အခန်း ၁၆ မိစ္ဆာကျားနက်ကြီးကို အောင်နိုင်ခြင်း
မိစ္ဆာကျားနက်ကြီးက လေ၊ လျှပ်စီး၊ မကောင်းဆိုးဝါး၊ အမှောင်ထု၊ အချိန်နဲ့ အာကာသ ဆိုတဲ့ မဟာဓာတ်ကြီး ခြောက်ပါးလုံးကို ပိုင်ဆိုင်ထားသော်လည်း သက်တမ်း နှစ်သိန်းချီရှိတဲ့ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ကိုတော့ ယှဉ်နိုင်စွမ်း မရှိသေးပေ။
သူ့ရဲ့ စည်းမျဉ်းတွေ ပြည့်နှက်နေတဲ့ အသက်အသေ ကွင်းပြင်ဆိုတဲ့ စွမ်းရည်ကပင် ဒီကောင်ကြီးနှစ်ကောင်အတွက်တော့ ကလေးကစားစရာမျှသာ ဖြစ်သည်။
ဒီစွမ်းရည်က လူသားတွေအတွက်တော့ အသက်အရွယ်ကို ခြောက်နှစ်သမီး၊ သားအရွယ်၊ ဝိညာဉ် စတင်နိုးထခါစ အချိန်အထိ လျှော့ချပစ်နိုင်လို့ တကယ့်ကို နတ်ဘုရားအဆင့် စွမ်းရည်ဆန်း ဖြစ်သော်လည်းပဲ သူ့ထက် သက်တမ်း အဆမတန် ရင့်ကျက်တဲ့ ဝိညာဉ်သားရဲတွေအပေါ်မှာတော့ သိပ်ပြီး အလုပ်မဖြစ်ပေ။
ဒါက မိမိရဲ့ ဝိညာဉ်ကွင်းသက်တမ်းကို တစ်ဖက်လူရဲ့ သက်တမ်းထဲကနေ နှုတ်ပစ်လိုက်တာနဲ့ အတူတူပင်။ အကယ်၍ တစ်ဖက်လူရဲ့ သက်တမ်း နှစ်တစ်သိန်းကနေ လေးသောင်းကို နှုတ်လိုက်ရင် တောင်မှ မိမိရဲ့ သက်တမ်းက သုည ဖြစ်သွားလိမ့်မည်။
ဟုတ်ပါတယ်... သက်တမ်း နှစ်ငါးသောင်းရှိတဲ့ ထိုက်ထန် လူဝံကြီး၊ ဒါမှမဟုတ် သက်တမ်း ရှစ်ကိုးသောင်းရှိတဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ကို သက်တမ်း တစ်သောင်းလောက်နဲ့ သွားချတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ ဘာမှမထူးချေ။ ဘာပဲဖြစ်ဖြစ် နှစ်တစ်သိန်းသက်တမ်းအထိ ရောက်နိုင်တဲ့ သားရဲတွေအားလုံးက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘုရင့်သွေးမျိုးဆက်တွေ ရှိကြတာကြောင့် သက်တမ်း နှစ်တစ်သိန်း မပြည့်သေးရင်တောင်မှ သာမန်ဝိညာဉ်သားရဲတွေ ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ပေ။
သူ ဒီနေရာကို ရောက်လာတာက မကြာသေးခင်ကမှ တောအုပ်ထဲမှာ ဝိညာဉ်ဧကရာဇ်တစ်ယောက်ကို တွေ့ရှိခဲ့လို့ဖြစ်ပြီး သူ့ရဲ့ သွေးမျိုးဆက်ကို အားဖြည့်ဖို့အတွက် ထိုလူကို လိုက်လံ အမဲလိုက်ချင်နေတာ ဖြစ်သည်။
ဒါပေမဲ့ မထင်မှတ်ဘဲ သူ လက်မလှုပ်ရသေးခင်မှာတင် ဒီနှစ်သိန်းချီ သားရဲဘုရင် နှစ်ကောင်ရဲ့ ရိပ်မိခြင်းကို ခံလိုက်ရပြီး အမဲလိုက်ခြင်း ခံလိုက်ရတာ ဖြစ်သည်။
"မင်းတို့ သားရဲနှစ်ကောင်... တော်လောက်ပြီ။ ငါ့ကို လာပြီး ကလူမနေနဲ့တော့"
မိစ္ဆာကျားနက်ကြီးက နောက်ဆုံးတော့ အကျပ်ရိုက်သွားခဲ့သည်။ သူက မြင့်မြတ်ပြီး မကောင်းဆိုးဝါးနတ်ဘုရားနဲ့ ပေါင်းစပ်ထားတဲ့ သွေးမျိုးဆက်ရှိတဲ့ ကျားဖြူကြီး ဖြစ်သည်။
ဒီမျောက်နဲ့ ဒီမြွေက သူ့ကို ဒီလောက်အထိ အကြာကြီး လိုက်ရိုက်ရဲတယ်ပေါ့။
"မိစ္ဆာနတ်ဘုရား လျှပ်စီး"
သက်တမ်း ငါးသောင်းရှိတဲ့ ဝိညာဉ်သားရဲ ပုံစံနဲ့ မိစ္ဆာကျားနက်ကြီးက လူသားဘာသာစကားကို ပြောဆိုလိုက်တာကြောင့် ကောင်းကင်နဂါးလိပ်ပြာမြွေကြီးနဲ့ ထိုက်ထန် လူဝံကြီးတို့ နှစ်ကောင်လုံး ဆွံ့အသွားကြသည်။ နေဦး... မင်းက သက်တမ်း ငါးသောင်းပဲ ရှိသေးတာကို စကားပြောနိုင်တယ်ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"ဒုန်း"
နက်မှောင်တဲ့ လျှပ်စီးတွေက တစ်ဖက်လူရဲ့ ပါးစပ်ထဲကနေ ပေါက်ကွဲထွက်လာခဲ့သော်လည်း ကောင်းကင်နဂါးလိပ်ပြာမြွေကြီးက ငြိမ်ခံမနေခဲ့ပေ။ လျှပ်စီးဖြစ်ရင်ရော ဘာဖြစ်လဲ။ ငါလည်း လုပ်တတ်တာပဲ။
"ကောင်းကင်ပြာ ဖျက်ဆီးခြင်း နတ်ဘုရားလျှပ်စီး"
ဒီလောက် ဉာဏ်ကောင်းတဲ့ သတ္တဝါမျိုးကို ဒီနေ့ မသတ်ပစ်ရင် နောင်ကျရင် အဆုံးမဲ့ ဒုက္ခတွေ ပေးလာလိမ့်မည်။
ထိုက်ထန် လူဝံကြီးက ရွှေရောင်အလင်းတွေ ထုတ်ဖော်လိုက်ပြီး ကျဆင်းလာတဲ့ အမှောင်လျှပ်စီးတွေကို တိုက်ရိုက် ခုခံလိုက်ကာ မိစ္ဆာကျားနက်ကြီးကတော့ သူ့ရဲ့ အာကာသစွမ်းရည်ကို သုံးပြီး ကောင်းကင်နဂါးလိပ်ပြာမြွေကြီးရဲ့ လျှပ်စီးကို နောက်ဆုံးမိနစ်မှာ ရှောင်တိမ်းသွားနိုင်ခဲ့သည်။
"မိစ္ဆာလေဓား"
သူ့ရှေ့က မျောက်ညစ်ပတ်နဲ့ မြွေကြီးတို့က သူတို့ရဲ့ အစွမ်းကုန် တိုက်ကွက်တွေကို ထုတ်ဖော်တော့မှာကို မြင်လိုက်ရတာကြောင့် မိစ္ဆာကျားနက်ကြီးက နိုင်ရင်ချ၊ မနိုင်ရင်ပြေး ဆိုတဲ့ စည်းမျဉ်းအတိုင်း လှည့်ပြန်ပြီး ထွက်ပြေးဖို့ ပြင်လိုက်တော့သည်။ နောက်ထပ် နှစ်ပေါင်း ရှစ်သောင်းလောက် ကျင့်ကြံပြီးမှပဲ သူတို့ကို ပြန်လာမျိုချပစ်မည်ဟု တေးထားလိုက်သည်။
"တောက်... ထိုက်ထန် နတ်ဘုရားလက်သီး"
ထိုက်ထန် လူဝံကြီးက သားရဲဘုရင်ဆိုတဲ့ ဘွဲ့နဲ့အညီ သူ့ရဲ့ လက်သီးချက်က ဘေးပတ်ဝန်းကျင်က အာကာသကိုပင် ပုံပျက်သွားစေခဲ့သည်။
"မိစ္ဆာနတ်ဘုရား ကာကွယ်ရေး"
ထူထဲလှတဲ့ အနက်ရောင် စွမ်းအင်တွေက မိစ္ဆာကျားနက်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ချက်ချင်း ပေါက်ကွဲထွက်လာပြီး နောက်တစ်စက္ကန့်မှာတော့ ဒီစွမ်းအားက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ထိုက်ထန် လူဝံကြီးရဲ့ တိုက်ကွက်ကို လုံးဝ ချေဖျက်ပစ်လိုက်သည်။
"ဟဲဟဲ... မင်းတို့ အဲဒီယုန်နှစ်ကောင်ကိုပဲ သေချာ စောင့်ကြည့်ထားကြပေါ့။ ငါကတော့ ဒီနေရာကို ခဏခဏ လာလည်မှာပဲ"
ဝိညာဉ်ဧကရာဇ်တစ်ယောက်နဲ့ သက်တမ်း ကိုးသောင်းရှိတဲ့ အသားနုယုန်မလေး... ဒါတွေအားလုံးက အရသာရှိတဲ့ သားကောင်တွေပဲ ဖြစ်သည်။ အကယ်၍ သူသာ သူတို့ကို မျိုချနိုင်ရင် ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ပင် သူ့လက်ထဲမှာ သေရလိမ့်မည်။
နောက်ဆုံးကျရင် သူက သူတို့ကို တစ်ကောင်ချင်းစီ မျိုချပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီး သန်မာအောင် လုပ်မည်။
ဒီလိုတွေးလိုက်တာနဲ့အမျှ သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတွေထဲမှာ လှောင်ပြုံးနဲ့ မထီမဲ့မြင်ပြုမှုတွေ ပေါ်လာခဲ့သည်။
သူက သူ့ရဲ့ နောက်ဆုံး အားအင်ကို သုံးပြီး အာကာသကို ခွဲဟကာ ထွက်ပြေးဖို့ ပြင်လိုက်တဲ့ အချိန်မှာတင် ဖူယဲ့က လက်ဦးမှု ယူလိုက်တော့သည်။
အလွန် ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားတစ်ခုက သူ့ရဲ့ တစ်ကိုယ်လုံးကို ချက်ချင်း ပိတ်ဆို့ထားလိုက်ရာ သူ ဖန်တီးထားတဲ့ အာကာသ အက်ကြောင်းကြီးက သူ့ရှေ့တင် ရှိနေပေမဲ့ လက်မခန့်မျှပင် မလှုပ်ရှားနိုင်တော့ချေ။
သူ့ရဲ့ အနက်ရောင် အမွှေးအမျှင်တွေက ဒေါသကြောင့် မဟုတ်ဘဲ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ချက်ချင်း ထောင်ထသွားခဲ့သည်။
ဒီအချိန်မှာ ဖူယဲ့က ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ့ရဲ့ မွေ့ရာအဖြစ် အသုံးတော်ခံနေရတဲ့ ယုန်ဖြူကြီး ရှောင်ဝူရဲ့ အမွှေးဖြူဖြူတွေက ဖူယဲ့ဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါကြောင့် လန့်ဖျန့်သွားခဲ့သည်။ သို့သော်လည်း အမွှေးပွပွနဲ့ အိစက်ညက်ညောတဲ့ အထိအတွေ့က မှီထားလို့ တကယ့်ကို ကောင်းမွန်လှသည်။
သူက ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး သူ့ရဲ့ အရှိန်အဝါအောက်မှာ လုံးဝ မလှုပ်နိုင်ဘဲ ဖြစ်နေတဲ့ ဝိညာဉ်သားရဲ သုံးကောင်ကို လှမ်းကြည့်လိုက်သည်။
သူ့ရဲ့ လူရိပ်က လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး မိစ္ဆာကျားနက်ကြီးရဲ့ ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။
"ငါ့ရဲ့ ကျေးကျွန်ဖြစ်ရင် မင်းကို အသက်ချမ်းသာပေးမယ်... ဘယ်လိုလဲ"
ဖူယဲ့ရဲ့ စကားက မိစ္ဆာကျားနက်ကြီးရဲ့ အနာဂတ်ကို သတ်မှတ်ပေးလိုက်ခြင်းပင်။ ကျေးကျွန်လို့ ခေါ်ပေမဲ့ အမှန်တော့ သူ့ဘေးနားက အိမ်မွေးတိရစ္ဆာန်နဲ့ လက်ပါးစေ လုပ်ခိုင်းတာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက အရာရာကို ကိုယ်တိုင်ချည်းပဲ လိုက်လုပ်နေလို့ မဖြစ်ပေ။ သူက အထွတ်အထိပ်ဒိုလော့တစ်ယောက် ဖြစ်နေပြီ ဖြစ်သော်လည်း ဘေးနားမှာ ဘာလက်ပါးစေမှ မရှိသေးတာကြောင့် သူများတွေ သိသွားရင် ရယ်စရာ ဖြစ်နေလိမ့်မည်။
"ဒီသခင်က..."
"ဒုန်း"
မိစ္ဆာကျားနက်ကြီး ပါးစပ်ပင် မဟရသေးခင်မှာတင် ဖူယဲ့က သူ့မျက်နှာကို လက်သီးနဲ့ တိုက်ရိုက် ထိုးချလိုက်ရာ သူ့ခေါင်းက မြေကြီးထဲ စိုက်ဝင်သွားခဲ့သည်။
ဒီမြင်ကွင်းက ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ကို ကျောချမ်းသွားစေခဲ့သည်။ ဒါက လူသားမှ ဟုတ်ရဲ့လား... ဘယ်ကနေ ရောက်လာတာလဲ။ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက အဆမတန် ထိတ်လန့်စရာ မကောင်းလွန်းဘူးလား။
ဖူယဲ့က ဧရာမ ကျားမျက်နှာကြီးမှာ ဘူးသီးခန့် အဖုကြီး ထွက်နေတဲ့ မိစ္ဆာကျားနက်ကြီးရဲ့ ဘေးနားကို ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
"ငါ..."
"ဒုန်း"
နောက်ထပ် လက်သီးတစ်ချက် ထပ်မံ ကျရောက်လာခဲ့ပြီး ယခင်အတိုင်း စွမ်းအားပြင်းလှသော်လည်း ဒီတစ်ကြိမ်မှာတော့ ဖူယဲ့က သူ့ရဲ့ ညာဘက်ပါးကို ထိုးလိုက်ခြင်း ဖြစ်သည်။
ကောင်းကင်နဂါးလိပ်ပြာမြွေကြီးနဲ့ ထိုက်ထန် လူဝံကြီးတို့ နှစ်ကောင်လုံးက ဧရာမ မျက်လုံးကြီးတွေကို တစ်ပြိုင်နက် မှိတ်ထားလိုက်ကြပြီး "ငါတို့ရော အရိုက်ခံရမလား" လို့ စိတ်ထဲကနေ တထိတ်ထိတ် တွေးနေကြသည်။
"လူသား... မင်း..."
"ဒုန်း"
နောက်ဆုံးတော့ ငါးမိနစ်ခန့် ကြာပြီးနောက် မိစ္ဆာကျားနက်ကြီးက ဖူယဲ့ရဲ့ ရှေ့မှာ အဖေ သေသွားသလိုမျိုး ဒူးထောက်လိုက်ပြီး သခင်ကြီးလို့ အော်ဟစ်ငိုယိုကာ သူ မှားသွားပါပြီလို့ ဝန်ခံတော့သည်။
"သခင်ကြီး... သခင်ကြီး... ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့။ မရိုက်ပါနဲ့တော့။ ငါ... ငါ မှားမှန်း သိပါပြီ... တကယ်ပါ"
ဒါပေမဲ့ ဖူယဲ့ကတော့ အလျှော့မပေးပေ။ ပုံမှန်ဆိုရင် ဝိညာဉ်သားရဲတစ်ကောင်ကို ဆုံးမဖို့ နှစ်မိနစ်ခွဲလောက်ပဲ အချိန်ပေးလေ့ရှိသော်လည်း ဒီတစ်ကြိမ်မှာတော့ သူက ငါးမိနစ်တိတိ ဆုံးမလိုက်ခြင်း ဖြစ်သည်။
"ငါက စကားမနားထောင်တဲ့ ခွေးတွေကို မမွေးဘူး။ မင်းကို သတ်ပစ်ပြီး မင်းကိုယ်ထဲက အတွင်းအားလုံးဝိုင်းကို ကလေးကစားစရာ စကျင်ကျောက်အဖြစ် သုံးလိုက်တာက ပိုကောင်းလိမ့်မယ်"
ထိုအချိန်တွင် ဖူယဲ့ရဲ့ ညာဘက်လက်မှာ ခန့်ညားထည်ဝါလှတဲ့ ကိုးရောင်ခြယ် နဂါးလက်သည်းကြီး ထွက်ပေါ်လာခဲ့သည်။ ဟုတ်ပါတယ်... ဝိညာဉ်ကမ္ဘာ အပိုင်း ၃ ခေတ်က ထန်ဝူလင်းလိုမျိုးပဲ... သူက ပြည့်စုံတဲ့ နဂါးနတ်ဘုရား သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာကြောင့် သူ့ခန္ဓာကိုယ်ထဲက သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်ပြီး နဂါးနတ်ဘုရားရဲ့ နဂါးအကြေးခွံတွေကို တစ်ကိုယ်လုံး ဖုံးလွှမ်းသွားအောင် လုပ်နိုင်သည်။
သို့သော်လည်း ဒီအရာက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုကို ကူညီပေးတဲ့ စနစ်ဖြစ်တာကြောင့် သူက မိမိရဲ့ နဂါးအသွင်ပြောင်းခြင်းကို စိတ်ကြိုက် ထိန်းချုပ်နိုင်သည်။
နဂါးလက်သည်း ပေါ်လာတဲ့ အချိန်မှာတော့ ရှိနေတဲ့ ဝိညာဉ်သားရဲတွေအားလုံး အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ထိုစဉ်မှာ ဖူယဲ့ဆီကနေ ထွက်ပေါ်လာတဲ့ ထိတ်လန့်စရာကောင်းတဲ့ သွေးမျိုးဆက် ဖိနှိပ်မှုကို အပြည့်အဝ ခံစားလိုက်ရလို့ပင်။
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ ငါက တကယ့်ကို အသုံးဝင်ပါတယ်။ သခင်ကြီးအတွက် ဘာမဆို လုပ်ပေးပါ့မယ်။ ရေနွေးကြမ်း ငှဲ့ပေးတာကအစ... သခင်ကြီး ခိုင်းသမျှ အရာရာကို သေရဲပါတယ်"
မိစ္ဆာကျားနက်ကြီးက တကယ့်ကို ကြောက်လန့်သွားခဲ့သည်။ သူ တကယ့်ကို ကြောက်သွားတာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက မိစ္ဆာနတ်ဘုရားရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာကြောင့် ထိုသွေးမျိုးဆက်ဖြင့်ပင် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲက ထိတ်လန့်စရာကောင်းတဲ့ သွေးမျိုးဆက် ဖိနှိပ်မှုကို ခံစားနေရခြင်း ဖြစ်သည်။ သာမန် လူသားတစ်ယောက်အနေဖြင့် ဒီလို သွေးမျိုးဆက်မျိုးကို ပိုင်ဆိုင်ထားဖို့က လုံးဝ မဖြစ်နိုင်ပေ။
တစ်ဖက်လူက လူသားအသွင် ပြောင်းလဲပြီး လူသားလောကရဲ့ အထွတ်အထိပ်ကို အောင်မြင်စွာ ကျင့်ကြံထားတဲ့ ထူးဆန်းတဲ့ သားရဲကြီးတစ်ကောင် ဖြစ်ရမည်။
သေချာတာပေါ့... ဖူယဲ့ကတော့ ဒီကျားလေး ဘာတွေ တွေးနေလဲဆိုတာ မသိပေ။ အကယ်၍ သိခဲ့ရင်တောင်မှ သူက သက်ပြင်းချရင်း ပြုံးမိရုံသာ ရှိလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စွမ်းအားတွေက စနစ်ကို သုံးပြီး တဖြည်းဖြည်းချင်း ရယူထားတာ ဖြစ်သည်။ အကယ်၍ ဝိညာဉ်တွေရဲ့ ကန့်သတ်ချက်က နှစ်ခုပဲ ပေါင်းစပ်လို့ရပြီး ပြောင်းလဲလို့ မရဘူးဆိုတဲ့ အချက်သာ မရှိရင် ဖူယဲ့တစ်ယောက် စနစ်ကုန်တိုက်ထဲက ဝိညာဉ်တွေ အားလုံးကို ဝယ်ပြီး ကိုယ့်ကိုယ်ကိုယ် ပေါင်းစပ်ပစ်လောက်ပြီ။
အဓိကကတော့ တည်ငြိမ်ဖို့နဲ့ ဖြုန်းတီးမှု မဖြစ်စေဖို့ပဲ မဟုတ်ပါလား။