အခန်း ၁၉ ငါ့ခန္ဓာကိုယ်ထဲမှာလည်း ဝိညာဉ်သားရဲသွေးမျိုးဆက် ရှိတာပဲ
“ဝိညာဉ်သားရဲသွေးမျိုးဆက်သွေးနှော”
အာဝူတစ်ယောက် ဆွံ့အအဖြင့် နားထောင်နေခဲ့သည်။ ဖူယဲ့က တကယ်တော့ လိမ်ပြောနေခြင်း မဟုတ်ပေ။ နဂါးနတ်ဘုရား ဝိညာဉ်ကို စုပ်ယူပြီးနောက် ဗားရှင်းအပြည့် နဂါးနတ်ဘုရား သွေးမျိုးဆက်နှင့်ပါ ပေါင်းစပ်ထားပြီး ဖြစ်ရာ သူ့ကို လူသားစစ်စစ်ဟု သတ်မှတ်၍ မရတော့ချေ။
သူ့ရဲ့ လက်ရှိအခြေအနေက မူရင်းဇာတ်လမ်းထဲက ထန်ဆန်းလိုမျိုးပင်။ လူတစ်ဝက် ဝိညာဉ်သားရဲတစ်ဝက် သွေးနှော ဖြစ်နေပြီ ဖြစ်သည်။ မူရင်းဇာတ်လမ်းထဲက ထန်ဆန်းရဲ့ သားနဲ့သမီးဆိုလျှင် သူတို့ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး လေးပုံသုံးပုံလောက်က ဝိညာဉ်သားရဲ သွေးမျိုးဆက်တွေ ဖြစ်နေကြသည်။
ဒါကြောင့်မို့လို့လည်း ဒုတိယခေတ်က ထန်ဝူထုန်၊ နတ်မင်းသားရဲ ဝမ်ချိုးအာတို့နဲ့အတူ တတိယခေတ်က ထန်ဝူလင်းတို့က ရွှေနဂါးဘုရင်ရဲ့ စွမ်းအားတွေကို ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖူယဲ့ ခံစားမိသည်။
နဂါးနတ်ဘုရား သွေးမျိုးဆက်က သူ့ရဲ့ နဂို အားနည်းတဲ့ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပေးခဲ့ရာ အခုဆိုလျှင် သူက လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ရုံဖြင့် ကီလိုဂရမ် နှစ်သိန်း၊ သုံးသိန်းလောက်ရှိတဲ့ အလေးချိန်ကို အသာအယာ ထုတ်ဖော်နိုင်သည်။
ဒီလို ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုးနှင့်ဆိုလျှင် ဝိညာဉ်သားရဲတွေကို ထားလိုက်ဦး နတ်ဘုရားလောကက နတ်ဘုရားတွေပင်လျှင် ခွန်အားပိုင်းမှာ သူ့ကို ယှဉ်နိုင်မည့်သူ ရှိမည်မဟုတ်ဟု ဖူယဲ့ ခံစားနေရသည်။
တစ်ချက်ထိုးရင် တန်ချိန် နှစ်ရာ၊ သုံးရာလောက် လေးတဲ့ လက်သီးချက်ကို မကြောက်တဲ့သူ ရှိဦးမလား။
"ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ကွဲပြားနိုင်တာပေါ့။ မင်း ယုံချင်ယုံ မယုံချင်နေ... ဒါကို သိပ်ပြီး အလေးအနက် တွေးမနေပါနဲ့"
သူ ပြောလည်းပြောရော လက်ထဲမှာ ကိုးရောင်ခြယ် အရှိန်အဝါတစ်ခုကို စုစည်းလိုက်သည်။ အာဝူက ထိုအရှိန်အဝါကို ခံစားမိလိုက်တာနှင့် တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ချက်ချင်း ထောင်ထသွားခဲ့ရသည်။
သူမရဲ့ မျက်ဝန်းတွေထဲမှာ ထိတ်လန့်မှုတွေ ပြည့်နှက်သွားသည်။
"ဒါက ငါ့ရဲ့ သွေးမျိုးဆက်စွမ်းအားပဲ။ သိပ်တော့ မပြင်းထန်ပါဘူး... ဒါပေမဲ့ သုံးရတာ တော်တော်အဆင်ပြေတယ်"
ဖူယဲ့က မတ်တပ်ရပ်ပြီး ပြတင်းပေါက်နားသို့ တိုးကပ်သွားသည်။ အာဝူကတော့ ထိုအရှိန်အဝါကြောင့် မလှုပ်နိုင်ဘဲ ကျောက်ရုပ်လို တောင့်တင်းနေဆဲ ဖြစ်သည်။
"မင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့... ငါက မင်းတို့ရဲ့ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးတွေကို စိတ်မဝင်စားပါဘူး။ ငါက ဒီအတိုင်း လာအပန်းဖြေတာ... ပြီးတော့ ဟိုအူကြောင်ကြောင် ကျားကြီးကို စီးတော်ယာဉ်အဖြစ် ဖမ်းဖို့က လမ်းကြုံလို့ လုပ်လိုက်တာ"
အာဝူက ရှောင်ဝူရဲ့ အမေ ဖြစ်သော်လည်း အသားအရေက နူးညံ့ချောမွေ့နေဆဲဖြစ်ပြီး တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ်အရွယ် မိန်းမလှလေးတစ်ယောက်လို ဖြစ်နေသေးသည်။ ဖူယဲ့က စနောက်တဲ့ သဘောဖြင့် သူမရဲ့ ပါးလေးကို ခပ်ဖွဖွ ဆိတ်လိုက်သည်။
"ကဲ... ဒီနေ့တော့ တော်တော်ပျော်ဖို့ကောင်းသွားပြီ။ နောက်ခါကျရင် ဟိုအူကြောင်ကြောင်မလေး အာယင်ကိုပါ ခေါ်လာခဲ့မယ်"
ဖူယဲ့က အာဝူရဲ့ ခေါင်းကို ပုတ်ပေးလိုက်ရင်း ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သေချာတာပေါ့... ထန်ယွဲ့ဟွာလိုမျိုးပဲ ဒီလိုကိစ္စတွေက တဖြည်းဖြည်းချင်းပဲ အဆင့်ဆင့် သွားရမည် မဟုတ်ပါလား။
ဒီနေ့ သူ့ရဲ့ ရုတ်တရက် ရောက်ရှိလာမှုက သူတို့ရဲ့ ပုံမှန်ဘဝကို နှောင့်ယှက်လိုက်သလို ဖြစ်သွားတာကြောင့် တစ်ဖက်လူက သံသယဝင်နေတာ သဘာဝကျပါသည်။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ "အကြိမ်ကြိမ် ကြိုးစားရင် တစ်နေ့ အောင်မြင်ရမည်" တဲ့။ ဘယ်နှစ်ခါပဲ ကြိုးစားရပါစေဦး... နောက်ဆုံးတော့ အောင်မြင်မှာပဲ။
သူက ယုတ်မာရက်စက်တဲ့ လူဆိုးလူမိုက်မှ မဟုတ်ဘဲ... အခြေခံ လူတန်းစား အရည်အချင်းနဲ့ မူဝါဒရှိတဲ့ လူမိုက်လေးတစ်ယောက်ပဲဥစ္စာ။
ဖူယဲ့က လှည့်ထွက်ဖို့ လုပ်ရင်း တံခါးဝမရောက်ခင် အာဝူကို တစ်ချက် ပြန်ကြည့်လိုက်သည်။
"ယုန်ကလေး... မင်း မုန်လာဥနီ စားရတာ ကြိုက်တယ် မဟုတ်လား"
သူ့လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ဖူယဲ့ရဲ့ ဘယ်ဘက် ဘေးနားမှာ တောင်ငယ်တစ်လုံးလောက်ကြီးတဲ့ သက်တမ်းရာချီ ရတနာမုန်လာဥနီပုံကြီး ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း အာဝူကတော့ ကုတင်ပေါ်မှာ ထိုင်နေဆဲဖြစ်လို့ ဒီမြင်ကွင်းကို မမြင်လိုက်ရပေ။ အပြင်ဘက်က ရှောင်ဝူနဲ့ ထိုက်ထန် လူဝံကြီးတို့ကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဒါက ဘာကြီးလဲ။ မုန်လာဥနီတောင်ကြီးလား။
ရှောင်ဝူ : "ဝါး... မုန်လာဥနီတွေ အများကြီးပဲ။ အနံ့က တော်တော်မွှေးတာပဲ"
ထိုက်ထန် လူဝံကြီး : "ဘာလို့ မုန်လာဥနီ ဖြစ်နေရတာလဲ။ ငှက်ပျောသီးဆိုရင် ပိုမကောင်းဘူးလား"
ကောင်းကင်နဂါးလိပ်ပြာမြွေကြီး : "ငါကတော့ အသားစားရတာကိုပဲ ပိုကြိုက်တယ်"
သူတို့ မုန်လာဥနီတောင်ကြီးဆီကနေ အကြည့်လွှဲလိုက်တဲ့ အချိန်မှာတင် ဖူယဲ့က ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဟိုဘက်မှာ ငိုက်မြည်းနေတဲ့ မိစ္ဆာကျားနက်ကြီးကိုတော့ ဖူယဲ့က သူ့ရဲ့ လည်ပင်းက အသားနုလေးကို လှမ်းကိုင်ပြီး ဆွဲခေါ်သွားခဲ့သည်။
ခဏအကြာတွင် အာဝူက အခန်းထဲက ထွက်လာပြီး သူမရှေ့က မုန်လာဥနီတောင်ကြီးကို မြင်တော့ ဆွံ့အသွားခဲ့ရသည်။ မဟုတ်ဘူး... သူမ လုံးဝ ဟာခနဲ ဖြစ်သွားခြင်း ဖြစ်သည်။
"မေမေ... မေမေက ဟိုကောင်လေးကို ဘာတွေ ပြောလိုက်တာလဲ။ ဒါတွေက အသိဉာဏ် ပွင့်တော့မယ့် သက်တမ်းရာချီ မုန်လာဥနီတွေပဲ"
ရှောင်ဝူရဲ့ မျက်နှာပေါ်မှာ ပျော်လွန်းလို့ မျက်ရည်တွေပင် စီးကျလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီလိုရတနာမျိုးက ကြယ်တာရာ တောအုပ်ကြီးထဲမှာ သူမတို့ သားအမိ စားလွန်းလို့ မျိုးတုံးလုနီးပါး ဖြစ်နေပြီ မဟုတ်ပါလား။
"အား... မေမေ ဖြည်းဖြည်းလုပ်ပါ"
သမီးဖြစ်သူရဲ့ အစားမက်တဲ့ ပုံစံကို မြင်တော့ အာဝူ တကယ့်ကို စိတ်ပျက်သွားရသည်။
"အာမင်... တာမင် မင်းတို့နှစ်ကောင် ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သေသေချာချာ ရှင်းလင်းလိုက်ဦး။ မဟုတ်ရင် နောက်ရက်တွေမှာ ထမင်းငတ်လိမ့်မယ်"
"ဟုတ်ကဲ့ပါ... အမေအာဝူ"
အခြားတစ်ဖက်တွင်မူ လူသားမြို့ရွာဆီသို့ ရောက်ခါနီးဖြစ်တဲ့ ဖူယဲ့က ခြေလှမ်းရပ်လိုက်ပြီး မိစ္ဆာကျားနက်ကြီးကို စက်ဆုပ်ရွံရှာတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။
ဖူယဲ့ရဲ့ အကြည့်အောက်မှာ မိစ္ဆာကျားနက်ကြီးရဲ့ အမွှေးတွေ အကုန် ထောင်ထသွားခဲ့သည်။
"မင်း ခန္ဓာကိုယ်ကို နည်းနည်းလောက် သေးအောင် လုပ်လို့မရဘူးလား။ မင်းရဲ့ လက်ရှိ ပုံစံကြီးနဲ့ ငါ့အိမ်ကို ခေါ်သွားဖို့ အဆင်မပြေဘူး"
ဖူယဲ့ရဲ့ စကားကို ကြားတော့ မိစ္ဆာကျားနက်ကြီးက ချက်ချင်း သဘောပေါက်သွားသည်။
ငါးစက္ကန့်တောင် မပြည့်ခင်မှာတင် သူက ကျောပြင်မှာ ရွှေရောင်အတောင်ပံ အမှတ်အသား နှစ်ခုပါတဲ့ ခွေးနက်လေးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်ရာ တကယ့်ကို ကြည့်ကောင်းသွားခဲ့သည်။
"လိမ္မာတဲ့ခွေးလေး"
"ဝုတ်"
အင်း... ဒီကောင်လေးက သွန်သင်ရလွယ်သားပဲ။
မိစ္ဆာကျားနက်ကြီးက သူ့ရဲ့ အရင်က ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံတွေ အကုန် ပျောက်ဆုံးသွားပြီး သူ့ကိုယ်သူ အညံ့ခံလိုက်ပုံရသည်ဟု ဖူယဲ့ ခံစားလိုက်ရသည်။
"ငါတို့ ပြန်ရောက်ရင် မင်းက ငါ့အိမ်ကို စောင့်ရှောက်ဖို့ပဲ တာဝန်ယူရမယ်... ကြားလား"
"ဝုတ်"
ဒီကောင်က အခြေအနေနဲ့ အသားကျတာ တော်တော်မြန်တာပဲ။
ဖူယဲ့ အိမ်ပြန်ရောက်တော့ မွန်းလွဲ နှစ်နာရီ၊ သုံးနာရီလောက် ရှိနေပြီ ဖြစ်ပြီး အာယင်ကလည်း လတ်တလောတင် နိုးလာခဲ့သည်။
ဖူယဲ့ရဲ့ လက်ထဲက ခွေးနက်လေးကို မြင်တော့ သူမက လှမ်းပွတ်ချင်နေခဲ့သည်။ သို့သော် ဖူယဲ့က ဒါက သက်တမ်း ငါးသောင်းရှိတဲ့ မိစ္ဆာကျားနက်ကြီးလို့ ပြောလိုက်တဲ့ အခါမှာတော့...
"ယဲ့ယဲ့... ဒီလို အနှောင်အဖွဲ့ ပုံစံကို ဘယ်လိုမြင်လဲ"
"အင်း... မဆိုးပါဘူး။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်လို့ရသေးတယ်"
ဖူယဲ့တစ်ယောက် သူ့ဘဝမှာ ဇနီးသည်နဲ့အတူ ခွေးတစ်ကောင် (မိစ္ဆာကျားနက်ကြီး) ကို အနှောင်အဖွဲ့ဂိမ်း ကစားရလိမ့်မည်ဟု တကယ်ကို မထင်မှတ်ထားခဲ့ပေ။
ဒီအချိန်မှာ မိစ္ဆာကျားနက်ကြီးက တကယ့်ကို မျှော်လင့်ချက်မဲ့တဲ့ ပုံစံမျိုးဖြင့် တုပ်တုပ်မျှ မလှုပ်နိုင်အောင် အချည်ခံထားရပြီး အာယင် ဆိုတဲ့ မြေခွေးမလေးကတော့ တော်တော်လေး သဘောကျနေခဲ့သည်။
အာယင်နဲ့ စကားပြောရင်း ဖူယဲ့က မိစ္ဆာကျားနက်ကြီးက တစ်ခါက အာယင်ကို ဝါးမြိုဖို့ ကြိုးစားခဲ့ဖူးကြောင်း သိလိုက်ရသည်။ သို့သော် ဖမ်းမမိဘဲ လက်လျှော့သွားခဲ့ခြင်း ဖြစ်သည်။
ဒါကို သိလိုက်ရပြီးနောက် ဖူယဲ့က အာယင်ကို ပိုပြီး မိုက်တဲ့ တုပ်နှောင်နည်းကို သင်ပေးမည်ဟု ပြောလိုက်တော့သည်။
သုံးမိနစ်ခန့် ကြာပြီးနောက်...
"ဟား... ဒါမျိုးမှပေါ့။ ခွေးတစ်ကောင် ဖြစ်နေရင်တောင် တကယ့်ကို ဆွဲဆောင်မှုရှိတာကို မြင်နိုင်တယ်"
"ယဲ့ယဲ့က တကယ့်ကို ဆိုးတာပဲ... ဒါပေမဲ့ အရမ်းမိုက်တယ်"
မိစ္ဆာကျားနက်ကြီးက အခုအချိန်မှာ ခွေးတစ်ကောင်မျှသာ ဖြစ်သော်လည်း လိပ်ခွံပုံစံမျိုး အချည်ခံထားရတာက... အင်း... ခွေးတစ်ကောင်ဆီကနေ "ဆွဲဆောင်မှု" ဆိုတဲ့ စကားလုံးကို တကယ် မြင်တွေ့လိုက်ရသလိုပင်။
အာယင်က ဖူယဲ့ရဲ့ ရင်ခွင်ထဲမှာ ခေါင်းနှစ်ထားရင်း ပါးလေးတွေ နီရဲနေခဲ့သည်။ သူမက ရံဖန်ရံခါ အချည်ခံထားရတဲ့ မိစ္ဆာကျားနက်ကြီးကို ခိုးကြည့်လိုက်ပြီး ပါးပြင်တွေ ပိုမို နီမြန်းလာခဲ့ရသည်။
မိစ္ဆာကျားနက်ကြီး : "မဟုတ်ဘူး... မင်းတို့နှစ်ယောက်လုံးက လူယုတ်မာတွေပဲ။ ငါက အစေခံ ဖြစ်သွားရင်တောင် သိက္ခာတော့ ရှိသေးတယ်ဟ။ ငါ့ကို ထပ်ပြီး စော်ကားဦးမလား... ငါ အားနည်းသူကို အနိုင်ကျင့်တတ်တာ မဟုတ်ကြောင်း ပြလိုက်ရမလား"
ဝဝလင်လင် စားသောက်ပြီးနောက် ဖူယဲ့က အာယင်ရဲ့ သွယ်လျတဲ့ ခါးလေးကို ဖက်လိုက်ပြီး မျက်ဝန်းတွေထဲမှာ ဖုံးကွယ်မထားတဲ့ ရမ္မက်ဆန္ဒတွေ တောက်လောင်လာခဲ့သည်။
ဒါပေမဲ့ မလုပ်ခင်မှာ ဖျက်မြင်း (အနှောင့်အယှက်) တစ်ကောင်ကို အရင် ရှင်းထုတ်ဖို့ လိုအပ်သည်။
"ဘုန်း"
မိစ္ဆာကျားနက်ကြီးက ဖူယဲ့ရဲ့ လွှင့်ပစ်ခြင်းကို ခံလိုက်ရပြီး အမှိုက်တစ်ခုလိုမျိုး ခေါင်မိုးပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။
"ငါ့ဆိုင်ကို သေသေချာချာ စောင့်ကြည့်ထားစမ်း။ အကွာအဝေး ၂၅ မီတာထက် ပိုဝေးတဲ့နေရာကို သွားရင် မင်း အသေပဲ"