အပိုင်း (၂၃) စက္ကန့်ပိုင်းမျှနှင့် ငါးနှစ်တာ ကာလ
ထိုဆန်းကြယ်လှသော သဏ္ဍာန်ပြောင်းဆေးလုံးကို စနစ်သိုလှောင်ခန်းထဲသို့ သေသပ်စွာ သိမ်းဆည်းလိုက်ပြီးနောက်... ကျူကျုံးသည် ‘ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်’လျှို့ဝှက်ကျမ်းစာအုပ်ကို ထုတ်ယူလိုက်၏။ ထိုကျမ်းစာအုပ်မှာ အလွန်ဟောင်းနွမ်းလှပြီး... မျက်နှာဖုံးထက်တွင် ‘ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်’ ဟူသော ကြီးမားလှသည့် စာလုံးကြီးလေးလုံးကို ရေးထွင်းထားကာ... စာအုပ်မျက်နှာပြင်ပေါ်၌လည်း ခြောက်သွေ့နေသော သွေးကွက်အချို့ စွန်းထင်နေဆဲ ဖြစ်သည်။ ၎င်းမှာ ထိုဖြူဖွေးသော မျောက်ဝံကြီး၏ ဝမ်းဗိုက်အတွင်းမှ ရရှိလာခဲ့သော သွေးစွန်းရာများ ဖြစ်ကြောင်း သေချာလှပေသည်။
ကျူကျုံး၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးကာ အပြုံးတစ်ခု ပေါ်လာခဲ့၏။ နောက်ဆုံးတော့... သူ့မှာလည်း ကိုယ်ပိုင် ဓားစာခံကျင့်စဉ်တစ်ခု ရှိခဲ့ပြီ မဟုတ်ပါလား။
ကျမ်းစာအုပ်၏ ပထမဦးဆုံးစာမျက်နှာကို လှန်လိုက်ရင်း သူက စိတ်ထဲမှ တွေးလိုက်မိသည် ‘ဟင်း... ငါ ဖတ်တတ်သားပဲ။ စာလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို လုံးဝ နားလည်နေတာပဲဟ တကယ့်ကို နတ်ဘုရားအဆင့် ကျင့်စဉ်ကြီးပီသပါပေတယ်...။’
နိဒါန်းအကျဉ်းချုပ်
【 ‘ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်’ ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါက... ခန္ဓာကိုယ်အတွင်းရှိ အရိုးအဆစ်များကို ဆေးကြောသန့်စင်ပေးပြီး သွေးကြောများကို အသစ်တစ်ဖန် ပြောင်းလဲပေးလိမ့်မည်။ ထို့ပြင် ခရမ်းရောင် မြူခိုးငွေ့ ဝိညာဉ်ဓာတ်ကို ဖြစ်ပေါ်စေကာ... ခန္ဓာကိုယ်တွင်းရှိ အတွင်းအား (ဝိညာဉ်စွမ်းအား) တို့သည်လည်း အလိုအလျောက် အဆမတန် လျင်မြန်စွာ လည်ပတ်နေပြီး မည်သည့်အခါမျှ ခမ်းခြောက်သွားခြင်း မရှိပေ။ သာမန် လက်သီး ခြေဖဝါးတို့ဖြင့် ပစ်ခတ်လိုက်ရုံမျှဖြင့်ပင် ပြင်းထန်လှသော ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်ဖော်နိုင်သည်။ ၎င်း၏ ကာကွယ်ရေးစွမ်းအားမှာလည်း တစ်လောကလုံးတွင် အနှိုင်းမဲ့ဖြစ်ပြီး... ပြင်ပမှ တိုက်ခိုက်မှုများကို အလိုအလျောက် တုံ့ပြန်တွန်းကန်ပေးနိုင်ကာ ‘မဖျက်ဆီးနိုင်သော စိန်သားခန္ဓာကိုယ်’ ကို ရရှိစေလိမ့်မည်။ ကျင့်ကြံသူ၏ အရှိန်အဟုန်မှာလည်း အဆမတန် မြင့်မားလာမည် ဖြစ်သည်။ ၎င်းအပြင်... ဤသည်ကား ကုသရေးအတွက် အထွတ်အထိပ်မြတ်သော ကျမ်းစာဖြစ်ရာ မည်သည့်ရောဂါဘယမျှ ငြိတွယ်နိုင်ခြင်းမရှိသလို မည်သည့်အဆိပ်အတောက်မျှလည်း ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိချေ။ ကိုးပါးနေမင်း၏ ပြင်းထန်လှသော အပူရှိန်ကို အစွမ်းကုန် ထုတ်ဖော်လိုက်ပါက... ရန်သူကို ပြာကျသွားသည်အထိ မီးရှို့ဖျက်ဆီးနိုင်ပြီး အထူးသဖြင့် အေးစက်လှသော အဆိပ်အတောက်နှင့် မိစ္ဆာအတွင်းအားလုံးကို ချေမှုန်းနိုင်စွမ်း ရှိပေသည်။
ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်သည် ဘက်စုံစွမ်းဆောင်နိုင်သော ကိုယ်ခံပညာစနစ်တစ်ခု ဖြစ်သည်။ ဤအတတ်ကို အပိုင်ရသွားသည်နှင့်... တစ်လောကလုံးရှိ ကိုယ်ခံပညာအမျိုးမျိုးကို စိတ်ကြိုက် ယူငင်အသုံးပြုနိုင်လိမ့်မည်။ ထို့ပြင် ဤကျမ်းစာထဲ၌ ‘အရိုးကျုံ့အတတ်’ ‘လိပ်နက်အသက်ရှူရပ်အတတ်’ ‘နံရံကပ်တွားသွားအတတ်’ စသည့် လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာများစွာလည်း ပေါင်းစပ်ပါဝင်နေပေသည်။ 】
"ငါက ဝိညာဉ်စွမ်းအားကို အသုံးချပြီး ရေပြင်ပေါ် လမ်းလျှောက်တာ သစ်ပင်တွေနဲ့ မြင့်မားတဲ့ နံရံတွေပေါ်ကို ညီညာတဲ့ မြေပြင်လိုမျိုး လမ်းလျှောက်နိုင်တဲ့ အတတ်ကို တတ်ပြီးသားပဲ။ အိမ်မြှောင်နံရံကပ်အတတ်ကတော့ ငါ့အတွက် သိပ်မသုံးဝင်လှပါဘူး။ ဒါပေမဲ့... ဒီ ‘အရိုးကျုံ့အတတ်’ နဲ့ ‘လိပ်နက်အသက်ရှူရပ်အတတ်’ ကတော့ တော်တော်လေး ကောင်းမွန်လှတယ်။ အသက်ဘေးကြုံလာရင် အသက်ကယ်ဖို့အတွက် အရန်သင့် သိမ်းထားရမယ်။"
စာရေးသူ (နှာခေါင်းရှုံ့လျက်) : ‘ဒီလောက်တောင် အသက်ဘေးကြောက်တတ်တဲ့ ကူးပြောင်းလာတဲ့ ဇာတ်လိုက်မျိုး... ငါ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဖူးဘူး...။’
ကျူကျုံးက ဒုတိယစာမျက်နှာကို ထပ်မံလှန်လိုက်ရာ... သူ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွဲသွားခဲ့သည် "အင်း... ငါ ဆက်ပြီး နားလည်နေသေးတာပဲ။"
တတိယစာမျက်နှာကို ထပ်မံလှန်လိုက်သည့်အခါတွင်မူ... သူ၏ မျက်နှာထက်ရှိ အပြုံးများက တဖြည်းဖြည်း တောင့်တင်းသွားခဲ့ရ၏။ နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက်... ကျူကျုံးသည် ကိုးပါးနေမင်း နတ်ဘုရားကျမ်းစာအုပ်ကို မြေပြင်ထက်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်တော့သည် "တောက်... သောက်ကျိုးနည်းပဲ။ ငါက စာလုံးတစ်လုံးချင်းစီကို ဖတ်တတ်ပါရဲ့... ဒါပေမဲ့ အဲဒီစာလုံးတွေ အကုန်လုံး ပေါင်းလိုက်တဲ့အခါကျတော့... ဘာကို ဆိုလိုမှန်း လုံးဝ နားမလည်တော့ဘူး ဟို ကူးပြောင်းလာကြတဲ့ စီနီယာဇာတ်လိုက်ကြီးတွေကျတော့... လျှို့ဝှက်ကျမ်းစာအုပ် ရတာနဲ့ ဘာလို့ ဆရာမလိုဘဲ ချက်ချင်းကြီး တတ်မြောက်သွားကြတာလဲဆိုတာ တစ်ယောက်ယောက်လောက် ငါ့ကို ရှင်းပြပေးကြစမ်းပါဦး"
【 ဒေါင်... ငါ့ရဲ့ မိုက်မဲလှတဲ့ ပိုင်ရှင်ကြီးရေ ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်ဆိုတာ... အဆင့်နိမ့်ကမ္ဘာတစ်ခုရဲ့ အထွတ်အထိပ် ကျင့်စဉ်တစ်ခု ဖြစ်ပါတယ် ပိုင်ရှင်အနေနဲ့ မုန်းတီးမှုရမှတ် ၅၀၀၀ မျှ အသုံးပြုရုံနဲ့... ဆရာမလိုဘဲ တစ်ချက်တည်းနဲ့ အပိုင်တတ်မြောက်သွားနိုင်ပါတယ် 】
"ဟင်... သောက်စနစ်ခွေးကြီး မင်းက အူချီဟာ အီတာချီ ပူးဝင်နေတာလား ပြီးတော့... ငါ့ကို အဲဒီလို ရွံစရာကောင်းတဲ့ လေယူလေသိမ်းနဲ့ လာမပြောနဲ့ ငါက ဟို ဒုတိယမြောက် တိုင်လုံးကြီး (ဆာဆူကေး) မဟုတ်ဘူးနော်။"
【 ဒေါင်... မုန်းတီးမှုရမှတ် ၅၀၀၀ ကို အသုံးပြုပြီး ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်ကို အပြည့်အဝ ခွဲခြမ်းစိတ်ဖြာခြင်း အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် 】
မြေပြင်ထက်တွင် လဲလျောင်းနေသော ကိုးပါးနေမင်း နတ်ဘုရားကျမ်းစာအုပ်သည်... ချက်ချင်းပင် ဆန်စေ့ခန့်ရှိသော ဖြူဖွေးတောက်ပသည့် အလင်းစက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျူကျုံး၏ နဖူးအလယ် တည့်တည့်ဆီသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားတော့သည်။ တစ်ခဏမျှအတွင်း... ကျူကျုံးသည် သူ၏ ဦးနှောက်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရပြီး ဆန်းကြယ်လှသော မှတ်ဉာဏ်များနှင့် ကျင့်စဉ်အသိတရားများစွာက သူ၏ စိတ်အာရုံထဲသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာခဲ့ရ၏။
သို့သော်လည်း... ထိုပြင်းထန်လှသော ဝေဒနာမှာ လာခြင်းကောင်းသလို ပြန်ခြင်းလည်း မြန်ဆန်လှပေသည်။ လက်ဖက်ရည်ကြမ်း တစ်ခွက်စာခန့် အချိန်အတွင်းမှာပင်... ကျူကျုံးသည် ကိုးပါးနေမင်း နတ်ဘုရားကျင့်စဉ်၏ ပြည့်စုံလှသော ကျင့်ကြံပုံစနစ်အားလုံးကို သူ၏ မှတ်ဉာဏ်ထဲ၌ အမြစ်တွယ်အောင် မှတ်မိသွားခဲ့တော့သည်။
...စက္ကန့်ပိုင်းမျှနှင့် ငါးနှစ်တာ ကာလသည် ကုန်လွန်သွားခဲ့လေပြီ။
နေရောင်အောက်မှ လူငယ်နှစ်ဦးနှင့် တော်ဝင်အကယ်ဒမီ
ကောင်းကင် တော်ဝင်အကယ်ဒမီသည်... ကောင်းကင်အင်ပါယာ၏ မြို့တော်ဖြစ်သော ကောင်းကင်မြို့ပြင်ရှိ ကြီးမားလှသော တောင်တန်းကြီးတစ်ခုပေါ်တွင် တည်ရှိပေသည်။
ယခုအချိန်တွင် မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ... တောက်လောင်နေသော နေမင်းကြီး၏အောက်ဝယ် ကောင်းကင်ယံထက်၌ တိမ်တိုက်တစ်တုံးမျှမရှိသလို လေပြေတစ်ချက်ပင် တိုက်ခတ်ခြင်း မရှိချေ။ တောင်ခြေရင်းရှိ ကြည်လင်လှသော ရေကန်ကြီးဖြစ်စေ... သို့မဟုတ် အမျိုးအစားစုံလင်လှသော အပင်များဖြင့် ဖုံးလွှမ်းနေသည့် မီတာထောင်ချီ မြင့်မားသော တောင်တန်းကြီးဖြစ်စေ... အရာအားလုံးသည် ပူပြင်းလှသော ရာသီဥတုကြောင့် နုံးချည့်ပျင်းရိနေကြသည့်အလား ငြိမ်သက်နေကြသည်။
ထိုတောင်ခြေရင်းဆီသို့... လူငယ်နှစ်ဦး ရောက်ရှိလာခဲ့ကြ၏။ အသက်အရွယ်အားဖြင့် ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသော ကောင်လေးတစ်ဦးနှင့် ကောင်မလေးတစ်ဦးပင်။
ကောင်လေးမှာ... အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်ခန့်သာ ရှိသေးသော်လည်း ဖက်ရှင်ကျကျနှင့် ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားပေသည်။ သူ၏ အရပ်အမောင်းမှာ ၁.၇ မီတာကျော်အထိ မြင့်မားနေပြီး အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဆင်မြန်းထား၏။ ထိုဝတ်စုံ၏ ကျောပြင်ထက်တွင်မူ... တောက်ပလှသော ‘မီးလျှံယပ်တောင်’ အမှတ်အသားကို ထင်ရှားစွာ ပုံနှိပ်ထားသည်။ သူ၏ ဝါဂွမ်းရောင် ဝိညာဉ်မြက်နွယ်ဆံပင်များမှာ ပခုံးထက်သို့ ကျော်လွန်ကာ ဝဲကျနေပြီး ဖြူစင်ဝင်းပသော အသားအရေနှင့် ချောမောလှပလွန်းသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပေသည်။ သို့သော်လည်း... အနည်းငယ် စိတ်ပျက်စရာကောင်းသည်မှာ သူ၏ မျက်နှာထက်တွင် မပျော်မရွှင်ဖြစ်နေသော အမူအရာ ပေါ်နေခြင်းပင်။ သူ၏ ဘေးနားရှိ မိန်းကလေးက အနားသို့ တိုးကပ်လာတိုင်း... သူက စိတ်မရှည်သလို ဟန်ပန်ပြတတ်သည်။ သို့သော်ငြားလည်း... ထိုလူငယ်လေးထံမှ စိမ့်ထွက်နေသော ထူးခြားဆန်းပြားသည့် အရှိန်အဝါကြောင့်... ကျောင်းဝင်ခွင့် လာရောက်လျှောက်ထားကြသည့် အခြားသော မိန်းကလေးများစွာ၏ စူးစိုက်ကြည့်ရှုခြင်းကို ခံနေရရှာသည်။
ဘေးနားရှိ မိန်းကလေးမှာလည်း... အလှနတ်မိမယ်လေးတစ်ပါးကဲ့သို့ ထူးခြားလှပလွန်းလှပေသည်။ သူမ၏ နူးညံ့ချောမွေ့လှသော ဆံပင်နက်ရှည်များကို သေသပ်လှပသည့် ‘ကိန္နရီအမြီးကျစ်ဆံမြီး’ အဖြစ် ကျစ်ထားရာ... ဆံမြီးရှည်ကြီးမှာ သူမ၏ ခြေသလုံးအထိပင် ကျော်လွန်၍ ဝဲကျနေတော့သည်။ သူမသည် ထိုလူငယ်လေးထက် အရပ်အနည်းငယ် ပုသော်လည်း... ပန်းရောင် လက်တိုအင်္ကျီလေးကို ဝတ်ဆင်ထားသဖြင့် သူမ၏ ထွားကျိုင်းစပြုနေပြီဖြစ်သော ခန္ဓာကိုယ်အလှကို ထင်ရှားစေသည်။ သူမ၏ ရင်သားအစုံမှာ အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း... သူမ၏ သွယ်လျလွန်းလှသော ခါးလေးမှာမူ ရေတွက်မကုန်နိုင်သော အမျိုးသမီးထုကြီးကို မနာလိုဖြစ်သွားစေနိုင်လောက်ပေသည်။
ရာသီဥတုက အလွန်အမင်း ပူပြင်းလှသဖြင့်... မူလက ထိုမိန်းကလေးသည် ရင်ပြတ်အင်္ကျီပုခုံးသိုင်းလေးကိုသာ ဝတ်ဆင်ချင်ခဲ့သော်လည်း... ဘေးနားရှိ လူငယ်လေး၏ ပြင်းထန်လှသော ကန့်ကွက်မှုကို ခံခဲ့ရရှာသည်။
သူ ပေးခဲ့သော အကြောင်းပြချက်မှာ "အသားလေး နည်းနည်းပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်က... ဒီလောက်အထိ ပေါ်လွင်လွန်းတဲ့ အဝတ်အစားတွေကို ဝတ်ဖို့ ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ။ မင်းက လူတွေကို ရာဇဝတ်မှုကျူးလွန်အောင် မြှောက်ပင့်ပေးချင်နေတာလား"
ထိုနေ့မှစ၍... ထိုမိန်းကလေးသည် ရင်ပြတ်အင်္ကျီများကို ဝတ်ဆင်ရန် စိတ်ကူးပင် မယဉ်ရဲတော့ချေ။ အကြောင်းရင်းမှာမူ... သူမကိုယ်တိုင် စိတ်ကူးယဉ် သတ်မှတ်ထားခဲ့သော ‘ချစ်သူကောင်လေး’ (သူမဘာသာ တစ်ဦးတည်း ဆုံးဖြတ်ထားခြင်းဖြစ်သည်) သဝန်တိုမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။
သူမ၏ သွယ်လျပြီး တင်းရင်းလှသော ခြေတံရှည်ကြီးများကို အဖြူရောင် ဘောင်းဘီရှည်ဖြင့် ဖုံးအုပ်ထားရာ... ပြည့်စုံလှသော ရွှေရောင်အချိုးအစားကို ပေါ်လွင်စေသည်။ သူမသည် အသက်အရွယ် အလွန်မကြီးသေးဘဲ မျက်နှာထက်တွင် ကလေးကလားဆန်သော အရိပ်အယောင်များ ရှိနေသေးသော်လည်း... သူမ၏ လုံးဝန်းအိစက်နေသော တင်ပါးလေးမှာမူ ဆွဲဆောင်မှုအပြည့် ရှိနေချေပြီ။
သူမ၏ လခြမ်းကွေးမျက်ခုံးလေးများမှာ ပင်ကိုယ်အတိုင်း လှပနေပြီး... အရည်လဲ့နေသော မျက်ဝန်းကြီးများနှင့် ပန်းရောင်သန်းနေသည့် ပါးပြင်နုနုလေးတို့ ပေါင်းစပ်လိုက်သည့်အခါ... လှပလွန်းရုံသာမက ဇွတ်တရွတ်ဆန်သော အသွင်ကိုပါ ပေးစွမ်းနေတော့သည်။ ‘ချစ်စရာကောင်းခြင်း’ ဟူသော စကားလုံးမှာ သူမအတွက် သီးသန့်ဖန်တီးထားသည့်အလား...။
သို့သော်လည်း... ဘေးနားရှိ ထိုလူငယ်လေးနှင့် အတူတူရပ်နေသည့်အခါတွင်မူ... သူမ၏ တောက်ပမှုများမှာ သူ၏ အရှိန်အဝါအောက်တွင် မှေးမှိန်သွားခဲ့ရရှာသည်။
မိန်းကလေးက သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို လူငယ်လေး၏ ပခုံးထက်သို့ မှီတွဲလိုက်ရင်း... အခြားလက်တစ်ဖက်ဖြင့် သူမ၏ ချွေးစို့နေသော နဖူးပြင်လေးကို ညင်သာစွာ သုတ်လိုက်ကာ ပျင်းရိပျင်းတွဲ လေသံဖြင့် ဆိုလိုက်သည်"အားးး... မောလိုက်တာ ဘယ်လောက်တောင် ဝေးဦးမှာလဲ။ ငါတို့ လမ်းလျှောက်လာတာ ရက်ပေါင်းများစွာ ရှိနေပြီနော်။ မင်းက ဘာဖြစ်လို့ ဒီလိုမျိုး အသုံးမကျတဲ့ မှူးမတ်မျိုးနွယ်စု ကျောင်းကြီးကို လာချင်ရတာလဲ မသိပါဘူး ငါ ကြားဖူးတာတော့... အဲဒီကျောင်းမှာ ရှိတဲ့သူတွေအကုန်လုံးက အပြင်ပန်းပဲ လှပြီး အတွင်းသားမရှိတဲ့ မိဘအာဏာကို အလွဲသုံးစားလုပ်ပြီး ကြွားဝါတတ်တဲ့ အသုံးမကျတဲ့ကောင်တွေချည်းပဲတဲ့။ သတိထားဦးနော်... သူတို့ မင်းကို ပြဿနာရှာကြလိမ့်မယ်။"
လူငယ်လေးက မိန်းကလေးကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း ဆိုလိုက်သည် "ဟဲလို... ငါက မင်းလို ယုန်မလေးကို ငါ့နောက်ကနေ အတင်းလိုက်ခဲ့ပါလို့ မတောင်းဆိုခဲ့ပါဘူးနော် ပြီးခဲ့တဲ့ နှစ်တွေတုန်းက... ဟို နှာဘူးဆရာကြီး ယွီရှောင်ကန်းက မင်းကို ရှရက်ခ်ကျောင်းဆီ လာဖို့ ဘယ်နှစ်ကြိမ်တောင် ဖိတ်ခေါ်ခဲ့လဲ။ ပြီးတော့... ငါ့ခန္ဓာကိုယ်ကို မင်းရဲ့ ကိုယ်ပိုင်အဲကွန်းလိုမျိုး လာပြီး မမှီစမ်းပါနဲ့ဦး"
မိန်းကလေးကလည်း မျက်စောင်းပြန်ထိုးလိုက်ကာ "သူက မင်းကိုလည်း တပည့်အဖြစ် သတ်မှတ်ချင်ခဲ့တာပဲလေ ဒါပေမဲ့ မင်းက သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့တာ ငါ မြင်သားပဲ။ မင်းက တကယ့်ကို နှလုံးသားမရှိတဲ့ကောင်ပဲ... ငါက မင်းအတွက်ကြောင့် အခုလို လိုက်လာပေးတာကို။ ဘယ်သူက မင်းကို ငါ့ရဲ့ ‘အဘိုးတွမ်’ရဲ့ အသည်းကျော်လေး ဖြစ်ခိုင်းလို့လဲ။ ပြီးတော့ မင်းက ငါ့ရဲ့ အစ်ကိုတစ်ယောက်လိုပဲလေ။ ဘာပဲဖြစ်ဖြစ်... ကျောင်းဝင်ခွင့်စာမေးပွဲက သန်ဘက်ခါမှ စမှာ မဟုတ်လား။ ငါမသိဘူး... မင်း ငါ့ကို ကောင်းကင်မြို့ထဲမှာ နှစ်ရက်လောက် လိုက်လံဖျော်ဖြေပေးရမယ်။ ဒါမှ ငါ့ရဲ့ ထိခိုက်သွားတဲ့ နှလုံးသားလေး ပြန်ကောင်းလာမှာ။ ပြီးတော့... ငါက အခု ယုန်မဟုတ်တော့ဘူးနော် ဒါနဲ့... ဘယ်သူက မင်းရဲ့ ခန္ဓာကိုယ်ကို ဆောင်းတွင်းမှာ နွေးပြီး နွေရာသီမှာ အေးတယ်လို့ ပြောလို့လဲ အပူအအေးလည်း လုံးဝမကြောက်ဘူး။ ငါ တကယ့်ကို မင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို မနာလိုဖြစ်မိတယ်။ ရှောင်ကျုံး... ဒီနေ့ ညနေကျရင် ငါတို့ သွားကြစို့..."
ဤလူငယ်နှင့် မိန်းကလေးမှာ... အခြားသူများ မဟုတ်ကြဘဲ အဆင့်မြင့် ဝိညာဉ်သခင်ကျောင်းတော်သို့ ကျောင်းဝင်ခွင့် လာရောက်လျှောက်ထားကြသည့် ကျူကျုံးနှင့် ရှောင်ဝူတို့ပင် ဖြစ်ကြချေသည်။
ရှောင်ဝူက အဖိုးတွမ်ကို အဘိုးအဖြစ် သတ်မှတ်ခဲ့သည့် အကြောင်းရင်းမှာမူ... နျူးဒင်းအကယ်ဒမီ၏ ပထမဦးဆုံးသော ကျောင်းပိတ်ရက်ဆီသို့ ပြန်လည်ခြေရာခံရပေလိမ့်မည်။
ကျူကျုံးအနေဖြင့် မိမိ၏ မွေးရပ်မြေဖြစ်သော ‘ဧကရာဇ်ဝိညာဉ်ရွာ’ ဆီသို့ ပြန်ရမည်မှာ သဘာဝပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... အဖိုးတွမ်က သူ့ကို တစ်ဦးတည်း ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် အဖိုးတွမ်မှာ အသက်အရွယ် ကြီးရင့်လာခဲ့ပြီ ဖြစ်ရာ... ကျူကျုံးမှလွဲ၍ အခြားဆွေမျိုးသားချင်း မရှိတော့ချေ။ ကျူကျုံးသည် အဖိုးတွမ်၏ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု ဆိုရပေမည်။
သို့သော် မမျှော်လင့်ဘဲ... ရှောင်ဝူဟူသော ဤယုန်မလေးသည် အရှက်မရှိစွာဖြင့် သူ့နောက်သို့ တကောက်ကောက် လိုက်ပါလာခဲ့သည်။ သူမသည် ဧကရာဇ်ဝိညာဉ်ရွာအတွင်းသို့ ခြေချလိုက်သည်နှင့်... ချက်ချင်းပင် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဆိုးပေတတ်သော ကောင်မလေးအသွင်မှသည် ယဉ်ကျေးသိမ်မွေ့လှသော မိန်းကလေးတစ်ဦးအဖြစ်သို့ ဆတ်ခနဲ အသွင်ပြောင်းသွားခဲ့တော့၏။
အဖိုးတွမ်သည် ကျူကျုံးတစ်ယောက် ရွာကနေ ထွက်ခွာသွားခဲ့သည်မှာ တစ်နှစ်မျှသာ ရှိသေးသော်လည်း... ယခုလို ‘ချစ်စရာကောင်းသော ရည်းစားဦးလေး’ ကို အိမ်သို့ ခေါ်ဆောင်လာနိုင်သည်ကို မြင်လိုက်ရသည့်အခါ... စိတ်ထဲမှနေ၍ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားခဲ့ရရှာသည်။ သူက ရှောင်ဝူကို လှိုက်လှိုက်လှဲလှဲ ခရီးဦးကြိုပြုကာ ဧည့်ခံခဲ့၏။
ရှောင်ဝူသည်လည်း အခြေအနေကို ကောင်းစွာနားလည်လှသဖြင့်... အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသား လူတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ကာ— "အဘိုးတွမ်... အဘိုးတွမ်..." ဟု တတွတ်တွတ် ခေါ်ဆိုနေခဲ့ရာ အဖိုးတွမ်မှာမူ သဘောကျလွန်းသဖြင့် ပါးစပ်ပင်မပိတ်နိုင်အောင် တဟားဟား ရယ်မောနေခဲ့တော့သည်။
နောက်ဆုံးတွင်... ရှောင်ဝူသည် မိဘမဲ့မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ၌... နှစ်ဦးနှစ်ဖက် နားလည်မှုများဖြင့် အဖိုးတွမ်သည် ရှောင်ဝူကို သူ၏ မြေးမလေးအဖြစ် တရားဝင် မွေးစားလိုက်တော့သည်။
ဘေးနားတွင် မတ်တတ်ရပ်နေသော ကျူကျုံးခမျာ... နှုတ်ခမ်းများ တုန်ရီလာခဲ့ပြီး နဖူးထက်တွင်လည်း အတွေးစောင်းများ ပြည့်နှက်သွားခဲ့ရ၏။ သူက စိတ်ထဲမှနေ၍‘အဘိုးတွမ်ရေ ဒီယုန်မလေးက... အဘိုးရဲ့ အဘိုး အဘိုးရဲ့ ဘိုးဘေးတွေထက်တောင် နှစ်ပေါင်း သောင်းနဲ့ချီပြီး အသက်ကြီးနေသေးတာဗျာ...’ ဟု ရေရွတ်လိုက်မိတော့သည်။
နောက်ဆုံးတွင်... သူတို့နှစ်ဦး ရွာကနေ မထွက်ခွာမီမှာပင်... အဖိုးတွမ်က ရှောင်ဝူကို လက်ဆောင်ပစ္စည်းအချို့ ပေးအပ်ခဲ့ပြီး ကျူကျုံးကိုမူ မျက်လုံးချင်း အချက်ပြလိုက်၏။ ထိုမျက်လုံးများ၏ အဓိပ္ပာယ်မှာ ‘ငါ့လို အဖိုးကြီးတောင် ရှိတာအကုန် ပေးပြီးပြီ။ မင်းလို ကောင်စုတ်လေးက... လက်ဆောင်မပေးဘဲ နေရဲဦးမလား။ အကယ်၍ မပေးရင်တော့... မင်းကို ငါ ထမ်းပိုးတုတ်နဲ့ ရိုက်မှာနော်’ ဟူ၍ ဖြစ်သည်။
ထိုအကြိမ်မှာပင်... ကျူကျုံး၏ သဏ္ဍာန်ပြောင်းဆေးလုံးမှာ ရှောင်ဝူ၏ လက်ထဲသို့ ခြိမ်းခြောက်လုယက်ခြင်း ခံလိုက်ရတော့သည်။ ထိုသဏ္ဍာန်ပြောင်းဆေးလုံးကို စားသုံးပြီးနောက်... ရှောင်ဝူ၏ ခေါင်းထက်ရှိ ယုန်နားရွက်ကြီးများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။ သူမသည် အဆင့်နိမ့် မိစ္ဆာသားရဲဘဝမှနေ၍... လူသားအစစ်အမှန်အဖြစ်သို့ လုံးဝ ကူးပြောင်းသွားခဲ့ရုံသာမက သူမ၏ ပင်ကိုယ်ပါရမီမှာလည်း အဆမတန် မြင့်မားသွားခဲ့ရသည်။ သူမ၏ စွမ်းရည်မှာ... အမြွှာဝိညာဉ်သဏ္ဍာန်နှင့် ကိုးပါးနေမင်းကျင့်စဉ်ကို ပိုင်ဆိုင်ထားသော ကျူကျုံး၏ နောက်ကွယ်တွင်သာ ရှိတော့သည်။ သူမ၏ နှစ်ပေါင်းတစ်သိန်း ကျင့်ကြံခြင်းစွမ်းအားများ ပျောက်ကွယ်သွားခဲ့သော်လည်း... သူမသည် လူသားတစ်ယောက်အဖြစ် အစကနေ ပြန်လည်ကျင့်ကြံရုံသာ ရှိတော့ပေသည်။
(စာရေးသူ : ‘ဒါတောင် မင်းက မင်းကိုယ်မင်း သူမအပေါ် စိတ်မဝင်စားဘူးလို့ ပြောရဲသေးတယ်ပေါ့လေ တကယ်ကို... မွှေးကြိုင်နေတာပဲ မဟုတ်လား’)
ဤသို့သော အကြောင်းရင်းများကြောင့်သာ... ရှောင်ဝူသည် ဝိညာဉ်ဒိုလော့အဆင့်ရှိသော ပညာရှင်ကြီးများ စောင့်ကြပ်နေသည့် ကောင်းကင် တော်ဝင်အကယ်ဒမီကျောင်းတော်ကြီးဆီသို့ ရဲရဲဝံ့ဝံ့ လိုက်ပါလာရဲခြင်း ဖြစ်ပေတော့သည်...။