"သူ့အတွက် ဘာမှ စိုးရိမ်မနေပါနဲ့သမီးရယ်... သေသေချာချာ အိပ်စက်အနားယူလိုက်ရင် သူ မကြာခင် အဆင်ပြေသွားမှာပါ၊ သမီးလည်း တော်တော်လေး ပင်ပန်းနေပုံရတယ်၊ ကောင်းကောင်း အနားယူလိုက်ဦးနော် ဒီယာ... မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့" အာလီနာက ဒီယာ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ကာ သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
၎င်းတို့နှစ်ဦးစလုံးမှာ ဒီယာ့၏ အခန်းတွင်း၌ ရှိနေကြခြင်း ဖြစ်၏။ ဒီယာက အလီနာကို ကြည့်ကာ လှပစွာ ပြုံးပြလိုက်မိရင်း သူမ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားရသည့်အခါ ဦးခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ အမေ... အမေပြောတဲ့အတိုင်း ကျွန်မ လုပ်ပါ့မယ်" သူမက အလီနာကို ပြန်လည်ဖြေကြားလိုက်ရာ၊ ထိုစကားကို ကြားလိုက်ရသည့်အခါ အလီနာက ဒီယာ့ကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်မိသည်။
"ဒါဟာ အမေ သမီးရဲ့ ပါးစပ်ဖျားကနေ ကြားချင်ခဲ့တဲ့ စကားပဲကွယ်၊ လိမ္မာတယ်... ကဲ အခု ကုတင်ပေါ်တက်ပြီး ကောင်းကောင်း အနားယူလိုက်တော့နော်" အလီနာက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် သူမသည် အာနာကို သွားရောက်ရှာဖွေရန်အတွက် ဒီယာ့၏ အခန်းတွင်းမှနေ၍ ထွက်ခွာသွားခဲ့တော့သည်။
ဒီယာသည် မိမိ၏ ကုတင်အနီးသို့ ချဉ်းကပ်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ကာ... ကုတင်ထက်သို့ လှဲလျောင်းရင်း ယိုဟန်၏အကြောင်းကို တွေးတောနေမိတော့သည်— "မင်း မြန်မြန်ဆန်ဆန် နေကောင်းလာပါစေကွယ်... မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့" သူမက တီးတိုးရေရွတ်လိုက်ပြီးနောက် မျက်ဝန်းအစုံကို ပိတ်ဆို့ထားလိုက်ရာ... ခဏမျှ ကြာပြီးနောက်တွင်မူ နောက်ဆုံး၌ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရတော့သည်။
ထိုအတောအတွင်း—
အမျိုးသမီးတစ်ဦးသည် အစေခံများ နားနေဆောင်၏ တံခါးရှေ့မှောက်တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ရပြီး... နောက်တစ်စက္ကန့်၌ သူမသည် တံခါးကို ခေါက်လိုက်သည်။ ခေတ္တမျှ စောင့်ဆိုင်းလိုက်ပြီးနောက်တွင်မူ... သူမမှာ အာနာကို ရှာဖွေရန်အတွက် ဤနေရာဆီသို့ ရောက်ရှိလာခဲ့သော အလီနာ ဖြစ်နေခဲ့သည်။ ယခုအချိန်မှာ သန်းခေါင်ယံအချိန် ရောက်ရှိနေပြီ ဖြစ်သော်လည်း... သူမတွင် အခြားရွေးချယ်စရာ လုံးဝ မရှိခဲ့ပါချေ။
"သခင်မကြီး... ဘာဖြစ်လို့ ဒီနေရာကို ရောက်လာရတာလဲရှင့်၊ အဆင်ပြေရဲ့လားဟင်" အာနာက သူမ၏ အခန်းတံခါးကို ဖွင့်လှစ်လိုက်သည့်ခဏ၌... သခင်မကြီး အလီနာကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် တုန်လှုပ်အံ့ဩသွားခဲ့ရသည်။
အလီနာက အပြုံးတစ်ခုကို ပြုံးလိုက်မိရင်း— "ဒီလိုအချိန်ကြီးမှာ မင်းကို နှောင့်ယှက်မိတဲ့အတွက် စိတ်မကောင်းပါဘူး အာနာရယ်... ဒါပေမဲ့ အမေ့မှာ ဒီနေရာကို လာခဲ့ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့လို့ပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ သူမသည် ယိုဟန်နှင့် ပတ်သက်သမျှ အခြေအနေများကို အာနာ့အား စတင်ရှင်းပြလိုက်တော့သည်။
အာနာသည် ယိုဟန်၏အကြောင်းကို ကြားသိလိုက်ရသည့်အခါ သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။
"ဘာမှ စိုးရိမ်မနေပါနဲ့ သခင်မကြီး... သခင်လေး ယိုဟန်ရဲ့ ဘေးနားမှာ ကျွန်မ ရှိနေပေးပါ့မယ်၊ သခင်မကြီးလည်း သခင်မကြီးရဲ့ အခန်းဆီကို ပြန်ပြီး အနားယူလိုက်ပါတော့ရှင်" အာနာက အလီနာကို ကြည့်ကာ ထိုစကားလုံးများကို ဆိုလိုက်ရာ... အလီနာက ဦးခေါင်းညိတ်ပြလိုက်ပြီး၊ အာနာ၏ စကားကြောင့် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရှာသည်။
"အမေ မင်းကို ယုံကြည်ပါတယ်... တကယ်လို့ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့ရင် အမေ့ကို သေသေချာချာ လှမ်းခေါ်လိုက်နော်" အလီနာက အာနာ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အာနာက ထိုစကားကို ကြားရသည့်အခါ ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် အလီနာသည် မိမိ၏ အိပ်ဆောင်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့ကာ၊ အာနာကမူ ယိုဟန်၏ အခန်းဆီသို့ ထွက်ခွာလာခဲ့တော့သည်။ ခဏမျှ ကြာပြီးနောက်တွင်မူ အာနာသည် ယိုဟန်၏ အခန်းတွင်းသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ရကာ သူ၏ ကုတင်ဘေးနားသို့ ချဉ်းကပ်လိုက်မိ၏။
ယိုဟန်သည် ငြိမ်သက်စွာ အိပ်ပျော်နေခဲ့ပြီး... အာနာက သူ့ကို ကြည့်ရင်း ပြုံးလိုက်မိကာ ကုလားထိုင်တစ်လုံးကို ယူ၍ ယိုဟန်၏ ကုတင်ဘေးနား၌ ထိုင်လိုက်သည်။ သူမသည် မိမိ၏ မျက်စိရှေ့မှောက်မှ အခြင်းအရာကိုပင် မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ရပြီး... သူသည် အတိတ်တုန်းက မိမိကိုယ်ကိုယ်နှင့် လုံးဝ ခြားနားနေခဲ့ပြီ ဖြစ်သည်။
'သခင်လေး ယိုဟန်က ရက်အနည်းငယ်အတွင်းမှာပဲ သိသိသာသာကြီး ပြောင်းလဲသွားခဲ့တာပဲ... သူက တကယ့်ကို ခန့်ညားချောမောလာပြီး အားကိုးလို့ရတဲ့ ပုံစံမျိုး ဖြစ်လာခဲ့တယ်၊ သခင်မလေး ဒီယာကတော့ သူ့လိုလူမျိုးကို ပိုင်ဆိုင်ထားရလို့ တကယ့်ကို ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ' သူမသည် ယိုဟန်၏ မျက်နှာကို စိုက်ကြည့်ရင်း စိတ်ထဲမှနေ၍ တီးတိုးတွေးတောလိုက်မိသည်။
ထိုအတောအတွင်း—
"သူ အဆင်ပြေရဲ့လား..." စုလင်က အလီနာကို လှမ်းကြည့်ကာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။ အလီနာက သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ... ကုတင်ထက်ရှိ မိမိ၏ ခင်ပွန်းဖြစ်သူအနီးသို့ ချဉ်းကပ်လိုက်မိ၏။
"ဟုတ်ကဲ့... သူ အဆင်ပြေပါတယ်၊ အခုလည်း အိပ်ပျော်နေပါပြီ... သူ့ကို စောင့်ရှောက်ပေးဖို့ အာနာကို အမေ ပြောထားလိုက်တယ်၊ သူမက သူ့ဘေးနားမှာ ရှိနေပေးမှာမို့လို့... ရှင့်အနေနဲ့ သူ့အတွက် စိုးရိမ်မနေပါနဲ့တော့" အလီနာက စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
စုလင်က ထိုစကားကို ကြားလိုက်ရသည့်အခါ သက်ပြင်းတစ်ချက်ချလိုက်မိရင်း အလီနာကို လှမ်းကြည့်ကာ— "အဖေ ပြောတာ တကယ့်ကို မှန်ကန်ခဲ့တာပဲ... ငါကတော့ မှားယွင်းခဲ့ရတယ်၊ ရှောင်ဖန်းက ဘာဖြစ်လို့ ယိုဟန်ကို အတင်းအကျပ် လက်မထပ်ချင်နေရသလဲဆိုတဲ့ ရိုးရှင်းတဲ့ အချက်ကိုတောင် ငါ နားမလည်နိုင်ခဲ့ဘူး... ဖုန်းယွမ်နဲ့ ဖုန်းမင်းတို့က ငါတို့ကလေးတွေ ငယ်ရွယ်စဉ်တုန်းက ထားရှိခဲ့တဲ့ ကတိကဝတ်တွေကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ထားခဲ့ကြပြီးသားပဲဥစ္စာ" စုလင်က အလီနာကို လှမ်းကြည့်ရင်း မိမိ၏ မျက်နှာထက်တွင် ခါးသီးလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ကာ ထိုစကားလုံးများကို ဆိုလိုက်ခြင်း ဖြစ်သည်။
သူသည် ညစာစားပွဲတုန်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ယခုထိတိုင် မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ရသည်။ ဖုန်းယွမ်သည် မိမိ၏ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတစ်ယောက် ဖြစ်ခဲ့ရုံမျှမက ၎င်းတို့နှစ်ဦးစလုံး အတူတကွ ကိစ္စရပ်မျိုးစုံကို ဖြတ်သန်းခဲ့ကြဖူးခြင်း ဖြစ်၏။ သူသည် မိမိ၏ မိတ်ဆွေသူငယ်ချင်းထံမှ သစ္စာဖောက်ဖျက်ခြင်း ခံလိုက်ရသည်ဟု ပြင်းထန်စွာ ခံစားနေရရှာသည်။
အလီနာက ထိုအခြင်းအရာကို သတိပြုမိလိုက်ပြီး မိမိ၏ ခင်ပွန်းဖြစ်သူ မည်မျှအထိ အတွေးလွန်နေသလဲဆိုသည်ကို ကောင်းစွာ နားလည်လိုက်သည်။ သူမက သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း ဆူလင်ကို စိုက်ကြည့်လိုက်ကာ—
"ဒါက ရှင့်ရဲ့ အမှားမဟုတ်ပါဘူး... မိမိကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ စုလင်ရယ်၊ သူတို့တွေက နီကိုးစ်မျိုးနွယ်စုနဲ့ အဆက်အသွယ် ရှိနေကြပြီလို့ ရှင် မကြားလိုက်ဘူးလား... ဒါကြောင့် ဒီလိုနေ့မျိုးက အနှေးနဲ့အမြန် ရောက်ရှိလာမှာပဲလေ၊ ပြီးတော့ ရှောင်ဖန်းနဲ့ သခင်လေး မားကပ်စ်တို့ကလည်း အဖေပြောခဲ့သလိုပဲ... နတ်ဘုရားပန်းပွင့်လန်းခြင်းဂိုဏ်း ထဲမှာ ရှိနေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နေကြတာဆိုတော့... အခုဆိုရင် ကျွန်မအနေနဲ့ အံ့ဩမနေတော့ပါဘူး" အလီနာက စုလင်ကို ပြန်လည်နှစ်သိမ့်လိုက်သည်။
"တောက်... အဲဒီ နီကိုးစ်မျိုးနွယ်စုက အမှိုက်ကောင်တွေ၊ သူတို့တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ရိုင်းစိုင်းရဲတင်းလာကြတာပဲ" စုလင်သည် နီကိုးစ်မျိုးနွယ်စု၏အကြောင်းကို တွေးတောလိုက်မိရင်းမှ ဒေါသတကြီး ရေရွတ်လိုက်သော်လည်း... နောက်တစ်စက္ကန့်တွင်မူ မိမိ၏ လက်ထက်သို့ အလီနာက တင်းကျပ်စွာ လာရောက်ဆုပ်ကိုင်ပေးလိုက်သည့် နွေးထွေးမှုကို ခံစားလိုက်ရသည်။
"အဖေ ပြောတာ တကယ်မှန်ပါတယ်... တစ်ခါတလေကျရင် ရှင်က လင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ယောက် ဟုတ်ကဲ့ရဲ့လားလို့တောင် ကျွန်မ သံသယဝင်မိတယ်၊ ရှင်က ဘာဖြစ်လို့ အဲဒီလိုမျိုး လူတွေကို အဲဒီလောက်အထိ အရေးတယူ လုပ်နေရတာလဲ... သူတို့က အဲဒီလောက်အထိ တန်ဖိုးရှိတဲ့လူတွေ မဟုတ်ပါဘူး၊ ပြီးတော့ ရှောင်ဖန်းက ယိုဟန်ရဲ့ ဘဝထဲမှာ ပါဝင်ပတ်သက်ခွင့် မရတော့တာကိုပဲ ကျွန်မ တကယ်ပဲ ဝမ်းသာမိပါတယ်" အာလီနာက ထိုစကားလုံးများကို ခပ်ပြတ်ပြတ် ဆိုလိုက်သည်။
စုလင်သည် ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အနည်းငယ်မျှ မှင်တက်သွားခဲ့ရပြီး... မိမိ၏ ခင်ပွန်းဖြစ်သူ၏ မျက်နှာထက်မှ အမူအရာများကို မြင်တွေ့လိုက်ရသည့်အခါ သူမက ခပ်ဖွဖွ ရယ်မောလိုက်မိကာ— "စိတ်မပူပါနဲ့... တကယ်လို့ သူတို့တွေက တစ်စုံတစ်ခုကို မိုက်မိုက်ကန်းကန်း ကြိုးစားလာခဲ့ရင် ဒါမှမဟုတ် ငါတို့ရဲ့ လင်မျိုးနွယ်စုကို ခြိမ်းခြောက်လာခဲ့ရင်... အဖေက သူတို့ကို သေသေချာချာ ဆုံးမပေးပါလိမ့်မယ်၊ ရှင်က ရှင့်ရဲ့ ဖခင်က ဘယ်သူလဲဆိုတာကို မေ့လျော့နေတာပဲ" ဟု ပြုံးရင်း ဆိုလိုက်တော့သည်။
စုလင်က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း အလီနာကို စိုက်ကြည့်ကာ "ဟုတ်ပါရဲ့... မင်းပြောတာ တကယ်မှန်ပါတယ်၊ ငါ စိုးရိမ်စိတ် လွန်ကဲနေခဲ့မိတာ ထင်တယ်" ဟု ဆိုလိုက်ပြီးနောက်... အလီနာကို ကြည့်ကာ ပြုံးပြလိုက်မိသည်။
အလီနာက သက်ပြင်းတစ်ချက်ချလိုက်မိရင်း စုလင်ကို လှမ်းကြည့်ကာ "အဲဒီလိုမျိုး မျက်နှာသေကြီး လုပ်မနေပါနဲ့ဦး... ရှင့်ရဲ့ စိတ်ခံစားချက်တွေကို ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ကျွန်မ သိထားတယ်လေ" အလီနာက နက်မှောင်လှသော မျက်ဝန်းပြာစုံဖြင့် စုလင်ကို စိုက်ကြည့်လိုက်မိရင်းမှ... နောက်တစ်စက္ကန့်တွင် သူမအား ပြုံး၍ စိုက်ကြည့်နေသော စုလင်၏ ရှေ့မှောက်၌ မိမိ၏ အပြာရောင် ဝတ်စုံကြီးကို ချွတ်လဲလိုက်တော့သည်။ စုလင်သည် အလီနာ၏ နို့နှစ်ရောင်ကဲ့သို့ ဖြူစင်ဝင်းပလှသော အဝတ်မဲ့ ခန္ဓာကိုယ်အလှကို မြင်တွေ့လိုက်ရသည့်အခါ တံတွေးကို အားယူမြိုချလိုက်မိရှာသည်။
နောက်တစ်စက္ကန့်တွင်မူ သူသည်လည်း မိမိ၏ ဝတ်စုံကြီးကို ချက်ချင်းပင် ချွတ်လဲလိုက်မိရင်း အလီနာထံသို့ ချဉ်းကပ်လိုက်ကာ... သူ၏ နှုတ်ခမ်းအစုံမှာ အာလီနာ၏ ကြီးမားလှသော ရင်သားအစုံထံသို့ ရောက်ရှိသွားခဲ့ရတော့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး အဝတ်မဲ့ ခန္ဓာကိုယ်ချင်း အတူတကွ ပွတ်သပ်ကစားနေကြရင်း... အခန်းတစ်ခုလုံးအတွင်း၌ ကာမစည်းစိမ်၏ ညည်းတွားသံများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရတော့သည်။
ထိုအတောအတွင်း—
"တောက်... ငါက အမှိုက်ကောင် မဟုတ်ဘူး..."
ရုတ်တရက်ဆိုသလို ယိုဟန်သည် မိမိ၏ အိပ်စက်ခြင်းအတွင်း၌ ထိုအတိတ်ဟောင်း အိပ်မက်ဆိုးကြီးကို ထပ်မံမြင်မက်လိုက်ရသဖြင့် လန့်နိုးလာခဲ့ရပြီး... မိမိ၏ အဆုတ်အတွင်းမှ ရှိသမျှ အားအင်များကို အသုံးပြု၍ အကျယ်လောင်ဆုံး အော်ဟစ်လိုက်မိသည်။
အာနာသည် အလွန်ပင် တုန်လှုပ်ထိတ်လန့်သွားခဲ့ရပြီး... နောက်တစ်စက္ကန့်၌ ကုတင်ထက်ရှိ ယိုဟန်၏အနီးသို့ အပြေးအလွှား ချဉ်းကပ်လိုက်ကာ သူ၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ပေးလိုက်ပြီး"အဆင်ပြေသွားမှာပါ သခင်လေး ယိုဟန်ရယ်... သခင်လေး အိပ်မက်ဆိုးကြီး မက်နေလို့ပါ၊ ဘာမှမဖြစ်ပါဘူး... ကျွန်မ သခင်လေးရဲ့ ဘေးနားမှာ ရှိနေပေးပါတယ်" အာနာက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ယိုဟန်သည် မိမိ၏ ဘေးနားတွင် အာနာ ရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ အသက်ကို အားရပါးရ ပြန်လည်ရှူရှိုက်နေခဲ့မိပြီး... သူ၏ အကြည့်များမှာ ပတ်ဝန်းကျင်တစ်ခုလုံးဆီသို့ ရောက်ရှိသွားခဲ့သော်လည်း အာနာမှတစ်ပါး အခြားသူ မည်သူမျှ ရှိမနေခဲ့ပါချေ။ "ဒီယာ... ဘယ်ရောက်သွားလဲ..." သူက အာနာကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
အာနာက ဦးခေါင်းညိတ်ပြလိုက်ရင်း— "သခင်မလေး ဒီယာက သူမရဲ့ အခန်းထဲမှာ အိပ်ပျော်နေပါတယ်ရှင်၊ သူမက သခင်လေးရဲ့ ဘေးနားမှာ စောင့်ရှောက်ပေးချင်ခဲ့တာပါ... ဒါပေမဲ့ သခင်မကြီး အလီနာက သခင်မလေးအနေနဲ့ ကောင်းကောင်း အနားမယူရသေးတဲ့အတွက် သူမရဲ့ ကျန်းမာရေးကို စိုးရိမ်လှတာကြောင့်၊ သခင်မလေးကို သူမရဲ့ အခန်းထဲအထိ လိုက်ပို့ပေးခဲ့ပြီး... ကျွန်မကို သခင်လေးရဲ့ ဘေးနားမှာ နေပြီး စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာပါရှင်"
ယိုဟန်သည် အာနာ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း "ကံကောင်းလို့ပေါ့... သူမ ငါ့အမေရဲ့ စကားကို နားထောင်ပြီး အခန်းထဲကို ပြန်သွားခဲ့လို့ပဲ၊ မဟုတ်ရင် သူမ ငါ့ဘေးနားမှာ ဆက်ပြီး ရှိနေခဲ့ရင်... ငါ့အတွက် အလွန်ပဲ စိုးရိမ်ပူပန်နေရတော့မှာ" သူက အာနာ့ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အာနာက ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ဟုတ်ပါတယ်... သခင်လေး ယိုဟန်ပြောတာ တကယ်မှန်ပါတယ်၊ မနက်ဖြန်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ဖြစ်ပြီး ဧည့်သည်တော်အမြောက်အမြား စုဝေးကြတော့မှာဆိုတော့... သူမအနေနဲ့ ကောင်းကောင်း အနားယူလိုက်တာက ပိုပြီးတော့ ကောင်းပါတယ်ရှင်" အာနာက ယိုဟန်ကို စိုက်ကြည့်ရင်း ဆိုလိုက်၏။
ယိုဟန်က ဦးခေါင်းညိတ်လိုက်မိရင်း... သူ၏ ညာဘက်လက်မှာ အာနာ့၏ ဘယ်ဘက်ပုခုံးထက်သို့ ရောက်ရှိသွားခဲ့ရကာ သူမ၏ မျက်ဝန်းအစုံကို စိုက်ကြည့်လိုက်ရင်း— "ဒီလို ညဉ့်နက်သန်းခေါင်အချိန်ကြီးမှာ ငါ့ရဲ့ ဘေးနားမှာ မင်း ရှိနေပေးတာက... သိပ်ပြီးတော့ မသင့်တော်လှဘူးနော်၊ မင်း ဘာဖြစ်လို့ အခုထိ ဒီနေရာမှာ ရှိနေသေးတာလဲ... ငါ မင်းကို ညနေတုန်းက ကောင်းကောင်း အနားယူလိုက်ဖို့ ပြောခဲ့တယ်မဟုတ်လား၊ ဒါပေမဲ့ မင်း ငါ့စကားကို နားမထောင်ခဲ့ဘူးပေါ့ ဟုတ်လား..." ယိုဟန်က အာနာ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ခြင်း ဖြစ်သည်။
အာနာသည် ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲသွားခဲ့ရကာ... သူမ၏ ပုခုံးထက်သို့ သူ၏ လက်ဖဝါး ထိတွေ့လာမှုကို ခံစားလိုက်ရရုံမျှဖြင့်၊ နှလုံးခုန်သံများမှာလည်း အလွန်ပင် ပြင်းထန်မြန်ဆန်လာခဲ့ရတော့သည်။ သူမသည် မိမိ၏ တစ်ကိုယ်လုံးအတွင်း၌ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ပြင်းထန်စွာ ခံစားလိုက်ရပြီး... နောက်ဆုံးတွင်မူ သူမ၏ ခြေထောက်နှစ်ဖက်ကြားဆီမှနေ၍ ဆန်းပြားလှသော ခံစားချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရတော့သည်။
ယိုဟန်သည် အာနာ၏ မျက်နှာထက်မှ ထိုကဲ့သို့သော အမူအရာများကို မြင်တွေ့လိုက်ရသည့်အခါ အလွန်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး— "မင်း အဆင်ပြေရဲ့လား... ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေသေးတာလဲ၊ သွားပြီးတော့ အနားယူလိုက်ပါတော့... ငါ အဆင်ပြေပါတယ်၊ မင်း ငါ့အတွက် စိုးရိမ်မနေပါနဲ့တော့" သူက အာနာ့ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါမှ သူမသည် သတိပြန်ဝင်လာခဲ့ရပြီး ယိုဟန်ကို လှမ်းကြည့်ကာ "ဘာမှ... ဘာမှမဟုတ်ပါဘူးရှင်၊ သခင်လေး အဆင်ပြေတာ သေချာရဲ့လားဟင်..." ဟု ထပ်မံမေးမြန်းလိုက်မိသည်။
"စိတ်မပူပါနဲ့... ငါ အဆင်ပြေပါတယ်၊ အခုလည်း သန်းခေါင်ယံအချိန် ရောက်နေပြီဆိုတော့... သွားပြီး အနားယူလိုက်ပါတော့နော်" သူက ပြုံးပြလိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်ရာ... အာနာက ဦးခေါင်းညိတ်ပြလိုက်ပြီး၊ နောက်တစ်စက္ကန့်တွင်မူ သူမသည် အခန်းအတွင်းမှနေ၍ အလျင်အမြန် ပြာပြာသလဲ ထွက်ခွာသွားခဲ့တော့သည်။
သူမ၏ ထူးဆန်းလှသော အပြုအမူများကို မြင်တွေ့လိုက်ရသည့်အခါ ယိုဟန်သည် လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရကာ— "သူမ ဘာတွေ ဖြစ်နေရတာလဲ... လွန်ခဲ့တဲ့ တစ်စက္ကန့်တုန်းကတော့ ဒီနေရာကနေ မထွက်ချင်သလိုမျိုး လုပ်နေပြီးတော့၊ အခုကျတော့လည်း အဲဒီလောက်အထိ အလောတကြီး ထွက်သွားပြန်ပြီ..." သူက ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
'ထားလိုက်ပါတော့... ငါ ဒီယာကို သွားပြီးတော့ သေသေချာချာ အကဲခတ်ကြည့်လိုက်ဦးမယ်၊ ပြီးမှ... ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ကို သွားပြီးတော့ ဆက်လက်လေ့ကျင့်ရမယ်' ယိုဟန်သည် စိတ်ထဲမှနေ၍ တွေးတောလိုက်မိရင်း... နောက်တစ်စက္ကန့်၌ သူ၏ ဝတ်စုံကြီးကို ဆွဲကိုင်လိုက်ကာ အခန်းတွင်းမှနေ၍ ချက်ချင်း ထွက်ခွာလာခဲ့တော့သည်။
ထိုအတောအတွင်း—
"တောက်... ငါ့ကိုယ်ငါ ဘာတွေ ဖြစ်ပျက်နေရတာလဲ၊ ငါက တကယ့်ကို အရှက်မရှိတဲ့လူတစ်ယောက်ပဲ... သခင်လေး ယိုဟန်အပေါ်ကို ဤကဲ့သို့သော မဖွယ်မရာ အောက်တန်းကျတဲ့ အတွေးမျိုးတွေကို ဘယ်လိုများ တွေးတောမိရတာလဲ... သေစမ်း..." အာနာသည် မိမိ၏ အခန်းတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့်ခဏ၌ ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိရင်း... ကုတင်ထက်ရှိ စောင်ကြီးအောက်သို့ အမြန် တိုးဝှက်၍ မိမိကိုယ်ကိုယ် ဖုံးကွယ်ထားလိုက်မိတော့သည်။