အခန်း ၁၄ ယွီရှောင်ကန်း အကြိမ်ကြိမ် အရိုက်ခံရခြင်း
မွန်းလွဲပိုင်း အတော်ကျော်သွားမှ ဖူယဲ့တစ်ယောက် ကုတင်ပေါ်ကနေ ပျင်းရိစွာ ထလာခဲ့သည်။ နဂါးနတ်ဘုရား သွေးမျိုးဆက်ကို ပေါင်းစပ်ထားလို့ထက်တူပင် သူက မနက်ခင်းတိုင်းမှာ အမြဲတမ်း အားအင်တွေ ပြည့်ဝနေတတ်သည်။
မနေ့ညက ဖူယဲ့နဲ့ အာယင်တို့ ပြင်းပြင်းထန်ထန် ချစ်တင်းနှီးနှောခဲ့ကြသော်လည်း အာယင်ခမျာ မခံနိုင်တော့တာကြောင့် ဖူယဲ့လည်း လက်လျှော့လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူမက သူ့မိန်းမ ဖြစ်တာကြောင့် တိရစ္ဆာန်တစ်ကောင်လိုတော့ ကြမ်းတမ်းစွာ မဆက်ဆံလိုပေ။
ဒါကပဲ သူ့ကို မိန်းမတွေ အများကြီး ယူရမယ်ဆိုတဲ့ စိတ်ကူးကို ပိုပြီး ခိုင်မာစေခဲ့သည်။ သူ့ရဲ့ လိုအင်ဆန္ဒတွေက ပြင်းထန်လွန်းလှသည်။ အာယင်ကို ကြည့်ဦး... မနေ့ကလည်း မသက်သာသေးဘူး၊ ဒီနေ့လည်း ထပ်ပြီး နာလန်မထူနိုင်သေးပေ။
ဒါပေမဲ့ ဒီကိစ္စကို အလောတကြီး လုပ်ဖို့ မလိုပါဘူး။ စိတ်ရှည်ရုံရုံပင်။ ဘာပဲဖြစ်ဖြစ် မိမိမိန်းမရဲ့ ကျန်းမာရေးက အရေးကြီးဆုံး မဟုတ်ပါလား။
ပြန်စဉ်းစားကြည့်ရင် ဒီအချိန်မှာ ရုပ်ရည်ရော ပါရမီပါ ထူးချွန်တဲ့ မိန်းကလေးဆိုလို့ သိပ်အများကြီး မရှိသေးပေ။ အာယင်၊ ဘီဘီတုန်းနဲ့ လျူအာလုံ ဒီသုံးယောက်ပဲ ရှိသေးသည်။ ထန်ယွဲ့ဟွာရဲ့ ပါရမီက သိပ်မကောင်းပေမဲ့ သူမက ထန်ဆန်းရဲ့ အဒေါ် ဖြစ်တာကြောင့် နောင်ကျရင် ထန်ဆန်းက သူ့ကို ဦးလေးလို့ ခေါ်ရမှာ ဖြစ်သည်။
ဒီလို တွေးရင်းနဲ့ပဲ သူ့ခေါင်းထဲမှာ ရဲရင့်တဲ့ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
သို့သော် ခေတ်သစ်ကမ္ဘာက လာတဲ့လူတစ်ယောက်အတွက်တော့ ဒါက သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စမျိုး မဟုတ်ပေ။
ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ ဒီလိုအရာမျိုးကို စတင်လုပ်ဆောင်ရမည်။ ရှေးလူကြီးတွေ ပြောသလိုပဲ ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူကို ကူညီရမှာပေါ့။ စံနမူနာပြ လုပ်ဆောင်မှသာ နောင်လာနောက်သားတွေက အတုယူနိုင်မှာ ဖြစ်သည်။ ဒါကြောင့် အမှန်တရားအတွက် သူကပဲ အနစ်နာခံပြီး အများအကျိုးကို ဆောင်ရွက်ရတော့မည်။
ငါ ဖူယဲ့က ဝိညာဉ်ကမ္ဘာရဲ့ ချောက်ချောက် (အလှကယ်တင်ရှင်)ပဲဟေ့။
သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို သာမန်မိန်းကလေးတစ်ယောက်မှ မခံနိုင်ဘူးဆိုတာ သိသာလှသည်။ အခု သူ့ရဲ့ အရှိန်အဝါက ဒိုလာ့တိုက်ကြီး အတွဲ ၃ ခေတ်က ထန်ဝူလင်းထက်တောင် ပိုပြီး ပြင်းထန်သေးသည်။
ကံကောင်းတာက စနစ်မှာ မိသားစုဝင်တွေ အလွယ်တကူ ကိုယ်ဝန်မရအောင် တားဆီးပေးတဲ့ လျှို့ဝှက်ချက်တစ်ခု ပါဝင်နေလို့ပင်။ မဟုတ်ရင် အာယင်တစ်ယောက် အခုလောက်ဆို ကိုယ်ဝန်ရနေလောက်ပါပြီ။
သေချာတာပေါ့... နောင်ကျရင်တော့ သူ ကလေးယူမှာ ဖြစ်ပေမဲ့ အခုလောလောဆယ်တော့ အပျော်လွန်နေတုန်းဖြစ်ရာ ကလေးတွေက သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မည်။
ကုတင်ပေါ်မှာ အိပ်မောကျနေတုန်းဖြစ်တဲ့ အာယင်ကို ကြည့်ပြီး ဖူယဲ့က သူမရဲ့ ပါးပြင်လေးကို အသည်းယားစရာကောင်းအောင် တစ်ချက် နမ်းလိုက်သည်။
"အင်း... ယဲ့ယဲ့ ဖြည်းဖြည်းလုပ်ပါ။ ယင်ယင်က အချစ်ဆုံးပါ"
အဟမ်း... မကြည့်သင့်တာတွေကို မကြည့်ကြပါနဲ့။
အာယင်ကို သေချာ စောင်ခြုံပေးခဲ့ပြီးနောက် ဖူယဲ့က သူ့ရဲ့ နောက်ထပ် ဦးတည်ရာဖြစ်တဲ့ ကြယ်တာရာ တောအုပ်ကြီးဆီသို့ ထွက်ခွာခဲ့သည်။
ကြယ်တာရာ တောအုပ်ကြီးက တကယ့်ကို နေရာကောင်းတစ်ခု ဖြစ်ပြီး အထူးသဖြင့် ပထမခေတ်ကာလမှာ ဝိညာဉ်သားရဲတွေရဲ့ အင်အားက အထွတ်အထိပ်သို့ ရောက်ရှိနေချိန် ဖြစ်သည်။
အပြင်ဘက် နယ်မြေတွေမှာတောင် နှစ်ထောင်ချီ ဝိညာဉ်သားရဲတွေ စုဝေးရာ နေရာဖြစ်ပြီး အတွင်းပိုင်းနဲ့ အလယ်ဗဟို နယ်မြေတွေဆိုရင် ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ဖူယဲ့ရဲ့ မျက်လုံးထဲမှာတော့ ဒီရှေးဟောင်း ဝိညာဉ်သားရဲတွေအားလုံးက အသေးအဖွဲလေးတွေသာ ဖြစ်သည်။ သူ ဒီနေရာကို လာရတဲ့ အကြောင်းရင်းကတော့... ပြောပြလို့မရတဲ့ ကိစ္စတစ်ခုကြောင့်ပေါ့။
ဝိညာဉ်နန်းတော်နဲ့ ပတ်သက်ပြီးတော့ ဖူယဲ့က ယွီရှောင်ကန်းကို အခုလောလောဆယ် သွားပြီး အပြတ်ရှင်းဖို့ စိတ်မကူးသေးပေ။ ဘာပဲဖြစ်ဖြစ် သူက အနှိုင်းမဲ့ အစွမ်းထက်နေပြီ ဖြစ်သလို ချန်ရွှန်ကျီက ယွီရှောင်ကန်းကို မုန်းတီးနေတယ်ဆိုတာလည်း သူ သိထားသည်။
ဘီဘီတုန်းနဲ့ ပတ်သက်ရင်တော့ ဒီရင်းနှီးမှုအဆင့်က နည်းနည်း ထူးဆန်းမနေဘူးလား။ တစ်ရက်မှ တစ်မှတ်၊ နှစ်မှတ်လောက်ပဲ တက်တာကိုး။
ထန်ယွဲ့ဟွာနဲ့ မွန်းလွဲပိုင်းတစ်ခုလုံး စနောက်နေခဲ့တာတောင် ဒီလောက်ပဲ ရခဲ့တာကို သူ သတိထားမိသည်။
မိန်းကလေးတွေက တကယ့်ကို နားလည်ရခက်တဲ့ သတ္တဝါတွေပဲ။
ဘီဘီတုန်းကတော့ သူ သေချာပေါက် ကယ်တင်ရမယ့်သူ ဖြစ်သည်။ သူ့ရဲ့ ပေါ်ထွက်လာမှုက ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့ပေမဲ့ ထိုအဖြစ်အပျက် ဖြစ်ပွားဖို့ သုံးလေးနှစ်လောက် လိုသေးတာကြောင့် အဲဒီအတောအတွင်း ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ပေ။
ငါ့ရဲ့ ချစ်စရာကောင်းတဲ့ စီနီယာမမလေး အခု ဘာတွေလုပ်နေမလဲ မသိဘူး။ ငါဆိုတဲ့ လူသေကို လွမ်းမနေဖို့ပဲ မျှော်လင့်ရတာပဲ။
ဖူယဲ့က တည်ငြိမ်စွာ ပြုံးလိုက်သည်။ ဘီဘီတုန်း ဘာတွေ တွေးနေလဲဆိုတာ သူ မသိပေမဲ့ စနစ်ရဲ့ ရင်းနှီးမှုအဆင့် မျက်နှာပြင်ကတော့ လိမ်ပြောမှာ မဟုတ်ပေ။ သူ "သေဆုံး" ပြီးကတည်းက ဘီဘီတုန်းရဲ့ ရင်းနှီးမှုအဆင့်က တစ်ရိပ်ရိပ် တက်လာခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ အခု ဒါတွေကို တွေးနေလို့လည်း အပိုပဲ။ ကြယ်တာရာ တောအုပ်ကြီးရဲ့ အလယ်ဗဟို နယ်မြေထဲမှာ လမ်းလျှောက်ရင်း ဘာတွေ ရှာတွေ့မလဲဆိုတာ သွားကြည့်တာက ပိုကောင်းလိမ့်မည်။
ဒီလိုတွေးပြီးနောက် သူက ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။ အခြားတစ်ဖက်တွင်မူ...
ဝိညာဉ်မြို့တော်၊ ပုပ်ရဟန်းမင်းနေရာရှိ ရင်းနှီးနေတဲ့ စစ်ဆေးမေးမြန်းရေး အခန်း။
"ရွှတ်..."
"ဖြန်း..."
"အားးးး အားးး"
"ရွှတ်..."
"ဖြန်း..."
"အားးးး အားးး"
ကြာပွတ်တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်တဲ့ အသံက ထူးဆန်းတဲ့ စည်းချက်တစ်ခုလို ထွက်ပေါ်နေသည်။ သေချာတာပေါ့... ဒါက ဘေးကနေ ကြည့်နေတဲ့ လူညံ့နှစ်ယောက်ရဲ့ စိတ်ထဲက အမှန်အကန် ခံစားချက် ဖြစ်သည်။
"အားးး ဘီဘီတုန်း... မင်းက စုန်းမပဲ။ မင်းက မိစ္ဆာမပဲ"
အရိုက်ခံနေရတဲ့ လူဆီကနေ အော်ဟစ်သံတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီတုန်းကတော့ ဘာစကားမှမပြောဘဲ နှုတ်ခမ်းဖျားမှာ အပြုံးတစ်ခု ဆင်မြန်းထားဆဲ ဖြစ်သည်။
"ရွှတ်..."
"ဖြန်း..."
"အားးးး အားးး"
ကြာပွတ်က သူ့ကိုယ်ပေါ်သို့ အကြိမ်ကြိမ် ရိုက်ချနေခဲ့သည်။ ဟုတ်ပါတယ်... ဒီလို အနှိပ်စက်ခံနေရတဲ့သူကတော့ တခြားသူမဟုတ်ဘဲ ငါတို့ရဲ့ ဆရာကြီး၊ အပြာရောင်လျှပ်စီး နဂါးမျိုးနွယ်စုရဲ့ သခင်လေးဖြစ်သလို နောင်အနာဂတ်ရဲ့ နတ်ဘုရားဆရာ ယွီရှောင်ကန်းပင် ဖြစ်သည်။
ဒါပေမဲ့ အခု သူ့ပုံစံကတော့ တကယ့်ကို နာကျင်စရာကောင်းလှသည်။
"ရွှတ်..."
"ဂျွတ်..."
"အားးး ဘီဘီတုန်း... မင်းက စုန်းမပဲ။ ငါက အပြာရောင်လျှပ်စီး နဂါးမျိုးနွယ်စုကကွ"
"ရွှတ်..."
"ဂျွတ်..."
"အားးးး တော်ပါတော့... အမြန်ရပ်ပေးပါ"
"ရွှတ်..."
"ဖြန်း..."
ဘီဘီတုန်းက ဘေးနားမှာရှိတဲ့ ကုသမှုပေးနေတဲ့ ဝိညာဉ်ဘိုးဘေး ငါးယောက်ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းတွေထဲမှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်းတို့တွေ အလှည့်ကျ သူ့ကို ကုသပေးကြ။ လုံးဝ မရပ်စေနဲ့။ အကယ်၍ သူ ဒီမှာ သေသွားရင်တော့ အပြစ်အားလုံးကို မင်းတို့ခေါင်းပေါ် ပုံချပစ်မယ်"
ဒီအချိန်မှာ ကုသမှုပေးနေတဲ့ ဝိညာဉ်ဘိုးဘေး ငါးယောက်က ဘီဘီတုန်းနဲ့ ငါးမီတာအကွာမှာ တုန်တုန်ရင်ရင်ဖြင့် ရပ်နေကြသည်။ ရှေ့ကလူက အသားတွေ စုတ်ပြတ်အောင် အရိုက်ခံရလိုက်၊ အတင်းအကျပ် ပြန်လည်ကုသခံရလိုက်၊ ပြီးရင် သန့်ရှင်းသော မိန်းကလေးရဲ့ ကြာပွတ်ဒဏ်ကို ထပ်မံ ခံရလိုက်နဲ့ သွေးသံရဲရဲ ဖြစ်နေတာကို သူတို့ ဆက်ပြီး မကြည့်ရဲကြတော့ချေ။
သန့်ရှင်းသော မိန်းကလေးက ဒီလူကို တစ်နာရီလုံးလုံး စကားတစ်ခွန်းမှ မပြောဘဲ ရက်ရက်စက်စက် ရိုက်နှက်နေခဲ့ခြင်း ဖြစ်သည်။
"အစ်မကြီး... သန့်ရှင်းသော မိန်းကလေးက..."
"ပါးစပ်ပိတ်ထားစမ်း။ သန့်ရှင်းသော မိန်းကလေး ဒီလိုလုပ်တာ သူ့အကြောင်းနဲ့သူ ရှိလိမ့်မယ်"
"ညီမလေး... မင်းအစ်မပြောတာ မှန်တယ်။ ငါတို့တစ်နေ့လုံး အဆောင်ထဲမှာပဲ ကျင့်ကြံနေခဲ့တာ"
"ဟုတ်တယ်... အစ်မလတ်ပြောတာ မှန်တယ်။ ငါတို့တစ်နေ့လုံး အဆောင်ထဲမှာပဲ ရှိနေတာ ဘာမှမသိဘူး"
ယွီရှောင်ကန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ သံကြာပွတ်ဒဏ်ရာတွေ ပြည့်နှက်နေသည်။ ကုသမှုပေးတဲ့ ဝိညာဉ်ဆရာက ဒဏ်ရာတွေကိုပဲ ကုသပေးနိုင်တာကြောင့် အမာရွတ်တွေကတော့ သေချာပေါက် ကျန်ရစ်ခဲ့မည်။
သူ့ရှေ့မှာ နာကျင်စွာ အော်ဟစ်နေဆဲဖြစ်တဲ့ ယွီရှောင်ကန်းကို ကြည့်ပြီး ဘီဘီတုန်းက သူမ လက်လွန်သွားလို့ သူ့မှာ အားအင်တွေ ဒီလောက် ကျန်နေသေးတာလားဟု တွေးမိလိုက်သည်။
ဒီအတွေး ဝင်လာတာနဲ့အမျှ ဘီဘီတုန်းရဲ့ စိတ်ထဲမှာ မခံမရပ်နိုင် ဖြစ်လာခဲ့သည်။ သူမ တကယ့်ကို လက်လွန်သွားခဲ့ပုံရသည်။
သူမရဲ့ အမေကို ယွီရှောင်ကန်းက အချိန်ခြောက်လကျော်တောင် နှိပ်စက်ညှဉ်းပန်းခဲ့တာကို ပြန်တွေးမိပြီး ဘီဘီတုန်းရဲ့ နှုတ်ခမ်းဖျားမှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်းတို့တွေ မနက်တိုင်း ကိုးနာရီမှာ ဒီကိုလာပြီး ညကိုးနာရီကျမှ ပြန်ကြ။ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို နှစ်ဆ တိုးပေးမယ်... နားလည်လား"
ယွီရှောင်ကန်းကို အသက်ဆက်ရှင်အောင် ကုသပေးနေရတဲ့ လူငါးယောက်ကို ကြည့်ပြီး ဘီဘီတုန်းက တီးတိုး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
"နားလည်ပါပြီ"
သူတို့ရဲ့ ညီညွတ်တဲ့ အဖြေကို ကြားတော့ ဘီဘီတုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ရွှတ်..."
"ဖြန်း..."
"အားးး ဘီဘီတုန်း... မင်း နောင်တရစေရမယ်"
"ရွှတ်..."
"ဖြန်း..."
"အားးးး ငါက အပြာရောင်လျှပ်စီး... အားးး"
"ရွှတ်..."
"ဖြန်း..."
"အားးး ငါပါ... ငါပါ..."