အခန်း ၂၁ ထန်ဆန်း၏ အဒေါ်ကို သိမ်းပိုက်ခြင်း
လမင်းမျှော်စင် ထန်ယွဲ့ဟွာ၏ ရုံးခန်းအတွင်း။
[လက်ရှိ ထန်ယွဲ့ဟွာ၏ နှစ်သက်သဘောကျမှု အဆင့်အတန်း - ၉၅ ရာခိုင်နှုန်း]
ဒီအချိန်မှာ ဖူယဲ့က သူမကို ရင်ခွင်ထဲ ထည့်ဖက်ထားပြီး ထန်ယွဲ့ဟွာ၏ မျက်နှာထက်က အနီမြန်းမှုတွေက သူမ ရင်ခုန်စိတ်လှုပ်ရှားနေတာကို ဖော်ပြနေသည်။
သူက သူမနားရွက်နား တိုးကပ်ပြီး ခပ်တိုးတိုး ပြောလိုက်ရာ သူမ၏ နုနယ်သော ခန္ဓာကိုယ်လေး ချက်ချင်း တုန်ရင်သွားခဲ့သည်။
"အစ်မ ယွဲ့ဟွာ... အစ်မဆီက ကိုယ်သင်းနံ့လေးက တကယ်မွှေးတာပဲ"
ဖူယဲ့က ထိုနုညက်လှသော မျက်နှာပြင်လေးပေါ် သူ့ပါးပြင်ကို ကပ်လိုက်ရာ နွေးထွေးတဲ့ အထိအတွေ့ကြောင့် ထန်ယွဲ့ဟွာ တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွားရသည်။
"အာ..."
ထန်ယွဲ့ဟွာသည် သူမခန္ဓာကိုယ်ကို ဖူယဲ့က ဖိကပ်ထားသည်ကို ခံစားလိုက်ရပြီး ဆောင်းဦးရာသီ ရေပြင်လို ကြည်လင်လှတဲ့ မျက်ဝန်းအစုံကို အလိုက်သင့် မှိတ်ချလိုက်တော့သည်။
ရှက်သွေးဖြန်းပြီး အဆင်သင့်ဖြစ်နေတဲ့ အစ်မ ယွဲ့ဟွာကို ကြည့်ရင်း သူက ချက်ချင်း ပွေ့ဖက်ကာ အိစက်ညှက်ောလှတဲ့ ဆိုဖာပေါ်သို့ ဖိချလိုက်တော့သည်။
ဒါကို သတိပြုမိသွားတော့ ယွဲ့ဟွာက သူမ၏ လှပလှတဲ့ အရောင်ဖျော့ဖျော့ မျက်ဝန်းဝိုင်းကြီးတွေကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဖွင့်ကြည့်လာခဲ့သည်။
"အစ်မ ယွဲ့ဟွာ... အစ်မက တကယ်ကို လှလွန်းတယ်"
ပြောပြီးသည်နှင့် ဖူယဲ့က သူမကို တိုက်ရိုက် နမ်းရှိုက်လိုက်တော့သည်။ ထန်ယွဲ့ဟွာက ရုန်းကန်ရန် ကြိုးစားသော်လည်း ဖူယဲ့က ၎င်းကို ဖိနှိပ်ထားခဲ့သည်။
တစ်ဖက်လူ၏ အနိုင်ကျင့်ဆန်ဆန် နမ်းရှိုက်မှုက သူမကို ခဏတာ ကြောင်အသွားစေသော်လည်း ဖူယဲ့၏ လက်တွေ ခြေတွေကလည်း ငြိမ်ငြိမ်မနေတာကြောင့် ထန်ယွဲ့ဟွာ၏ ပါးပြင်နှစ်ဖက်က မှည့်ဝင်းနေတဲ့ ပန်းသီးတစ်လုံးလို အနီရဲလာခဲ့ရသည်။
ညနေစောင်း အချိန်အထိတိုင်အောင် ဖူယဲ့သည် ထန်ယွဲ့ဟွာ၏ အနီမြန်းနေသော ပါးပြင်ပေါ်က ခေါင်းမာမှုကို မြင်တွေ့နေရဆဲ ဖြစ်သည်။
"ငါ့ရဲ့ ချစ်လှစွာသော ယွဲ့ဟွာ... ဘာလဲ အခုထိ အရှုံးမပေးချင်သေးဘူးလား"
ဖူယဲ့က သူ့အောက်မှာ နူးညံ့ပျော့ခွေနေတဲ့ ထန်ယွဲ့ဟွာကို စိတ်ဝင်တစားဖြင့် ငုံ့ကြည့်လိုက်သည်။
"ဟွန့်... မကျေနပ်ဘူး... ဝါး..."
ညဉ့်နက်သန်းခေါင်ယံ အချိန်အထိ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီး မလှုပ်ရှားနိုင်တော့သည့်တိုင်အောင် သူမက ခေါင်းမာနေဆဲ ဖြစ်သည်။
ဖူယဲ့ကလည်း သိပ်ပြီး အတင်းအကျပ် မလုပ်တော့ဘဲ သူမကို ရင်ခွင်ထဲ ထည့်ဖက်ကာ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။
[ဂုဏ်ယူပါတယ် ပိုင်ရှင် သင်သည် ထန်ယွဲ့ဟွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါပြီ။ လက်ရှိ နှစ်သက်သဘောကျမှု အဆင့်အတန်းက ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး သော့ခတ်ထားပြီး ဖြစ်သည်]
အခြားတစ်ဖက် ဝိညာဉ်နန်းတော် ပုပ်ရဟန်းမင်းကြီး နန်းတော်ရဲ့ မြေအောက် စစ်ဆေးမေးမြန်းရေး အခန်းထဲတွင်မူ...
ယွီရှောင်ကန်းက ဆိုးရွားလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
"အစ်ကိုကြီး... အစ်ကိုကြီးတို့... ကျွန်တော့်ကို လွှတ်ပေးကြပါဗျာ လွှတ်ပေးကြပါဦး။ ကျွန်တော် မခံစားနိုင်တော့ဘူး... တကယ်မခံစားနိုင်တော့ဘူး"
ယွီရှောင်ကန်း၏ မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်နေပြီး မျက်နှာတစ်ခုလုံး ပေရေညစ်ပတ်နေကာ အလွန်အမင်း ဝေဒနာခံစားနေရကြောင်း သိသာလှသည်။
"ဟေ့... ဒီနေ့က ပထမဆုံးနေ့ပဲ ရှိသေးတာကွ"
"ဟားဟားဟား... သန့်ရှင်းသောမိန်းကလေးက မင်းကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးဖို့ ငါတို့ညီအစ်ကိုတွေကို မှာထားတာ။ နောက်လာမယ့် ခြောက်လအတွင်းမှာ ငါတို့ကလွဲလို့ ဘယ်သူမှ မင်းဆီ လာမှာမဟုတ်ဘူး"
"ဘီဘီတုန်း... ဘီဘီတုန်း... မင်းကို ငါ..."
သူ အော်ဟစ်ဆဲဆိုနေတာကို တွေ့တော့ ခေါင်းဆောင်ဖြစ်သူက သူတို့ရဲ့ အနံဆိုးထွက်နေတဲ့ ခြေအိတ်တွေကို ယူပြီး ၎င်း၏ ပါးစပ်ထဲသို့ အတင်း ထိုးထည့်ပစ်လိုက်သည်။
"ဘာလို့ အော်နေတာလဲကွ"
လမင်းမျှော်စင်တွင်မူ... ဖူယဲ့နှင့် တွေ့ကြုံပြီးနောက် ထန်ယွဲ့ဟွာတစ်ယောက် နာလန်ပြန်ထူရန် အချိန်အတော်ကြာ အနားယူလိုက်ရသည်။
သူမ နိုးလာတဲ့အချိန်မှာ ပတ်ဝန်းကျင်က မှောင်မိုက်နေဆဲဖြစ်ပြီး ဖူယဲ့က သူမအနားမှာ မရှိတော့ချေ။
"လူယုတ်မာကြီး... ငါ့ခန္ဓာကိုယ်ကို ယူပြီးတော့ ချက်ချင်း ပျောက်သွားတယ်ပေါ့။ နောက်မှ တွေ့ကြသေးတာပေါ့"
"ကျွီ..."
တံခါးက ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး အာဟာရဖြစ်စေမယ့် စွပ်ပြုတ်တစ်ခွက်ကို ကိုင်ဆောင်ထားတဲ့ ဖူယဲ့က အခန်းထဲ ဝင်လာခဲ့သည်။
"မင်း ငါ့ကို ဘာလုပ်မလို့လဲ... ချစ်လှစွာသော ယွဲ့ဟွာရဲ့"
ဖူယဲ့ကို မြင်လိုက်ရတဲ့ အခါမှာတော့ ယွဲ့ဟွာ ရင်ထဲ နွေးကနဲ ဖြစ်သွားခဲ့သော်လည်း မျက်နှာကိုတော့ ဆူပုပ်ပုပ် ခေါင်းမာဟန်လေး လုပ်ထားဆဲ ဖြစ်သည်။
"ဟွန့်... ရှင်နဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး"
သူမက မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်ရာ ချက်ချင်း ချော့မြှူပေးရမည့် ပုံစံလေး ဖြစ်နေတော့သည်။
"တကယ်ပဲ မပြောဘဲ နေနိုင်လို့လား"
ဖူယဲ့၏ စကားကြောင့် ထန်ယွဲ့ဟွာ မျက်နှာ အနီရဲသွားကာ "ရှင်နဲ့ မခေါ်ဘဲ နေနိုင်တာပေါ့... တကယ်ပြောတာ" ဟု ဆိုလိုက်သည်။
မနေ့ညက သူတို့နှစ်ယောက်ရဲ့ ရင်ခုန်စရာ အချိန်တွေကို ပြန်တွေးမိပြီး သူမ စိတ်ထဲ အလွန် ဇဝေဇဝါ ဖြစ်နေရသည်။
"ဟွန့်... လျှာလေး အဆမတန် ရှည်နေတာပဲ"
ထိုသို့ ပြောဆိုနေသော်လည်း ဖူယဲ့ ကမ်းပေးလာတဲ့ စွပ်ပြုတ်ကိုမူ သူမ ငြင်းပယ်ခြင်း မရှိချေ။
"ရှုး..."
စွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီးနောက် တစ်ကိုယ်လုံး နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။
"အများကြီး သောက်လိုက်ဦး... ပြီးရင် ခန္ဓာကိုယ် ကြံ့ခိုင်မှု မြှင့်တင်ဖို့ ဆေးပင်ကို စားရမယ်။ နောက်တစ်ခါ အားနည်းနေရင် အတင်း မတောင့်ခံထားနဲ့ဦး။ မင်းရဲ့ အခု ခန္ဓာကိုယ်က ငါ့ရဲ့ အချစ်တွေကို မခံနိုင်သေးဘူး"
ဖူယဲ့က ပြောရင်းနှင့် အစ်မ ယွဲ့ဟွာကို ဇွန်းဖြင့် ခွံ့ကျွေးနေသည်။
"ဟွန့်... ရှင်က ဖြည်းဖြည်းလုပ်ရမှန်းလည်း မသိဘူး"
ထန်ယွဲ့ဟွာက ပါးပြင်လေးတွေ အနီမြန်းလျက် ပြောလိုက်ပြီး ဖူယဲ့ကတော့ စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။
ဒါက ထန်ယွဲ့ဟွာကို အံ့အားသင့်သွားစေသည်။ ဒီလူက တကယ်ပဲ အစွမ်းထက်ပြီး သန်မာလွန်းလှသည်။
သူမ တစ်နေ့လုံး အနားယူခဲ့ရသော်လည်း ဗိုက်အောက်ပိုင်းက အနည်းငယ် နာကျင်နေဆဲ ဖြစ်သည်။
"ဒါက ငါ မင်းကို သဘောကျလို့လေ။ မင်းလည်း ဒါကို ခံစားမိမှာပါ"
ဖူယဲ့က ထန်ယွဲ့ဟွာကို စွပ်ပြုတ် နောက်တစ်ဇွန်း ထပ်မံ ခွံ့ကျွေးလိုက်သည်။
"ဟင်... ဘာကို ခံစားရမှာလဲ"
ထန်ယွဲ့ဟွာက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ငါ့ရဲ့ ပြင်းပြပြီး ကြီးမားတဲ့ အချစ်စစ်ကိုလေ"
ထန်ယွဲ့ဟွာ၏ ပါးပြင်တွေက ပန်းသီးတစ်လုံးလို ထပ်မံ အနီရဲသွားခဲ့ပြီး ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။
"အာ... ရှင့်လို လူရှုပ်လူပွေကြီး... လူယုတ်မာ"
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ခြောက်လပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူကတော့ အနှစ်သာရရှိလှတဲ့ ခြောက်လတာ အချိန်ကို ဖြတ်သန်းခဲ့ရသည်။
ဖူယဲ့က အာယင်ကို ကြယ်တာရာ တောအုပ်ကြီးထဲက အာဝူဆီမှာ သွားနေစေခဲ့ပြီး ခွေးနက်ကြီး (မိစ္ဆာကျားနက်ကြီး)ကိုလည်း ထိုနေရာရှိ တာမင်၊ အာမင်တို့ဆီ ပို့ကာ တောအုပ်ကို အတူ စောင့်ရှောက်စေခဲ့သည်။
သူ့ရဲ့ စားသောက်ဆိုင်လေးအတွက်မူ အကန့်အသတ်ဒိုလော့ အဆင့်ရှိတဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို စောင့်ရှောက်ဖို့ တာဝန်ပေးထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့ စီးပွားရေးတစ်ခု မဟုတ်ပါလား။
ထန်ယွဲ့ဟွာ၏ ဝိညာဉ်က မြင့်မြတ်တဲ့ လက်စွပ်တစ်ခု ဖြစ်ပြီး မွေးရာပါ မြင့်မြတ်တဲ့ နယ်ပယ်ကို ပိုင်ဆိုင်ထားသည်။
ဖူယဲ့က စနစ်အရောင်းဆိုင်ထဲက လရောင်ဆေးဖက်ဝင်အပင်ကို ထန်ယွဲ့ဟွာကို ပေးလိုက်ရာ သူမ၏ ဝိညာဉ်က အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး ဝိညာဉ်မဟာဆရာ အဆင့်သို့ ချက်ချင်း ချိုးဖျက် ဝင်ရောက်သွားနိုင်ခဲ့သည်။
သူ့ကိုယ်တိုင်အတွက်မူ လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ယွဲ့ဟွာ၏ အခန်းဆောင်ထဲမှာ ရက်အနည်းငယ် နေလိုက် ကြယ်တာရာ တောအုပ်ကြီးဆီ သွားလိုက်ဖြင့် အလွန် သက်တောင့်သက်သာရှိလှသော ဘဝကို ဖြတ်သန်းနေခဲ့သည်။
ယွီရှောင်ကန်းနှင့် ပတ်သက်၍မူ ဖူယဲ့က မည်သည့် သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း စနစ်က ပေးထားတဲ့ တည်နေရာပြ ကိရိယာကို အသုံးပြုလိုက်တဲ့ အခါမှာတော့ ယွီရှောင်ကန်းသည် ပုပ်ရဟန်းမင်းကြီး နန်းတော်အနီးက မြေအောက် စစ်ဆေးမေးမြန်းရေး အခန်းထဲတွင် ပိတ်လှောင်ခံထားရကြောင်း သိလိုက်ရသည်။
ထိုနေရာက မြင်ကွင်းက အလွန် ကြည့်ရဆိုးလွန်းတာကြောင့် ဖူယဲ့ပင် ဆက်မကြည့်ချင်တော့ချေ။
ထို့ပြင် သူ့ရဲ့ စီအနီယာဖြစ်သူ ဘီဘီတုန်းက ထိုစစ်ဆေးမေးမြန်းရေး အခန်းကို နေ့တိုင်း နာကျည်းမှု ကျေနပ်အားရမှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေဖြင့် ကြည့်နေတတ်တာကိုလည်း သတိပြုမိခဲ့သည်။ ဒါတွေ အားလုံးက သူ့ရဲ့ စီအနီယာကောင်း ဘီဘီတုန်းရဲ့ လက်ချက်မှန်း သူ သိလိုက်ရသည်။
ဖူယဲ့က သူကိုယ်တိုင် ငယ်ရွယ်လွန်းသေးကြောင်းနှင့် လူကို နှိပ်စက်တဲ့ နေရာမှာ ဘီဘီတုန်းက ပိုပြီး အကွက်စေ့ကြောင်း ဝန်ခံလိုက်ရသည်။
ဒီအချိန်အတွင်း သူက ဘီဘီတုန်းရဲ့ ရှေ့မှောက်ကို မသွားခဲ့သော်လည်း ဘီဘီတုန်း၏ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့တာကြောင့် သူမ၏ အခြေအနေကို သိရှိနိုင်ပြီး အချိန်မရွေး သူမဘေးနားသို့ ရွှေ့ပြောင်း သွားလာနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စီအနီယာမမ ဘီဘီတုန်းက သူ့အတွက် ဒီလောက်အထိ လုပ်ပေးထားတာ ဖြစ်ရာ သူက ဘယ်လိုလုပ် ကျေးဇူးကန်းတဲ့လူ ဖြစ်နိုင်ပါ့မလဲ။
ယွီရှောင်ကန်းက အဟန့်အတား မဖြစ်တော့တာကြောင့် ဖူယဲ့ စဉ်းစားမိသည်မှာ... ချန်ရွှန်းကျီက ဘီဘီတုန်းကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ဦးမလား ဆိုတာပင်။ သို့သော် အရေးကြီးဆုံး အချက်တစ်ခုကတော့ နောက်ထပ် လေးနှစ်အကြာမှာ ချန်ရွှန်းကျီကို အမွေဆက်ခံသူတစ်ယောက် ရှိလာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
အချိန်တန်လျှင် ဖူယဲ့က ထန်ဟောက်ကို စိတ်ထိန်းချုပ်ခြင်းနည်းဖြင့် ထိန်းချုပ်ကာ ညဘက် ဝင်ရောက်စီးနင်းစေပြီး တစ်ချက်တည်းဖြင့် ချန်ရွှန်းကျီကို ဒုက္ခိတဖြစ်အောင် တိုက်ခိုက်ခိုင်းမည် ဖြစ်သည်။
ဇာတ်သိမ်းကတော့ မူလဇာတ်ကွက်အတိုင်း ဖြစ်လာလိမ့်မည်။ ဟောက်ထျန်းဂိုဏ်းက လောကကြီးကနေ ကွယ်ပျောက် သွားလိမ့်မည်ဖြစ်ပြီး ချန်ရွှန်းကျီက ထန်ဟောက်၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်။
နောက်ဆုံးတွင် ထန်ဟောက်သည် ဝိညာဉ်နန်းတော်၏ လိုက်လံဖမ်းဆီးမှုကို ခံရပြီး ကျေးလက်တောရွာတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်ကာ ကျောက်ဝူကျီ၏ အမျိုးသမီးနှင့်အတူ ထန်ဆန်း အမည်ရှိသော သားတစ်ယောက်ကို မွေးဖွားလာလိမ့်မည်။
အင်း...
ဒီအစီအစဉ်က တကယ့်ကို ကောင်းမွန်လှပြီး အကောင်အထည်ဖော်ရန် သင့်တော်ပေသည်။
ထန်ဟောက်ရဲ့ ဇနီး ဘယ်လိုသေဆုံးသွားလဲလို့ မေးချင်နေကြပြီ မဟုတ်လား။ မကြာခင် သိရလိမ့်မည် ဖြစ်ပြီး ဇာတ်လမ်းကို ကြိုတင် မပြောပြတော့ချေ။