"ဒါနဲ့ အခု ဘာဆက်လုပ်မှာလဲ၊ ရှင် သူ့ကို နတ်ဘုရားပွင့်လန်းဂိုဏ်း ကို ပြန်မလွှတ်တော့ဘူးပေါ့ ဟုတ်လား။ လူတွေက သူ့ကို အမှိုက်လို့ ထင်နေကြပေမဲ့ သူက တကယ်ကို ပါရမီပါတဲ့ ကလေးတစ်ယောက်ပဲ" အီဗလင်းက အဘိုးအို လင်ကို စိုက်ကြည့်ရင်း ထိုစကားများကို ဆိုလိုက်သည်။
သူမသည် ယိုဟန်၏ ကျင့်ကြံဖော်မှာ သူ့ထက် အသက်များစွာ ပိုမိုကြီးရင့်နေသော်လည်း ထိုမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် သူမနှင့်အတူ သဟဇာတဖြစ်စွာ ကျင့်ကြံနိုင်သည်ကို သိရှိသွားပြီးနောက် အလွန်အံ့ဩသွားခဲ့ရသည်။ သူသည် သူမနှင့်အတူ ကျင့်ကြံနိုင်ရုံတင်မကဘဲ ထိုအမျိုးသမီးအား အဆင့်ငယ် အပြောင်းအလဲများစွာအထိ အဆင့်ချိုးဖျက် ကျင့်ကြံနိုင်အောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ အီဗလင်းသည် ထိုအကြောင်းကို ကြားသိရသောအခါ မှင်တက်သွားခဲ့ရပြီး သူမ၏ တစ်သက်တွင် ဤကဲ့သို့သော ထူးဆန်းမှုမျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။
တကယ်လို့သာ လောကကြီးက သူ့ရဲ့ တည်ရှိမှုကို သိသွားခဲ့ရင် သူ့အပေါ် ဘာတွေသက်ရောက်လာမလဲ မသိနိုင်ချေ။ မွေးရာပါ ကျင့်ကြံခြင်း ပါရမီမရှိသော အမျိုးသမီးတစ်ဦးသည် သူနှင့်အတူ ကျင့်ကြံပြီးနောက်တွင် ကျင့်ကြံသူတစ်ဦးအဖြစ် ပါရမီ နိုးထလာနိုင်သည်ဟူသောအချက်ကို သူမ ယခုထက်တိုင် မယုံကြည်နိုင်သေးဘဲ... တွေးတောမိလေလေ စိတ်ထဲတွင် ပိုမိုရုန်းကန်ရလေလေ ဖြစ်ကာ တံတွေးကို အသာမြိုချရင်း အကြီးအကဲ လင်ကို စိုက်ကြည့်လိုက်မိသည်။
သူမ မသိရှိထားသည်မှာ... ယိုဟန်သည် ယခင်က သူမ၏ နတ်ဘုရားပွင့်လန်းဂိုဏ်းတွင် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း မည်သည့်အကြောင်းရင်းကြောင့်မသိရဘဲ ခြောက်လအကြာတွင် သူ၏ သင့်တော်သော ကျင့်ကြံဖော်တစ်ဦးမျှ ရှာမတွေ့ခဲ့သဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်ဟူသောအချက်ပင်။
နတ်ဘုရားပွင့်လန်းဂိုဏ်းသည် တစ်ခုလုံးသော ဖီးနစ်နိုင်ငံတော် အတွင်းရှိ အကြီးမားဆုံးသော ဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သည်။ ဤဂိုဏ်းသည် ကျင့်ကြံခြင်းလမ်းစဉ် နှစ်ရပ်စလုံးအပေါ် အဓိကအာရုံစိုက်ပြီး— မင်းအနေနဲ့ သဟဇာတကျင့်ကြံသူ ဖြစ်ချင်သည်ဖြစ်စေ သို့မဟုတ် စွမ်းအင်ကျင့်ကြံသူ ဖြစ်ချင်သည်ဖြစ်စေ... ထိုနေရာတွင် အရာအားလုံးကို ရှာဖွေနိုင်မည် ဖြစ်သည်။
သခင်မကြီး အီဗလင်း၏ အုပ်ချုပ်မှုအောက်တွင် ထူးချွန်ထက်မြက်သော ပညာရှင်အဆင့်အတန်းမျိုးစုံက နတ်ဘုရားပန်းလန်းဂိုဏ်းကို စောင့်ကြပ်ကြည့်ရှုနေကြခြင်း ဖြစ်၏။ အီဗလင်းသည် ဂိုဏ်း၏ ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်စားခြင်းမရှိဘဲ သူမ၏ စွန့်စားခန်းများနှင့် ကျင့်ကြံခြင်းလမ်းစဉ်၌သာ အမြဲတစေ အလုပ်ရှုပ်နေတတ်သော်လည်း... သူမသည် ဂိုဏ်းချုပ် ဟူသော ရာထူးဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ တစ်နိုင်ငံလုံးကလည်း သူမကို ကြည်ညိုလေးစားကြသလို တစ်ပြိုင်နက်တည်းမှာပင် ကြောက်ရွံ့ကြရသည်။
သူမသည် စစ်နတ်သမီးတစ်ပါး ဖြစ်ပြီး... တစ်စုံတစ်ယောက်က သူမအား ရန်စစိန်ခေါ်၍ ဒေါသထွက်အောင် ပြုလုပ်မိပါက မိမိ၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို အမှုန့်ခြေဖျက်ပစ်နိုင်စွမ်းရှိသော အလှပဆုံး သေမင်းတမန် သတ္တဝါတစ်ဦးလည်း ဖြစ်၏။
အဘိုးအို လင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သခင်မကြီး အီဗလင်းကို စိုက်ကြည့်လိုက်ရင်း "သူ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို ဘယ်တော့မှ ပြန်သွားတော့မယ် မထင်ဘူး သခင်မကြီး၊ သူ့ရဲ့ စိတ်ထဲမှာ တခြားသော အစီအစဉ်တွေ ရှိနေပုံရတယ်... ကျွန်တော့်အနေနဲ့လည်း သူ့ရဲ့ ဆန္ဒကို လေးစားပါတယ်" ဟု အဘိုးအိုက သခင်မကြီး အီဗလင်းကို ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အီဗလင်းသည် မှင်တက်သွားခဲ့ရသည်။ လူအများစုမှာ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် အသက်ပင် သေနိုင်ကြသလို ထိုနေရာတွင် နေရာတစ်နေရာ ရရှိရန်အတွက် ပိုင်ဆိုင်မှုအမြောက်အမြားကိုပင် ပေးဆောင်ရန် ဆန္ဒရှိကြသော်လည်း... ယိုဟန်က ထိုနေရာသို့ မသွားလိုခြင်းဟူသောအချက်ကို သူမ လုံးဝနားမလည်နိုင်တော့ချေ။
"ဒါက သူ့ရဲ့ ကျင့်ကြံဖော်နဲ့ သက်ဆိုင်နေလို့လား။ အဲဒါအတွက် စိတ်မပူပါနဲ့... တို့ သူ့အတွက် ကျင့်ကြံဖော်တစ်ယောက်ကို စီစဉ်ပေးပါ့မယ်၊ ဒါပေမဲ့ ရှင်လည်း စည်းမျဉ်းကို သိတာပဲ အဘိုးအိုလင်... အသက် ၁၈ နှစ်အောက် ရှိတဲ့သူတွေပဲ ဂိုဏ်းကို ဝင်ခွင့်ရှိတာ၊ သူမရဲ့ နာမည်က ဘာပဲဖြစ်ဖြစ်... အဲဒီအမျိုးသမီးကို တို့အနေနဲ့ သူ့နဲ့အတူ လိုက်ပါခွင့် မပြုနိုင်ဘူး" ဟု အီဗလင်းက ပြတ်သားစွာ ဆိုလိုက်၏။
"ကျွန်တော် တောင်းပန်ပါတယ်... ဒါပေမဲ့ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်၊ ကျွန်တော့်အနေနဲ့ သူ့ကို အတင်းအကျပ် မတိုက်တွန်းနိုင်ပါဘူး။ သခင်မကြီး အလိုရှိရင် သူ့ကို ကိုယ်တိုင်ပဲ မေးမြန်းကြည့်နိုင်ပါတယ်" အဘိုးအိုလင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း အီဗလင်းကို တုံ့ပြန်လိုက်သည်။
ထိုအတောအတွင်း—
'ဒါက ဘာလဲ...' ယိုဟန်သည် ရတနာသိုက်ခန်းမဆောင်အတွင်း၌ ရှိနေပြီး အခန်းအတွင်းရှိ အမျိုးမျိုးသော ရတနာများကို လိုက်လံကြည့်ရှုနေခဲ့သည်။ ရတနာအများစုမှာ စစ်မက်ရေးရာနှင့် သက်ဆိုင်နေသော်လည်း သူသည် ထိုအရာများကို စိတ်မဝင်စားဘဲ မိခင်ဖြစ်သူအတွက် ကောင်းမွန်သောအရာတစ်ခုကိုသာ အလိုရှိနေခဲ့ခြင်း ဖြစ်၏။ ထိုစဉ် ရုတ်တရက်ဆိုသလို သူ၏ အကြည့်များက နဂါးရုပ်ကြွများ ထွင်းထုထားသည့် ရွှေရောင်သေတ္တာငယ်လေးတစ်လုံးဆီသို့ ရောက်ရှိသွားခဲ့သည်။
သူသည် စပ်စုလိုသောစိတ်ဖြင့် ထိုရွှေရောင်သေတ္တာလေးကို ဖွင့်လှစ်လိုက်ရာ... ရုတ်တရက်ဆိုသလို သူနှင့်အတူ အာနား၊ ကာနာတို့၏ မျက်လုံးများပါ မှိတ်သွားခဲ့ရပြီး... အကြီးအကဲများ၏ ခန်းမဆောင်တစ်ခုလုံးမှာ ခဏမျှ တောက်ပလှသော အလင်းတန်းများဖြင့် ပြည့်နှက်သွားခဲ့ကာ စက္ကန့်အနည်းငယ်အကြာတွင်မှ အရာအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပျက်သွားခဲ့တော့သည်။
'သောက်ကျိုးနည်း... ဒါက ဘာလဲ၊ သေတ္တာထဲမှာ အလင်းတန်းတစ်ခုခု ပိတ်မိနေခဲ့တာလား... အခုတင် ဘာဖြစ်သွားတာလဲ' သူက တိုးတိုးလေး ရေရွတ်လိုက်ရင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ... ပြာလဲ့လဲ့ အလင်းတန်းများ ဖြာထွက်နေသည့် နီရဲသော ပုလဲလုံးလေးတစ်လုံးဆီသို့ သူ၏ အကြည့်များ ရောက်ရှိသွားခဲ့ရသည်။
တီ...
[အမည် - နဂါးအမြုတေ]
[ဂုဏ်သတ္တိ - ကာကွယ်ရေးအတွက်]
[အဆင့်အတန်း - ဒဏ္ဍာရီလာ]
[အသုံးပြုပုံ - ဒါက ဒဏ္ဍာရီလာ ပစ္စည်းတစ်ခု ဖြစ်ပြီး... ဒီရတနာက ကာကွယ်ရေးစွမ်းရည်အပေါ် အဓိကအာရုံစိုက်ပါတယ်၊ ဒါက မည်သည့် အသက်အန္တရာယ်ပြုနိုင်တဲ့ တိုက်ခိုက်မှုကိုမဆို တားဆီးပေးနိုင်စွမ်းရှိပြီး ကမ္ဘာမြေဝိညာဉ်နယ်ပယ် ပညာရှင်တစ်ယောက်တောင်မှ ယင်း၏ ကာကွယ်ရေးအတားအဆီးကို ဖောက်ထွင်းနိုင်မှာ မဟုတ်ပါဘူး (ကောင်းကင်ဝိညာဉ်နယ်ပယ် ပညာရှင်တွေရဲ့ ရှေ့မှောက်မှာတော့ ဒါက အသုံးမဝင်ပါဘူး)]
ထိုအသံကို ကြားလိုက်ရသည့်အခါ ယိုဟန်သည် အလွန်ပင် အံ့ဩမှင်တက်သွားခဲ့ရပြီး ဤနေရာ၌ အလွန်အမင်း ရှားပါးလှသောအရာတစ်ခုကို သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤနဂါးအမြုတေမှာ အလွန်ပင် လှပဆန်းပြားရုံတင်မကဘဲ... ၎င်းထက်ပို၍ အရေးကြီးသည်မှာ ၎င်း၏ ကာကွယ်ရေးစွမ်းရည်ဖြစ်သဖြင့် မိခင်ဖြစ်သူအား လက်ဆောင်ပေးရန်အတွက် အကောင်းဆုံးသော အရာပင် ဖြစ်တော့သည်။
"ငါ ဒီနီရဲတဲ့ ပုလဲလုံးကိုပဲ ယူလိုက်မယ်၊ ပြီးတော့ ဒါကို လှပတဲ့ ရွှေဆွဲကြိုးလေးတစ်ခုနဲ့ တွဲဖက်ပြီး ငါ့အမေကို လက်ဆောင်ပေးရမယ်" သူက ထိုအမျိုးသမီးနှစ်ဦးကို လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ စကားကို ကြားလိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက် ယိုဟန်ကို ကြည့်ကာ ဦးခေါင်းညိတ်ပြလိုက်ကြ၏။
ထိုအတောအတွင်း—
"ကောင်းပြီ... ဒါဆို တို့ သူ့ကို ကိုယ်တိုင်ပဲ မေးမြန်းကြည့်ရတာပေါ့၊ ဒါက သူ့ရဲ့ ကောင်းကျိုးအတွက်ပဲဥစ္စာ။ ပြီးတော့ တို့ သူ့နဲ့အတူ ဆွေးနွေးချင်တဲ့ အကြောင်းအရာအချို့လည်း ရှိနေသေးတယ်" အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း အဘိုးအို လင်ကို ပြန်လည်ပြောကြားလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမသည် အခန်းတံခါးကို လာရောက်ခေါက်သည့် အသံကို ကြားလိုက်ရ၏။ "သခင်မကြီး... ကျွန်မတို့ အတွင်းထဲကို ဝင်ခွင့်ပြုပါဦးရှင့်" အီဗလင်းနှင့် အဘိုးအိုနှစ်ဦးစလုံးသည် အခန်းတံခါးကို လာရောက်ခေါက်သည့် အသံနှင့်အတူ အပြင်ဘက်မှ ထွက်ပေါ်လာသော ကာနာ၏ အသံကို ကြားလိုက်ရလေတော့သည်။