Lazy Nerds
Skip to content
ရှာဖွေရန်စာစဉ်အသေးစိတ်
LAZY NERDS

Read great stories on any device. Built for fast discovery, smooth reading, and a modern admin workflow.

Lazy Nerds သည် Zentry Digital Myanmar ၏ ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။

zentrydigitalmm.com

Explore
Browse novelsSubscribeFacebook
Account
Sign inCreate accountAdmin
© 2026 Lazy Nerds. All rights reserved.
TermsPrivacy
ပင်မရှာဖွေရန်စာကြည့်တိုက်ပရိုဖိုင်
စကားလုံးစွမ်းအားဖြင့် ဒိုလောတိုက်ကြီးအားငိုစေသူစာစဉ်
ActionComedyXuanhuanFan FictionTransmigration113 chapters736 viewsUpdated Jun 30, 2026

စကားလုံးစွမ်းအားဖြင့် ဒိုလောတိုက်ကြီးအားငိုစေသူ

EN

Douluo: I Made the Whole Continent Cry by Roasting with My Martial Soul

2.85 reviews
ဘာသာပြန်သူ:Leo
ဒိုလော့တိုက်ကြီးတစ်ခုလုံးကို နှုတ်လျှာတစ်ချက်နဲ့တင် ငိုချင်းချစေခဲ့တဲ့ "စက်သေနက်ပါးစပ်" ပိုင်ရှင် လင်းဖန်ရဲ့ ဘဝကူးပြောင်းခြင်း ဒဏ္ဍာရီ။ မတော်တဆ ကမ္ဘာကူးပြောင်းလာပြီး ဒိုလော့တိုက်ကြီးမှာ အသက်ပြန်ရှင်ခွင့်ရခဲ့တဲ့ လင်းဖန်။ မျှော်လင့်ချက်အပြည့်နဲ့ နိုးထလာချိန်မှာတော့ သူရရှိလိုက်တဲ့ သိုင်းဝိညာဉ်က ဘာအသုံးမကျတဲ့ သိုင်းဝိညာဉ် ဖြစ်နေခဲ့လို့ လူတိုင်းရဲ့ လှောင်ပြောင်ခြင်းနဲ့ "တစ်သက်လုံး ပုရွက်ဆိတ်လို အောက်ခြေလူတန်းစားပဲ ဖြစ်ရမယ်" ဆိုတဲ့ ကံကြမ္မာအောက် ရောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့... ဘယ်သူ့ကို ပုရွက်ဆိတ်လို့ ခေါ်တာလဲ? တန်ခိုးကြီးလှပါတယ်ဆိုတဲ့ ဝိညာဉ်သူတော်စင်တစ်ယောက်က သူ့ကို အထင်သေးပြီး အနိုင်ကျင့်ဖို့ လုပ်လာတဲ့အခါ လင်းဖန်က စိတ်ပျက်လက်ပျက်နဲ့ပဲ "ဝိညာဉ်စွမ်းအားတွေ ကမောက်ကမဖြစ်နေတာကို အသားကုန် ကြွားလုံးထုတ်နေရဲတယ်ပေါ့ မင်း နောက်တစ်စက္ကန့်မှာပဲ သွေးအန်ပြီး သေတော့မယ်" လို့ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်ပါတယ်။ မယုံနိုင်စရာကောင်းတာက... သူပြောပြီးတာနဲ့ တစ်ပြိုင်နက် အဲဒီဝိညာဉ်သူတော်စင်ဟာ နေရာတင်ပဲ ဝိညာဉ်နောက်ပြန်စီးပြီး အသက်ပျောက်သွားခဲ့ရပါတယ်။ အမှန်တော့ သူ့ရဲ့ ကိုယ်ပွားဝိညာဉ်ဟာ သာမန်မဟုတ်ဘဲ "သူဆဲသမျှ၊ သူလှောင်သမျှ၊ သူကျိန်ဆဲသမျှ အကုန်တကယ်ဖြစ်လာစေတဲ့"နတ်ဘုရားအဆင့် စွမ်းအားကြီးသိုင်းဝိညာဉ် တစ်ခု ဖြစ်နေခဲ့တာပါ။ ဝိညာဉ်သားရဲတွေကို လှောင်ပြောင်ပြီး ဝိညာဉ်ကွင်းတွေကို ကိုယ့်ဘာသာကိုယ် ဖျက်ဆီးစေနိုင်သလို၊ အင်အားကြီး ရန်သူတွေရဲ့ ကွက်ကွက်ကွင်းကွင်း အားနည်းချက်တွေကို ထောက်ပြဝေဖန်ပြီး သူတို့ရဲ့ နည်းဗျူဟာတွေကို ကိုယ့်အဆိပ်ကိုယ်ပြန်မိအောင် လုပ်ပစ်နိုင်စွမ်း ရှိလာတဲ့အခါမှာတော့... တစ်တိုက်လုံးက ပါးစပ်အစွမ်းကြောင့် တုန်လှုပ်ကုန်ပါတော့တယ်။ နတ်ဘုရားလောကက ပုန်ကန်ချင်တဲ့ နတ်ဘုရားငယ်လေးတစ်ပါးက "လင်းဖန်ဆိုတာ အလကားအမှိုက်ပါပဲ" လို့ စိန်ခေါ်လာတဲ့အခါမှာလည်း လင်းဖန်က မဲ့ပြုံးပြုံးပြီး "မင်း ရဲ့ စည်းမျဉ်းစာအုပ် စာမျက်နှာ ၇ မှာ စည်းမျဉ်းတွေကို ပြောင်းပြန်ရေးထားတာ မျက်စိမပါလို့ မမြင်ဘူးလား"လို့ တုံ့ပြန်လိုက်ရာ... အဲဒီနတ်ဘုရားလေးဟာ စည်းမျဉ်းတွေရဲ့ ဒဏ်ခတ်မှုကို ခံရပြီး ချက်ချင်းပဲ ဝိညာဉ်လွင့်သွားခဲ့ရပါတယ်။ ဒီခရီးစဉ်မှာ နတ်ဘုရားအဆင့် ပံ့ပိုးပေးနိုင်တဲ့ အလှလေး နင်ရုန်ရုန်ရဲ့ ကာကွယ်စောင့်ရှောက်မှု၊ ပြီးတော့ သူ့ရဲ့ ဆဲဆိုလှောင်ပြောင်တတ်တဲ့ ဝိညာဉ်အမွေကို ဆက်ခံထားတဲ့ ချစ်စရာ ကလေးငယ်လေးရဲ့ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ "လူဆိုးကြီး... ရှင့်ရဲ့ အားနည်းချက်က အနောက်မှာနော်"ဆိုတဲ့ အဆုံးစီရင်ချက်တွေနဲ့အတူ လင်းဖန်ရဲ့ ခရီးလမ်းက ပိုလို့တောင် ကြောက်စရာကောင်းလာပါတော့တယ်။ ဘာမှမရှိတဲ့ လူပိန်းတစ်ယောက်ကနေ နတ်ဘုရားလောကရဲ့ စည်းမျဉ်းတွေကိုပါ ထိန်းချုပ်နိုင်တဲ့ "နတ်ဘုရားအဆင့် တရားသူကြီး" တစ်ယောက် ဖြစ်လာတဲ့အထိ... လင်းဖန်ဟာ လက်နက်တစ်ခုမှမသုံးဘဲ "ပါးစပ်တစ်စုံ"ထဲနဲ့တင် ဒိုလော့တိုက်ကြီးတစ်ခုလုံးကို ငိုယိုတောင်းပန်ရအောင် ဘယ်လိုပညာပေးမလဲ "ရှေးဟောင်း နတ်ဆိုးဘုရားလား လာခဲ့လေ... မင်းရဲ့ နတ်ဘုရားအဆင့်အတန်းကို ငါ့ပါးစပ်နဲ့တင် အမှုန့်ခြေပြမယ်"
စာစဖတ်မယ်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ

အခန်းများ

ရှာဖွေရန် ပြန်မည်
113 / 113 ခု
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ

ဖတ်သူများ သုံးသပ်ချက်