"မင်း သေချာရဲ့လား ဒီယာ... တကယ်လို့ မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ရှိတယ်ဆိုရင် ငါနဲ့အတူ လိုက်ခဲ့ဖို့ မလိုပါဘူး" သူက သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ဒီယာက ဦးခေါင်းကို ခါယမ်းပြလိုက်ကာ— "ဟင့်အင်း... ငါ မင်းနဲ့အတူ လိုက်ခဲ့မှာ၊ မင်း ရုတ်တရက်ကြီး အဲဒီလိုမေးလာလို့ ငါ အံ့ဩသွားရုံတင်ပါ... တို့တွေ အတူတူ ရေချိုးကြဖို့ မင်း လှမ်းခေါ်လိမ့်မယ်လို့ ထင်မထားမိတော့ သတိလက်လွတ် ဖြစ်သွားတာ" ဟု ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်၏။
သူက သူမကို ကြည့်ကာ ပြုံးလိုက်ပြီး... နောက်တစ်စက္ကန့်တွင် သူမ၏ လက်များကို ဆွဲကိုင်လိုက်ရင်း— "သွားကြစို့... မဟုတ်ရင် တို့တွေ ညစာစားပွဲ နောက်ကျလိမ့်မယ်"
"အင်း..." သူမက ပြန်လည်ဖြေကြားလိုက်ပြီး... နောက်တစ်စက္ကန့်၌ ၎င်းတို့နှစ်ဦးစလုံး ရေချိုးခန်းအတွင်းသို့ ခြေလှမ်းလှမ်း ဝင်ရောက်သွားခဲ့ကြတော့သည်။
ကျယ်ဝန်းလှသော ခန်းမကြီးတစ်ခုအတွင်းရှိ ဆိုဖာပေါ်တွင် လူသုံးဦး ထိုင်နေကြသည်ကို မြင်တွေ့နိုင်သည်။
"အဖေ... အဖေ ဘာကို ဆိုလိုတာလဲ၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး သူ့ဘက်ကနေ ပါဝင်ရပ်တည်ပေးနေရတာလဲ... အလီနာကလည်း အဲဒီအကြောင်းတွေကိုပဲ ခဏခဏ လာပြောနေတယ်" စုလင် က သူ၏ ရှေ့မှောက်တွင် ထိုင်နေသည့် အဘိုးအိုလင်ကို လှမ်းကြည့်ရင်း မကျေမနပ် မေးမြန်းလိုက်ပြီး... ထို့နောက် သူ၏ ဘေးနားတွင် ထိုင်နေသော ဇနီးဖြစ်သူ အလီနာထံသို့ အကြည့်များ ရွှေ့ပြောင်းလိုက်သည်။
သူက ဆက်လက်၍— "အဖေတို့က သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးချင်နေတာပဲ... သူ ဘာဖြစ်လို့ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း ဆီကို ပြန်မသွားချင်ရတာလဲဆိုတာ ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူး၊ သူ့ကို အဲဒီဂိုဏ်းထဲ ဝင်ခွင့်ရဖို့အတွက် ကျွန်တော် ဘယ်လောက်တောင် အကုန်အကျခံခဲ့ရလဲ... သူ ဒီမှာ အချိန်ဖြုန်းပြီး လျှောက်လည်နေတာ အခုဆိုရင် နှစ်လတောင် ရှိနေပြီ" ဟု စုလင်က ဒေါသတကြီး ရေရွတ်လိုက်မိတော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အလီနာသည် မိမိ၏ ခင်ပွန်းဖြစ်သူထံမှ ဆူပူကြိမ်းမောင်းခံရမည် စိုးသောကြောင့် တိတ်ဆိတ်စွာ နေထိုင်လိုက်ရရှာသည်။
သို့သော်လည်း အဘိုးအိုလင်ကမူ သူ့ကို စိုက်ကြည့်လိုက်ရင်း— "မင်းက ဘာဖြစ်စေချင်တာလဲ... သူ့ရဲ့ ဆန္ဒမပါဘဲနဲ့ အဲဒီနေရာဆီ အတင်းအကျပ် စေလွှတ်ချင်နေတာလား၊ မင်း ရုတ်တရက် ဘာဖြစ်သွားတာလဲ... ဘာဖြစ်လို့ အခုလို အချိန်မျိုးမှာ ဒီအကြောင်းအရာကို ကောက်ခါငင်ကာ ထုတ်ပြောနေရတာလဲ" ဟု အဘိုးအိုက လေးနက်တည်ကြည်သော အကြည့်များဖြင့် စုလင်ကို စိုက်ကြည့်ကာ ဆိုလိုက်၏။
ထိုအေးစက်လှသော လေသံဖြင့် မေးမြန်းချက်ကို ကြားလိုက်ရသည့်အခါ စုလင်သည် တံတွေးကို အားယူမြိုချလိုက်မိရင်း မိမိ၏ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ကာ— "အဖေမှ ထိုနေရာမှာ မရှိခဲ့တာ... ဖုန်းမင်းနဲ့ ဖုန်းယွမ် တို့က ရှောင်ဖန်းရဲ့ အောင်မြင်မှုတွေအကြောင်း ပြောနေကြတုန်းက ကျွန်တော်ကတော့ ဘာမှမသိတဲ့ လူအတစ်ယောက်လိုမျိုး ဘေးကနေ ထိုင်နားထောင်နေခဲ့ရတာ" ဟု အဘိုးအိုကို ကြည့်ကာ ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုက သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း စုလင်ကို လှမ်းကြည့်ကာ— "ဪ... ဒါဆို ဒါက ရှောင်ဖန်းနဲ့ ပတ်သက်နေတာပေါ့၊ ယိုဟန်က ဒီယာ့ကို သူ၏ ပထမဆုံးအဖော်အဖြစ် ရွေးချယ်ခဲ့ရုံနဲ့တင်... မင်းက ယိုဟန်နဲ့ ရှောင်ဖန်းတို့ရဲ့ လက်ထပ်ပွဲအကြောင်းကို ထုတ်မပြောနိုင်တော့ဘူးပေါ့လေ... မင်းကတော့ တကယ့်ကို အရှက်မရှိတဲ့ လူပဲ" အဘိုးအိုသည် စုလင်၏ ပါးစပ်ဖျားမှ ရှောင်ဖန်း၏ နာမည် ထွက်ပေါ်လာသည်ကို ကြားရသဖြင့် သူ၏ မျက်မှောင်ကို ကြုတ်လိုက်မိတော့သည်။
အလီနာမှာမူ စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့ရပြီး မိမိ၏ ခင်ပွန်းဖြစ်သူထံသို့ လှမ်းကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့ရရှာသည်။
စုလင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အဘိုးအိုကို စိုက်ကြည့်ကာ— "ဟုတ်ပါတယ်... ကျွန်တော် သူ့ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူဘူး၊ သူ ဒီယာ့ကို ရွေးချယ်ခဲ့တာက တကယ့်ကို ကြီးမားတဲ့ အမှားအယွင်းတစ်ခုပဲ... ဒါက ဒီယာက မိန်းကလေးဆိုးတစ်ယောက် မဟုတ်လို့ပါ၊ သူမက လိမ္မာရေးခြားရှိတဲ့ ကလေးမလေးတစ်ဦးဆိုတာ သိပါတယ်... ဒါပေမဲ့ ကျွန်တော်က ရှောင်ဖန်းကိုသာ သူ့ရဲ့ ပထမဆုံးအဖော်အဖြစ် ရွေးချယ်စေချင်ခဲ့တာ၊ သူ အမှားလုပ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် သူမနဲ့ လက်ထပ်ဖို့ ကိစ္စကို ထုတ်မပြောနိုင်ခဲ့တော့ဘူး... ကျွန်တော်က ယိုဟန် တစ်နေ့မှာ ဒီမျိုးနွယ်စုကို ဦးဆောင်လမ်းပြနိုင်ဖို့အတွက် သူ့အနောက်ကနေ ပံ့ပိုးကူညီပေးနိုင်မယ့် ပါရမီရှင်တစ်ယောက်ကိုပဲ ရွေးချယ်စေချင်ခဲ့တာ" ဟု သူက အဘိုးအိုလင်ကို ပြန်လည်ချေပလိုက်တော့သည်။
တစ်ခန်းလုံး ရုတ်ချည်း သေမင်းတမျှ တိတ်ဆိတ်သွားခဲ့ရပြီး... အလီနာသည် မိမိ၏ ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့၏ စကားပြောဆိုသံများကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။
မိမိ၏ ခင်ပွန်းဖြစ်သူသည် အဘိုးအိုလင်နှင့် မည်သည့်အခါမျှ ငြင်းခုံလေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ အဖေဖြစ်သူက ဘာဖြစ်လို့ ယိုဟန်ကို ပံ့ပိုးပေးနေရသလဲဆိုသည့် အဖြေကို သိရှိလိုနေခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းနားလည်သဖြင့် ဤစကားဝိုင်းအတွင်းသို့ ဝင်ရောက်စွက်ဖက်ရန် မဝံ့မရဲ ဖြစ်နေခဲ့ရ၏။
သူသည် မိမိ၏ သားဖြစ်သူကို နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းဆီသို့ စေလွှတ်ကာ တစ်နေ့တွင် ဤမျိုးနွယ်စုကို ဦးဆောင် လမ်းပြနိုင်မည့်သူတစ်ဦး ဖြစ်လာစေရန် အလိုရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူမအား အနောက်မှနေ၍ ကျားကန်ပေးနိုင်ရန်အတွက် ကျင့်ကြံခြင်းလမ်းစဉ်၌ အလွန်ပင် ပါရမီထူးချွန်လှသည့် ပါရမီရှင်မလေး ရှောင်ဖန်းကိုသာ သားဖြစ်သူ၏ ပထမဆုံးအဖော်အဖြစ် ရွေးချယ်စေလိုခဲ့ခြင်းပင်။
အဘိုးအိုလင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း စုလင်ကို စိုက်ကြည့်ကာ— "မင်းက တကယ့်ကို အတွေးအခေါ် တိမ်လှချေကလား... ငါ့အထင်တော့ မင်းရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ လုံးဝ ပျောက်ဆုံးနေပြီ ထင်တယ်" ဟု အဘိုးအိုက ဆိုလိုက်တော့သည်။
မိမိ၏ ဖခင်ဖြစ်သူထံမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ စုလင် မှင်တက်သွားခဲ့ရရှာသည်။ သူသည် အဘိုးအို၏ ဆူပူကြိမ်းမောင်းခြင်းကို မခံရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သော်လည်း ယခုထွက်ပေါ်လာသည့် စကားလုံးများမှာမူ သူ့အတွက် သိပ်ကို ပြင်းထန်လွန်းနေခဲ့သည်။
သူသည် အဖြေတစ်ခုခုကို ရရှိရန်အတွက် ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်မိရာ... အဘိုးအိုသည် စုလင်၏ မျက်နှာကို ကြည့်ရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို ထပ်မံချလိုက်မိပြန်သည်။
"မင်းနဲ့ ဖုန်းယွမ်တို့နှစ်ယောက် စိတ်ကူးပေါက်ပြီး အလကားကတိတွေ ပေးခဲ့ကြရုံနဲ့တင်... သူမက ယိုဟန်ကို လက်ထပ်လိမ့်မယ်လို့ မင်း တကယ်ထင်နေတာလား၊ မင်း သူမရဲ့ အမူအရာကို မမြင်ဘူးလား... သူမက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဂုဏ်ယူဝင့်ကြွားနေတဲ့သူပဲ၊ သူမက ဘာဖြစ်လို့ မြို့တစ်မြို့လုံးမှာတင်မကဘဲ ပတ်ဝန်းကျင်က မြို့အချို့မှာပါ 'အမှိုက်ကောင်' လို့ နာမည်ကျော်နေတဲ့ ယိုဟန်ကို လက်ထပ်ရမှာလဲ" အဘိုးအိုက စုလင်ကို လေးနက်တည်ကြည်သော အကြည့်များဖြင့် စိုက်ကြည့်ကာ ဆိုလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ စုလင်၏ မျက်နှာမှာ ချက်ချင်း မှောင်မှောင်မည်းမည်း ဖြစ်သွားခဲ့ရပြီး... သူသည် တံတွေးကို အားယူမြိုချလိုက်မိရင်း— "ဒါပေမဲ့ ဖုန်းမင်းနဲ့ ဖုန်းယွမ်တို့နှစ်ယောက်စလုံးက သူမကို လင်မျိုးနွယ်စုဆီ လက်ထပ်ပေးပါ့မယ်လို့ ကျွန်တော့်ကို ကတိပေးထားခဲ့ကြတာပဲ..." ဟု တုန်ရီနေသောအသံဖြင့် အဘိုးအိုလင်ကို ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ အဘိုးအိုသည် စုလင်ကို အထက်အောက် အကဲခတ်လျက် စိုက်ကြည့်လိုက်ရင်း— "မင်းက တကယ်ပဲ ငါ့ရဲ့ သား ဟုတ်ရဲ့လား..." ဟု မေးလိုက်ပြီး... ထို့နောက် သူတို့၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေသည့် အာလီနာထံသို့ အကြည့်များ ရွှေ့ပြောင်းလိုက်ကာ— "ဒီကောင်က မင်းရဲ့ ခင်ပွန်း အစစ်အမှန် ဟုတ်ရဲ့လား... သူက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အချစ်ကြီးပြီး အူတူတူ ဖြစ်သွားရတာလဲ"
အလီနာက အဘိုးအိုကို လှမ်းကြည့်လိုက်မိရင်း— "အဲဒါ... အဖေ... သမီးက..." သူမတွင် ပြန်လည်ဖြေကြားရန် အဖြေမရှိသဖြင့် ပါးစပ်ဖျားမှ စကားလုံးများ ထွက်မလာနိုင်ခဲ့တော့ပါချေ။
စုလင်တွင်လည်း ထိုစကားလုံးများအတွက် ပြန်လည်ချေပရန် အဖြေမရှိခဲ့သဖြင့် ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်မိသော်လည်း ဘာတစ်ခွန်းမှ မဆိုနိုင်ခဲ့ချေ။ ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခါ အဘိုးအိုက ဦးခေါင်းကို ခါယမ်းပြလိုက်ရင်း— "ကဲ... ထားလိုက်ပါတော့၊ မင်း ဒါကို သူတို့ကိုပဲ ကိုယ်တိုင်ကိုယ်ကျ သွားမမေးကြည့်ချင်ဘူးလား... သူတို့ ဒါကို ဘယ်လိုမျိုး သဘောထားလဲဆိုတာပေါ့၊ ငါ ညစာစားပွဲကျမှပဲ လာခဲ့တော့မယ်" အဘိုးအိုက ထိုသို့ဆိုလိုက်ပြီး... နောက်တစ်စက္ကန့်တွင် အခန်းထဲမှနေ၍ ထွက်ခွာသွားခဲ့တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါမှ စုလင်သည် သက်ပြင်းကို ဝဝချနိုင်တော့သည်။ မိမိအနေဖြင့် ဖခင်ဖြစ်သူထံမှ ထိုမျှအထိ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခံရမည်ဟု သူ အနည်းငယ်မျှ ထင်မှတ်မထားခဲ့မိပါချေ။
ထိုအတောအတွင်း—
"ငါ့ကို ဒီလိုမျိုးကြီး စိုက်မကြည့်ပါနဲ့... ရှက်စရာကောင်းလိုက်တာ" ယိုဟန်က သူမကို စိုက်ကြည့်နေသဖြင့် ဒီယာက ရှက်ကိုးရှက်ကန်းနှင့် ဆိုလိုက်သည်။
သူမသည် ရေချိုးရန် ပြင်ဆင်နေကြသဖြင့် သူ၏ မျက်စိရှေ့မှောက်တွင် မည်သည့်အဝတ်အစားမျှ မရှိဘဲ ဗလာကျင်းလျက် မတ်တတ်ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ လှပလှသော ပြာလဲ့လဲ့ မျက်ဝန်းများဖြင့် သူ့ကို လှမ်းကြည့်လိုက်မိသည့် အချိန်၌ သူမ၏ မျက်နှာထက်တွင် ကြည်နူးပီတိဖြစ်ရသော အရိပ်အယောင်များ ထွက်ပေါ်နေခဲ့သည်။
ယိုဟန်က ခပ်ဖွဖွ ရယ်မောလိုက်မိရင်း... နောက်တစ်စက္ကန့်တွင် သူ၏ အဝတ်အစားများကိုပါ ချွတ်ပစ်လိုက်တော့သည်။ သူ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အခါ ဒီယာ့၏ မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့ရပြီး... သူမ၏ အကြည့်များက သူ၏ ခြေထောက်နှစ်ဖက်ကြားဆီသို့ ရောက်ရှိသွားခဲ့ရာ... သူမသည် တံတွေးကို အားယူမြိုချလိုက်မိရင်း မိမိ၏ ခြေထောက်နှစ်ဖက်ကြားဆီမှနေ၍ ဆိမ့်တုန်သွားသော ဝေဒနာတစ်ရပ်ကို စတင်ခံစားလိုက်ရတော့သည်။