အခန်း ၂၄ ပိုင်စန်း ပျောက်ကွယ်သွားခြင်း (၁)
"စကားနာတွေ လျှော့ပြောစမ်း ထျန်းမုံ မင်းမှာ ငါ့ကို သဘောကျပိုင်ခွင့် မရှိဘူး မင်း တည်ရှိနေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ငါ တစ်လုပ်ချင်းစီ ကိုက်စားပစ်ဖို့ပဲ"
ထိုအမျိုးသမီး၏ အသံက အထင်အမြင်သေးမှု အရိပ်အယောင်များ စွန်းထင်လျက် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ထျန်းမုံရေခဲပိုးကောင်က အားကိုးရာမဲ့စွာဖြင့် ရေရွတ်လိုက်သည် "မင်း အခုထိ အပျိုကြီး ဖြစ်နေတာ မဆန်းပါဘူး ဒီလောက်နှစ်တွေ အကြာကြီးရှိနေပြီဥစ္စာ နည်းနည်းလောက် ပိုပြီး နူးညံ့လို့မရဘူးလား"
"ဒါမှမဟုတ်... အဲဒီပြက်လုံးက တကယ်ပဲ မှန်နေပြီး မင်း တကယ်ပဲ နှင်းဧကရီကို စွဲလမ်းနေတာလား" ထျန်းမုံရေခဲပိုးကောင်၏ မျက်နှာအမူအရာကလည်း အနည်းငယ် မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်လှုပ်ရှားလာခဲ့သည်။
"ဘုန်း"
ရုတ်တရက် ပတ်ဝန်းကျင်ရှိ လေထုက ပေါက်ကွဲသွားခဲ့ပြီး ထျန်းမုံရေခဲပိုးကောင်၏ ပတ်ပတ်လည်ရှိ နှင်းထုများမှာ ဆွဲဆန့်ပွင့်ထွက်သွားခဲ့ရာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသော ပြင်းထန်လှသည့် ဖိနှိပ်မှုကြီးတစ်ခုကို ဖန်တီးလိုက်ပြီး လူတို့ကို အသက်ရှူကျပ်မတတ် အစွန်းရောက်ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
"အစွမ်းထက်လိုက်တာ ဒါက လုံလောက်ပါပြီ" ဂူချင်းနီယန်က သူ၏မျက်လုံးခြောက်လုံးကို အသက်သွင်းရန်အတွက် စွမ်းအင်ကုန်ဆုံးမှုကို ဂရုမစိုက်တော့ဘဲ ဤအရာအားလုံးကို စိုက်ကြည့်နေခဲ့သည်။
"ဂူသခင်လေး အဆင်သင့်ပြင်ထားပါ ငါ စွမ်းရည်တွေကို စတင်အသုံးပြုလိုက်တာနဲ့ မင်းကို အအေးဒဏ်ကနေ ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။"
"လာခဲ့တော့။"
စကားအများကြီး ပြောမနေတော့ဘဲ ဂူချင်းနီယန်က စကားလုံးတစ်လုံးတည်းကိုသာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"အသက်နဲ့ သေခြင်းတရား ရောက်ရှိလို့လာခဲ့ပြီ။ လာစမ်းပါ မင်းရဲ့ကိုယ်ခန္ဓာကို ပြသလိုက်စမ်း နတ်သမီးလေး— ပင်းပင်း" ထျန်းမုံရေခဲပိုးကောင်က သူမ၏စွမ်းအားကို အသုံးပြု၍ အရှေ့တွင်ရှိသော ဖုံးကွယ်မှုများကို ဖယ်ရှားပစ်လိုက်သည်။
ပြာလဲ့လှသော ကောင်းကင်ယံထက်တွင် အလျားလိုက် မျဉ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် အပြာရောင်အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ကာ ထျန်းမုံရေခဲပိုးကောင်၏ ဆန့်ကျင်ဘက်တွင် ဝိညာဉ်သားရဲတစ်ကောင် ပေါ်ထွက်လာခဲ့တော့သည်။
ဂူချင်းနီယန်၏ အကြည့်ကလည်း စူးစိုက်သွားခဲ့ရသည်။ တိုက်တန်းနှင်းမိစ္ဆာဘုရင်ကို တိုက်ရိုက်မမြင်တွေ့နိုင်ခဲ့သဖြင့် သူသည် ၎င်း၏နောက်ကျောနှင့် ခြေရာများကိုသာ မသဲမကွဲ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူ၏မှတ်ဉာဏ်ထဲတွင် ၎င်းနှင့်ပတ်သက်၍ ဗဟုသုတအချို့ ရှိနေခဲ့သော်လည်း လက်တွေ့နှင့် နှိုင်းယှဉ်ရန်အတွက်မူ နက်နက်ရှိုင်းရှိုင်း မရှိလှပေ။
ဤလက်တွေ့မြေပြင်က မျက်စိရှေ့သို့ ရောက်ရှိလာသည့်အခါ ဂူချင်းနီယန်အနေဖြင့် အံ့အားသင့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဝိညာဉ်သားရဲတစ်ကောင် ဖြစ်သော်လည်း ဤမျှလောက်အထိ လှပလွန်းသော အရာမျိုးကို မြင်တွေ့ရခဲလှပေသည်။
ပိုင်စန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ၁.၅ မီတာခန့်သာ ရှည်လျားပြီး မူလထျန်းမုံရေခဲပိုးကောင်၏ အရွယ်အစားလောက်ပင် ကြီးမားခြင်းမရှိပေ။ ကင်းမြီးကောက်တစ်ကောင် အလွန်အမင်း လှပလွန်းသော ကင်းမြီးကောက်တစ်ကောင်ပင် ဖြစ်သည်။
မြကျောက်ရောင်နှင့် နှင်းခဲရောင်တို့က ပေါင်းစပ်ယှက်နွယ်နေခဲ့သည်။ သူမ၏ အရှေ့ဘက်အခြမ်းတွင် ထပ်နေသော အလွှာလေးခုရှိပြီး တစ်လွှာချင်းစီက လေးလက်မထက်မနည်း ရှည်လျားသည်။ သူမ၏ ဦးခေါင်းက အရှေ့ဆုံးအလွှာတွင် တည်ရှိပြီး ငွေဖြူရောင် ခံတွင်းအစိတ်အပိုင်းများမှာ အေးစက်ဆန်းပြားသော အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။
သူမ၏ အလွှာလေးခုရှိသော ခန္ဓာကိုယ် အရှေ့ပိုင်းကို ထူးခြားသော စကြံပုံစံ အကြေးခွံများဖြင့် ဖုံးအုပ်ထားခဲ့သည်။ ၎င်းတို့က စိန်ပွင့်များကဲ့သို့ တုနှိုင်းမရနိုင်လောက်အောင် တောက်ပလှသော အလင်းရောင်များကို ထုတ်လွှတ်နေသည့် ခြောက်ထောင့်ပုံသဏ္ဌာန် အဖုအထွက်လေးများ ဖြစ်ကြသည်။ ဤအဖုအထွက်လေးများကို သူမ၏ ခန္ဓာကိုယ်အရှေ့ပိုင်းနှင့် သန်မာထွားကျိုင်းလှသော ခြေတံရှည် ခြောက်ချောင်းပေါ်တွင် သိပ်သည်းစွာ ဖြန့်ကြက်ထားခဲ့သည်။
နှင်းထု၏ အလင်းရောင်အောက်တွင် ၎င်းက အတုမဲ့တောက်ပမှုကို ထုတ်လွှတ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမကိုယ်တိုင်က အလင်းမြစ်ဖျားခံရာတစ်ခု ဖြစ်လာခဲ့ပြီး ရေတွက်မရနိုင်သော အလင်းတန်းများကို ရောင်ပြန်ဟပ်နေသည့်အလားပင်။
အရှေ့ဘက် လက်သည်းနှစ်ဖက်စလုံးက တစ်မီတာခန့် ရှည်လျားပြီး ၎င်းတို့ကိုလည်း ဆန်းပြားလှသည့် စိန်ပွင့်ပုံစံ ခြောက်ထောင့်အဖုအထွက်လေးများဖြင့် ဖုံးအုပ်ထားခဲ့သည်။ အရှေ့ဆုံး လက်သည်းများနှင့် ခံတွင်းအစိတ်အပိုင်းများကသာ မှန်ပြင်ကဲ့သို့ ပြောင်လက်နေသော ငွေဖြူရောင် ရှိပေသည်။
အဆွဲဆောင်နိုင်ဆုံးအရာကတော့ သူမ၏ မျက်ဝန်းတစ်စုံပင် ဖြစ်သည်။ ၎င်းတို့က မြေပြင်ပေါ်တွင် မြှုပ်နှံထားသည့် ဝါဝင်းသော စိန်ပွင့်နှစ်ပွင့်ကဲ့သို့ အဝါရောင် ရှိကြပြီး ခြောက်ထောင့်ပုံသဏ္ဌာန် ရှိကာ လင်းလက်နေသော အဝါရောင်အလင်းတန်းများကို ထုတ်လွှတ်နေသဖြင့် စူးရှတောက်ပပြီး ရတနာတစ်ပါးကဲ့သို့ တန်ဖိုးရှိလှသော အသွင်အပြင်ကို ပေးစွမ်းနေခဲ့သည်။
အကယ်၍ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက လုံလောက်စွာ တောက်ပနေပြီဆိုလျှင် ခန္ဓာကိုယ်၏ အနောက်ဘက်တွင် အပေါ်သို့ ကော့ညွတ်နေသော ရှည်လျားသည့် အမြီးပိုင်းကတော့ သူမ၏ ခမ်းနားထည်ဝါမှုအားလုံး၏ ဗဟိုချက်မပင် ဖြစ်ပေလိမ့်မည်။
သာမန်ကင်းမြီးကောက်များ၏ အဆစ်အမြောက်အမြားရှိသော အမြီးများနှင့်မတူဘဲ ပိုင်စန်း၏ အမြီးတွင် ငါးဆစ်သာ ရှိပြီး အဆစ်တစ်ခုချင်းစီက သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်ကာ လင်းလက်နေသည့် ဆွဲဆောင်မှုရှိသော မြကျောက်စိမ်းရောင် ရှိပေသည်။ ထိုငါးဆစ်စလုံးက အရောင်တူညီကြပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အနီးဆုံးအဆစ်က အကျယ်ဆုံး ဖြစ်ကာ အနောက်ဘက်သို့ ရောက်လေလေ တဖြည်းဖြည်း ကျဉ်းမြောင်းသွားလေလေ ဖြစ်သည်။
နောက်ဆုံးအဆစ်တွင်တော့ စိန်ပွင့်အမှုန်အမွှားများဖြင့် တန်ဆာဆင်ထားသော အမြီးချိတ်က အပေါ်သို့ မြင့်မားစွာ ကော့ထောင်နေခဲ့ပြီး ၎င်း၏ ထိပ်ဖျားစွန်းကတော့ လင်းလက်နေသော ငွေဖြူရောင် ချိတ်ချွန်လေးတစ်ခု ဖြစ်ပေသည်။
ဤမျှလောက်အထိ စူးရှတောက်ပပြီး ရတနာတစ်ပါးကဲ့သို့ ဖြစ်နေသော ဝိညာဉ်သားရဲက နောက်ဆုံးတော့ ငါ့ရဲ့ လက်ထဲကို ရောက်ရှိလာခဲ့ပြီပဲ
ထျန်းမုံရေခဲပိုးကောင်သည် ဧကရီကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းထဲတွင် အရူးအမူးစွဲလမ်းသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး ပိုင်စန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည် "မင်း ရောက်လာခဲ့ပြီပဲ ချစ်သက်ဝေ မင်းက အရမ်းလှတာပဲ အခုထိ ဆွဲဆောင်မှု ရှိနေတုန်းပဲ"
"သိပ်ကို မြင့်မြတ်ပြီး သိပ်ကို ကျော့ရှင်းလွန်းတယ် အတုမဲ့ပါပဲ ငါ့ရဲ့ အိမ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ မင်းနဲ့ အတိအကျတူတူပဲ ငါ မင်းကို ငေးမောကြည့်နေရတာကို ဘယ်လိုမှ ရပ်တန့်လို့မရဘူး"
ချိုသာလှသော အပြောအဆိုများက ဂူချင်းနီယန်ထံသို့ အမြောက်ဆန်များကဲ့သို့ ဗုံးကြဲလာခဲ့သဖြင့် သူ ရှက်ကိုးရှက်ကန်း ဖြစ်မိသွားခဲ့ရသည်။ ဤကဲ့သို့သော ဖားတတ်လှသည့်သူမျိုးက တကယ်ကို ထူးထူးခြားခြား ဆန်းပြားလှပေသည်။
"ရှူး ဒီလောက်နှစ်တွေ အကြာကြီးရှိနေပြီဥစ္စာ မင်းက အခုထိ အရှက်မရှိသေးဘူးပဲ" ပိုင်စန်း၏ အသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည် အရင်အတိုင်း အေးစက်မြဲပင် ဖြစ်သည်။
ထျန်းမုံရေခဲပိုးကောင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ တုန်လှုပ်ခြင်းမရှိသော အရူးအမူးစွဲလမ်းမှုများဖြင့် သူမကို ဆက်လက်စိုက်ကြည့်နေခဲ့သည် "ဟုတ်ပါတယ် ဒီလောက်နှစ်တွေ အကြာကြီးရှိနေပြီပဲဥစ္စာ ငါ့ရဲ့ တစ်ဖက်သတ်အချစ်ရယ်... မြန်မြန်လေး ငါ့ရဲ့ ရင်ခွင်ထဲကို တိုးဝင်လာခဲ့စမ်းပါ"
ချစ်စရာကောင်းလှသော မိန်းကလေးတစ်ဦးက ဤကဲ့သို့သော စကားလုံးမျိုးကို ပြောဆိုနေသည်ကို စောင့်ကြည့်နေရခြင်းက တကယ်ကို ခက်ခဲလှသော်လည်း ၎င်းက ထူးခြားသော ခံစားချက်ကြီးတစ်ခုကိုလည်း ရရှိစေပြန်သည်။
"ထျန်းမုံ မင်းရဲ့ မူလခန္ဓာကိုယ်ကို ဖုံးကွယ်ထားပြီး ငါ့ကိုတွေ့ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဌာန်တစ်ခု ဖန်တီးဖို့ စိတ်ဝိညာဉ်စွမ်းအားကိုပဲ အသုံးပြုထားတာနဲ့တင် မင်းရဲ့ မူလခန္ဓာကိုယ်ကို ငါ ရှာမတွေ့နိုင်ဘူးလို့ မင်း ထင်နေတာလား"
"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက ကိုယ်ပိုင်ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဌာန်တစ်ခုအဖြစ် သိပ်သည်းလာနိုင်ရုံတင်မကဘဲ လူသားပုံသဏ္ဌာန်အထိပါ ဖြစ်လာနိုင်လောက်အောင် သန်မာနေရင်တောင်မှ ၎င်းက မင်းရဲ့ မူလခန္ဓာကိုယ်နဲ့ သိပ်ပြီး ဝေးကွာနေမှာ မဟုတ်ပါဘူး"
"မင်းမှာ ဘယ်လို မရိုးသားတဲ့ ရည်ရွယ်ချက်တွေပဲ ရှိနေရှိနေ ငါ ဂရုမစိုက်ဘူး မင်းကိုယ်တိုင်က အလိုအလျောက် အစားအသောက်အဖြစ် ရောက်လာခဲ့ပြီဆိုမှတော့..."
"မင်း ဒီနေရာကို လာခဲ့ရင် အကိုက်ခံရလိမ့်မယ် မင်း သေရလိမ့်မယ် မင်းရဲ့ စွမ်းအင်တွေကို စုပ်ယူပြီးသွားရင် ငါက ဒီတိုက်ကြီးပေါ်မှာ အသန်မာဆုံး ဝိညာဉ်သားရဲ ဖြစ်လာလိမ့်မယ်"
ပိုင်စန်းက အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် သူမ၏ အပေါ်သို့ ကော့ထောင်နေသော အမြီးချိတ်က ရုတ်တရက် လင်းလက်သွားခဲ့ပြီး စင်ကြယ်လှသော အဖြူရောင် အလင်းတန်းတစ်ခုက ထျန်းမုံရေခဲပိုးကောင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့တော့သည်။
ဂူချင်းနီယန် ထျန်းမုံရေခဲပိုးကောင်၏ စိတ်ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ အမြင်အာရုံများကလည်း အနည်းငယ် ဝေဝါးသွားခဲ့ရသည်။
ထျန်းမုံရေခဲပိုးကောင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသော အဖြူရောင်ရောင်ခြည်တန်းက ပျောက်ကွယ်သွားခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက စိတ်ဝိညာဉ်စွမ်းအား အပြည့်ရှိနေသော အခြေအနေတွင်ရှိသည့် ထျန်းမုံရေခဲပိုးကောင်၏ ခန္ဓာကိုယ်အတွင်း၌ ပြန့်နှံ့သွားခဲ့ပြီး သူမ၏ ရွှေရောင်ကိုယ်ထည်ကို ရူးသွပ်စွာ ဖျက်ဆီးပစ်တော့သည်။
ထျန်းမုံရေခဲပိုးကောင်၏ မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်များ လုံးဝမရှိဘဲ နောင်တရသည့်ဟန်ဖြင့်သာ အနည်းငယ် ပြောဆိုလိုက်သည် "ငါ မင်းနဲ့ နောက်ထပ် နည်းနည်းလောက် ပိုပြီး စကားပြောချင်သေးတာ ဒီလောက်အထိ နှလုံးသားမရှိမဖြစ်ပါနဲ့။"
"ဒါပေမဲ့ ငါတို့တွေ ပိုပြီးစောစော စစ်မှန်စွာ အတူတူရှိနိုင်ဖို့အတွက်တော့ အခုပဲ စတင်လိုက်ကြရအောင်။"
ပိုင်စန်း၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ပင် သူမသည် ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို တစ်စက္ကန့်အတွင်းမှာပင် ရိပ်မိလိုက်သည်။ ထျန်းမုံရေခဲပိုးကောင်၏ ခန္ဓာကိုယ်က ရုတ်တရက် ဝိညာဉ်ဆန်သွားခဲ့ပြီးနောက် သူမထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့တော့သည်။
ပိုင်စန်း၏ အရှိန်အဟုန်က ငြင်းပယ်စရာမရှိသော်လည်း ထိုအခိုက်အတန့်တွင် သူမသည် မိမိကိုယ်ကိုယ် နှေးကွေးသွားခဲ့ရသလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးက စေးကပ်လာခဲ့သည်။ အဆုံးမဲ့လှသော ရွှံ့နွံအိုင်ကြီးကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအားကြီးက သူမကို ပိတ်လှောင်ထားခဲ့သဖြင့် သူမအနေဖြင့် မည်သို့မျှ မခုခံနိုင်တော့ပေ။
ပိုင်စန်း၏ သူငယ်အိမ်များက ရုတ်တရက် စူးရှသွားခဲ့ရပြီး သူမသည် မိမိ၏ အမြီးချိတ်ကို အားပြင်းစွာ ဝှေ့ယမ်းလိုက်ရာ ရှည်လျားလှသော မြကျောက်စိမ်းရောင်အမြီးက တောက်ပစွာ လင်းလက်သွားခဲ့သည်။
"ထျန်းမုံ မင်း သေချင်နေတာပဲ။ ဒီလိုမျိုး စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရဲတယ်ပေါ့ မင်း မူလခန္ဓာကိုယ်ဆီကို ပြန်မသွားနိုင်တော့မှာကို မကြောက်ဘူးလား ဒါ့အပြင် မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား မင်းက အမှိုက်တစ်စတစ် ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ မင်း ငါ့ကို ဘယ်လောက်အထိ အကြာကြီး ပိတ်လှောင်ထားနိုင်မှာမို့လို့လဲ တစ်စက္ကန့်လား ဒါမှမဟုတ် နှစ်စက္ကန့်လား"
ပိုင်စန်း အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
ထျန်းမုံရေခဲပိုးကောင်ကတော့ အားကိုးရာမဲ့မှု အရိပ်အယောင်အချို့နှင့်အတူ နူးညံ့စွာ ပြောဆိုလိုက်သည် "အများကြီး မလိုပါဘူး တစ်စက္ကန့်ဆိုရင် လုံလောက်ပါပြီ"
သို့သော်လည်း မှိန်ဖျော့လှသော အဖြူရောင် အလင်းလွှာတစ်ခုက ထိုအခိုက်အတန့်တွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီး အစွမ်းထက်လှသော ပိုင်စန်းပင်လျှင် နှင်းထုပေါ်တွင် လျှောတိုက်သွားစဉ် ထိုအလင်းလွှာကို သတိမပြုမိခဲ့ပေ။
အခြားတစ်ဖက်တွင်မူ ထျန်းမုံရေခဲပိုးကောင် ခန္ဓာကိုယ်အကြွင်းအကျန်များ၏ ကာကွယ်မှုကို စောစောကတင် ဆုံးရှုံးလိုက်ရသော ဂူချင်းနီယန်တစ်ယောက် မသိစိတ်ကြောင့်ပင် တုန်လှုပ်သွားခဲ့ရသည်။ သူသည် အစွန်းရောက်လှသော အအေးဒဏ်ကို ခုခံရန်အတွက် မိမိ၏ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ရပြီး သူ၏ သန်မာလှသော ကိုယ်ခန္ဓာကြံ့ခိုင်မှုကလည်း ဤအခိုက်အတန့်တွင် အစွန်းကုန် အသုံးချခြင်းခံလိုက်ရကာ ထိုနွေးထွေးမှု အရိပ်အယောင်ကို အတင်းအကျပ် ထိန်းသိမ်းထားခဲ့ရသည်။
အကယ်၍ သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုက သူ၏ လက်ရှိ ဝိညာဉ်စွမ်းအား အဆင့်အတန်းထက် များစွာ သာလွန်မနေခဲ့ဘဲ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်ကိရိယာများ၏ ပံ့ပိုးမှုသာ မရှိခဲ့ဘူးဆိုလျှင်တော့ ၎င်းက ကိုင်တွယ်ရ တကယ်ကို ခက်ခဲသွားခဲ့လိမ့်မည် ဖြစ်သည်။
ဝိညာဉ်ကိရိယာကို မည်သို့ရရှိခဲ့သနည်းဟူမူ ရွှေဒင်္ဂါးပြားများအတွက် သခင်လေးရွှီကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ထိုရွှေဒင်္ဂါးပြားများဖြင့် ရရှိခဲ့သော ကုန်ကြမ်းပစ္စည်းများကိုလည်း ကျေးဇူးတင်ရမည် ဖြစ်ပေသည်
တစ်စက္ကန့်ဆိုလျှင် လုံလောက်ပေသည်။ ပိုင်စန်း မိမိ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ပြီး ထျန်းမုံရေခဲပိုးကောင်ကို စူးစမ်းရန်နှင့် အားနည်းသွားအောင် လုပ်ဆောင်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... စိတ်ဝိညာဉ်စွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရသည့်အခါ သူမသည် တစ်ကိုယ်လုံး တင်းကျပ်သွားသလို ခံစားလိုက်ရပြီး လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရတော့သည်။
ပိုင်စန်း တစ်ခဏအတွင်းမှာပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ရူးသွပ်စွာဖြင့် ဟိုဟိုဒီဒီ ရုန်းကန်လှုပ်ရှားတော့သည်။ သူမသည် မည်သည့်အရာကိုမျှ ချန်လှပ်မထားတော့ဘဲ အစွမ်းထက်လှသော စွမ်းရည်အမြောက်အမြားကို အစွန်းကုန် ထုတ်ဖော်လိုက်သဖြင့် အဖြူရောင်နှင့် အပြာရောင်အလင်းတန်းများက အချင်းချင်း ယှက်နွယ်လျက် လင်းလက်သွားခဲ့သည်။
နှမြောစရာကောင်းလှပေသည်….
နောက်တစ်စက္ကန့်တွင်တော့ မြောက်ဘက်ဖျားဒေသ၏ နေရာအနှံ့အပြားကို ဖြတ်သန်းသွားလာခဲ့ဖူးသော ဤထိတ်လန့်ဖွယ်ကောင်းလှသည့် သတ္တဝါကြီး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့တော့သည် သူမ မိမိ၏ စွမ်းအားအားလုံးကို ထုတ်ဖော်ခဲ့သော်လည်း မည်သည့်အရာမျှ အရာမထင်ခဲ့ပေ။
ဆယ်စက္ကန့်ကျော်မျှသော အချိန်တိုလေးအတွင်းမှာပင် မြောက်ဘက်ဖျားဒေသ၏ ကြီးမားလှသော ဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်ပြီး ထိပ်သီးရက်စက်ကြမ်းကြုတ်သော သားရဲကြီးဆယ်ကောင်ထဲတွင် အဆင့်ခုနစ်ရှိသည့် ပိုင်စန်းမှာ သူမထက် တိုက်ခိုက်ရေးစွမ်းရည် များစွာ နိမ့်ကျလှသော ပိုးကောင်တစ်ကောင်၏ အတင်းအကျပ် ပိတ်လှောင်ခြင်းကို ခံလိုက်ရလေပြီ။
"မဖြစ်နိုင်တာ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ထျန်းမုံ မင်းလို အမှိုက်တစ်စက ငါ့ကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ ဒါက ဘယ်လိုမျိုး စွမ်းရည်လဲ ငါ့ရဲ့ စွမ်းရည်တွေကော ဘယ်ရောက်ကုန်တာလဲ ဘာလို့ အလုပ်မလုပ်တော့တာလဲ"
တောက်ပလှသော အလင်းတန်းတစ်ခု ဝေ့ဝဲသွားခဲ့ပြီးနောက် ယခုအခါ ဂူချင်းနီယန်၏ ပုံသဏ္ဌာန်အဖြစ် ရှိနေသော ထျန်းမုံရေခဲပိုးကောင်က မျက်နှာထက်တွင် အပြုံးတစ်ခုနှင့်အတူ ထပ်မံပေါ်ထွက်လာခဲ့သည် "ငါ ဒီနေ့ရက်အတွက် အကြာကြီး စောင့်ဆိုင်းခဲ့ရတာ။ မင်းရဲ့ မေးခွန်းအားလုံးကို ငါ ပြန်လည်ဖြေကြားပေးပါ့မယ်။ ကောင်းပါပြီ ငါတို့ သွားကြရအောင်"
ထိုသို့ပြောပြီးနောက် သူမက လက်ညှိုးတစ်ချက် ထိုးလိုက်သည့်အခါ ပိုင်စန်း ပျောက်ကွယ်သွားခဲ့တော့သည်။