အခန်း (၂၁) - ရှောင်ဝူ
ဆူးယွင်ထောင်းက ဝိညာဉ်စွမ်းရည်များ မရရှိခဲ့ဘူးဆိုတာကို ပထမဆုံးကြားလိုက်ရချိန်မှာ တစ်ခုခုမှားယွင်းနေပြီလို့ တွေးလိုက်မိပြီး သူ၏စိတ်ခံစားချက်က အလွန်ကျဆင်းသွားခဲ့သည်။
ယဲ့လန် ၏ ဆက်လက်ရှင်းပြမှုကို ကြားလိုက်ရပြီးနောက် ဆူးယွင်ထောင်းသည် ယဲ့လန် ၏ပခုံးများကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဟားဟားဟား၊ သိပ်ကောင်းတာပေါ့! မင်းရဲ့ အရည်အချင်းတွေ တိုးတက်လာသရွေ့ ဘယ်အဆင့်ကို မရောက်နိုင်ဘဲ နေမလဲ? ဘယ်လို ဝိညာဉ်စွမ်းရည်မျိုးကို မရနိုင်ဘဲ နေမလဲ? ပထမဆုံး ဝိညာဉ်စွမ်းရည်တောင် မလိုတော့ဘူး! တုံလော်တိုက်ကြီး တစ်ခုလုံးမှာ မွေးရာပါ ဝိညာဉ်စွမ်းအားကို တိုးတက်စေနိုင်တဲ့ ဝိညာဉ်ကွင်းဆိုတာ ငါ တစ်ခါမှကို မကြားဖူးခဲ့ဘူး။
နှစ်ခြောက်ရာသက်တမ်းရှိတဲ့ ပထမဆုံး ဝိညာဉ်ကွင်းဆိုတဲ့အတိုင်းပဲ ရှောင်လန်၊ မင်းက တကယ့်ကို ပါရမီရှင်ပဲ! ဒီလောက် သက်တမ်းမြင့်တဲ့ ပထမဆုံး ဝိညာဉ်ကွင်းမျိုးကို တိုက်ကြီးတစ်ခုလုံးမှာတောင် ငါ မြင်ဖူးမှာမဟုတ်ဘူး။
ယဲ့လန် က သူ၏အတွင်းစိတ်မှ ဝမ်းသာမှုကို ဖုံးကွယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ "ဒီတစ်ကြိမ်တော့ ကျွန်တော် ကံကောင်းသွားတာပါ! ဝိညာဉ်ကွင်းကို စုပ်ယူရတာ အရမ်းအန္တရာယ်များတယ်၊ ကျွန်တော် ပြာဖြစ်သွားတော့မယ်လို့တောင် ထင်လိုက်မိတာ!
ဒီအခြေအနေကို ကျော်ဖြတ်နိုင်လိုက်တာနဲ့ မင်းက နဂါးတံခါးကို ခုန်ကျော်သွားတဲ့ ငါးတစ်ကောင်လို ကောင်းကင်ယံမှာ လွတ်လပ်စွာ ပျံသန်းနိုင်တော့မှာပါ။ ရှောင်လန်ရဲ့ အနာဂတ်ကို ဦးလေး မျှော်လင့်နေပါ့မယ်!
နောက်နောင်ဆိုရင် ဘာအန္တရာယ်မှ ထပ်မယူရဘူးနော်။ ဒီတစ်ခါ နေလိုက်သစ်ပင်ကို ဖျက်ဆီးရတဲ့ လုပ်ငန်းစဉ်က အရမ်းချောမွေ့လွန်းနေတော့ သူ့ရဲ့ ဝိညာဉ်ကွင်းက အန္တရာယ်မရှိဘူးလို့ ငါထင်သွားခဲ့မိတာ။ မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းရဲ့ မိဘတွေကို ငါ ဘယ်လို မျက်နှာပြရမလဲ"ဟု ဆူးယွင်ထောင်းက စိုးရိမ်တကြီးဖြင့် ပြောသည်။
ဟုတ်ကဲ့ပါ။ ဒီတစ်ခါ နော့တန်မြို့ကို ပြန်ရောက်ရင် ထျန်းတိုအင်ပါယာ အနောက်ဘက်မှာရှိတဲ့ ဟန်ဟိုင်မြို့ကို သွားပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံဖို့ စဉ်းစားထားပါတယ် ဦးလေးထောင်း" ဟု ယဲ့လန် က သူ၏ အနာဂတ်အစီအစဉ်များကို ပြောပြလိုက်သည်။
ရှောင်လန်၊ မင်းလည်း ကြီးပြင်းလာပြီပဲ။ ကိုယ့်လမ်းကိုယ် ရွေးချယ်ဆုံးဖြတ်နိုင်ပါပြီ။ တောင်ပံမစုံသေးတဲ့ လင်းယုန်လေးဆိုတာလည်း တစ်ချိန်ချိန်ကျရင် တစ်ကောင်တည်း ပျံသန်းနိုင်ဖို့ သင်ယူရမှာပဲလေ" ဟု ဆူးယွင်ထောင်းက ပြောသည်။
ယဲ့လန် ၏ စိတ်ထဲတွင် ဗလာကျင်းသွားသည်။ ဘာကို "လင်းယုန်ငယ်လေး" လို့ ပြောချင်တာလဲ? ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်က ခင်ဗျားနဲ့ သိပ်မကွာဘူးနော် ဟုတ်ပြီလား?
ထို့နောက် ဆူးယွင်ထောင်းက စပ်စုလိုစိတ်ဖြင့် "ဟန်ဟိုင်မြို့ကို ဘာသွားလုပ်မလို့လဲ?" ဟု မေးလိုက်သည်။
"ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်က အခုဆိုရင် နေရောင်ခြည်ကို စုပ်ယူပြီး ကျင့်ကြံနိုင်နေပြီလေ၊ အဲဒီဘက်မှာ ရာသီဥတုက ပိုကောင်းတယ်။ မိုးရွာတဲ့ရက် ဆိုတာလည်း နီးပါးလောက်ကို မရှိတော့ ဟန်ဟိုင်မြို့မှာ ကျင့်ကြံတာက ပိုကောင်းတယ်" ဟု ယဲ့လန် က ရှင်းပြသည်။
နော့တန်မြို့တွင် မိုးခဏခဏရွာတတ်သော်လည်း ဟန်ဟိုင်မြို့တွင် နေသာချိန် အများဆုံးရှိပြီး မိုးရွာလေ့မရှိသောကြောင့် နေရောင်ခြည်ကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေသည်။
"ဟန်ဟိုင်မြို့ဆိုတာ ထျန်းတိုအင်ပါယာမှာ နာမည်ကြီးတဲ့ ကမ်းရိုးတန်းမြို့လေ။ အဲဒီက ရှုခင်းတွေက သိပ်လှသလို ချောမောလှပတဲ့ မိန်းကလေးတွေလည်း အများကြီးပဲ။ အဲဒီကျရင် မိန်းမတစ်ယောက်လောက် ခေါ်လာခဲ့ပေါ့ကွာ~" ဟု ဆူးယွင်ထောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကျွန်တော်က အသက်ဘယ်လောက်ရှိသေးလို့လဲ? ဘာမိန်းမလဲ? အခုအချိန်မှာ အရေးအကြီးဆုံးက ကျင့်ကြံဖို့ပဲ!" ယဲ့လန် က ခေါင်းကို ကိုင်ရင်း ပြောလိုက်သည်။
အလုပ်နဲ့ ဘဝကို မျှတအောင် ထားဖို့ဆိုတာ အရေးကြီးပါတယ်။ ရှောင်လန်က သူ့ရဲ့ သိုင်းဝိညာဉ် ကျင့်ကြံခြင်းအတွက် ဟန်ဟိုင်မြို့အထိ အဝေးကြီးသွားရလောက်အောင်ကို တကယ် ကြိုးစားတာပဲ။
ငါ့ရဲ့ သိုင်းဝိညာဉ်သာ နေရောင်ခြည်ကို စုပ်ယူပြီး ကျင့်ကြံနိုင်မယ်ဆိုရင်တောင် နေသာတဲ့ ဟန်ဟိုင်မြို့ကို သွားဖို့ စဉ်းစားမိမှာ မဟုတ်ဘူး။" ဆူးယွင်ထောင်းက ယဲ့လန်၏ ဉာဏ်ပညာကို ချီးကျူးလိုက်သည်။
ယဲ့လန် က သူ၏ခေါင်းကို ကုတ်ရင်း ရယ်မောလိုက်သည်။ "ဦးလေးထောင်းကလည်း မဆိုးပါဘူး။ ဝိညာဉ်မဟာသခင် ဘယ်နှစ်ယောက်ကများ ဝိညာဉ်နန်းတော် ခွဲရဲ့ သင်းထောက်တွေ ဖြစ်လာနိုင်မှာလဲ!
ဟုတ်တာပေါ့၊ ဒါပေါ့!" ဟု ဆူးယွင်ထောင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ ယဲ့လန် ၏ ချီးကျူးစကားကြောင့် သူ အလွန် ဝမ်းသာသွားသည်။
ထို့နောက် ဆူးယွင်ထောင်းက တစ်စုံတစ်ခုကို သတိရသွားပြီး ရဲ့လန်အား လေးနက်စွာ ပြောလိုက်သည်။ ရှောင်လန်၊ အခု မင်းရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားက အဆင့် ၈ ကို ရောက်နေပြီဆိုတော့ မင်း အသက် ၁၅ နှစ်ရောက်ရင် ဝိညာဉ်မဟာသခင် အဆင့်ကို ရောက်လာလိမ့်မယ်။ အဲဒီကျရင် မင်းရဲ့ မိဘတွေ ပျောက်ဆုံးသွားရတဲ့ အမှန်တရားကို ငါ ပြောပြမယ်။"
ဆူးယွင်ထောင်း၏ လက်များက တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် ရဲ့လန်၏ ပခုံးများ နာကျင်လာသည်။ ယဲ့လန် က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ဦးလေးထောင်း၊ အခုပဲ ပြောပြလို့ မရဘူးလား? ကျွန်တော် အမှန်တရားကို လက်ခံနိုင်ပါတယ်။"
မရဘူး။ မင်းရဲ့ ပါရမီကို အပြည့်အဝ ပြသနိုင်ပြီးမှပဲ မင်းမိဘတွေ ပျောက်ဆုံးသွားရတဲ့ အမှန်တရားကို ငါ ပြောပြမယ်" ဟု ဆူးယွင်ထောင်းက အလေးအနက် ပြောသည်။
ကောင်းပြီလေ၊ လေးနှစ်အတွင်းမှာ ဝိညာဉ်စွမ်းအား အဆင့်ဆယ် တိုးလာဖို့ဆိုတာ ပြဿနာမဟုတ်ပါဘူး။ အဲဒီအချိန်ကျရင် ဦးလေးကို အံ့သြသွားအောင် လုပ်ပြမယ်"ယဲ့လန် က ဆူးယွင်ထောင်းကို မတတ်သာဘဲ သဘောတူလိုက်သည်။
မင်း ကြွားနေတာပါ။ ဝိညာဉ်နန်းတော် ထဲက အထူးချွန်ဆုံး ပါရမီရှင်တွေပဲ လေးနှစ်အတွင်းမှာ အဆင့်ဆယ်ကို တက်လှမ်းနိုင်ကြတာ!
ဆူးယွင်ထောင်းက တစ်ခုခုကို တွေးမိသွားပုံရပြီး ယဲ့လန် ၏ ယုံကြည်မှုကို မထိခိုက်စေလိုသောကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။ "အခု အပြောက်ကျားကျား ရဲ့ အလောင်းကို ဝှက်ထားတဲ့နေရာကို သွားပြီး ရှိသေးလားဆိုတာ သွားကြည့်ရအောင်။"
"အပြောက်ကျားကျားသာ ရှိနေသေးရင် စစ်စစ်ကို မင်းအတွက် အဝတ်အစား တစ်စုံချုပ်ပေးခိုင်းရမယ်။" စစ်စစ်ကို တွေးမိပြီး ဆူးယွင်ထောင်းက ဖွဖွလေး ပြုံးလိုက်သည်။
ဦးလေးလည်း ငယ်တော့တာ မဟုတ်ဘူး။ ကျွန်တော် ပြန်လာတဲ့အချိန်ကျရင် အစ်မစစ်စစ် နဲ့ လက်ထပ်ပြီးလောက်ပြီလို့ မျှော်လင့်ပါတယ်ဗျာ! ယဲ့လန် က စနောက်လိုက်သည်။
ဟားဟား၊ ကြိုးစားကြည့်ရတာပေါ့!
အပြောက်ကျားကျား ချန်ထားခဲ့သော အကြွင်းအကျန်များကို ရှင်းလင်းပြီးနောက် ဦးလေးနှင့် တူဖြစ်သူတို့သည် နောက်ဆုံးတွင် နော့တန်မြို့ သို့ ပြန်ရောက်လာခဲ့ကြသည်။
ယဲ့လန် က ဆူးယွင်ထောင်းကို နှုတ်ဆက်လိုက်သည်။ "ဦးလေးထောင်း၊ ကျွန်တော် ပစ္စည်းတွေ အရင်သွားသိမ်းလိုက်ဦးမယ်၊ ပြီးရင် ဝိညာဉ်သခင် လက်မှတ် လုပ်ဖို့ ဦးလေးဆီ လာခဲ့မယ်။"
ဆူးယွင်ထောင်းသည် သူချန်ထားခဲ့သော ကျားရေ အိတ်ကြီးတစ်အိတ်ကို သယ်လာခဲ့ပြီး ယဲ့လန် မထွက်ခွာမီ စစ်စစ်ကို ကျားရေအဝတ်အစားများ အမြန်ဆုံးချုပ်ပေးရန် ပြောမည်ဟု တတွတ်တွတ် ပြောနေခဲ့သည်။
ယဲ့လန် က အလျင်စလိုမရှိဘဲ ပြောလိုက်သည်။ လောစရာမလိုပါဘူး။ ဟန်ဟိုင်မြို့က အရမ်းပူတာ။ ချုပ်ပြီးသွားရင်တောင် အဘိုးတွမ် အိမ်မှာပဲ ထားခဲ့ရမှာ။
ဆူးယွင်ထောင်းကို နှုတ်ဆက်ပြီးနောက် ယဲ့လန် သည် နော့တန်ကျောင်းတော် ၏ အဆောင် (၇) သို့ ပြန်လာခဲ့သည်။
ယခုအခါ အဆောင် (၇) တွင် ထန်ဆန်း၊ ရှောင်ဝူ နှင့် ယဲ့လန် တို့သာ ကျန်ရစ်တော့သည်။ ဝမ်ရှန်း နှင့် အခြားသူများမှာ ကျောင်းဆင်းသွားကြပြီ ဖြစ်သည်။
ယဲ့လန် အဆောင်သို့ ရောက်သောအခါ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။ ထန်ဆန်း နှင့် ရှောင်ဝူ တို့ မြို့ထဲသို့ ဆင်းကစားရန် သွားကြခြင်းဖြစ်မည်ဟု သူ မှန်းဆလိုက်သည်။
ထိုသို့မဟုတ်ပါက ယဲ့လန် ကို မြင်လျှင် ထန်ဆန်း အသေအချာ အံ့အားသင့်သွားမည်ဖြစ်ပြီး သူ၏ရှေ့မှ ဆံပင်ရွှေရောင်နှင့် လူငယ်က မည်သူနည်းဟု တွေးတောနေမည်ဖြစ်သည်။
ခရီးဆောင်အိတ်ကို ပြင်ဆင်ပြီးနောက် ယဲ့လန် သည် ကျန်ရစ်သော ပစ္စည်းများကို အဆောင်မှူးထံတွင် အပ်နှံခဲ့ပြီး ကျောင်းဆင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးစီးစေရန် နော့တန်ကျောင်းတော် ပညာရေးရေးရာရုံးသို့ သွားရောက်ခဲ့သည်။
မမျှော်လင့်ထားသော ကိစ္စရပ်များ မရှိဘဲ ယဲ့လန် ၏ ကျောင်းဆင်းခြင်း လုပ်ငန်းစဉ်များ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ သို့သော် ယဲ့လန် ကို ကောင်းစွာသိသော ညွှန်ကြားရေးမှူး ဆူးမှာမူ ယဲ့လန် ၏ ကျင့်ကြံခြင်း အမြန်နှုန်းနှင့် ရုပ်ရည်သွင်ပြင် ပြောင်းလဲမှုများကြောင့် အံ့အားသင့်သွားခဲ့သည်။
သူက အသက်နှစ်ဆယ်ကျော်အရွယ်ရှိ လက်မထပ်ရသေးသော သူ၏မြေးမလေးနှင့် ယဲ့လန် ကို မိတ်ဆက်ပေးချင်နေသောကြောင့် ရဲ့လန်ကို အလွန်လန့်သွားစေကာ အသက်ငယ်လွန်းသေးသဖြင့် ဤကဲ့သို့သော လက်ဆောင်မျိုးနှင့် မထိုက်တန်ကြောင်း ပြောရင်း ကျောပိုးအိတ်ကိုကောက်လွယ်ကာ ထွက်ပြေးခဲ့ရသည်။
ပညာရေးရေးရာရုံးမှ ဖရိုဖရဲ ထွက်ပြေးလာသော ယဲ့လန် သည် သူထက် ခေါင်းတစ်လုံးခန့် ပုသော မိန်းကလေးတစ်ဦးနှင့် မတော်တဆ ဝင်တိုက်မိသွားသည်။
"အော့! မျက်စိကန်းနေလား? ငါ့ကို ဝင်တိုက်ရအောင်လို့!" မြေပြင်ကို ထောက်ထားရသော သူမ၏လက်များကို ပွတ်သပ်ရင်း ရှောင်ဝူ က အော်လိုက်သည်။
ရှောင်ဝူ ကို ဝင်တိုက်မိသွားခြင်းကြောင့် ယဲ့လန် အံ့သြသွားသည်။ ကျောင်းမှ ထွက်ခွာပြီးနောက် ဤကဲ့သို့သော ပြဿနာလေးတစ်ခု ကြုံတွေ့ရမည်ဟု သူ မထင်ထားခဲ့ပေ။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်! ခုနက သတိမထားမိလိုက်လို့ပါ။" ယဲ့လန် က သူထက် ခေါင်းတစ်လုံးခွဲခန့် ပုသော မိန်းကလေးကို ငုံ့ကြည့်လိုက်ရာ ရှောင်ဝူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ရှောင်ဝူ ၏ဘေးတွင် ထန်ဆန်း မရှိပေ။
သူတို့နှစ်ဦးမှာ ခွဲခွာ၍မရအောင် တွဲနေတတ်သော်လည်း ယနေ့တွင် အကြောင်းတစ်ခုခုကြောင့် အတူရှိမနေခဲ့ကြပေ။
ရှောင်ဝူ က ဆံပင်ရွှေရောင်ဖျော့ဖျော့နှင့် လူငယ်ကို မော့ကြည့်လိုက်သည်။ သူမသည် သူ့ကို အရင်က မြင်ဖူးသလိုလို ရှိသော်လည်း မမြင်ဖူးသလိုလည်း ခံစားနေရသည်။ "နင်က ဘယ်သူလဲ? မမရှောင်ဝူ ကို နင် မမှတ်မိဘူးလား?
ဒါပေါ့ သိတာပေါ့။ ငါက ဒီနေ့ နော့တန်ကျောင်းတော် ကနေ ကျောင်းဆင်းမှာလေ ဟု ယဲ့လန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
ထိုအခါ ရှောင်ဝူ က ဒေါသတကြီးဖြင့် "ငါဘယ်သူလဲဆိုတာ နင်သိနေမှတော့ ဘာလို့ မြန်မြန် လာမထူပေးရတာလဲ?"
ရှောင်ဝူ ကို ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ်ခက်ခဲသည်ဟု ယဲ့လန် ခံစားလိုက်ရပြီးနောက် ထန်ဆန်း ကို တွေးမိသွားသည်။ ငါ မထူပေးဘူး၊ ထန်ဆန်း အထင်လွဲသွားမှာကို မလိုချင်ဘူး။
အကယ်၍ ထန်ဆန်း သာ ဤမြင်ကွင်းကို မြင်တွေ့သွားပြီး အထင်လွဲသွားပါက ပြဿနာပိုကြီးသွားနိုင်ပြီး သူကိုယ်တိုင် သေစာရင်းထဲ ပါသွားနိုင်ပေသည်။
ယဲ့လန် က ထန်ဆန်း အကြောင်း ပြောလိုက်သည်ကို ရှောင်ဝူ ကြားသောအခါ သူမ၏မျက်နှာ နီမြန်းသွားသည်။ "နင်၊ နင်၊ နင်! ငါ့အစ်ကိုက ဘယ်တော့မှ အထင်လွဲမှာ မဟုတ်ဘူး။
ထို့နောက် ရှောင်ဝူ က နောက်ပြန်ခုန်ကာ ယဲ့လန် အနီးသို့ ချဉ်းကပ်လာပြီး ယဲ့လန်ကို ပညာပေးရန် ပြင်ဆင်လိုက်သည်။
ရှောင်ဝူ ချဉ်းကပ်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ယဲ့လန် သတိဝင်သွားသည်။
သူ၏ခြေထောက်ကို တစ်ချက်ဆောင့်နင်းလိုက်ရာ နေရာတွင် ခြေရာတစ်ခု ကျန်ရစ်ခဲ့ပြီး သူ့ကိုယ်သူနှင့် ရှောင်ဝူ ကြားရှိ အကွာအဝေးကို ချက်ချင်း ကျယ်သွားစေသည်။
ယဲ့လန် ၏ ဆုတ်ခွာသွားသော အမြန်နှုန်းကြောင့် ရှောင်ဝူ အံ့အားသင့်သွားသည်။ နော့တန်ကျောင်းတော် တွင် သူမလောက် နီးပါး မြန်ဆန်သော ဝိညာဉ်သခင် တစ်ဦးနှင့် သူမ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင် ဖြစ်သည်။
သူမရှေ့ရှိ ဆံပင်ရွှေရောင်လူငယ်သည် အားနည်းသူမဟုတ်ကြောင်း ရှောင်ဝူ သိလိုက်သဖြင့် သူမ၏ သိုင်းဝိညာဉ် ကို ထုတ်ဖော်ရန် ပြတ်သားစွာ ရွေးချယ်လိုက်သည်။
ရှောင်ဝူ သည် ပန်းရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး သူမ၏ခေါင်းပေါ်တွင် အမွေးပွ ယုန်နားရွက်တစ်စုံ ထွက်ပေါ်လာသည်။
အားပါးတရ ခုန်ပျံလိုက်မှုနှင့်အတူ ယခုအခါ သိုင်းဝိညာဉ် ထုတ်ဖော်ထားသော ရှောင်ဝူ သည် သူမ၏ အမြန်နှုန်းကို သိသိသာသာ မြှင့်တင်လိုက်ပြီး ယဲ့လန် ၏ ခေါင်းပေါ်သို့ ချက်ချင်း ခုန်တက်သွားသည်။
လေထဲတွင် လည်ထွက်နေသော ရှောင်ဝူ ကို မြင်လိုက်ရသဖြင့် ရှောင်ဝူ သည် သူ့ကို တကယ်ပင် ပညာပေးရန် စီစဉ်နေကြောင်း ယဲ့လန်သိလိုက်သည်။
ယဲ့လန် သည်လည်း နောက်မဆုတ်ခဲ့ပေ။ သူသည် အသစ်ဆင့်ကဲပြောင်းလဲထားသော ငွေပြာမြက် ကို စမ်းသပ်လိုသလို အပြည့်အဝ ဆင့်ကဲမပြောင်းလဲသေးသော အလင်းရောင်အသက်ဝင်နေသောမြက်၏ ခွန်အားကိုလည်း စစ်ဆေးလိုသည်။