နောက်တစ်စက္ကန့်၌ အလီနာသည် သူ့ကို ပြင်းထန်စွာ အတင်းအဓမ္မ ဖက်လဲတကင်း ပွေ့ဖက်လိုက်ပြီး၊ သူမသည် ယိုဟန်၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်မိရင်း တရဟော ငိုယိုလာခဲ့တော့သည်။
"ကောင်းကင်ဘုံက ကယ်လို့... မင်း အဆင်ပြေပြေနဲ့ ဘေးကင်းသွားလို့ တော်ပါသေးရဲ့၊ ငါ အဲဒီအသံဗလံတွေကို ကြားလိုက်ရတဲ့ခဏတုန်းက ငါ့ရဲ့ နှလုံးခုန်သံတွေတောင် ရပ်တန့်သွားမတတ် ခံစားလိုက်ရတာ... ငါ မင်းအတွက် တကယ့်ကို စိုးရိမ်နေခဲ့တာ ငါ့သားရယ်၊ ငါ့ရဲ့ စိတ်ထဲမှာလည်း မကောင်းတဲ့ အတွေးမျိုးစုံ ဝင်ရောက်နေခဲ့တာ... ဒါပေမဲ့ အခု မင်း ဘာမှမဖြစ်ဘဲ အဆင်ပြေနေတာကို မြင်ရလို့ ငါ တကယ့်ကို ဝမ်းသာပါတယ်" အလီနာက သူ့ကို ပွေ့ဖက်ထားလိုက်မိရင်း သူ၏ နဖူးပြင်ထက်သို့ နူးညံ့စွာ နမ်းရှုတ်လိုက်သည်။
သို့သော်လည်း ယိုဟန်မှာမူ တိတ်ဆိတ်စွာဖြင့် ဘာစကားမျှ ပြန်လည်မပြောကြားခဲ့ပါချေ။ အလီနာသည် သူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ရာ... ၎င်းမျက်ဝန်းများမှာ နီမြန်းစိုစွတ်နေခဲ့ပြီး ဝမ်းနည်းပူဆွေးမှု အရှိန်အဝါများကို အထင်အရှား မြင်တွေ့နေရသဖြင့် "ယိုဟန်... ဘာဖြစ်လို့လဲ ငါ့သားရဲ့..." သူမက သူ့ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်မိသည်။
စုလင်သည်လည်း ယိုဟန်ထံသို့ လှမ်းကြည့်လိုက်မိရင်း မိမိ၏ သားဖြစ်သူကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့လိုက်ရသဖြင့် သူ၏ နှလုံးခုန်သံများမှာ ပိုမိုမြန်ဆန်လာခဲ့ရကာ— "အဖေ... ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါဦး... သူ ဘာဖြစ်လို့ အခုလိုမျိုး ဖြစ်နေရတာလဲ" စူးလင်က အဖိုးအိုလင်ကို လှမ်းကြည့်ကာ မေးမြန်းလိုက်တော့သည်။
အဖိုးအိုလင်သည် အလီနာနှင့် စုလင်တို့ကို လှမ်းကြည့်လိုက်မိရင်း "ဒီယာကို... တစ်စုံတစ်ခုသော မကောင်းတဲ့ ကိစ္စ ဖြစ်ပျက်သွားခဲ့လို့ပဲ..." ဟု ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ယိုဟန်၏ အဆောက်အဦးဝင်းအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို အစအဆုံး သေသေချာချာ ရှင်းလင်းပြောကြားလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အလီနာနှင့် စုလင်တို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီး... အလီနာ၏ လှပချောမောလှသော မျက်နှာလေးမှာလည်း လွန်ခဲ့တဲ့ နာရီပိုင်းအနည်းငယ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည့် အကြောင်းအရင်းအားလုံးကို ကြားသိလိုက်ရသည့်အတွက် တစ်ခါတည်း သွေးဆုတ်ဖြူလျော်သွားခဲ့ရရှာသည်။
သူမသည် ယိုဟန်ကို ပိုမိုတင်းကျပ်စွာ ဆွဲပွေ့ဖက်လိုက်မိရင်း—
"သူမ သေချာပေါက် အဆင်ပြေသွားမှာပါ... သူမက တကယ့်ကို ကြံ့ခိုင်တဲ့ ကလေးမလေးတစ်ယောက်ပဲ ငါ့သားရဲ့..." အလီနာက သူ့ကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း အားပေးစကား ဆိုလိုက်သည်။
နောက်တစ်စက္ကန့်တွင်မူ ထိုအဖိုးအိုသည် အခန်းတံခါးကို အထဲမှနေ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီး... ထိုအမျိုးသမီးသည်လည်း ဆေးသမားတော်၏ ဘေးနားတွင် မတ်တတ်ရပ်နေခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် လင်မိသားစုဝင်များကို ပျာပျာသလဲဖြင့် စိုးရိမ်တကြီး စိုက်ကြည့်လိုက်ကြမိရင်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြန်သည်။
"သူမ ဘာဖြစ်သွားတာလဲ... မင်းတို့က ဘာဖြစ်လို့ အရူးတစ်ယောက်လို မတ်တတ်ရပ်နေကြတာလဲ၊ ငါ့ကို ချက်ချင်းပြောစမ်း... သောက်ကောင်တွေ" အဖိုးအိုလင်သည် ဆေးသမားတော်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဆေးသမားတော်သည် သူ၏ သတ္တိများကို အစွမ်းကုန် စုစည်းလိုက်မိရင်း... အဖိုးအိုလင်ကို စိုက်ကြည့်ကာ "အကြီးအကဲလင်... ကျွန်တော် တောင်းပန်ပါတယ်..." ဟု ဆိုလိုက်တော့သည်။