ယိုဟန်သည် အီဗလင်း၏ နောက်ကွယ်မှနေ၍ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပြီးနောက်... အတန်ကြာသောအခါ ၎င်းတို့နှစ်ဦးစလုံးသည် ယဇ်ပလ္လင်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့ကြသည်။ ယိုဟန်၏ အကြည့်များက ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် တည်ရှိနေသော ကြည်လင်တောက်ပလှသည့် ဖန်လုံးကြီးဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိသော ထိုဖန်လုံးကြီးကို အနီးကပ် စူးစိုက်ကြည့်ရှုလိုက်ပြီးနောက်... မိမိကို စိုက်ကြည့်နေသော အီဗလင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ယဇ်ပလ္လင်ထဲကို ဝင်လိုက်... ပြီးတော့ မင်းရဲ့ အပေါ်ဝတ်အင်္ကျီတွေကို ချွတ်ပစ်လိုက်စမ်း" အီဗလင်းက သူ့ကို အမိန့်ပေးလိုက်ရာ ထိုစကားကို ကြားလိုက်ရသည့်အခါ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိပြီး အီဗလင်းကို လှမ်း၍ စိုက်ကြည့်လိုက်မိသည်။ သို့သော် သူမကမူ စိုးစဉ်းမျှ တုန်လှုပ်ခြင်းမရှိဘဲ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် သူ့ကိုသာ စိုက်ကြည့်နေခဲ့၏။
သူသည် စိတ်ထဲမှနေ၍ အီဗလင်းကို အားရပါးရ ကျိန်ဆဲလိုက်ရင်း ယဇ်ပလ္လင်အတွင်းသို့ ဝင်ရောက်ခဲ့လိုက်ပြီး... မိနစ်အနည်းငယ်မျှ ဝေခွဲမရ ဖြစ်နေပြီးနောက်တွင်မူ နောက်ဆုံး၌ သူ၏ အဝတ်အစားများကို ချွတ်ပစ်လိုက်တော့ရာ ယခုအခါတွင် သူ၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ ဗလာကျင်းသွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်နှာလေးမှာ ခရမ်းချဉ်သီးတစ်လုံးအလား ရဲတက်သွားခဲ့ရ၏။
အမျိုးသမီးတစ်ဦးကို မိမိ၏ ခန္ဓာကိုယ် ပြသရခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပါသော်လည်း... မည်သို့ပင်ဖြစ်စေ အီဗလင်း၏ ဘေးနားတွင် ရှိနေရခြင်းက သူ့ကို အလိုလိုနေရင်း ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အီဗလင်းက သူ့ကို စပ်စုလိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း—
"အလွန်ပဲ ထူးဆန်းတာပဲ... မင်းရဲ့ ခန္ဓာကိုယ်က မင်းရဲ့ အသက်အရွယ်နဲ့ ယှဉ်ရင် တော်တော်လေးကို ထွားကျိုင်းရင့်ကျက်နေတာပဲ၊ မင်းအရွယ် တခြားကလေးတွေနဲ့ နှိုင်းယှဉ်လိုက်ရင်လည်း တော်တော်လေးကို ကြွက်သားထွက်ပြီး တောင့်တင်းနေတာပဲ" ဟု သူမက သူ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
လတ်တလောတွင် အဆင့်ချိုးဖျက် ကျင့်ကြံနိုင်ခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ တကယ့်ကို တောင့်တင်းခိုင်မာသွားခဲ့ခြင်း ဖြစ်၏။ သူကိုယ်တိုင်ပင်လျှင် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သတိမပြုမိခဲ့သော်လည်း... ယခုအခါတွင် သူသည် အမျိုးသားအများစု အိပ်မက်မက်ရသည့် အဆီပြင်ကင်းမဲ့ပြီး ကြွက်သားအမြှောင်းမြှောင်း ထွက်နေသော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
သို့သော် အီဗလင်း၏ ပါးစပ်ဖျားမှ ထိုစကားကို ထပ်မံကြားလိုက်ရသည့်အခါ သူ၏ စိတ်လုံးဝ ပျက်စီးသွားခဲ့ရ၏။ သူမက သူ့ကို 'ကလေး' ဟု ထပ်မံခေါ်ဆိုလိုက်ခြင်း ဖြစ်ပြီး... ၎င်းမှာ သူ အနှစ်သက်ဆုံးသော စကားလုံးပင် ဖြစ်သည်။ ယခင်ဘဝတုန်းက သူသည် အသက် ၂၂ နှစ်ဝန်းကျင်တွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး... ယခုမူ အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပူးကပ်နေခြင်း ဖြစ်သဖြင့်... သူသည် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကလေးတစ်ယောက် လုံးဝမဟုတ်ပါချေ။ သူ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင် သူသည် တော်တော်လေး ရင့်ကျက် တည်ငြိမ်နေခဲ့ပြီး... ယခင်ဘဝက အတွေ့အကြုံများကြောင့်လည်း ဒီယာနှင့်အတူ အိပ်ရာထက်၌ ရှိနေစဉ်အတွင်း အကျိုးကျေးဇူးများ ရရှိခဲ့ခြင်း ဖြစ်သည်။
"မင်း ဘာတွေ တွေးနေတာလဲ... ငါ့ရဲ့ ချီးမွမ်းစကားကို မနှစ်သက်လို့လား" သူမက သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်ရာ... ထိုစကားကို ကြားလိုက်ရသည့်အခါ သူသည် အသိတရား ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဦးခေါင်းကိုသာ ငြိမ်သက်စွာ ညိတ်ပြလိုက်မိကာ အီဗလင်း၏ မေးခွန်းကို အသာအယာ ကျော်ဖြတ်လိုက်သည်။
"ကျွန်တော် အခု ဘာဆက်လုပ်ရမလဲဗျာ" သူက သူမကို မေးမြန်းလိုက်၏။ သူသည် မိမိ၏ ယခင်မေးခွန်းကို လျစ်လျူရှုလိုက်သည့်အတွက်ကြောင့် သူမက သူ့ကို ခြိမ်းခြောက်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သော်လည်း... သူမ၏ ဒေါသကို တစ်ခုခုကြောင့် ပြန်လည်ထိန်းချုပ်လိုက်သည်ကို ယိုဟန် သတိပြုမိလိုက်သည်။
သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ယဇ်ပလ္လင်ပေါ်သို့ တက်လှမ်းလာခဲ့ကာ ယိုဟန်ကို ယဇ်ပလ္လင်၏ အလယ်ဗဟို... ထိုဖန်လုံးကြီး၏ ရှေ့မှောက်တွင် ထိုင်ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။ ယိုဟန်သည်လည်း ဦးခေါင်းညိတ်ပြလိုက်ပြီးနောက် ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ထိုင်ချလိုက်ရာ... နောက်တစ်စက္ကန့်တွင် အီဗလင်းသည်လည်း သူ၏ ရှေ့မှောက်၌ ထိုင်ချလိုက်ပြီး ထိုဖန်လုံးကြီးမှာ ၎င်းတို့နှစ်ဦး၏ အလယ်တွင် တည်ရှိနေခဲ့တော့သည်။
"ဒီမှာ ကောင်လေး... ငါ ပြောတဲ့အတိုင်း လုပ်စမ်း၊ ငါတို့ အခု မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို ဆုံးဖြတ်ပေးမယ့် စမ်းသပ်မှုတစ်ခုကို စတင်တော့မှာ ဖြစ်သလို... အဲဒီအဆိပ်က မင်းအပေါ်မှာ ဘာဖြစ်လို့ အာနိသင်မပြရတာလဲဆိုတဲ့ အကြောင်းအရင်းကိုပါ ရှာဖွေမှာ ဖြစ်လို့... ငါ ပြောသမျှကို ငြိမ်ငြိမ်သက်သက်နဲ့သာ လိုက်နာစမ်းပါ" ဟု သူမက ပြန်လည်တုံ့ပြန်လိုက်၏။
သို့သော် သူမကို အံ့ဩသွားစေသည်မှာ... သူသည် သူမကို တည်ကြည်လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ပြီး အတန်ကြာသောအခါတွင်မူ နောက်ဆုံး၌ သူ၏ ပါးစပ်ကို ဟ၍— "ကျွန်တော့်ကို ကောင်လေးလို့ ထပ်ပြီး မခေါ်ပါနဲ့တော့ဗျာ... ကျွန်တော် ကလေးတစ်ယောက် မဟုတ်တော့ပါဘူး၊ ကျွန်တော့်ရဲ့ မျိုးနွယ်စုမှာ ကျွန်တော်နဲ့အတူ ပူးတွဲကျင့်ကြံတဲ့ အဖော်တစ်ယောက်တောင် ရှိနေပြီ" ဟု သူက ရဲရဲဝံ့ဝံ့ အော်ဟစ်ပြောကြားလိုက်လေသည်။
ထိုစကားလုံးများကို ကြားရလွန်းသဖြင့် သူသည် စိတ်ပျက်အားလျော့နေခဲ့ရပြီး... နောက်ဆုံး၌ သူသည် သူမ၏ ရှေ့မှောက်တွင် ဤစကားကို ပြောဆိုရန် ရဲဝံ့သွားခဲ့ခြင်း ဖြစ်၏။ အီဗလင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားခဲ့ရရှာပြီး... သူမသည် မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် သူ့ကို စိုက်ကြည့်လိုက်မိသော်လည်း အတန်ကြာသောအခါတွင်မူ ဦးခေါင်းကို ယမ်းခါလိုက်မိပြန်ရာ... သူမ၏ မျက်နှာထက်တွင် ဒေါသအရှိန်အဝါများ ထွက်ပေါ်လာခဲ့ရတော့သည်။
တီ...
[သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ထောက်လှမ်းမိပါသည်]
'ဒီမိန်းမ ဘာတွေ ရူးသွပ်နေတာလဲ မသိဘူး... ငါ တစ်ခုခု ပြောလိုက်တိုင်း ငါ့ကို သတ်ပစ်တော့မယ့် မျက်နှာအမူအရာမျိုးနဲ့ စိုက်ကြည့်နေတာပဲ။ ဒါပေမဲ့ ငါတော့ သူမရဲ့ ပါးစပ်ကနေ အဲဒီအသုံးမကျတဲ့ ကောင်လေးဆိုတဲ့ စကားကို ထပ်ပြီး မကြားချင်တော့ဘူး' သူက စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိရင်း သူမကို ပြန်လည်စိုက်ကြည့်လိုက်သည်။
သူမသည် မိမိကို သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် စိုက်ကြည့်နေသည်ဟူသော စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ သူသည် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ ဤမျှအထိ အဆင့်မြင့်မားလှသော အမျိုးသမီးတစ်ဦးကို စိတ်ဆိုးဒေါသထွက်အောင် ပြုလုပ်ခြင်းက ကောင်းမွန်သောအရာတစ်ခု မဟုတ်ကြောင်း သူ တွေးတောမိလိုက်ပြီး... သူသည် ဤမိန်းမကြီး၏ လက်ထဲမှနေ၍ အပြီးတိုင် မထွက်ပြေးနိုင်မီအထိ နောက်ထပ် နာရီအနည်းငယ်မျှသာ အလိုက်သင့် ပြုမူနေထိုင်ရန် လိုအပ်သည် ဖြစ်သဖြင့်... သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် မျက်နှာထက်တွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း—
"ကောင်းပါပြီ... သခင်မကြီး ပြောတဲ့အတိုင်းပဲ ကျွန်တော် လုပ်ပါ့မယ်" ဟု ပြန်လည်ပြောကြားလိုက်ရာ ထိုစကားကို ကြားလိုက်ရသည့်အခါမှ အီဗလင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိတော့သည်။
"ငါတို့ စမ်းသပ်မှုကို မစတင်ခင်မှာ မင်းကို အချို့အရာတွေကို ရှင်းပြပါရစေ... ဒါက သာမန်ဖန်လုံးမျိုး မဟုတ်ဘဲ မင်းရဲ့ ကျင့်ကြံခြင်း ပါရမီ အရည်အချင်းကို ဆုံးဖြတ်ပေးနိုင်တဲ့အရာ ဖြစ်တယ်။ မင်းအနေနဲ့ ဖိုမပူးတွဲကျင့်ကြံသူတစ်ဦး ဖြစ်လာတဲ့အခါမျိုးမှာ မြင်ဖူးခဲ့လိမ့်မယ်... ဒါပေမဲ့ အဲဒီဖန်လုံးတွေက မင်းအနေနဲ့ ဖိုမပူးတွဲကျင့်ကြံခြင်းနဲ့ သင့်တော်မှု ရှိ၊ မရှိဆိုတာကိုပဲ သာမန်အားဖြင့် ဆုံးဖြတ်ပေးနိုင်တာ။ ဒီဖန်လုံးကတော့ မတူဘူး... လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း ပါရမီအဆင့်အတန်းကို ဆုံးဖြတ်ပေးနိုင်ရုံတင်မကဘဲ... ၎င်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်း ပါရမီကိုပါ ဆုံးဖြတ်ပေးနိုင်စွမ်း ရှိတယ်"
သူမက သူ့ကို ရှင်းပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် သူမ၏ လက်ယာဘက် လက်ခလယ်တွင် ဝတ်ဆင်ထားသော စကြဝဠာလက်စွပ် အတွင်းမှနေ၍ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ရာ... ၎င်းမှာ တစ်စုံတစ်ရာသော အရည်များ ပြည့်နှက်နေသည့် ပုလင်းငယ်လေးတစ်ပုလင်း ဖြစ်နေခဲ့သည်။
"စမ်းသပ်မှုကို မစတင်ခင်မှာ ဒီဆေးရည်ကို အရင်ဆုံး သောက်လိုက်စမ်း" သူမက ထိုအရည်များ ပြည့်နှက်နေသည့် ပုလင်းငယ်လေးကို သူ့ထံသို့ ကမ်းပေးလိုက်ရာ... နောက်တစ်စက္ကန့်တွင် သူသည် မည်သည့်အချိန်မျှ ဖြုန်းတီးမနေတော့ဘဲ ထိုဆေးရည်ကို ချက်ချင်းပင် မော့သောက်လိုက်တော့သည်။
[အရှင်သည် ချိုင့်ဝှမ်းရာပြည့်အဆိပ်တစ်ရာ၏ ထိခိုက်မှုကို ခံရပါသည်]
'အန် ဘာဖြစ်တာလဲ...'