"ဖေဖေ... ဒီမြို့ကြီးက တကယ့်ကို သိသိသာသာကြီး ပြောင်းလဲသွားတာပဲနော်၊ လင်မျိုးနွယ်စုက မြစ်ကမ်းနားမြို့တော် ကို တော်တော်လေး ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်နေတာပဲ" ရှောင်ဖန်းသည် လင်မျိုးနွယ်စု၏ စံအိမ်နှင့် နီးကပ်လာသည်နှင့်အမျှ ရထားလုံး၏ ပြတင်းပေါက်မှတစ်ဆင့် ပြင်ပလောကကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
သူမ၏ သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ ဖုန်းယွမ်က ဦးခေါင်းညိတ်ပြလိုက်ရင်း— "မှန်တာပေါ့ သမီးရဲ့... အစ်ကိုကြီး စုလင်က ဒီမြို့ကို သိပ်ကို စနစ်တကျ အုပ်ချုပ်နေတာပဲ" ဟု သူက ပြုံးလျက် ဆိုလိုက်၏။
"မောင်ရေ... ညီမလေး အလီနာနဲ့ ပြန်ဆုံရမှာမို့ တကယ်ကို စိတ်လှုပ်ရှားမိတယ်ရှင်၊ သူမနဲ့ နောက်ဆုံးတွေ့ခဲ့တာ ၂ နှစ်တောင် ရှိသွားပြီပဲ... အဆင်ပြေပြေ ရှိရဲ့လားမသိဘူး" ဖုန်းယွမ်၏ ဘေးနားရှိ အမျိုးသမီးက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ရေရွတ်လိုက်သည်။
"ဟုတ်ပတ် မိန်းမရယ်... ၂ နှစ်တောင် ကုန်လွန်သွားခဲ့ပြီပဲ၊ တို့တွေလည်း ကိုယ်ပိုင်နယ်မြေတွေနဲ့ အလုပ်ရှုပ်နေကြလို့ သူတို့ကို လာပြီးမတွေ့နိုင်ခဲ့တာ။ လတ်တလောမှာ ငရဲခန်းဝင်ပေါက် တွေက ပိုပြီးတော့ စိတ်ရူးပေါက်သလို ပွင့်လာတတ်ပြီး... လူတိုင်းကလည်း ကိုယ့်နယ်မြေကို သားရဲတွေရန်ကနေ ကာကွယ်ဖို့ အလုပ်ရှုပ်နေကြတာ သဘာဝကျပါတယ်" သူက ဇနီးဖြစ်သူကို ပြန်လည်ပြောကြားလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် သူ၏ အကြည့်များက ရှောင်ဖန်းထံသို့ ရောက်ရှိသွားခဲ့သည်။
"သမီး... ယိုဟန်နဲ့ ဆုံတဲ့အခါကျရင် ရိုရိုသေသေ ဆက်ဆံရမယ်နော်။ သူက အမှိုက်တစ်ယောက် ဖြစ်နေပါစေဦး... အလီနာနဲ့ စုလင်တို့ ဇနီးမောင်နှံက သူ့ကို အသက်ထက်မက ချစ်ကြတာ၊ သမီးရဲ့ အပြုအမူကြောင့် အစ်ကိုကြီး စုလင်နဲ့ ညီမလေး အလီနာတို့ရဲ့ စိတ်နှလုံး ထိခိုက်နာကျင်ရမှာမျိုး ဖေဖေ လုံးဝမလိုလားဘူး... သူက သူတို့အတွက် သိပ်ကို အဖိုးတန်တဲ့ သားတစ်ယောက်ပဲဥစ္စာ" ဖုန်းယွမ်သည် သမီးဖြစ်သူ ရှောင်ဖန်းကို စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်ရင်း ဆိုလိုက်သည်။ သူမသည် ဒေါသကြီးသော အမျိုးသမီးတစ်ဦးဖြစ်ပြီး စိတ်ဆိုးဒေါသထွက်လာပါက မည်သူ့ကိုမျှ ဂရုစိုက်တတ်သူ မဟုတ်ကြောင်း သူ ကောင်းကောင်းသိရှိထား၏။
ဖခင်ဖြစ်သူ၏ ပါးစပ်ဖျားမှ ထိုစကားများကို ကြားလိုက်ရပြီး မိဘနှစ်ပါးစလုံး၏ အကြည့်များကို မြင်လိုက်ရသည့်အခါ သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း— "သမီးက အဲဒီကောင်ကို သွားပြီး အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူးရှင့်... အဲဒီလို အမှိုက်မျိုးနဲ့ ဘယ်သူက ပတ်သက်ချင်မှာလဲ၊ ဒါတင်မကသေးဘူး... ဒီခရီးစဉ်ပြီးတာနဲ့ သမီးက နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို ချက်ချင်း ပြန်မှာ" ဟု သူမက ဦးခေါင်းကို ယမ်းခါလိုက်မိပြီး မိဘနှစ်ပါးကို ပြန်လည်တုံ့ပြန်ရင်း ရထားလုံးပြတင်းပေါက်၏ အပြင်ဘက်သို့သာ လှမ်း၍ စိုက်ကြည့်နေခဲ့တော့သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ဇနီးမောင်နှံနှစ်ဦးစလုံး၏ မျက်နှာထက်တွင် ခါးသီးသောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကြကာ အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ ၎င်းတို့သည် သမီးဖြစ်သူ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်၏။
သူမသည် တကယ်ကို ပါရမီရှင်တစ်ဦး ဖြစ်ပါသော်လည်း တစ်နေ့ထက်တစ်နေ့ ပိုမို၍ မာနထောင်လွှားလာခဲ့ပြီး လူအများကို နှိမ့်ချဆက်ဆံတတ်လာခဲ့သည်။ အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် သူမ ဤကဲ့သို့ ဖြစ်သွားခဲ့ရခြင်းဖြစ်ပြီး... ထိုအဖြစ်အပျက်မှာ ယိုဟန်နှင့် သက်ဆိုင်နေခဲ့၏။
မိဘနှစ်ပါးစလုံးက ဤအကြောင်းကို သိရှိထားကြသော်လည်း သူမ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ကြချေ။ မိမိတို့၏ သမီးဖြစ်သူသည် နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းအတွင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေရုံတင်မကဘဲ... သူမကြောင့်ပင် ဖုန်းမြို့တော် ကြီးက လူအများ စိတ်ဝင်စားရာ ဗဟိုချက်မ ဖြစ်လာခဲ့ရသဖြင့် ၎င်းတို့ ဝမ်းမြောက်နေမိကြသည်။
"အမှိုက်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် အမှိုက်ပါပဲ မေမေနဲ့ ဖေဖေရယ်... ဦးလေး နဲ့ ဒေါ်လေး တို့ရဲ့ စိတ်ကို မထိခိုက်စေချင်တဲ့ မိဘတွေရဲ့ ဆန္ဒကို သမီး နားလည်ပါတယ်၊ ဒါပေမဲ့ သမီးကတော့ ဒီတစ်ခေါက်မှာ... သူ သမီးအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် သေချာပေါက် ပြန်ပြီး ပေးဆပ်ခိုင်းဖို့ ဆုံးဖြတ်ထားပြီးသား" ရှောင်ဖန်း၏ မျက်နှာထက်တွင် ကောက်ကျစ်ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ထိုအတောအတွင်း—
"သခင်ကြီး... ကျွန်တော် အဲဒီကောင်ကို သေချာပေါက် သတ်ပစ်ခဲ့တာပါဗျာ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... တစ်စုံတစ်ယောက်က သခင်ကြီးကို သမင်သက်သက် နောက်ပြောင်နေတာ ဖြစ်ရမယ်၊ ကျွန်တော့်ရဲ့ အဆိပ်မြှားက သူ့ရဲ့ ရင်ဘတ်တည့်တည့်ကို ဖောက်ထွင်းသွားတာကို... ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတာပါ" အမျိုးသားတစ်ဦးသည် သူ၏ အသက်ဘေးအတွက် ဒူးထောက်တောင်းပန်နေခဲ့ပြီး... ဝတ်ရုံခြုံထားသော အမျိုးသားနှစ်ဦးက ၎င်း၏ လည်ပင်းထက်သို့ ဓားဦးများဖြင့် ချိန်ရွယ်ထားကြသည်။ နီကိုးလ်စ်ကမူ သူ၏ လက်ယာဘက် လက်တစ်ဖက်မှနေ၍ ဝိုင်နီခွက်ကို ကိုင်မြှောက်လျက် ရာဇပလ္လင်ထက်တွင် ခန့်ညားစွာ ထိုင်နေခဲ့၏။
"မင်းလို ကောင်လေးက... ငါ့ရဲ့ လူတွေက ငါ့ကို မုသားစကား လာပြောနေတယ်လို့ ဆိုချင်တာလား၊ ငါ့ရဲ့ ရှေ့မှောက်မှာ လာပြီး ဉာဏ်ဆင်ဖို့ မကြိုးစားနဲ့စမ်း။ လွန်ခဲ့တဲ့ အချိန်တုန်းက အဲဒီအောက်တန်းစားတွေက ချိုင့်ဝှမ်းတစ်ရာအဆိပ်ကို တစ်ကြိမ် ကယ်တင်ပေးခဲ့ဖူးတာကို ငါ အခုမှ သဘောပေါက်တော့တယ်... နင်က အဲဒီကောင်ကို သတ်မပစ်ဘဲ သူတို့ကို ကျေးဇူးဆပ်နေတာကိုး။
ကျွတ်... မင်းက ယုံကြည်စိတ်ချရတဲ့ ခွေးသစ္စာရှိတစ်ကောင်လို့ ငါ ထင်မှတ်ထားခဲ့မိတာ ငါ တကယ်ကို မှားသွားတယ်... မင်းရဲ့ အသက်နဲ့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်" နီကိုးလ်စ်က ထိုစကားကို ဒေါသတကြီး အော်ဟစ်လိုက်ရင်း ထိုလုပ်ကြံသတ်ဖြတ်သူ၏ ဘေးတွင် မတ်တတ်ရပ်နေသော မိမိ၏ လူယုံကို လှမ်းကြည့်လိုက်သည်။
နီကိုးလ်စ်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ လုပ်ကြံသတ်ဖြတ်သူမှာ ဆွံ့အသွားခဲ့ရ၏။ တကယ်လို့ နီကိုးလ်စ်အနေဖြင့် မိမိကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ပါက မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်ကြောင်းကို သူ ကောင်းကောင်းသိရှိထားသည်။
"ကျေးဇူးပြုပြီး သခင်ကြီး... ကျွန်တော့်ကို မသတ်ပါနဲ့ဦးဗျာ၊ အနည်းဆုံးတော့ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ထပ်ပေးပါဦး။ တကယ်လို့ သူက ကျွန်တော့်ရဲ့ တိုက်ခိုက်မှုအောက်ကနေ ဘယ်လိုမျိုးပဲ ဖြစ်ဖြစ် အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုရင်... ဒီတစ်ခေါက်မှာတော့ သူ့ကို သေချာပေါက် အပြတ်ရှင်းပစ်ပါ့မယ်။
ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါဦး... ကျွန်တော့်ဘက်က သခင်ကြီးကို တစ်ခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါဘူး၊ ဒါက ပထမဆုံးအကြိမ် လွဲချော်မှုမို့... သခင်ကြီးကို ဆက်ပြီး အမှုထမ်းနိုင်ဖို့ နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ထပ်ပေးပါဦးဗျာ" သူက မိမိ၏ အသက်ဘေးအတွက် အားကိုးတကြီး တောင်းပန်တိုးလျှိုးလိုက်ရင်း နီကိုးလ်စ်ကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ နီကိုးလ်စ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝိုင်ခွက်ထဲမှ ဝိုင်ကို အသာအယာ တစ်ငုံသောက်လိုက်ရင်း... လုပ်ကြံသတ်ဖြတ်သူဘက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ကောင်းပြီလေ... ငါက သဘောကောင်းတဲ့ လူတစ်ယောက်မို့ နင့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်မှာသာ ထပ်ပြီး လွဲချော်ခဲ့မယ်ဆိုရင်... မင်းကို ဘယ်လိုမျိုး အရာက စောင့်ကြိုနေမလဲဆိုတာ မင်း ကောင်းကောင်းသိမှာပါ" နီကိုးလ်စ်သည် သူ၏ လက်ထဲမှ ဝိုင်ခွက်ကို ဖျစ်ညှစ်ကာ ရိုက်ခွဲပစ်လိုက်တော့သည်။
၎င်းကို မြင်လိုက်ရသည့်အခါ လုပ်ကြံသတ်ဖြတ်သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အားယူမြိုချလိုက်မိပြီး ဦးခေါင်းညိတ်ပြလိုက်ရင်း— "ကျေးဇူးတင်ပါတယ် သခင်ကြီး... ဒီတစ်ခေါက်မှာတော့ သခင်ကြီးကို လုံးဝ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး" ဟု သခင်ကြီး နီကိုးလ်စ်ကို ပြန်လည်ဖြေကြားလိုက်၏။
"အခု ချက်ချင်း ထွက်သွားစမ်း... အဲဒီ ကောင်လေးကို မသတ်နိုင်မချင်း ငါ့ရှေ့ကို မင်းရဲ့ မျက်နှာ လာမပြနဲ့ဦး" နီကိုးလ်စ်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ထိုလုပ်ကြံသတ်ဖြတ်သူသည် နောက်သို့ ပြန်လည်လှည့်မကြည့်တော့ဘဲ အခန်းအတွင်းမှ အမြန်ဆုံး ထွက်ခွာခဲ့လိုက်ရပြီး... အပြင်ဘက်သို့ ရောက်ရှိသွားသောအခါမှ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ယိုဟန်ကို စိတ်ထဲမှနေ၍ အားရပါးရ ကျိန်ဆဲလိုက်မိတော့သည်။
'ငါ့ရဲ့ အဆိပ်မြှားက သူ့ရဲ့ ရင်ဘတ်တည့်တည့်ကို ဖောက်ထွင်းသွားတာကို ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာပါ... အဲဒီ ကောင်လေးကြောင့်ပဲ ငါ အခုလိုမျိုး ဒုက္ခတွင်းထဲ ရောက်ရတာ' လုပ်ကြံသတ်ဖြတ်သူသည် အခန်းပြင်ပသို့ ရောက်ရှိသွားသည့်အခါ မိမိကိုယ်မိမိ နာကျည်းစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။