အခန်း (၄၀) - ကျွန်တော် စွမ်းဆောင်နိုင်ပါတယ်!
ဝါရင့်ယာဉ်မောင်းတစ်ဦးအနေဖြင့် သူ၏နှစ်ပေါင်းများစွာသော အတွေ့အကြုံများနှင့် ယခင်ဘဝက ဗဟုသုတများအရ ၎င်းအရာမှာ အတွင်းခံတစ်ထည် ဖြစ်ကြောင်း လီချန်အန်း ကောက်ချက်ချလိုက်သည်။ ၎င်းမှာ ကြိုးမပါသော ရင်စေ့အင်္ကျီအသေးစား ပုံစံမျိုးဖြစ်ပြီး ဇာပေါက်လေးများပင် ပါရှိသေးသည်...။ ဘီဘီတုန်း၏ တုံ့ပြန်မှုမှာ မြန်ဆန်လှသော်လည်း လီချန်အန်း၏ မျက်လုံးများလောက်တော့ မသွက်ချေ။ ဘီဘီတုန်းက ထိုအတွင်းခံကို သူမ၏ ဝိညာဉ်သိုလှောင်ကိရိယာ ထဲသို့ သိမ်းဆည်းမလိုက်မီ လီချန်အန်းသည် အနည်းဆုံး ဗဟုသုတအဖြစ် နှစ်ချက်၊ သုံးချက်ခန့် လှမ်းကြည့်မိလိုက်ပြီး စိတ်ကူးထဲတွင် ပုံရိပ်ပေါင်းများစွာကို ပုံဖော်ပြီးနေခဲ့ပြီ ဖြစ်သည်...။
"အဟမ်း... ချန်အန်း၊ ဝိညာဉ်အမြုတေကို ဖွဲ့စည်းတဲ့အခါ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား လှိုင်းထန်မှုတွေက အရမ်းသိသာလိမ့်မယ်။ အဝတ်အစား အများစုလည်း ပျက်စီးသွားနိုင်လို့ အဝတ်တွေ အကုန်ချွတ်ရလိမ့်မယ်။ တကယ်လို့ မင်း ရှက်နေမယ်ဆိုရင်တော့ ဆရာမက..."
ဘီဘီတုန်းက မျက်နှာလေး အနည်းငယ် နီမြန်းလျက် ပြောလိုက်သည်။ ကျိန်စာတိုက်မိပါရဲ့... လဲလှယ်ထားတဲ့ အဝတ်အစားတွေကို သိမ်းဆည်းဖို့ သူမ ဘာလို့ မေ့သွားရတာလဲ!
သို့သော် ဘီဘီတုန်း၏ စကားပင် မဆုံးသေးမီ လီချန်အန်းသည် တစ်ကိုယ်လုံးတွင် ချည်မျှင်တစ်စပင်မကျန်အောင် ဗလာကျင်း ချွတ်ပစ်လိုက်ပြီးသား ဖြစ်နေသည်။
"ဆရာမ... ကျွန်တော် မရှက်ပါဘူး၊ ဆရာမရဲ့ အမိန့်အတိုင်း နာခံပါ့မယ်!"
လီချန်အန်းသည် ဘာမှမဖြစ်သကဲ့သို့ ထိုနေရာတွင် မတ်မတ်ရပ်ကာ ပြောလိုက်သည်။
ပြောရလျှင် လီချန်အန်းသည် အသက်ငယ်သေးသော်လည်း သူ၏ ခန္ဓာကိုယ်အချိုးအစားမှာ အတော်လေး ကောင်းမွန်လှသည်။ ဖြူစင်ဝင်းပနေပြီး ကြွက်သားအနည်းငယ် ရှိကာ ကိုယ်လုံးကိုယ်ထည် လိုင်းများမှာ ပြေပြစ်လှသည်။ ဘီဘီတုန်းသည် သူမ၏လက်ဖြင့် နဖူးကိုပင် အုပ်မိမတတ် ဖြစ်သွားသော်လည်း ရှေ့မှောက်ရှိ လူသားမှာ ကလေးငယ်တစ်ဦးသာ ဖြစ်သည်၊ မိမိ၏ တပည့်အရင်း ခေါက်ခေါက် ဖြစ်သည်ဟု စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်...။
"ငါ့ကုတင်ပေါ် သွားပြီး တင်ပလ္လင်ခွေထိုင်လိုက်" ဟု ဘီဘီတုန်းက အနည်းငယ် ရှက်ကိုးရှက်ကန်း လေသံဖြင့် ဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာမ!"
လီချန်အန်းသည် အပြစ်ကင်းစင်သော ပုံစံဖမ်းကာ ဘီဘီတုန်း၏ ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်။ တပြိုင်နက်တည်းမှာပင် ကုတင်၏ နူးညံ့မှုနှင့် ကုတင်ထက်မှ ရနံ့သင်းသင်းလေးကို ချက်ချင်း ခံစားလိုက်ရသည်...။
ဆရာမက အဝတ်ဗလာနဲ့ အိပ်လေ့ရှိသလားတော့ မသိဘူး။ အခု ငါက ဆရာမရဲ့ ကုတင်ပေါ်မှာ အဝတ်မပါဘဲ ရှိနေတာဆိုတော့ တိတိကျကျ ပြောရရင် ဆရာမနဲ့ သွယ်ဝိုက်ပြီး အနီးကပ် ထိတွေ့မှု ရှိနေပြီပဲ!
ဘီဘီတုန်းသည် အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း သူမ၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းနေသည်။ သို့သော် သူမက ကောင်းစွာ ဖုံးကွယ်ထားသဖြင့် လီချန်အန်း ရိပ်မိခြင်း မရှိပေ။
လီချန်အန်း ကုတင်ပေါ်သို့ တက်ပြီးနောက် ဘီဘီတုန်းသည်လည်း ဖိနပ်ကိုချွတ်ကာ ကုတင်ပေါ်သို့ တက်လာခဲ့သည်။ ထို့နောက် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး လီချန်အန်း၏ နောက်ဘက်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
"အခုကစပြီး တရားမှတ်သလို စိတ်ကို ငြိမ်အောင်ထား၊ မင်းရဲ့ ခန္ဓာကိုယ်ကို ခံစားဖို့ ကြိုးစားပါ။ ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲကို စွမ်းအင်တစ်စ ပို့လွှတ်ပေးမယ်၊ အဲဒါကို လက်ခံပြီး စုပ်ယူဖို့ ကြိုးစားပါ!"
ဘီဘီတုန်း၏ တည်ကြည်လေးနက်သော အသံမှာ လီချန်အန်း၏ နားထဲတွင် ထွက်ပေါ်လာသဖြင့် လီချန်အန်းလည်း လေးနက်သွားရသည်။ သူသည် အာရုံများကို ပြန်လည်စုစည်းပြီး လျှောက်တွေးနေသည်များကို ရပ်တန့်လိုက်ကာ အားနည်းလှသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့် မိမိ၏ ခန္ဓာကိုယ်ကို စစ်ဆေးရင်း တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်သွားသည်။
ဘီဘီတုန်းသည်လည်း လီချန်အန်း၏ နောက်ကွယ်တွင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူမ၏ ညာလက်ကို ဖြန့်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထူးဆန်းသည်မှာ ထိုအလင်းတန်းမှာ အဆုံးမဲ့ လည်ပတ်နေသည့်နှယ် အဆက်မပြတ် ရှိနေခြင်းပင်။
ဘီဘီတုန်းသည် သူမ၏ ဝိညာဉ်အမြုတေမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားကို လီချန်အန်း၏ ကျောပြင်ထဲသို့ ဖြည်းဖြည်းချင်း တွန်းပို့လိုက်သည်။ တပြိုင်နက်တည်းမှာပင် သူမ၏ ဘယ်လက်ဖြင့် လီချန်အန်း၏ သွေးကြောများရှိ ဝိညာဉ်စွမ်းအားများကို လမ်းကြောင်းရှာပေးရန် လျင်မြန်စွာ ကူညီပေးတော့သည်။
လီချန်အန်းသည် သူ၏ကျောပြင်ပေါ်တွင် နူးညံ့ချောမွေ့သော လက်ဖဝါးတစ်စုံ ရွေ့လျားနေသည်ကို ခံစားလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ပူပြင်းသည့် ဝိညာဉ်စွမ်းအားမှာ သူ၏ ဝမ်းဗိုက်ဆီသို့ လမ်းကြောင်းပြောင်းသွားကာ ထိုနေရာတွင် ပဲစေ့တစ်စေ့ အရွယ်အစားရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြည်းဖြည်းချင်း စတင်လည်ပတ်နေသည်ကို သိရှိလိုက်ရသည်...။
"မြန်မြန်လုပ်... ဒီစွမ်းအင်ကို မင်းကိုယ်တိုင် ထိန်းချုပ်ပြီး လေထုထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအားတွေကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းပြီး လည်ပတ်စေပါ!"
ဘီဘီတုန်းက သူ၏ နောက်ကွယ်မှ ဆက်တိုက် ပြောဆိုနေပြီး သူမ၏ လက်ဖဝါးများမှာလည်း လီချန်အန်း၏ သွေးကြောလမ်းကြောင်းများအတိုင်း ဆက်လက် လှုပ်ရှားပေးနေသည်!
လီချန်အန်းသည် မဆိုင်းမတွဘဲ ထိုပဲစေ့အရွယ် ဝိညာဉ်အမြုတေကို ထိန်းချုပ်ရန် အလျင်အမြန် ကြိုးစားလိုက်ပြီး လေထုထဲမှ ဝိညာဉ်စွမ်းအားများကို သူ၏ ခန္ဓာကိုယ်ထဲသို့ သွင်းကာ ၎င်းကို တိုးချဲ့လိုက်သည်။
လီချန်အန်း ဆက်တိုက် တိုးချဲ့လိုက်သည်နှင့်အမျှ မူလက ပဲစေ့အရွယ်သာ ရှိသော ဝိညာဉ်အမြုတေမှာ လျင်မြန်စွာ ကြီးထွားလာပြီး လီချန်အန်း၏ ခန္ဓာကိုယ်ထဲတွင် အတိုင်းအတာတစ်ခုအထိ ပုံသဏ္ဌာန်ပေါ်လာကာ မိမိဘာသာ စတင်လည်ပတ်နေတော့သည်!
"မင်းရဲ့ အကန့်အသတ်အထိ ဆက်ပြီး တိုးချဲ့ဖို့ ကြိုးစားပါ။ ဝိညာဉ်အမြုတေ ပိုကြီးလေလေ၊ မင်းရဲ့ ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဖြိုးတဲ့နှုန်း ပိုမြန်လေလေ၊ ဝိညာဉ်စွမ်းအား ပိုမိုနက်ရှိုင်းလေလေ ဖြစ်လိမ့်မယ်!"
ဘီဘီတုန်းက နူးညံ့စွာ ဆက်လက်ပြောဆိုနေပြီး လီချန်အန်း၏ သွေးကြောများ ပိတ်ဆို့ခြင်းမရှိစေရန် သူမ၏ နူးညံ့သော လက်ဖဝါးများမှာ လီချန်အန်း၏ ကျောပြင်ထက်တွင် အဆက်မပြတ် လှုပ်ရှားပေးနေသည်။
"ဟုတ်ကဲ့!"
လီချန်အန်းက ခေါင်းညိတ်ကာ ဝိညာဉ်အမြုတေကို ဂရုတစိုက် ဆက်လက်တိုးချဲ့ပြီး ဝိညာဉ်စွမ်းအားများကို ဆက်တိုက် သွင်းယူနေသည်။ တပြိုင်နက်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမိုပူပြင်းလာတော့သည်...။
ဘီဘီတုန်းသည် လီချန်အန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ် အလွန်အံ့သြသွားရသည်။ လီချန်အန်း၏ လက်ရှိအဆင့်မှာ ဝိညာဉ်ပညာရှိ အဆင့်သို့ ရောက်မှသာ ရရှိနိုင်မည့် အခြေအနေနှင့် အလွန်နီးစပ်နေသည်။ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို 'ကောင်းမွန်သည်' ဟုရုံမျှဖြင့် မဖော်ပြနိုင်တော့ပေ!
သို့သော် ဤအချိန်တွင် လီချန်အန်းသည် အံကြိတ်ကာ ဆက်လက် တောင့်ခံထားသည်။ သူ အကန့်အသတ်သို့ ရောက်သည့် အခိုက်အတန့်တိုင်းတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တုန်းဟွမ်ခေါင်းလောင်း မှာ အနည်းငယ် တုန်ခါသွားပြီး လီချန်အန်းအား အသက်ရှူချောင်စေမည့် အခွင့်အရေးကို ပေးသည်။ ထို့နောက် လီချန်အန်းက ဆက်လက် ကြိုးစားပြန်သည်!
နောက်ဆုံးတွင် (၁၀) မိနစ်ခန့် ကြံ့ကြံ့ခံပြီးနောက် လီချန်အန်းသည် တိုးချဲ့ခြင်းကို ရပ်ဆိုင်းလိုက်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမြုတေမှာ မက်မွန်သီးအကြီးစားတစ်လုံးခန့် ရှိနေပြီ ဖြစ်သည်။ အစက ပဲစေ့အရွယ်အစားမှသည် ဤမျှအထိ တိုးချဲ့နိုင်ခဲ့ခြင်းမှာ သူ အစွမ်းကုန် စွမ်းဆောင်နိုင်ခဲ့သည့် အကန့်အသတ်ပင် ဖြစ်တော့သည်!
လီချန်အန်း ရပ်တန့်လိုက်သည့်အခါ ဘီဘီတုန်းသည်လည်း ရပ်တန့်လိုက်ပြီး လီချန်အန်း၏ ကျောပြင်ကို ပွတ်သပ်ပေးသည်... အာ... မဟုတ်သေးပါ၊ သွေးကြောများကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြင်းထန်သော ထိန်းချုပ်မှုနှင့် လုပ်ဆောင်မှုများကြောင့် ဘီဘီတုန်း၏ မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေရသည်။ ၎င်းမှာ ပင်ပန်း၍လား၊ သို့မဟုတ် ဘာကြောင့်လဲဆိုသည်ကိုတော့ မသိရချေ...။
ဤအချိန်တွင် လီချန်အန်းသည် မိမိ၏ အခြေအနေကို ခံစားကြည့်နေသည်။ အကျဉ်းချုပ်ပြောရလျှင် သူသည် ယခု လေ့ကျင့်ခြင်းမပြုလျှင်ပင် ဤဝိညာဉ်အမြုတေကြောင့် လောက၏ အသက်ဓာတ်များကို အဆက်မပြတ် စုပ်ယူနေမည် ဖြစ်သည်။ တိုးတက်မှုနှုန်းမှာ အလွန်နှေးကွေးသော်လည်း ရေရှည်အတွက်မူ အကျိုးရှိလှသည်။
၎င်းအပြင် လီချန်အန်းသည် သူ၏ အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံ တန်ဖိုးများ ပြောင်းလဲသွားသည်ကိုလည်း တွေ့ရှိလိုက်ရသည်။ အဆင့် (၂၄) မှ အဆင့် (၂၅) သို့ ရောက်ရှိရန် မူလက ဝိညာဉ်စွမ်းအား ရမှတ် (၄,၀၀၀) သာ လိုအပ်သော်လည်း ယခုအခါ နှစ်ဆ တိုးသွားပြီး ရမှတ် (၈,၀၀၀) ဖြစ်သွားခဲ့သည်!
ဤနှစ်ဆတိုးသွားသည့် ကိစ္စကို အထင်မသေးပါနှင့်။ ယခုအချိန်တွင် လီချန်အန်းမှာ အားမကောင်းသေးသဖြင့် ထူးခြားမှု မထင်ရှားသော်လည်း သူ ဘွဲ့အမည်ရှိဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ ဤကဲ့သို့ နှစ်ဆတိုး၍ အဆင့်တက်ရခြင်းမှာ အတော်လေး ဒုက္ခများလှပေလိမ့်မည်။ သို့သော် ရရှိမည့် အကျိုးကျေးဇူးများမှာလည်း ဒုနဲ့ဒေးပင်။
၎င်းအပြင် ဤသည်မှာ လီချန်အန်းအနေဖြင့် ဝိညာဉ်အမြုတေတစ်ခုတည်းကိုသာ ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်သည်။ အကယ်၍ နောင်တွင် သူ ထပ်မံဖွဲ့စည်းဦးမည်ဆိုပါက အဆင့်တက်ရန် လိုအပ်သော ဝိညာဉ်စွမ်းအား တန်ဖိုးမှာ မည်မျှအထိ ဆတိုးတက်လာမည်ကို မခန့်မှန်းနိုင်ပေ။ သို့သော် အကျိုးကျေးဇူးမှာမူ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ အနည်းဆုံးတော့ လီချန်အန်းသည် သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုပြီးနောက် တုန်းဟွမ်ခေါင်းလောင်းအောက်တွင် လဲလျောင်းကာ ရန်သူ၏ တိုက်ခိုက်မှုကို ငြိမ်ခံနေရမည့် အဖြစ်မျိုး ရှိတော့မည် မဟုတ်ပေ။ ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပါက အချိန်တိုအတွင်း အချို့ကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ရန်သူမှာလည်း သူ့ကို အလွယ်တကူ တိုက်ခိုက်နိုင်ခွင့် ရှိမည်မဟုတ်တော့ပေ...။
လီချန်အန်း၏ ဝိညာဉ်စွမ်းအားမှာ သာမန် အဆင့် (၂၄) မဟာဝိညာဉ်ဆရာတစ်ဦးထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ ယခု သူ့ကို ဝိညာဉ်ဘုရင် တစ်ဦးနှင့် တိုက်ခိုက်ခိုင်းလျှင်ပင် သူသည် ဝိညာဉ်ဘုရင်ထက် အားနည်းမည် မဟုတ်ပေ!
"မင်း တကယ် တော်တယ် ချန်အန်း။ မင်းရဲ့ ဝိညာဉ်အမြုတေ စွမ်းအားက အခုမှ စတင်တဲ့ ဘွဲ့အမည်ရှိဝိညာဉ်အချို့ရဲ့ အစွမ်းနဲ့တောင် ညီမျှနေပြီ။ မင်းရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူး!"
ဘီဘီတုန်းက သက်ပြင်းချရင်း ဆိုသည်။ လီချန်အန်းသည် ယခုတစ်ခေါက်တွင် ဤမျှကြီးမားသော ဝိညာဉ်အမြုတေကို ဖွဲ့စည်းနိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဤသည်မှာ သူမကို အမှန်တကယ် မျက်စိပွင့်စေခဲ့သည်။ သို့သော် ဆရာမတစ်ဦးအနေဖြင့် သူမ ပို၍ပင် ဝမ်းမြောက်မိရသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူမ၏ တပည့် မဟုတ်ပါလား!
"အခု မင်းမှာ ဝိညာဉ်အမြုတေ ရှိသွားပြီဆိုတော့ ဆရာမ မင်းကို ပြောပြစရာ အချို့ရှိလာပြီ။ အရင်ကတော့ မင်း မစွမ်းဆောင်နိုင်ဘူးလို့ ငါ ထင်ခဲ့တာ" ဟု ဘီဘီတုန်းက ဆက်ပြောသည်။
"မဟုတ်ပါဘူး ဆရာမ၊ ကျွန်တော် အမြဲတမ်း စွမ်းဆောင်နိုင်ပါတယ်!"
လီချန်အန်းက ချက်ချင်း ပြန်လည်ချေပလိုက်သည်။ ယောက်ျားတစ်ယောက်အနေဖြင့် မစွမ်းဆောင်နိုင်ဘူးဟု မည်သို့ ပြောအံ့နည်း!... ဟု လီချန်အန်းက စိတ်ထဲတွင် တွေးတောနေမိတော့သည်။