အခန်း (၃၄) - ကျွန်မနာမည် ရှောင်ဝူ၊ ကခုန်ခြင်းဆိုတဲ့ ဝူ...
လီချန်အန်း၊ မုရှီးနှင့် မြကျောက်ငန်းသည် တိုက်တန်ဝိညာဉ်မျောက်ဝံကြီး၏ ပုခုံးပေါ်တွင် ထိုင်လိုက်ကြပြီးနောက် ဒူလောင်ခါနှင့် အခြားသူများ၏ ကြည့်ရှုနေမှုအောက်တွင် ကြယ်တာရာတောအုပ်၏ ဗဟိုချက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ ပုခုံးပေါ်တွင် ထိုင်နေရသော်လည်း လီချန်အန်းအနေဖြင့် တုန်ခါမှုကို အနည်းငယ်မျှပင် မခံစားရဘဲ တိုက်တန်ဝိညာဉ်မျောက်ဝံကြီး၏ မြန်ဆန်လွန်းလှသော အရှိန်အဝါကိုသာ ချီးကျူးအံ့သြနေမိသည်။ ဝိညာဉ်သားရဲများထဲတွင် အရှင်သခင် တိုက်တန်ဝိညာဉ်မျောက်ဝံကြီးဟု အမည်တွင်သည်နှင့်အညီ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်! မုရှီးမှာမူ မျက်နှာလေး ဖြူဖျော့နေဆဲဖြစ်သော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်ကို မပြသဘဲ မျက်ဝန်းအိမ်ထဲမှ စိုးရိမ်ပူပန်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"ဘာကို စိုးရိမ်နေတာလဲ" လီချန်အန်းက မုရှီး၏ ပါးပြင်လေးကို အသာအယာ ဆွဲညှစ်ရင်း မေးလိုက်သည်။
"ကျွန်မ... ကျွန်မ ရှင့်ကို မထိခိုက်စေချင်ဘူး..." မုရှီးက တိုးညှင်းသော အသံလေးဖြင့် ပြောရှာသည်။
"မိုက်မဲတဲ့ မိန်းကလေးလေးရယ်၊ ကိုယ် မင်းကို ကာကွယ်ပေးမယ်လို့ ပြောထားတယ်လေ၊ မစိုးရိမ်ပါနဲ့၊ အားလုံး အဆင်ပြေမှာပါ" လီချန်အန်းက ပြောရင်း မုရှီး၏ ခေါင်းလေးကို သူ၏ ပုခုံးပေါ်သို့ မှီစေလိုက်ကာ ဘေးပတ်ဝန်းကျင်မှ ပြောင်းလဲနေသော ရှုခင်းများကို ကြည့်နေမိသည်။
လူသားနှင့် ဝိညာဉ်သားရဲများကြားမှ ပဋိပက္ခသည် နောင်နှစ်ပေါင်း တစ်သောင်းခန့်အကြာကဲ့သို့ ပြင်းထန်ခြင်း မရှိသေးပေ။ နောက်နှစ်ပေါင်း တစ်သောင်းကြာပြီးနောက် လူသားတို့၏ သိပ္ပံနှင့် နည်းပညာ တိုးတက်လာမှုကြောင့် အဆင့်မြင့် ဝိညာဉ်သားရဲများစွာ အသတ်ခံခဲ့ရပြီး သားရဲလှိုင်းလုံးများ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ ဒဏ္ဍာရီလာ သက်ရှိရေကန်ကြီးက မည်သို့ပုံစံရှိမည်၊ ၎င်းအောက်တွင် ဘုရင်မည်မျှ အိပ်မောကျနေမည်၊ ရှောင်ဝူတစ်ယောက် အခုအချိန်မှာ အထဲမှာ ရှိနေမလား၊ သူမကို အမိအရ ခေါ်ဆောင်သွားနိုင်မလား စသည့် အတွေးများက လီချန်အန်း၏ ခေါင်းထဲတွင် ပျံ့လွင့်နေသည်။ ထိုစဉ် အထူးသီးသန့် အသက်ရှူသံတစ်ခု ပိုမိုနီးကပ်လာသည်ကို လီချန်အန်း ခံစားလိုက်ရသည်။ ၎င်းမှာ သက်ရှိအငွေ့အသက်ဖြစ်ပြီး လန်းဆန်းမှုကို ပေးစွမ်းသည်! ရောက်လာပြီ!
တိုက်တန်ဝိညာဉ်မျောက်ဝံကြီး၏ ပုခုံးပေါ်တွင် ထိုင်နေသော လီချန်အန်းသည် အဝေးတစ်နေရာတွင် စိမ်းလန်းစိုပြေသော သစ်ပင်များ ဝန်းရံထားသည့် ကွင်းပြင်ကျယ်ကြီးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ထိုကွင်းပြင်၏ အလယ်ဗဟိုတွင် မှန်ပြင်တစ်ချပ်ကဲ့သို့ ငြိမ်သက်နေသော ရေကန်ကြီး တစ်ကန် ရှိနေသည်... လီချန်အန်းအနေဖြင့် ကြယ်တာရာတောအုပ်၏ ဗဟိုချက်က မည်သို့ရှိသည်ကို သိထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည့်အခါတွင်မူ ရှုခင်းမှာ အလွန်ပင် လှပလွန်းလှသည်။ အကယ်၍ လီချန်အန်းအနေဖြင့် ဤရှုခင်းကို ဖော်ပြရန် စကားလုံး ရှာရမည်ဆိုလျှင် "တောက်... လှလိုက်တာ!" ဟုသာ ဆိုရပေလိမ့်မည်။ လောကကြီးမှာ ဤမျှ လှပသော ရှုခင်းမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ!
ထိုအချိန်တွင် တိုက်တန်ဝိညာဉ်မျောက်ဝံကြီး၏ အရှိန်မှာလည်း နှေးကွေးသွားသည်။ သက်ရှိရေကန်သို့ နီးကပ်လာသည့်အခါ သူက လက်ဖဝါးကို ပုခုံးပေါ်သို့ တင်လိုက်ပြီး လီချန်အန်းတို့အား ဆင်းရန် အချက်ပြလိုက်သည်။ မြေပြင်ပေါ်သို့ ပြန်လည်ခြေချလိုက်သည့်အခါ လီချန်အန်း၏ စိတ်မှာ ပို၍ အေးချမ်းသွားပြီး မုရှီးမှာမူ သက်ရှိရေကန်ကြီး၏ အလှအပတွင် လုံးဝ စီးမျောသွားကာ သူမ၏ မျက်ဝန်းအိမ်လေးများဖြင့် ရေကန်ကြီးကို စိုက်ကြည့်နေမိသည်။
"ဟယ်လို... ရှင့်တို့က လူသားတွေလား"
ထိုစဉ် ကြည်လင်ပြတ်သားပြီး ချစ်စရာကောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာပြီး မိန်းကလေးတစ်ဦးမှာ ဘယ်ကထွက်လာမှန်း မသိဘဲ လီချန်အန်းတို့ နှစ်ယောက်ရှိရာသို့ ပြေးလာသည်။ ထိုမိန်းကလေးမှာ လီချန်အန်းနှင့် အရပ်အမောင်း တူညီပြီး ပန်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ သူမ၏ ဖြူစင်သော မျက်နှာလေးမှာ ပန်းရောင်သမ်းနေပြီး မြင်ရသူတိုင်း အသည်းယားစရာ ကောင်းလှသည်။ အထူးခြားဆုံးမှာ သူမ၏ ဆံပင်ကျစ်ဆံမြီးမှာ ကင်းမြီးကောက်ပုံစံ ကျစ်ထားပြီး သူမ၏ တင်ပါးအထိ ရှည်လျားနေခြင်းပင်။ လီချန်အန်းအနေဖြင့် သူမ မည်သူဖြစ်သည်ကို ခန့်မှန်းမိပြီးဖြစ်၍ စိတ်ထဲတွင် ဝမ်းသာနေမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာဖြင့်ပင် - "နေကောင်းလား၊ ငါ့နာမည်က လီချန်အန်းပါ၊ ဒါကတော့ ငါ့သူငယ်ချင်း မုရှီး" ဟု မိတ်ဆက်လိုက်သည်။
ထိုမိန်းကလေးမှာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ပါးပြင်လေးကို လက်ညှိုးထိုးကာ ပြုံးလျက် - "ကျွန်မနာမည်က ရှောင်ဝူ၊ ကခုန်ခြင်းဆိုတဲ့ ဝူ ပါ" ဟု ပြောလိုက်သည်။
ထင်ထားတဲ့အတိုင်းပါပဲ! လီချန်အန်းမှာ အတိုင်းမသိ ဝမ်းသာသွားမိသည်။ ဤမိန်းကလေးမှာ သူ ရှာနေသည့်သူ ဖြစ်ကြောင်း အသေအချာ အတည်ပြုလိုက်နိုင်သည်။ ထိုအချိန်တွင် တိုက်တန်ဝိညာဉ်မျောက်ဝံကြီးမှာလည်း အရပ်နှစ်မီတာကျော်ရှိသော သန်မာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူက ဇမြည်းငှက်ကို လီချန်အန်းတို့ဆီသို့ ခေါ်ဆောင်လာပြီး ရှောင်ဝူကိုကြည့်ကာ ပြုံးပြလိုက်သည် - "ရှောင်ဝူမမ၊ ကျွန်တော် ပြန်လာပြီ"
"ရှောင်ဆွေ့ရဲ့ သက်တမ်းက ကုန်ဆုံးတော့မှာပါ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလူသားမိန်းကလေးက ဝိညာဉ်ကွင်းအဖြစ် စုပ်ယူနိုင်တယ်၊ ရှောင်ဆွေ့ကိုယ်တိုင်ကလည်း သူမကို ရွေးချယ်ခဲ့တာဆိုတော့ အခုရက်ပိုင်းအတွင်းမှာ ရှောင်ဆွေ့ရဲ့ ကလေးကို အဆင်ပြေပြေ မွေးဖွားနိုင်အောင် ကျွန်တော် ကူညီပေးမယ်၊ ပြီးရင်တော့ ဒီမိန်းကလေးကို ဝိညာဉ်ကွင်း စုပ်ယူခိုင်းလိုက်မယ်"
ရှောင်ဝူက ဝမ်းနည်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရှောင်ဆွေ့ (မြကျောက်ငန်း) နားသို့ သွားကာ သူမ၏ ခေါင်းလေးကို ပွတ်သပ်ရင်း - "ရှောင်ဆွေ့... စိတ်မပူပါနဲ့၊ နင့်ရဲ့ကလေးကို ငါ စောင့်ရှောက်ပေးပါ့မယ်" ဟု တိုးညှင်းစွာ ပြောလိုက်သည်။
တိုက်တန်က မုရှီးကို ကြည့်ကာ - "မင်းရဲ့ ခန္ဓာကိုယ်က နည်းနည်း အားနည်းနေတယ်၊ ရှောင်ဆွေ့ရဲ့ ဝိညာဉ်ကွင်းကို ခံနိုင်ရည်ရှိဖို့ မလုံလောက်နိုင်ဘူး၊ ဒါပေမဲ့ ကံကောင်းတာက ရှောင်ဆွေ့ကိုယ်တိုင်က လိုလိုလားလား ပေးတာပဲ၊ ဒီရက်ပိုင်း မင်းရဲ့ ခန္ဓာကိုယ်ကို ငါ ပြုပြင်ပေးမယ်၊ ငါ့နောက်ကို လိုက်ခဲ့ပါ"
ပြောပြီးသည်နှင့် တိုက်တန်က မြကျောက်ငန်းကိုခေါ်ကာ ဘေးနားရှိ သက်ရှိရေကန်ဆီသို့ ထွက်သွားသည်။ မုရှီးက ချက်ချင်း မလိုက်သွားဘဲ လီချန်အန်းကို မော့ကြည့်လိုက်ရာ ရှောင်ဝူက ပြုံးပြီး - "စိတ်ချပါ၊ အာမင်က လူကောင်းပါ၊ နင်က ရှောင်ဆွေ့ကို ကူညီပေးတာပဲလေ၊ နင် ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်!" ဟု ပြောလိုက်သည်။
"အဟမ်း... ငါက ကြယ်တာရာတောအုပ်က ရှောင်ဝူလေ!"
လီချန်အန်းကလည်း မုရှီးကို အားပေးသည့်အနေဖြင့် ပြုံးပြလိုက်ကာ - "သွားပါ၊ မင်း ပြန်လာရင် ပထမအဆင့် ဝိညာဉ်ဆရာ ဖြစ်လာမှာပါ၊ ကိုယ် ဒီမှာပဲ စောင့်နေမယ်" ဟု ပြောလိုက်သည်။ မုရှီးက ခေါင်းညိတ်ပြပြီး တိုက်တန်၏နောက်သို့ လိုက်ပါသွားခဲ့သည်။
"ကျွန်မတို့က ဒီရေကန်ကို သက်ရှိရေကန်လို့ ခေါ်တယ်၊ ဒီအနီးအနားမှာ သက်ရှိစွမ်းအားတွေက အရမ်းပြင်းထန်တယ်၊ ရှောင်ဆွေ့ရဲ့ ခန္ဓာကိုယ်က ကလေးမွေးဖို့ အင်အားမရှိတော့လို့ အာမင်က အဲဒီကို ခေါ်သွားပြီး ကူညီပေးတာ၊ နင့်သူငယ်ချင်းအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်"
"အော်... ဒါနဲ့ ဒီတိုက်တန်ဝိညာဉ်မျောက်ဝံကြီးက ကျွန်မရဲ့ မောင်လေးပဲ၊ သူ့ကို အာမင်လို့ ခေါ်တယ်" ရှောင်ဝူက လီချန်အန်းကို ရှင်းပြပြီးနောက် မြက်ခင်းပေါ်တွင် ဒူးလေးပိုက်ကာ ထိုင်ချလိုက်ပြီး လီချန်အန်းကို စပ်စုသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ ဤသည်မှာ သူမ ပထမဆုံး မြင်တွေ့ဖူးသည့် လူသားကောင်လေး ဖြစ်သည်။ ရှောင်ဝူမမအနေဖြင့် ဤကောင်လေးမှာ ကြည့်ကောင်းသည်ဟု ခံစားနေရသည်။
"လူသားကမ္ဘာအကြောင်း ကျွန်မကို ပြောပြလို့ ရမလား၊ နောက်တစ်နှစ်လောက်ဆိုရင် ကျွန်မ အပြင်ထွက်ဖို့ ရှိတယ်၊ လူသားကမ္ဘာအကြောင်း သိချင်လို့ပါ"
လီချန်အန်းအနေဖြင့် သူ၏ တွက်ချက်မှု မမှားကြောင်း သိလိုက်ရသည်။ အကယ်၍သာ သူ နောက်ကျသွားခဲ့လျှင် ရှောင်ဝူမှာ အပြင်သို့ ထွက်သွားပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်မှာပင် သူမကို အပိုင်သိမ်းရမည်! အခုအချိန်တွင် ရှောင်ဝူမှာ စာရွက်ဖြူတစ်ချပ်ကဲ့သို့ ဘာမျှမသိသေးဘဲ လီချန်အန်းမှာမူ ဝါရင့်ကစားသမားကြီး ဖြစ်နေပြီ...။
လီချန်အန်းကလည်း အေးအေးလူလူပင် ထိုင်ချလိုက်ကာ ရှောင်ဝူနှင့် နီးကပ်အောင် တိုးထိုင်လိုက်ပြီး - "လူသားကမ္ဘာလား၊ လူသားကမ္ဘာက တကယ်တော့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်၊ စားစရာတွေ၊ ကစားစရာတွေနဲ့ တခြား စိတ်လှုပ်ရှားစရာတွေ အများကြီး ရှိတယ်"
"ငါ့အထင်တော့ အစိတ်ဝင်စားဆုံးက 'တုတ်ချောင်းနဲ့ မျှော့' ရဲ့ ဇာတ်လမ်းပဲ၊ နောင်ကျရင် မင်းနဲ့အတူ ကစားဖို့ အခွင့်အရေး ရှိမှာပါ၊ ဒါ့အပြင်..."
လီချန်အန်း၏ ပြောပြချက်များအောက်တွင် ရှောင်ဝူတစ်ယောက် တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။ လူသားကမ္ဘာအကြောင်းကို တစ်စုံတစ်ယောက်က ဤသို့ ပုံဖော်ပြောပြသည်ကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူမမှာ အရာရာကို သိချင်စိတ် ပြင်းပြနေသည်။ ဥပမာအားဖြင့် - "ဘာလို့ အခု တုတ်ချောင်းနဲ့ မျှော့ကို ငါ့ကို ခေါ်မကစားတာလဲ၊ ပျော်စရာကောင်းတယ်ဆို"
"အခုတော့... အခုတော့ တုတ်ချောင်းတွေက သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရသေးဘူး၊ မျှော့ကလည်း မကြီးသေးဘူးလေ၊ နောက်နှစ်အနည်းငယ်လောက် ကြာရင် မင်းကို ခေါ်ကစားမယ်၊ ဟုတ်ပြီလား"
"အင်းပါ... ငါ့ကိုတော့ မလိမ်နဲ့နော်!"
"ဒါနဲ့ ရှောင်ဝူ... မင်းရဲ့ ခါးက ဘယ်လိုလဲ"
"ခါးလား... ကျွန်မခါးက တော်တော်လေး ကောင်းပါတယ်" ရှောင်ဝူက ပြောရင်း မတ်တပ်ရပ်ကာ လီချန်အန်းရှေ့မှာပင် ကိုယ်ကို နောက်သို့ ကွေးလိုက်ပြီး လက်ကလေးနှစ်ဖက်ဖြင့် မြေပြင်ကို ထိပြလိုက်သည်။
"အင်း... အဲဒါဆို ကောင်းပြီ၊ မင်း ဒီကနေ မထွက်သွားခင်မှာ ငါ မင်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကွက်အချို့ သင်ပေးမယ်၊ အဲဒါတွေက ငါတို့ နောင်ကျရင် ကစားမယ့် ကစားနည်းနဲ့ ဆက်စပ်နေတယ်၊ မင်း သေချာ လေ့လာရမယ်နော်!" လီချန်အန်းက တည်တည်တံ့တံ့ဖြင့် ပြောလိုက်လေသည်။