အခန်း ၂၉ သုံးနှစ်တာကာလ တရွေ့ရွေ့ကုန်လွန်ခြင်း
မှောင်မိုက်ကျဉ်းမြောင်းလှသော ထောင်ခန်းငယ်လေးထဲတွင် သန်မာထွားကျိုင်းသော လူလေးယောက်နှင့်အတူ ကုတင်ပေါ်၌ တင်းကျပ်စွာ ချည်နှောင်ခံထားရသည့် ယွီရှောင်ကန်း ရှိနေခဲ့သည်။
သုံးနှစ်နှင့် ခြောက်လကြာအောင် နေ့စဉ်ရက်ဆက် ငရဲခန်းဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရပြီးနောက် သူသည် သူ၏ အနာဂတ်အတွက် မျှော်လင့်ချက်ဟူသမျှ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
သူ မြေပြင်ပေါ်၌ ခြေချကာ လမ်းမလျှောက်ဖူးတာ မည်မျှကြာခဲ့ပြီလဲဆိုတာကိုပင် သူကိုယ်တိုင် မမှတ်မိတော့ချေ။
"ညီအစ်ကိုတို့... ဒီနေ့က ငါတို့ အလုပ်လုပ်ရမယ့် နောက်ဆုံးနေ့ပဲဟေ့"
"ဟင်... တကယ်ပဲ နောက်ဆုံးနေ့လား"
"တိတိကျကျ ပြောရရင်တော့ နောက်ထပ် နှစ်နာရီပဲ လိုတော့တယ်"
"ကောင်းပြီလေ"
"တတိယညီလေး စတုတ္ထညီလေး... နားမနေကြနဲ့တော့ နောက်ဆုံး ပိတ်တိုက်စစ်အတွက် ပြင်ဆင်ကြစို့"
"ဟုတ်ကဲ့"
"တာဝန် ပြီးဆုံးအောင် ဆောင်ရွက်မယ်"
"အပြတ်ရှင်းပစ်လိုက်"
ယွီရှောင်ကန်းသည် ထွားကျိုင်းလှသော လူလေးယောက်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရသည့် အခါတွင် သူ၏ မျက်နှာပေါ်၌ ခေါင်းမာရုန်းကန်လိုသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဤယွီရှောင်ကန်းတစ်ယောက် ဘယ်လောက် ပြင်းထန်တဲ့ မုန်တိုင်းတွေကို ကြုံတွေ့ခဲ့ရသလဲဆိုတာမသိနိုင်ပေ။
..................................
တစ်ချိန်တည်းမှာပင် လမင်းမျှော်စင်၏ ထန်ယွဲ့ဟွာ၏ အိပ်ခန်းထဲ၌...
ဖူယဲ့သည် အိပ်ရာမှ နိုးထနေခဲ့ပြီ ဖြစ်ကာ သူနှင့် ယွဲ့ဟွာတို့သည် တကယ့် ဇနီးမောင်နှံအိုကြီးများကဲ့သို့ သဟဇာတ ဖြစ်နေကြပြီ ဖြစ်သည်။
သူတို့နှင့်အတူ သုံးနှစ်တိုင်တိုင် အတူတကွ အိပ်စက်ခဲ့သော်လည်း အခုထက်ထိ ကလေးမရရှိသေးသည့် အချက်နှင့် ပတ်သက်၍ ဖူယဲ့က မိန်းကလေးများကို သေသေချာချာ ရှင်းပြထားခဲ့သည်။
သူသည် အသက်ငယ်ရွယ်သေးသဖြင့် ကလေး မယူလိုသေးတာကြောင့် လျှို့ဝှက်နည်းလမ်းအချို့ကို အသုံးပြုထားခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။
အာဝူက ကိစ္စမရှိကြောင်း ပြောခဲ့ပြီး အာယင်ကလည်း ဂရုမစိုက်ကြောင်း တုံ့ပြန်ခဲ့ကာ ယွဲ့ဟွာကလည်း ဖူယဲ့အနေဖြင့် သူမကို ဆက်လက် ချစ်ခင်ပေးနေသရွေ့ လုံလောက်ပြီဟု ဆိုခဲ့သည်။
ဤကဲ့သို့သော ဇနီးကောင်းများကို ပိုင်ဆိုင်ထားရသည့်အတွက် ယောက်ျားတစ်ယောက်အနေဖြင့် နောက်ထပ် ဘာကို မျှော်လင့်ရဦးမည်နည်း။
အာဝူသည် ဖူယဲ့ ပေးအပ်ထားသည့် ခရမ်းရောင်ကျောက်မျက် ကောင်းကင်ထိုးဖောက်မြက် နတ်ဘုရားဆေးဖက်ဝင်အပင်ကို စားသုံးခဲ့ပြီးနောက် သူမ၏ ဝိညာဉ်သည် နူးညံ့သောအကြောရှိ ယုန်လေးအဆင့်မှ မိစ္ဆာယုန် အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ယခုအခါ အဆင့် ၇၃ ဝိညာဉ်သူတော်စင် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အာယင်၏ ကျင့်ကြံခြင်း အဆင့်ကတော့ အာဝူထက် ပိုမို မြင့်မားကာ အဆင့် ၇၉ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဝိညာဉ်ဒိုလော့ အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ယွဲ့ဟွာတွင် ဒီနေ့ သင်တန်းများ မရှိတာကြောင့် ဖူယဲ့သည် သူမနှင့်အတူ မိုးလင်းသည်အထိ အချိန်ကုန်လွန်ခဲ့သည်။ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ အတွေ့အကြုံများကြောင့် ဖြစ်နိုင်သလို သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်းကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ယခုအခါ အဆင့်မြင့် ဝိညာဉ်ဘုရင် အဆင့်သို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။
သုံးနှစ်တာ ကာလအတွင်း ဖူယဲ့သည် နေရာနှစ်ခုကြားတွင် အပြန်အလှန် သွားလာနေခဲ့ရခြင်း ဖြစ်သည်။ တစ်ဖက်တွင် ထန်ယွဲ့ဟွာ ရှိနေပြီး အခြားတစ်ဖက်တွင်မူ အာယင်နှင့် အာဝူတို့ ရှိနေကြသည်။
ထို့ကြောင့် သူ ကျူရှန့်ဂေသို့ သိပ်ပြီး မရောက်ဖြစ်ချေ။
သူ မျှော်လင့်ထားသည့်အတိုင်း ချန်ရှင်း၏ ကိုးခုမြောက် ဝိညာဉ်ကွင်းသည် နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီး ၎င်းသည် နှစ်ပေါင်း ၁၅၀,၀၀၀ သက်တမ်းရှိ စွမ်းအားမြင့် ဝိညာဉ်ကွင်း ဖြစ်သည်။
ဖူယဲ့တွင် နတ်ဘုရားပေး ဝိညာဉ်ကွင်း ရှိကြောင်း သိရှိသွားပြီးနောက် မြေခွေးအိုကြီး နင်းဖုန်းကျိသည် ၎င်းကို ဝယ်ယူရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် ဖူယဲ့က ကျူရှန့်ဂေ၏ စီးပွားရေးလုပ်ငန်းများကို ကူညီချဲ့ထွင်ပေးရမည်ဟူသော ကတိကဝတ်ဖြင့်သာ ထိုနတ်ဘုရားပေး ဝိညာဉ်ကွင်းကို ပေးအပ်ခဲ့သည်။
ထိုနတ်ဘုရားပေး ဝိညာဉ်ကွင်းကို အရိုးဒိုလော့ ဂူရုံအား ပေးအပ်လိုက်သည်။
သူ၏ ဝိညာဉ်သည် အရိုးနဂါး ဖြစ်တာကြောင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ချန်ရှင်းထက် ပိုမို မြင့်မားရာ သူ၏ ကိုးခုမြောက် ဝိညာဉ်ကွင်းကို စုပ်ယူသည့် အခါတွင် နှစ်ပေါင်း ၁၇၀,၀၀၀ သက်တမ်းရှိ စွမ်းအားမြင့် ဝိညာဉ်ကွင်းကို တိုက်ရိုက် စုပ်ယူနိုင်ခဲ့သည်။
ထိုကိစ္စကြောင့် မြေခွေးအိုကြီး နင်းဖုန်းကျိသည် သူ့ကို ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းသို့ ထမင်းစားဖိတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူက အမြဲတမ်း ငြင်းပယ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဖူယဲ့၏ စိတ်ထဲတွင် နင်းဖုန်းကျိသည် အလွန် လှည့်ပတ်တတ်သော မြေခွေးအိုကြီး တစ်ကောင် ဖြစ်တာကြောင့် သူ့ကို အလွယ်တကူ အသုံးချသွားနိုင်ကြောင်း သိထားသည်။
သူ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့ပြီး ဖြစ်ရာ ကျူရှန့်ဂေကို ကူညီ စီမံခန့်ခွဲပေးရန်အတွက် နင်းဖုန်းကျိကို အသုံးချခြင်းက အဆင်ပြေလှသည်။
သုံးနှစ်အတွင်း ကျူရှန့်ဂေ၏ နယ်မြေသည် အာယင်ကထက် နှစ်ဆကျော် ချဲ့ထွင်နိုင်ခဲ့သည်။ မြေခွေးအိုကြီး နင်းဖုန်းကျိသည် ကျူရှန့်ဂေ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို သူနှင့်အတူ ဆွေးနွေးခဲ့ပြီး ကောင်းကင်မြို့တော်မှနေ၍ ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံငယ်လေးများဆီသို့ပါ ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။
သူသည် မြို့တော်ရှိ ပင်မဆိုင်ကြီးကိုသာ ပြန်လည် မွမ်းမံမှုများ ပြုလုပ်ရသေးခြင်း ဖြစ်ပြီး အခြား ဒေသများတွင် ဆိုင်ခွဲများ ဖွင့်လှစ်ခြင်းကိုမူ မလုပ်ဆောင်ရသေးချေ။
လမင်းမျှော်စင်မှ ထွက်ခွာလာပြီးနောက် အဝေးကနေ ကြည့်လျှင်ပင် အလွန် ထင်ရှားလှသော အဆောက်အအုံကြီးတစ်ခုကို မြင်တွေ့နိုင်သည်။ မှန်ပါသည် ၎င်းမှာ ကျူရှန့်ဂေပင် ဖြစ်သည်။
ယနေ့ခေတ် ကျူရှန့်ဂေသည် မူလထက် သုံးဆခန့် ပိုမို ကြီးမားလာခဲ့ပြီး အဆောက်အအုံ ကြီးမားလာသည်နှင့်အမျှ ဝန်ထမ်း အရေအတွက်လည်း ပိုမို များပြားလာခဲ့သည်။
သို့သော် စည်းကမ်းချက်များကတော့ ပြောင်းလဲခြင်း မရှိချေ။ ရှေ့တန်းဝန်ထမ်းများက အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ရရှိပြီး နောက်တန်းဝန်ထမ်းများက ၂၀ ရာခိုင်နှုန်း ရရှိကြသည်။
ကောင်းကင်မြို့တော် ကျူရှန့်ဂေ။
ဆိုင်မဖွင့်သေးသော်လည်း တာဝန်ကျ ဝန်ထမ်းများက စောစောစီးစီး ရောက်ရှိနေကြပြီး ဆိုင်ကို သန့်ရှင်းရေး လုပ်ဆောင်နေကြသည်။
ဆံပင်အနီရောင်နှင့် မိန်းကလေးတစ်ဦးက ဝန်ထမ်းများကို တည်ငြိမ်စွာဖြင့် ညွှန်ကြားကာ အလုပ်လုပ်ခိုင်းနေခဲ့သည်။ မှန်ပါသည် သူမကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဤနေရာတွင် စတင် အလုပ်လုပ်ခဲ့တဲ့ လျူအာလုံ ဖြစ်သည်။
သူမသည် ယခုအခါ သူမ၏ ထူးချွန်လှသော စွမ်းဆောင်ရည်များကြောင့် ရှေ့တန်းဆိုင်ခွဲ၏ မန်နေဂျာလက်ထောက် ရာထူးသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူမသည် အသက် ၁၉ နှစ်သာ ရှိသေးသော်လည်း သန်မာထက်မြက်သော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
သူမ၏ စွမ်းအားကလည်း ပိုမို တိုးတက်လာခဲ့ပြီး အဆင့် ၄၉ အမြင့်ဆုံး ဝိညာဉ်ဘိုးဘေး အဆင့်သို့ ရောက်ရှိနေကာ ဝိညာဉ်ဘုရင် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
"အိုး... မန်နေဂျာ အာလုံကတော့ အလုပ်ရှုပ်နေတာပဲ"
ဖူယဲ့က အနားသို့ ချဉ်းကပ်သွားရင်း သူမကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။
"အာ... အစ်ကို ဖူယဲ့ ရောက်လာပြီပဲ"
လျူအာလုံသည် ဖူယဲ့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရတဲ့ အခါတွင် သူမ၏ လှပသော မျက်ဝန်းများက တောက်ပသွားခဲ့သည်။
"အင်း... ဒီရက်ပိုင်း ငါ သိပ်ပြီး အလုပ်မရှိတာနဲ့ ဆိုင်ရဲ့ အခြေအနေတွေကို လာကြည့်တာ"
ဖူယဲ့က ပြောရင်းနှင့် ထုံးစံအတိုင်း လျူအာလုံ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
[ လျူအာလုံ၏ လက်ရှိ နှစ်သက်သဘောကျမှု အဆင့်အတန်း - ၉၃ ရာခိုင်နှုန်း နှလုံးသားထဲတွင် တိတ်တဆိတ် သဘောကျနေခြင်း ]
"ဟိဟိ... အစ်ကို ဖူယဲ့ ဘာစားချင်လဲ။ ငါ မီးဖိုချောင်ထဲသွားပြီး အထဲက ဦးလေးတွေကို လုပ်ခိုင်းပေးမယ်"
သူတို့၏ မန်နေဂျာလက်ထောက် လျူအာလုံသည် ခန့်ညားထည်ဝါပြီး ချမ်းသာကြွယ်ဝလှတဲ့ အလုပ်ရှင် ဖူယဲ့၏ ရှေ့မှောက်တွင် ဤကဲ့သို့ မိန်းကလေးဆန်သော အမူအရာမျိုး ပြသနေသည်ကို မြင်တွေ့လိုက်ရတဲ့ ဝန်ထမ်းများအားလုံးက သဘောကျကာ ပြုံးနေကြသည်။
သူမအနေဖြင့် အလုပ်ရှင် ဖူယဲ့အပေါ် စိတ်ကူးရှိနေသည်ကို မည်သူမဆို မြင်နိုင်သော်လည်း သူမကိုယ်တိုင်ကတော့ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီလေ... ဒါတွေကို အထဲက ဝါရင့် စားဖိုမှူးတွေကို သေသေချာချာ ပြင်ဆင်ခိုင်းလိုက်ပါ"
ဖူယဲ့က သူမ၏ လက်ထဲသို့ အိတ်တစ်အိတ် ကမ်းပေးလိုက်ပြီး အထဲတွင် ပါဝင်သော ပစ္စည်းများက သိပ်ပြီး လေးလံပုံမရချေ။
"ဟုတ်ကဲ့ပါ အရှင်... တာဝန် ပြီးဆုံးအောင် ဆောင်ရွက်ပါ့မယ်"
ပြောပြီးသည်နှင့် သူမက မီးဖိုချောင်ဘက်သို့ အမြန် ပြေးလွှားသွားခဲ့ပြီး ဖူယဲ့ကတော့ ကျယ်ဝန်းသော နေရာတစ်ခုတွင် ထိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သူသည် လျူအာလုံ၏ ပွင့်လင်းပြီး လွတ်လပ်လှသော စရိုက်ကို သဘောကျသလို လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သူ ဆိုင်သို့ ရောက်လာသည့် အကြိမ်တိုင်း ဤမိန်းကလေးငယ်လေးကို စနောက်တတ်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်လူက မန်နေဂျာလက်ထောက် ဖြစ်လာခဲ့သော်လည်း ဆိုင်မန်နေဂျာကတော့ လွန်ခဲ့တဲ့ သုံးနှစ်က ရှောင်လန်သာ ဖြစ်နေဆဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှောင်လန်က စီမံခန့်ခွဲမှု အပိုင်းတွင် ပိုမို ကျွမ်းကျင်သည် မဟုတ်ပါလား။
ခဏအကြာတွင် လျူအာလုံသည် ရှောင်လီဇီနှင့်အတူ အစားအစာ လင်ဗန်းကို ကိုင်ဆောင်ကာ ဖူယဲ့ ရှိရာသို့ ရောက်ရှိလာခဲ့သည်။
နှစ်ပေါင်း ၃,၀၀၀ သက်တမ်းရှိ ပြာလဲ့ငါးကြီး၏ ငါးဆီ ပင်လယ်နက် ပုစွန်အနီ သုံးကောင်နှင့် နှစ်ပေါင်း တစ်ထောင် သက်တမ်းရှိ မျှစ်နုလေး နှစ်ခု ပါဝင်သည်။
ဟင်းပွဲများက အလွန် ပေါ့ပါးလှပြီး ၎င်းက ဖူယဲ့ အထူး ရွေးချယ်ထားတဲ့ နံနက်စာ ဖြစ်သည်။
လင်ဗန်းကို ချထားပေးပြီးနောက် ရှောင်လီဇီက အလိုက်သိစွာဖြင့် ထွက်ခွာသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူသည် ယခုအခါ လျူအာလုံ၏ လက်အောက်တွင် အလုပ်လုပ်နေရတာကြောင့် သူ၏ မန်နေဂျာ မည်သို့ စီစဉ်နေသည်ကို သဘာဝကျကျ သိရှိထားသည်။
သူက စိတ်ထဲကနေ "ဒီအစီအစဉ်က တကယ်ကို မိုက်တယ်" ဟု ရေရွတ်လိုက်သည်။
"အစ်ကို ဖူယဲ့... အစားအစာတွေ ရပါပြီ"
စုစုပေါင်း ဟင်းပွဲငယ် သုံးပွဲသာ ရှိပြီး ပုံဆောင်ခဲကဲ့သို့ ကြည်လင်နေတဲ့ ငါးဆီ ဟင်းပွဲက အလွန် ဆွဲဆောင်မှု ရှိလှသည်။
ဟင်းပွဲများကို ချပေးပြီးနောက် လျူအာလုံက သူမ၏ အလုပ်များကို ဆက်လက် လုပ်ဆောင်ရန် လှည့်ထွက်သွားသော်လည်း ဖူယဲ့က သူမကို ပြန်ခေါ်လိုက်သည်။
"မင်းလည်း ဒီနှစ်ပေါင်း တစ်ထောင် သက်တမ်းရှိ ငါးဆီရဲ့ တစ်ဝက်ကို စားလိုက်ဦး ပြီးတော့ ပုစွန်အနီ တစ်ကောင်ကိုလည်း စားလိုက်"
လျူအာလုံ၏ ဝိညာဉ်စွမ်းအားက ယခုအခါ အဆင့် ၄၉ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤအရာများကို စားသုံးပြီးနောက် သူမ ချက်ချင်း အဆင့်တက်လှမ်းနိုင်မည် ဖြစ်ကြောင်း သူ ခံစားမိသည်။
"အာ... ဒါက မကောင်းပါဘူး"
"ရပါတယ်... စားလိုက်ပါ။ မင်းလည်း နံနက်စာ မစားရသေးဘူး မဟုတ်လား"
"ကျေးဇူးတင်ပါတယ် အစ်ကို ဖူယဲ့" (သူမက ဖူယဲ့၏ မျက်နှာချင်းဆိုင်တွင် ချက်ချင်း ထိုင်လိုက်သည်)