အခန်း (၂၉) - သွေးချပ်ဝတ်တန်ဆာ
လက်ရှိအချိန်တွင် ယဲ့လန်၏ အကြီးမားဆုံး အားနည်းချက်က သူကိုယ်တိုင်ဖြစ်ပြီး၊ သူ့၏ တိုက်ခိုက်ရေးစွမ်းအား အများစုက ငွေပြာမြက်ဆီကနေပဲ လာနေတာဖြစ်တယ်လို့ ဆိုနိုင်ပါသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပဲ၊ ရှေးဟောင်းသားရဲ၏ စွယ်လက်များသည် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီး၏ အကူအညီနဲ့ ယဲ့လန်ရှေ့ကို ချက်ချင်းရောက်ရှိလာခဲ့တယ်။ ငွေပြာမြက်များက ရှေ့မှာရှိနေတဲ့ ဧရာမသတ္တဝါကြီး၏ ရှေးဟောင်းသားရဲစွယ်လက်များ လှုပ်ရှားလာမှုကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။
ရှေးဟောင်းသားရဲက ၎င်း၏ စွယ်လက်အချို့ကို ဆယ်မီတာအမြင့်ထိ မြှောက်တင်လိုက်ပြီး၊ ယဲ့လန်အပေါ် ရိုက်ချဖို့ ခွန်အားများကို စုစည်းလိုက်သည်။
စွယ်လက်အချို့က ယဲ့လန်၏ မျက်နှာပေါ်ကို ထိုက်စန်းတောင်ကြီး ဖိချလိုက်သလိုမျိုး ကျဆင်းလာပြီး၊ သူ့ပါးပြင်ကို လေပြင်းများ ရိုက်ခတ်သွားသလို ယဲ့လန် ခံစားလိုက်ရသည်။ ဒီလို ပြင်းထန်တဲ့ ရိုက်ချက်ကို ရင်ဆိုင်ရချိန်မှာ ယဲ့လန်က ထိပ်တိုက်ရင်ဆိုင်လောက်တဲ့အခြေအနေအထိ မမိုက်မဲပါဘူး။
ဝိညာဉ်စွမ်းအားများကို လှည့်ပတ်စီးဆင်းစေပြီးနောက်၊ ယဲ့လန်က သူ့၏ လျှပ်တစ်ပြက်ခြေလှမ်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ စွယ်လက်၏ ပြင်းထန်တဲ့ ရိုက်ချက် ကျမလာခင်လေးမှာတင်၊ ယဲ့လန်က လျှပ်စီးလက်သလို အမြန်နှုန်းနဲ့ မီတာအနည်းငယ်အကွာကို ရွှေ့ပြောင်းသွားပြီး တိုက်ခိုက်မှုကို သီသီလေး ရှောင်လွှဲနိုင်ခဲ့သည်။
ရှေးဟောင်းသားရဲက ယဲ့လန် ရုတ်တရက် ပျောက်ကွယ်သွားတဲ့အတွက် ကြောင်တောင်တောင် ဖြစ်သွားပေမယ့်၊ ၎င်းမှာရှိနေတဲ့ မျက်လုံးဒါဇင်ပေါင်းများစွာက ကူညီပေးခဲ့တယ်။ ရှေးဟောင်းသားရဲ၏ စွယ်လက်များက ယဲ့လန်၏ နေရာကို အလျင်အမြန် ခြေရာခံမိသွားပြီး သူ့ဆီကို နောက်တစ်ကြိမ် ထပ်မံချဉ်းကပ်လာပြန်သည်။
လျှပ်တစ်ပြက်ခြေလှမ်းကို အသုံးပြုပြီးနောက် ယဲ့လန်၏ ခြေထောက်များက နာကျင်နေဆဲပါပဲ။ ယဲ့လန်က ရှေးဟောင်းသားရဲ၏ စွယ်လက်များကို ရှောင်လွှဲဖို့ လျှပ်တစ်ပြက်ခြေလှမ်းကို ဆက်သုံးဖို့ မရည်ရွယ်ပါဘူး။ အဲဒီအစား၊ ဝိညာဉ်စွမ်းအားများကို သူ့ခြေထောက်မှာ ပေါင်းစပ်ပြီး ရှေးဟောင်းသားရဲစွယ်လက်၏ တိုက်ခိုက်မှုများကို ဆက်တိုက် ရှောင်တိမ်းနေခဲ့တယ်။
ရှေးဟောင်းသားရဲက စွယ်လက်များနှင့် တိုက်ခိုက်နေရင်းကနေ ရွေ့လျားလာခဲ့တယ်။ ယဲ့လန်က သူ့ကိုယ်သူနဲ့ ရှေးဟောင်းသားရဲကြားက အကွာအဝေးကို ချဲ့ရင်းနဲ့ ၎င်း၏ ကာကွယ်မှုအတွက် ငွေပြာမြက်ကို အသုံးပြုခဲ့သည်။ ရှေးဟောင်းသားရဲမှာ ဦးနှောက်ရှစ်ခု ပိုင်ဆိုင်ထားတဲ့အတွက် အလွန်ဉာဏ်ကောင်းပြီး တိုက်ခိုက်နေစဉ်မှာ တွေးတောနိုင်စွမ်းရှိသည်။
မကြာခင်မှာပဲ၊ ရှေးဟောင်းသားရဲက ကုန်းပတ်ပေါ်က နေရာကျဉ်းကျပ်နေတာကို သတိထားမိသွားပြီး၊ ၎င်း၏ ကြီးမားတဲ့ အရွယ်အစားက သိသာထင်ရှားတဲ့ အားသာချက်တစ်ခု ဖြစ်လာခဲ့သည်။ ရွှေဝါရောင်ဆံပင်နဲ့ လူငယ်လေးနောက်ကို လိုက်ပတ်ပြေးနေမယ့်အစား၊ ကုန်းပတ်၏ အလယ်နေရာကို နေရာယူလိုက်တာနဲ့ လူငယ်လေး၏ လှုပ်ရှားနိုင်တဲ့ နေရာကို ကန့်သတ်နိုင်မှာ ဖြစ်တယ်။
အဲဒီနောက် ရှေးဟောင်းသားရဲက ၎င်း၏ ဗျူဟာကို ပြောင်းလဲလိုက်ပြီး ကုန်းပတ်၏ အလယ်ဗဟိုကို အခိုင်အမာ နေရာယူကာ၊ စွယ်လက်များကို ဖြန့်ကြက်ပြီး ယဲ့လန်ရှိတဲ့ နေရာကို ဆက်တိုက် ဖိအားပေး တိုက်ခိုက်တော့သည်။
ဗျူဟာပြောင်းလိုက်တဲ့ ရှေးဟောင်းသားရဲ၏ ဖိအားတွေကြောင့် ယဲ့လန် လှုပ်ရှားရှောင်တိမ်းနိုင်မယ့် နေရာတွေက တဖြည်းဖြည်း နည်းပါးလာခဲ့တယ်။ ရှေးဟောင်းသားရဲ၏ စွယ်လက်တွေက ဧရာမပိုက်ကွန်ကြီးတစ်ခုလို ယဲ့လန်ကို ဝါးမျိုဖို့ အသင့်ဖြစ်နေခဲ့သည်။
နောက်ဆုံးမှာတော့၊ ယဲ့လန်၏ အနောက်ဘက်မှာ ခြံစည်းရိုးတစ်ခုသာ ကျန်ရစ်တော့ပြီး အဲဒီအလွန်မှာတော့ အမည်းရောင် ပင်လယ်ပြင်ကြီးက ဆန့်တန်းနေသည်။ ယဲ့လန်က ဆိုးရွားတဲ့ အခြေအနေကို ရောက်နေခဲ့ပြီ။ နောက်ဆုတ်စရာ နေရာမရှိတော့သလို၊ ပင်လယ်ထဲကိုလည်း ခုန်ချလို့ မဖြစ်ပါဘူး။ ပင်လယ်ထဲ ခုန်ချတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပါပဲ။ ပင်လယ်ထဲမှာ ရှေးဟောင်းသားရဲကို တိုက်ခိုက်ရတာက ယဲ့လန်အတွက် အလွန်ကြီးမားတဲ့ အားနည်းချက်တစ်ခု ဖြစ်နေသည်။
ကပ္ပတိန်အခန်းထဲက တံငါသည်က ယဲ့လန်၏ သိုင်းဝိညာဉ် ပြတ်တောက်သွားပြီဖြစ်လို့ သူ သေချာပေါက် ကျဆုံးတော့မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ယဲ့လန်၏ ငွေပြာမြက်တွေ ပြန်လည်ရှင်သန်နိုင်တာကို သူ မြင်လိုက်ရတယ်။ ငွေပြာမြက်နဲ့ စွယ်လက်တွေက ဆက်တိုက် တုန်ခါနေခဲ့ပြီး၊ သူ့၏ စိတ်ထဲက မအေးချမ်းမှုတွေက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တယ်။ ယဲ့လန် တောင့်ခံထားနိုင်မယ်လို့ တံငါသည် ထင်လိုက်ချိန်မှာပဲ၊ ယဲ့လန် ထပ်ပြီး လမ်းပိတ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ တံငါသည်၏ ရင်တွေ ပြန်ခုန်လာခဲ့ပေမယ့်၊ ဒီတစ်ခါတော့ ယဲ့လန်အပေါ် ယုံကြည်မှု မပျောက်ဆုံးခဲ့ပါဘူး။ အဲဒီအစား၊ သူ့ရှေ့က လူငယ်လေးဟာ ဒီအခက်ဲကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေခဲ့တယ်။
...
အကြပ်အတည်းထဲ ပိတ်မိနေတဲ့ ယဲ့လန်ဟာ ရှေးဟောင်းသားရဲ၏ တိုက်ခိုက်မှုတွေကို ခုခံဖို့ သူ့ခန္ဓာကိုယ်ထဲကနေ ငွေပြာမြက်တွေကို ဆက်တိုက် ထုတ်လွှတ်နေခဲ့တယ်။ ငွေပြာမြက်တွေက ရှေးဟောင်းသားရဲ၏ စွယ်လက်တွေကြောင့် တစ်ပင်ပြီးတစ်ပင် ပြန့်ကျဲ ကောက်ကွေးသွားခဲ့ရတယ်။ "နောက်ဆုံးတွင် ရွှေဝါရောင်ဆံပင်နှင့် လူငယ်လေးရဲ့ ရွှေရောင်နွယ်ပင်များဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံနေရဆဲ အချိန်မှာပင်... ရှေးဟောင်းသားရဲ၏ စွယ်လက်ရှစ်ချောင်းလုံးက သူ့ထံသို့ ပြတ်ပြတ်သားသား တိုးဝင်တိုက်ခိုက်သွားတော့သည်
နောက်ဆုတ်စရာ နေရာမရှိတော့တဲ့ ယဲ့လန်၏ မျက်လုံးတွေက ရွှေရောင်အလင်းတန်းတွေ တလက်လက် တောက်ပလာတယ်။ ယဲ့လန်က သူ့၏ ရွှေရောင်မျက်လုံးများကို အသက်သွင်းလိုက်တယ်! ဝိညာဉ်စွမ်းအားတွေက သူ့မျက်လုံးထဲမှာ ဆက်တိုက် စစုစည်းလာပြီး၊ အထဲက ရွှေရောင်အလင်းတန်းက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။
သူ့၏ တုံ့ပြန်မှုအမြန်နှုန်းက အဆပေါင်းများစွာ မြင့်တက်လာပြီး၊ သူ့၏ အမြင်အာရုံက ဧရာမ စွယ်လက်ရှစ်ချောင်း၏ တိုက်ခိုက်မယ့် ရည်ရွယ်ချက်တွေကို လုံးဝ ဖုံးကွယ်လို့ မရနိုင်အောင် လုပ်ပေးလိုက်တယ်။ ယဲ့လန် ခံစားရသမျှ အရာအားလုံးက တစ်ချက်လောက် နှေးကွေးသွားသလိုဖြစ်သွားပြီး၊ သူ့ရှေ့က ရှေးဟောင်းသားရဲ၏ စွယ်လက်တွေကလည်း ထပ်ပြီး ကြောက်စရာ မကောင်းတော့ဘူး။
ရှေးဟောင်းသားရဲ၏ တိုက်ခိုက်မှုကို ကြိုသိနေတဲ့အလား၊ ယဲ့လန်က အလွန်သိမ်မွေ့တဲ့ နေရာယူမှုတွေနဲ့ မမျှော်လင့်ထားတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အသုံးပြုခဲ့တယ်။ ယဲ့လန်က ဘေးကိုလှည့်တာ၊ ခေါင်းငုံ့တာ၊ ကိုယ်ကိုကိုင်းတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။
သူ့၏ ခြေလှမ်းတွေက တစ္ဆေတစ်ကောင်လိုပါပဲ။ စွယ်လက်တွေက ရွှေဝါရောင်ဆံပင်နဲ့ လူငယ်လေး၏ ခန္ဓာကိုယ်ပတ်လည်ကို သီသီလေး ပွတ်တိုက်သွားခဲ့တယ်။ စွယ်လက်တွေ၏ တိုက်ခိုက်မှုအားလုံးက ကုန်းပတ်ပေါ်ကို ကျရောက်သွားပြီး၊ ရှေးဟောင်းသားရဲ၏ ရိုက်နှက်မှုကြောင့် ငါးဖမ်းလှေက ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်ခါသွားတယ်။
လှုပ်ရမ်းနေတဲ့ ငါးဖမ်းလှေက ယဲ့လန်၏ လှုပ်ရှားမှုများကို မထိခိုက်စေခဲ့ပါဘူး။ ယဲ့လန်က ရှေးဟောင်းသားရဲ၏ တိုက်ခိုက်မှုကြားက ဟာကွက်ကို အမိအရ ဆုပ်ကိုင်လိုက်တယ်။ ဝိညာဉ်စွမ်းအားတွေ ခြေဖဝါးမှာ စစုစည်းလိုက်ပြီး...
ဒိုင်း... !
ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ၊ ယဲ့လန်က လေးမီတာအမြင့်ရှိတဲ့ ရှေးဟောင်းသားရဲ၏ ခေါင်းပေါ်ကို ချက်ချင်း ခုန်တက်ဖို့ "ပဲ့တင်ထပ် ခြေလှမ်း" နည်းစနစ်ကို အသုံးပြုလိုက်တယ်။ ပဲ့တင်ထပ် ခြေလှမ်း၏ အမြန်နှုန်းကို အသုံးပြုပြီး ယဲ့လန်က သူ့၏ ခါးနဲ့ ဝမ်းဗိုက်ထဲကို ဝိညာဉ်စွမ်းအားတွေ ပေါင်းထည့်လိုက်တယ်။ ဝိညာဉ်စွမ်းအား အထောက်အပံ့ ၁၀၀% တိုးလာတယ်! ယဲ့လန်က သူ့ခါးကို လှည့်ပြီး ရှေးဟောင်းသားရဲကို သူ့ညာဘက်ခြေထောက်နဲ့ ကန်ချလိုက်တယ်။
လှုပ်ရှားမှုက အရမ်းမြန်ဆန်လွန်းလို့၊ ယဲ့လန်၏ ခြေထောက်အရိပ်က အမည်းရောင် လခြမ်းပုံစံ ခုံးခုံးလေး ဖြစ်ပေါ်သွားတယ်။
ဒုတ်... !
ယဲ့လန်၏ ခြေဖမိုးက ရှေးဟောင်းသားရဲကို ထိမှန်သွားပြီး တုံးတိတိအသံတစ်ခု ထွက်ပေါ်လာတယ်။ ရှေးဟောင်းသားရဲက ယဲ့လန်၏ အကန်ခံလိုက်ရတာကြောင့် ညာဘက်ကို လဲကျသွားတယ်။ ယဲ့လန် အောင်မြင်ပြီလို့ ထင်လိုက်တဲ့အချိန်မှာပဲ...
ရှေးဟောင်းသားရဲက နှစ်မီတာလောက်ပဲ လွင့်ထွက်သွားပြီး ၎င်း၏ တောင့်တင်းနေမှုကနေ ပြန်လည် ကောင်းမွန်လာခဲ့တယ်။
ရှေးဟောင်းသားရဲက ရွှေဝါရောင်ဆံပင်နဲ့ လူငယ်လေးကို ထောင့်တွင်ပိတ်မိနေပြီ ဖြစ်ပေမယ့် သူ၏ ဒဏ်ရာရစေမှုကို ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ယဲ့လန်ကြောင့် ဒေါသထွက်သွားတဲ့ ရှေးဟောင်းသားရဲက သူ့ရှေ့က ပုရွက်ဆိတ်လေးဟာ အလွန်မုန်းစရာကောင်းလာပြီလို့ ခံစားလိုက်ရတယ်။ ၎င်း၏ မျက်လုံးဒါဇင်ပေါင်းများစွာက လိမ်ယှက်နေတဲ့ သွေးရောင်မီးတောက်တွေလို ချက်ချင်း ပြောင်းလဲသွားတယ်။
ယဲ့လန် မြေပြင်ပေါ်မကျလာခင်မှာတင်၊ ထူထဲပြီး မည်းနက်နေတဲ့ စွယ်လက်ရှစ်ချောင်းက သူ့ကို လုံးဝနီးပါး ဝိုင်းရံထားလိုက်ပြီ။ ဒီတစ်ကြိမ်မှာတော့ ရှေးဟောင်းသားရဲ၏ စွယ်လက်တွေက ပိုပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလာတယ်။
ယဲ့လန်၏ ရွှေရောင်မျက်လုံးတွေက ရှေးဟောင်းသားရဲ၏ တိုက်ခိုက်မယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမယ့်၊ ယဲ့လန်က လေထဲမှာ ဘာအထောက်အကူမှ မရနိုင်တော့ဘူး။ မြေပြင်ပေါ်မှာ ထောက်ကန်ဖို့အတွက် ငွေပြာမြက်ကိုပဲ အသုံးပြုနိုင်ပြီး၊ ရှောင်တိမ်းဖို့အတွက် ရှေးဟောင်းသားရဲ၏ စွယ်လက်များကို အားပြုရာအဖြစ် အသုံးပြုခဲ့ရတယ်။ လေထဲမှာ ယဲ့လန်၏ ပေါ့ပါးသွက်လက်မှုက မြေပြင်ပေါ်ကနဲ့ မယှဉ်နိုင်ပါဘူး။ အချီအနည်းငယ်လောက်ပဲ ခံလိုက်ရတယ်။
ယဲ့လန်၏ ညာဘက်လက်ကို စွယ်လက်တစ်ခု၏ အဖျားက ရစ်ပတ်သွားပြီး၊ အဖျားပိုင်းလေးပဲ ဖြစ်နေပေမယ့် ပျမ်းမျှအားဖြင့် ၃၀ စင်တီမီတာလောက် ကျယ်ဝန်းတယ်။ ယဲ့လန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။
ယဲ့လန်နဲ့ အချိန်အကြာကြီး တိုက်ခိုက်ပြီးနောက်၊ ရှေးဟောင်းသားရဲက နောက်ဆုံးမှာ အခွင့်အရေးတစ်ခုကို ရရှိသွားပြီး ဝမ်းသာအားရဖြစ်မှုတွေနဲ့အတူ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက စိတ်လှုပ်ရှားစွာ တုန်ခါသွားတယ်။ ယဲ့လန်၏ ညာဘက်လက်ကို ရစ်ပတ်ထားတဲ့ ရှေးဟောင်းသားရဲ၏ စွယ်လက်က ရုတ်တရက် ဧရာမ စွမ်းအားတွေကို ထုတ်လွှတ်လိုက်တယ်။
ရေဘဝဲတွေဟာ ခရုအမျိုးအနွယ်တွေဖြစ်လို့ အားနည်းတယ်ဆိုတဲ့ အချက်ကို အယုံမလွယ်ပါနဲ့။ သာမန်ဆုံး ရေဘဝဲတစ်ကောင်တောင်မှ အခွံမာသတ္တဝါတွေကို အမဲလိုက်နိုင်ပါတယ်။ ၎င်းက အလွန်စွမ်းအားကြီးမားတယ်။ ထောင်နှစ်သက်တမ်းရှိတဲ့ ရေဘဝဲဘုရင်အကြောင်းဆိုရင် ပြောနေစရာတောင် မလိုတော့ပါဘူး။
ရှေးဟောင်းသားရဲက အောင်မြင်ပြီလို့ ထင်မှတ်ပြီး သူ့ရှေ့က ရွှေဝါရောင်ဆံပင်နဲ့ လူငယ်လေး၏ လက်မောင်းကို ချေမွပစ်ဖို့ စိတ်ကူးယဉ်နေချိန်မှာပဲ... လူငယ်လေး၏ ညာဘက်လက်မောင်းကို ရစ်ပတ်ထားတဲ့ စွယ်လက်ကနေ ခြားနားတဲ့ ခံစားမှုတစ်ခု ထွက်ပေါ်လာတယ်။ လူငယ်လေး၏ လက်မောင်းက အလွန်မာကျောလာခဲ့ပြီ!
ရှေးဟောင်းသားရဲ၏ စွယ်လက်တွေက ယဲ့လန်၏ လက်မောင်းကို ရစ်ပတ်လိုက်တဲ့အခါ၊ ယဲ့လန်က သူ့၏ ဝိညာဉ်စွမ်းအားတွေကို လှည့်ပတ်ပြီး သူ့၏သွေးထဲကို ပေါင်းထည့်လိုက်တာ ဖြစ်တယ်။ သွေးကြောတွေ မြန်မြန်ဆန်ဆန် စီးဆင်းမှုက လက်မောင်းက ကြွက်သားတွေကို အလွန်သန်မာစေပြီး လက်မောင်း၏ ကာကွယ်နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ပေးလိုက်တယ်။ ဒါက ယဲ့လန် လွန်ခဲ့တဲ့ တစ်နှစ်က ကိုယ်တိုင်ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းရည် ဖြစ်တဲ့ "သွေးချပ်ဝတ်တန်ဆာ" ပဲ ဖြစ်ပါတယ်!
သွေးချပ်ဝတ်တန်ဆာက ယဲ့လန်၏ ကြွက်သားမာကျောမှုကို တိုးမြင့်စေပြီး သူ့၏ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်။
"အကယ်၍ ယဲ့လန်ရဲ့ ခေါင်းနားကို (ဦးနှောက်နားကို) မီတာဝက်လောက် အထုအထည်ကြီးတဲ့ ရှေးဟောင်းသားရဲရဲ့ စွယ်လက်ကြီးတွေသာ လာထိမှန်မယ်၊ သို့မဟုတ် ထိုးစိုက်မိမယ်ဆိုရင်... သူ့ရဲ့ သွေးချပ်ဝတ်တန်ဆာကလည်း ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး"
ဒါပေမဲ့ ရှေးဟောင်းသားရဲက စွယ်လက်အဖျားပိုင်းလောက်နဲ့သာ ထိမိတာမို့လို့ ညှစ်အားက သိပ်မပြင်းဘဲ သေစေလောက်တဲ့အထိ ထိရောက်မှု မရှိခဲ့ပါဘူး။ သို့သော်လည်း စွယ်လက်စုပ်ခွက်များပေါ်မှ အသွားချွန်ချွန်များနှင့် ပွတ်တိုက်မိသွားခြင်းကြောင့် ယဲ့လန်၏ လက်မောင်းအရေပြားမှာ စုတ်ပြဲသွားခဲ့ရသည်။"
ရှေးဟောင်းသားရဲ အံ့အားသင့်နေချိန်မှာပဲ၊ ယဲ့လန်၏ သွေးစွန်းနေတဲ့ လက်မောင်းကနေ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာခဲ့တယ်။
---