အခန်း ၄၁ - ရှောင်လင်းရဲ့ လေ့ကျင့်ရေးနည်းလမ်း
ရှောင်ဝူရဲ့ ဝိညာဉ်ကွင်းတွေအတွက် အလျင်အမြန် လုပ်ကြံသတ်ဖြတ်တဲ့ တိုက်ခိုက်ရေးပုံစံကို အကြမ်းဖျင်း သတ်မှတ်ပေးပြီးနောက် ရှောင်လင်းက ရှောင်ဝူကို ဂရုမစိုက်တော့ဘဲ ပစ်ထားလိုက်သည်။ ထိုအရာကို ထန်စန်းဆိုတဲ့ သစ္စာရှိခွေးလေးကိုသာ လွှဲအပ်ပြီး ရှောင်ဝူကို သင်ကြားပေးစေကာ ရှောင်လင်းရဲ့ ဝိညာဉ်ဆိုင်ရာ အတွေးအခေါ်အချို့ကို ရိုက်သွင်းပေးစေသည်။
ထိုအချိန်တွင် ရှောင်လင်းက အပြာရောင်မြက်ခင်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး မလှုပ်မယှက်ဘဲ မပျက်စီးနိုင်တဲ့ ဝိဇ္ဇာနတ်မင်းခန္ဓာကျင့်စဉ်ကို တစ်ပြိုင်နက်တည်း လည်ပတ်စေကာ တရားထိုင်ရင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကို စဉ်းစားနေသည်။
နဂါးပတ်တုတ်ရှည်ရဲ့ အလေးချိန်က ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်တာ အမှန်ပင်ဖြစ်သော်လည်း ရှောင်လင်းအနေဖြင့် နဂါးပတ်တုတ်ရှည်ရဲ့ အလျားနှင့် အလေးချိန်ကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ မသိသေးပေ။ နဂါးပတ်တုတ်ရှည်က ပိုရှည်လေလေ၊ အားသက်ရောက်တဲ့ လက္ခဏာနှင့် လည်ပတ်အားက ပိုများလေလေဖြစ်သဖြင့် ရှောင်လင်းအတွက် ကောင်းကောင်းမထိန်းချုပ်နိုင်ပါက ပါဟွားတုတ်သိုင်းကို ထိရောက်စွာ မလေ့ကျင့်နိုင်ရုံသာမက မိမိကိုယ်ကိုလည်း လွယ်လွယ်ကူကူ ဒဏ်ရာရစေနိုင်သည်။
ယခုအချိန်တွင် ထန်စန်းကလည်း လေခွဲဝံပုလွေတူသိုင်းကို ကျွမ်းကျင်စွာ မတတ်မြောက်သေးသဖြင့် မှားယွင်းစွာ သင်ကြားမိမည်ကို စိုးရိမ်သောကြောင့် ရှောင်လင်းကို ဇွတ်မှိတ်မသင်ပေးရဲပေ။ ထို့ကြောင့် ရှောင်လင်းက ပိုကောင်းတဲ့ လေ့ကျင့်ရေးနည်းလမ်းကို ကိုယ်တိုင်ရှာဖွေရန်သာ ရှိတော့သည်။
သူက မဟာဆရာသခင်ကြီးတစ်ယောက်လို ကျောက်ခဲတွေကို ကျောပိုးပြီး ပြေးရတဲ့ နည်းလမ်းမျိုးကို မသုံးဘဲ ထိုအရာထက် ပိုကောင်းတဲ့ နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။
ဒီလိုနဲ့ ရှောင်လင်းက နှစ်မိနစ်ခန့် တင်ပလ္လင်ခွေထိုင်ပြီးနောက် နောက်ဆုံးတွင် သင့်တော်တဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။
ထိုအရာကတော့ မိမိကိုယ်ကို ထိန်းချုပ်ကန့်သတ်ခြင်းပင်ဖြစ်သဖြင့် နဂါးပတ်တုတ်ရှည်ကို အပိုအလေးချိန် ထပ်မတိုးဘဲ ရှောင်လင်းရဲ့ အရပ်အမောင်းနဲ့ ကိုက်ညီမယ့် မူလအလျားအတိုင်းသာ ထားရှိလိုက်သည်။ သို့သော် ရှောင်လင်းက နဂါးပတ်တုတ်ရှည်နှင့် သူ၏ ဝိညာဉ်စွမ်းအား ဆက်သွယ်မှုကို ယာယီဖြတ်တောက်ထားရန် ပြင်ဆင်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို နဂါးပတ်တုတ်ရှည်ရဲ့ လက်ရှိအလေးချိန်အတိုင်း အပြည့်အဝ တောင့်ခံစေခြင်းဖြင့် ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ကုန်ဆုံးစေမည်ဖြစ်သည်။
ရှောင်လင်းကိုယ်တိုင်က မွေးရာပါ ဝိညာဥ်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သောကြောင့် နဂါးပတ်တုတ်ရှည်ကို မိမိရဲ့ ဝိညာဉ်စွမ်းအားနဲ့ ချိတ်ဆက်လိုက်သည်နှင့် လေးလံသောအရာကို ပေါ့ပါးစွာ မ စသလို သို့မဟုတ် ပေါ့ပါးသောအရာကို လေးလံစွာ မ စသလိုမျိုး ခံစားရစေသည်။ သူ လေးလံစေချင်တဲ့အချိန်တွင် လေးလံစေပြီး ပေါ့ပါးစေချင်တဲ့အချိန်တွင် ပေါ့ပါးအောင် လုပ်နိုင်သည်။
ဤအရာက မကောင်းလှပေ။ ဘာလို့ဆို လေ့ကျင့်နေစဉ်အတွင်း မခံမရပ်နိုင်ဖြစ်လာတဲ့ အခိုက်အတန့်မျိုး ကြုံရလျှင် ရှောင်လင်းရဲ့ ခန္ဓာကိုယ်က ဗီဇအရ နဂါးပတ်တုတ်ရှည်ရဲ့ အလေးချိန်ကို လျှော့ချပစ်မိနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်က အလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် နဂါးပတ်တုတ်ရှည် ပေါ့သွားသည်ကို ရှောင်လင်းကိုယ်တိုင် သတိမထားမိဘဲ ဖြစ်သွားနိုင်ပြီး အားစိုက်ထုတ်မှုများပြားသော်လည်း အကျိုးသက်ရောက်မှု နည်းပါးသွားနိုင်သည်။
ရှောင်လင်းက ဝိညာဉ်စွမ်းအား ဆက်သွယ်မှုကို ဖြတ်တောက်ပြီးနောက်တွင်တော့ ရှောင်လင်းက နဂါးပတ်တုတ်ရှည်ကို ဆင့်ခေါ်ခြင်းနှင့် ထန်စန်းက ဟောက်ထျန်းတူကို ဆင့်ခေါ်ခြင်းကြားတွင် မည်သည့်ကွာခြားချက်မျှ ရှိတော့မည်မဟုတ်ပေ။ နဂါးပတ်တုတ်ရှည်ကို ဆင့်ခေါ်ခြင်းက ဝိညာဉ်စွမ်းအား အမြောက်အမြားကို ကုန်ဆုံးစေမည်ဖြစ်ပြီး နဂါးပတ်တုတ်ရှည်ရဲ့ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည်နှင့် ၎င်းက ပေးစွမ်းတဲ့ အခြေခံဂုဏ်သတ္တိများလည်း အားနည်းသွားမည်ဖြစ်သည်။
ဤနည်းဖြင့် ရှောင်လင်းက မိမိရဲ့ ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့်သာ လေ့ကျင့်ရမည်ဖြစ်သဖြင့် ရှောင်လင်းက ဤအရာကို မိမိကိုယ်ကို ထိန်းချုပ်ကန့်သတ်ခြင်းဟု ခေါ်ဆိုသည်။
ထို့အပြင် ရှောင်လင်းက တစ်ကိုယ်တည်း နှစ်မိနစ်အပြည့် စဉ်းစားပြီးမှ ရရှိလာတဲ့ နည်းလမ်းဖြစ်သောကြောင့် ဤထိန်းချုပ်ကန့်သတ်မှုက ဒီလောက်နဲ့တင် ရိုးရှင်းမနေပေ။ ရှောင်လင်းက အရာအားလုံးကို ခန္ဓာကိုယ်ဆီသို့သာ လွှဲအပ်ထားရန် ဆုံးဖြတ်လိုက်ပြီး ခန္ဓာကိုယ်လေ့ကျင့်မှုကို ဗီဇတစ်ခုလို ဖြစ်လာစေရန် လုပ်ဆောင်လိုက်သည်။
တစ်ဖက်တွင်လည်း ရှောင်လင်းရဲ့ ဦးနှောက်က တရားထိုင်ခြင်းကို ဆက်တိုက်လုပ်ဆောင်ရင်း မပျက်စီးနိုင်တဲ့ ဝိဇ္ဇာနတ်မင်းခန္ဓာကျင့်စဉ်ကို အမြဲမပြတ် လည်ပတ်စေကာ စုပ်ယူထားတဲ့ ဝိညာဉ်စွမ်းအားကို သွေးကြောမျှင်များ ကျယ်ပြန့်လာစေရန်အတွက်သာ အသုံးပြုပြီးနောက် ပြင်ပဝိညာဉ်အရိုးဖြစ်တဲ့ နွားဦးချိုလေးဆီသို့ စုစည်းစေသည်။
နောက်ဆုံးတွင် ဝိညာဉ်စွမ်းအားအားလုံးကို အပြင်သို့ ထုတ်လွှတ်လိုက်သည်။
၎င်းက ရေပိုက်ခေါင်းကို ဖွင့်ပြီး ရေစီးဆင်းစေသလိုမျိုး ဖြစ်သဖြင့် ဝိညာဉ်စွမ်းအားက ရှောင်လင်းရဲ့ ခန္ဓာကိုယ်ထဲသို့ မဝင်ဘဲ သုံးကြိမ်တိုင်တိုင် ဖြတ်သန်းသွားရုံသာ ဖြစ်သည်။ ဤအရာက ရှောင်လင်းရဲ့ ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှု အရှိန်ကို လေ့ကျင့်ပေးနိုင်သလို သွေးကြောမျှင်များကိုလည်း ကျယ်ပြန့်စေကာ ရှောင်လင်းကို ဝိညာဉ်စွမ်းအား ပိုမိုသိုလှောင်နိုင်စေသည်။
နောက်ဆုံးတွင် သေးငယ်တဲ့ သွေးကြောမျှင်များကို ကျယ်ပြန့်စေရန် လိုအပ်သောကြောင့် ၎င်းက နှလုံးခွဲထိန်းချုပ်မှု ကျွမ်းကျင်မှုကို များစွာတိုးတက်စေပြီး ရှောင်လင်းရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကိုလည်း လေ့ကျင့်ပေးရာရောက်သည်။
အရေးကြီးဆုံးအချက်မှာ မွေးရာပါ ဝိညာဥ်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည့်အတွက် ရှောင်လင်းက တုတ်ကရိယာကို အသုံးပြုရာတွင် မွေးရာပါ ကျွမ်းကျင်မှုရှိသည်။ လူ့ခန္ဓာကိုယ်က အလွန်ဆန်းကြယ်လှသည်။ ခန္ဓာကိုယ်ကို ဗီဇအရ တုတ်ကရိယာကို အသုံးပြုစေပြီး တုတ်သိုင်းကို လေ့ကျင့်စေခြင်းက ရှောင်လင်းနှင့် နဂါးပတ်တုတ်ရှည်ကြားက ဆက်နွှယ်မှုကို ပိုမိုခိုင်မာစေရုံသာ ရှိသည်။
“ပါရမီရှင်ပဲ”။
ရှောင်လင်းက သူ့နည်းလမ်းက နည်းနည်းကြမ်းတမ်းသည်ဟု ခံစားရသော်လည်း ယွီရှောင်ကန်းရဲ့ နည်းလမ်းထက် ပိုမိုထိရောက်မည်မှာ သေချာသည်။ ဤအရာကို ပါရမီရှင်ဟု မခေါ်လျှင် ဘာခေါ်ရမည်နည်း။
လေ့ကျင့်ပြီးနောက်တွင်တော့ သူက ထန်စန်းဆီကနေ အပြာရောင်မြက် ပြန်လည်ဆန်းသစ်ခြင်း လက်ကောက်ကို တောင်းပြီး အနားယူကာ အကြောလျှော့မည်ဖြစ်သည်။
“ ပြီးပြည့်စုံတယ်။ လုံးဝကို ပြီးပြည့်စုံတယ်။” စဉ်းစားရုံတင် ရှောင်လင်းတစ်ယောက် အလွန်စိတ်လှုပ်ရှားနေမိသည်။
ရှောင်လင်းတွင် လက်ရှိ၌ ကောင်းမွန်တဲ့ အခြေအနေမျိုး မရှိသေး၍သာ ဖြစ်သည်။ ဒါမှမဟုတ်ပါက ဆွဲငင်အားလေ့ကျင့်ခန်း၊ အချိန်အခန်း သို့မဟုတ် လက်သီးတစ်ချက်တည်းနဲ့ လူသတ်နိုင်တဲ့ လေ့ကျင့်ရေးနည်းလမ်းမျိုးကိုပင် အကောင်အထည်ဖော်မိလောက်သည်။
ရှောင်လင်း မတ်တတ်ရပ်လိုက်သည်။ နည်းလမ်းကို စဉ်းစားမိပြီဖြစ်သောကြောင့် ချက်ချင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ ထန်စန်းက ရှောင်ဝူဆိုတဲ့ ဖျံကျကျ ယုန်မလေးကို မြင်းထိုင်နည်း သင်ပေးနေဆဲဖြစ်သည်ကို မြင်သောအခါ ရှောင်လင်းက ခေါင်းခါရုံသာ တတ်နိုင်တော့ပြီး ထိုနှစ်ယောက်နှင့် ဝေးရာသို့ ရွှေ့သွားလိုက်သည်။
ရှောင်ဝူရဲ့ နိမ့်ပါးလှတဲ့ ဉာဏ်ရည်က သူ့ဆီ ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဝေးကွာတဲ့ နေရာတစ်ခုသို့ လမ်းလျှောက်သွားပြီးနောက် ရှောင်လင်းက ပါဟွားတုတ်သိုင်းကို လေ့ကျင့်နေစဉ် ထန်စန်းကို ထိခိုက်မိမှာ စိုးရိမ်စရာမလိုတော့သဖြင့် နဂါးပတ်တုတ်ရှည်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
ဝိညာဉ်စွမ်းအား ဆက်သွယ်မှုကို ဖြတ်တောက်ပြီးနောက် ရှောင်လင်းက နဂါးပတ်တုတ်ရှည်ကို ဆင့်ခေါ်လိုက်ရာ သူ့လက်နှစ်ဖက်စလုံး လေးလံသွားသည်။ သို့သော် ထိုအချိန်တွင် ရှောင်လင်းက နဂါးပတ်တုတ်ရှည်ကို မူလ နှစ်မီတာခွဲ ပုံစံသို့ ပြန်မပြောင်းလဲသေးသောကြောင့် တောင့်ခံနိုင်သေးသည်။
သူ၏ ဝိညာဉ်စွမ်းအား ငါးပုံသုံးပုံခန့် ကုန်ဆုံးသွားပြီးနောက်တွင်တော့ ရှောင်လင်းက ၎င်းကို အောင်မြင်စွာ ဆင့်ခေါ်နိုင်ခဲ့သည်။
လင်းလက်တောက်ပနေတဲ့ ငွေရောင်နဂါးပတ်တုတ်ရှည်ကို ရှောင်လင်းက လက်နှစ်ဖက်ဖြင့် တိုက်ရိုက်ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ အလေးချိန်က ပိဿာ ၂၀ ကျော်ခန့် ရှိသည်။ ဤအလေးချိန်က သာမန် အသက်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်အတွက် မ ဖို့ပင် ခက်ခဲလှသည်။ သို့သော် ရှောင်လင်းအတွက်မူ အဆင်ပြေပြေ တောင့်ခံနိုင်သေးသည်။
ရှောင်လင်းရဲ့ ဝိညာဉ်စွမ်းအား မကုန်ခမ်းမချင်း သူက ပါဟွားတုတ်သိုင်း နှစ်ကျော့ခန့်ကို လေ့ကျင့်နိုင်မည်ဖြစ်ပြီး ၎င်းကို သွေးပူလေ့ကျင့်ခန်းအဖြစ် သတ်မှတ်နိုင်သည်။ ထို့နောက် ရှောင်လင်းရဲ့ ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားပြီး အခြေခံဂုဏ်သတ္တိများ ကျဆင်းသွားတဲ့အချိန်မှသာ တကယ့်လေ့ကျင့်ခန်း အစစ်အမှန်က စတင်မည်ဖြစ်သည်။
နဂါးပတ်တုတ်ရှည်က လက်နှစ်ဖက်သုံး တုတ်ဖြစ်သောကြောင့်သာ ရှောင်လင်းက ဤသို့ လေ့ကျင့်နိုင်ခြင်း ဖြစ်သည်။ ဒါမှမဟုတ်ပါက ရှောင်လင်းအနေဖြင့် နဂါးပတ်တုတ်ရှည်ကို ပိုပြီးတိုအောင် လုပ်ရလောက်သည်။
ကံကောင်းထောက်မစွာဖြင့် နဂါးပတ်တုတ်ရှည်နှင့် ရှောင်လင်းကြားက ဝိညာဉ်စွမ်းအား ဆက်သွယ်မှု ပျောက်ကွယ်သွားသော်လည်း နဂါးပတ်တုတ်ရှည်နှင့် ရှောင်လင်းကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကတော့ ရှိနေဆဲဖြစ်သည်။ ပါဟွားတုတ်သိုင်း နှစ်ကျော့ကို လေ့ကျင့်ပြီးနောက်တွင်တော့ ရှောင်လင်းက သူ့လက်ဖဝါးနှင့် နဂါးပတ်တုတ်ရှည်ကြားတွင် ပွတ်တိုက်မှု သိပ်မရှိဘဲ လက်ဖဝါးတွင် အရည်ကြည်ဖုများ မပေါက်သည်ကို တွေ့လိုက်ရသည်။ နဂါးပတ်တုတ်ရှည်နှင့် ရှောင်လင်းရဲ့ လက်ဖဝါးက တစ်သားတည်းကျနေသလိုမျိုး လုံးဝကို အံဝင်ခွင်ကျဖြစ်နေသည်။
သူ့ဝိညာဉ်စွမ်းအား မလုံလောက်တော့တဲ့အခါတွင်တော့ ရှောင်လင်းရဲ့ လေ့ကျင့်မှုက တဖြည်းဖြည်း ပိုမိုပင်ပန်းလာသည်။
အခြားတစ်ဖက်တွင် ရှောင်လင်းက သူ့လေ့ကျင့်ရေးအခြေအနေထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီးနောက် ထန်စန်းက ရှောင်ဝူကို မြင်းထိုင်နည်းကို နောက်ဆုံးတွင် သင်ကြားပေးနိုင်ခဲ့သည်။ ရှောင်ဝူက အမှန်တကယ်တော့ မအပါ၊ သူမ၏ မြင်းထိုင်တဲ့ ပုံစံက တော်တော်လေး စံနှုန်းမီသည်။ သို့သော် သူမ မတောင့်ခံနိုင်တော့တဲ့အခါတွင် လက်လျှော့ချင်လာပြီး စိတ်လေကာ တရားပင်မထိုင်နိုင်တော့ပေ။
ယခုတွင် ထန်စန်းက ရှောင်ဝူရဲ့ မျက်ခုံးကြားတွင် ဝဲကရက်ပုံစံ သင်္ကေတတစ်ခုကို ဆွဲပေးလိုက်ပြီး တရားထိုင်စဉ်အတွင်း ထိုသင်္ကေတကိုသာ တွေးတောကာ စိတ်စုစည်းထားရန် ပြောလိုက်သည်။ ထိုအခါမှသာ ရှောင်ဝူက မနည်းတောင့်ခံနိုင်သည်။ ရေရှည် မြင်းထိုင်ခြင်းကတော့ ရှောင်ဝူအနေဖြင့် လက်ရှိတွင် လုံးဝတောင့်ခံနိုင်တဲ့ အရာမဟုတ်ပေ။
အစားထိုးအနေဖြင့် ထန်စန်းက ရှောင်ဝူရဲ့ လက်တွင် အပြာရောင်မြက် ပြန်လည်ဆန်းသစ်ခြင်း လက်ကောက်ကို တိတ်တဆိတ် စွပ်ပေးလိုက်ပြီး ရှောင်ဝူကို ပိုမိုကြာရှည်စွာ တောင့်ခံနိုင်စေသည်။ ရှောင်ဝူကို အခြေအနေတစ်ခုထဲသို့ ဝင်ရောက်အောင် ကူညီပေးပြီးနောက် ထန်စန်းက ချက်ချင်း တင်ပလ္လင်ခွေထိုင်လိုက်ပြီး ရွှမ်းထျန်ကုန်းကျင့်စဥ်ကို တရားထိုင်ကာ ချက်ချင်း ကျင့်ကြံလိုက်သည်။ တစ်ပြိုင်နက်တည်းတွင် ထန်စန်းက ပတ်ဝန်းကျင်ရှိ အပြာရောင်မြက်ခင်းများနှင့် စတင်ဆက်သွယ်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကို စုဆောင်းရန် ကူညီပေးနေသည်။
တစ်ချိန်တည်းမှာပင် ဆိုတိုမြို့သို့ ရောက်ရှိလာတဲ့ ယွီရှောင်ကန်းကိုလည်း ဖလန်းဒါးက ရှရက်ခ် အကယ်ဒမီသို့ ခေါ်ဆောင်လာသည်။ နော့ဒင်အကယ်ဒမီထက်ပင် ပိုမိုနိမ့်ကျလှတဲ့ အပြင်အဆင်နှင့် အဆောက်အအုံ အသုံးအဆောင်များကို ကြည့်ပြီး ယွီရှောင်ကန်းရဲ့ နှလုံးသားထဲတွင် နောင်တအချို့ ဖြစ်ပေါ်လာသည်။
ဖလန်းဒါးက တကယ်ပဲ အတည်ပြောနေတာလား။ ဒါက ရှရက်ခ် အကယ်ဒမီလား။
"ရှောင်ကန်း... မင်း နောက်ဆုံးတော့ စိတ်ပြောင်းပြီး လာခဲ့ပြီပဲ။ သီအိုရီပိုင်းဆိုင်ရာ မဟာဆရာသခင်ကြီးဖြစ်တဲ့ မင်းရှိနေရင် ငါတို့ ရှရက်ခ် အကယ်ဒမီက အဆင့်အသစ်တစ်ခုကို သေချာပေါက် ရောက်ရှိသွားပြီး ချင်မင်လို လူမျိုး နောက်တစ်ယောက် ထွက်ပေါ်လာဦးမှာပဲ"
ဖလန်းဒါးက နွေးထွေးပျူငှာစွာ ကြိုဆိုနေပြီး ယွီရှောင်ကန်း ရောက်ရှိလာခြင်းအပေါ် အလွန်ဝမ်းသာနေသည်။ ရှရက်ခ် အကယ်ဒမီက သူ့တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး တစ်နေ့တွင် ၎င်းက တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကြီးလာပါက သူ သေရလျှင်ပင် နောင်တရမည်မဟုတ်ပေ။
"ဖလန်းဒါး... မင်းက ကလေးတွေကို ဒီလိုနေရာမျိုးမှာ နေခိုင်းတာလား။ ပြီးတော့ အသားမပါဘဲ သာမန် ပေါင်မုန့်အလုံးတွေကိုပဲ ကျွေးတာလား"
ယွီရှောင်ကန်းတွင် ယခုအချိန်၌ ကြည်လင်တဲ့ မျက်နှာထားမရှိဘဲ သူ့မျက်နှာက တော်တော်လေး ပုပ်သိုးနေသည်။ ဒီလိုအကယ်ဒမီမျိုးဆိုလျှင် သူ့တပည့်က ထန်ဟောက်ရဲ့ သားကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ထိုရှောင်လင်းက သူ့ကို အသာလေး တွန်းရုံဖြင့် လဲကျအောင် လုပ်နိုင်ခဲ့သည်။ ဒီက ကလေးတွေကကော အဲလိုလုပ်နိုင်ပါ့မလား။
ယွီရှောင်ကန်းရဲ့ အပြစ်တင်မှုကို ရင်ဆိုင်ရသောအခါ ဖလန်းဒါးက သူ့လည်ပင်းကိုသာ ကုတ်ရင်း အနည်းငယ် စိတ်မသက်မသာဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"ရှောင်ကန်း... ငါလည်း ဒီလိုမဖြစ်စေချင်ပါဘူး။ အကယ်ဒမီတစ်ခုလုံးအတွက် ငါတစ်ယောက်တည်း ပိုက်ဆံရှာနေရတာမို့ ငါ့အတွက် တော်တော်ခက်ခဲတယ်"
"တော်တော်ခက်ခဲတယ် ဟုတ်လား။ မင်း တကယ်ကော ကြိုးစားကြည့်ခဲ့ရဲ့လား"
ယွီရှောင်ကန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ "ထားလိုက်တော့။ အခုကစပြီး အကယ်ဒမီက ကျောင်းသားတွေကို ငါကိုယ်တိုင် လမ်းညွှန်ပြသပေးမှာဖြစ်ပြီး သူတို့အားလုံး အာဟာရပြည့်ဝဖို့ ပိုကောင်းတဲ့ အစားအစာတွေကို စားရမယ်"
"ပြီးတော့ အသက်ကြီးတဲ့ ကျောင်းသားတွေကို ဝိညာဉ်ကွင်းပြင်ကို သွားခိုင်းလိုက်။ မင်းက မျက်စိလျှင်တာပဲ၊ လောင်းကစားကနေ ပိုက်ဆံ ပိုနိုင်အောင် လုပ်"
ယွီရှောင်ကန်းက ရှရက်ခ် အကယ်ဒမီသို့ ရောက်သည်နှင့် ချင်မင်အပါအဝင် ဆရာများရဲ့ လမ်းညွှန်ပြသပိုင်ခွင့်ကို သိမ်းပိုက်လိုက်ပြီးနောက် အသုံးစရိတ် ချွေတာရန်အတွက် ဆရာအချို့ကို အလုပ်ထုတ်ရန် ဖလန်းဒါးကိုပင် တောင်းဆိုလိုက်သည်။ သို့သော် ဆရာများကို အလုပ်ထုတ်မည့်ကိစ္စကို ဖလန်းဒါးက တားဆီးလိုက်သည်။
ဒီက ဆရာတိုင်းက ဝိညာဉ်ဧကရာဇ်အဆင့်ထက် မြင့်မားတဲ့ ခွန်အား ရှိကြသည်။ သူတို့ ကောင်းကင်တျန်းသျှု တော်ဝင်အကယ်ဒမီသို့ သွားလျှင်ပင် ကောင်းကင်တျန်းသျှုအင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ ရွှေယဲ့က စည်းစနစ်တကျနှင့် ယဉ်ကျေးစွာ ဆက်ဆံမည့်သူများ ဖြစ်သည်။ ဤလုပ်ရပ်ကြောင့် ဖလန်းဒါးပင်လျှင် ယွီရှောင်ကန်းတစ်ယောက် တစ်ခုခုကို အစွဲအလမ်းကြီး ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။