အခန်း (၈၃) ဝင်ရိုးစွန်း ငြိမ်သက်ခြင်း နယ်ပယ်
လူအသွင်ပြောင်း ဝိညာဉ်သားရဲ...
ငါလား.....
လုချန်သည် သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ရာ သူ၏ အမူအရာမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပြီး လူတွေကို ရယ်ရမလား၊ ငိုရမလား ဆိုတာကို မသေချာဖြစ်စေခဲ့သည်။
ဝိညာဉ်နန်းတော် နှင့် အခြားသူများက ငွေပြာအင်ပါယာ ဝိညာဉ်တစ်ခုတည်းကြောင့် သူ့ကို လူအသွင်ပြောင်း ဝိညာဉ်သားရဲဟု အထင်လွဲလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။
လုချန် စဉ်းစားကြည့်လိုက်သောအခါ ၎င်းမှာ တကယ်ပင် မှန်ကန်ကြောင်း သဘောပေါက်သွားခဲ့ရသည်။
ဝိညာဉ်ကုန်းမြေတိုက်ကြီးပေါ်တွင် မည်သူကမျှ ငွေပြာအင်ပါယာ ဝိညာဉ်ကို အောင်မြင်စွာ နိုးထနိုင်ခဲ့ခြင်း မရှိပေ။ အများဆုံး နိုးထနိုင်သူများမှာ ငွေပြာမြက်ပင် ဝိညာဉ်ကို နိုးထနိုင်သူများသာ ဖြစ်ပြီး ၎င်းမှာပင် မွေးရာပါ ဝိညာဉ်စွမ်းအား ပါဝင်လေ့မရှိပေ။
ကံကောင်းသော လူနည်းစုပင်လျှင် ဝိညာဉ်စွမ်းအား အဆင့် တစ်ကို မကျော်လွန်နိုင်ကြပေ။
ဝိညာဉ်စွမ်းအား အဆင့် ၁ဆိုသည်မှာ လက်တွေ့တွင် လုံးဝ မရှိသလောက်ပင်။ ဝိညာဉ်သခင် တစ်ဦး ဖြစ်လာရန် ကျင့်ကြံဖို့ မဖြစ်နိုင်။
သူသည် ငွေပြာအင်ပါယာ ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး သူ၏ အစစ်အမှန် အသွင်အပြင်၊ နောက်ခံ၊ အရင်းအမြစ်နှင့် လုံးဝ ဗလာဖြစ်နေသော သူ၏ အတိတ်တို့ကို အမြဲတမ်း ဖုံးကွယ်ထားခဲ့၏။
ဘုရားရေ...
သူကိုယ်တိုင်ပင် သူက ငွေပြာအင်ပါယာ လူအသွင်ပြောင်း ဝိညာဉ်သားရဲဖြစ်သည်ဟု ယုံလုနီးပါး ဖြစ်သွားခဲ့လေသည်။
လုချန်သည် ရယ်လည်းရယ်ချင်သလို၊ စိတ်လည်းပျက်သွားခဲ့ရသည်။ သူ လူသားဖြစ်ကြောင်း သိသော်လည်း ဂန္ဓမာတိုလော နှင့် သရဲတိုလောတို့နှင့်အတူ ဝိညာဉ်နန်းတော်သို့ သွားပြီး သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် မဖြစ်နိုင်ချေ။
သူမ၏ ပါရမီဖြင့်သာ အရူးမ ပီပီတုန်၏ လက်ထဲသို့ ကျရောက်သွားပါက သူဟာ ဝိညာဉ်နန်းတော်သို့ မဝင်ဘဲ သူမ၏ ခွေး မလုပ်ပါက သေချာပေါက် လူအသွင်ပြောင်း ဝိညာဉ်သားရဲဟု တံဆိပ်ကပ်ပြီး လူပုံအလယ်တွင် ကွပ်မျက်ပစ်လိမ့်မည်။
လုချန်သည် သူ၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို အခြားသူ တစ်ဦး၏ ဆန္ဒအပေါ် ဘယ်သောအခါမှ ပုံအပ်ထားမည် မဟုတ်ချေ။
လုချန်က တူကူပိုနှင့် တူကူရန်တို့ဘက်သို့ လှည့်ကြည့်လိုက်၏။
“ညီအစ်ကို တူကူ၊ ယန်ယန်... ကျွန်တော် ဘာလို့ ကျွန်တော့်ရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရလဲ ဆိုတာကို ညီအစ်ကိုတို့ အသိဆုံးပါ”
“ကျွန်တော်က လူအသွင်ပြောင်း ဝိညာဉ်သားရဲ မဖြစ်နိုင်ပါဘူး။ အခု ဂန္ဓမာတိုလော နဲ့ သရဲတိုလောတို့က ကျွန်တော့်ကို ဝိညာဉ်နန်းတော်ကို ခေါ်သွားချင်နေတယ်... ပြီးတော့ ကျွန်တော်က လုံးဝ အညံ့ခံမှာ မဟုတ်ဘူး”
“ဒီအချိန်ကစပြီး ကျွန်တော်က ဝိညာဉ်နန်းတော် နဲ့ သေချာပေါက် ရန်သူတွေ ဖြစ်သွားတော့မယ်။ ညီအစ်ကိုတို့ရော... ကျွန်တော်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား”
စကားပြောပြီးသည်နှင့် တူကူရန်သည် မတုံ့ဆိုင်းဘဲ လုချန်၏ လက်ကို ဆုပ်ကိုင်လိုက်၏။ သူမ၏ မျက်နှာလေးမှာ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်နှက်နေပြီး သူမက ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။
“ဝိညာဉ်နန်းတော်က အစွမ်းထက်တယ်ဆိုပေမဲ့ လူတွေကို ဒီလို အနိုင်ကျင့်လို့ မရဘူးလေ။ ရှင့်ကို လူအသွင်ပြောင်း ဝိညာဉ်သားရဲလို့ မတရား စွပ်စွဲပြီး ဝိညာဉ်နန်းတော်ကို ခေါ်သွားမယ်လို့ ခြိမ်းခြောက်နေတယ်..”
“ကျွန်မ လုံးဝ သဘောမတူနိုင်ဘူး။ ဖြစ်ချင်တာ ဖြစ်ပါစေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ တူကူမိသားစုက ဝိညာဉ်နန်းတော် နဲ့ တစ်ဖက်တည်း မဟုတ်ဘူး။ အဘိုးလည်း အဲဒီလို မထင်ဘူးလား”
တူကူပိုက လုချန်နှင့် တူကူရန်တို့ကို ကာကွယ်ကာ ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအား အဆင့် ၉၄၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုကို စေးကပ်သွားစေခဲ့သည်။
သူ၏ အကြည့်များက ဂန္ဓမာတိုလော နှင့် သရဲတိုလောတို့အပေါ် ကျရောက်သွားပြီး သူ၏ မျက်လုံးများတွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မရှိဘဲ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“မင်းတို့ စကား တစ်ခွန်းတည်းကိုပဲ အခြေခံပြီး လန်ချန်က လူအသွင်ပြောင်း ဝိညာဉ်သားရဲဆိုတာကို ငါ လုံးဝ မယုံဘူး။ ငါက ကိုယ့်မျက်စိနဲ့ မြင်ရတာကိုပဲ ယုံတယ်”
“လန်ချန်ရဲ့ ပါရမီက အရမ်းကောင်းလွန်းလို့ မင်းတို့ ဝိညာဉ်နန်းတော်က မနာလိုဖြစ်ပြီး ဒီ ပါရမီရှင်ကို ဖိနှိပ်ချင်နေတာပဲ”
“ဟွန့်... ဒီနေ့ မင်းတို့ လန်ချန်ကို ဒုက္ခပေးချင်တယ်ဆိုရင် ငါ့ကို အရင် ကျော်သွားရမယ်”
“ဂန္ဓမာကွမ်း... မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ အရင်တုန်းက အမဲလိုက်ခံခဲ့ရတဲ့ ရန်ငြိုးကို ငါ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်။ ဒီနေ့ ငါတို့ရဲ့ အကြွေးဟောင်းတွေရော အကြွေးသစ်တွေပါ အကုန် ရှင်းကြတာပေါ့”
တူကူပို၏ စကားများကို ကြားသောအခါ ယွဲ့ကွမ်း၏ ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များက နောက်တစ်ကြိမ် မြင့်တက်လာပြီး သူက ဟိန်းဟောက်လိုက်သည်။
“ခေါင်းမာတဲ့ အရူး... တူကူပို... မင်းရဲ့ ခွန်အားတွေက တိုးတက်လာတာ မှန်ပေမဲ့ အဲဒါက ငါတို့ကို ယှဉ်နိုင်ပြီလို့ မင်းက ထင်နေတာလား... ”
“ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း းကို ဒုက္ခပေးပြီးတဲ့နောက် မင်း နည်းနည်းလောက် ဘဝင်မြင့်နေပြီ ထင်တယ်”
“ပုပ်ရဟန်းမင်းကြီးက ငါတို့ နှစ်ယောက်ကို ဒီကို လွှတ်လိုက်တာ မင်းကို ဖိနှိပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိလို့ပဲ”
“သရဲအို... အဲဒီ လှည့်ကွက်ကို သုံးလိုက်။ ဒီ အဆိပ် အဘိုးကြီးကို အင်အားတွေ စုစည်းဖို့ အခွင့်အရေး မပေးနဲ့”
ကွေ့မေက တိုတိုတုတ်တုတ် ပြောလိုက်သည်။
“ကောင်းပြီ”
နောက်တစ်ခဏတွင် ဂန္ဓမာတိုလော ယွဲ့ကွမ်း၊ သရဲ တိုလောကွေ့မေတို့ နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း အော်လိုက်ကြ၏။
“ဝင်ရိုးစွန်း ငြိမ်သက်ခြင်း နယ်ပယ်”
ချက်ချင်းဆိုသလိုပင် ဂန္ဓမာတိုလော နှင့် သရဲတိုလော တို့ထံမှ အရှိန်အဝါ များ ပေါက်ကွဲထွက်လာပြီး သူတို့၏ ခြေဖဝါးအောက်မှ ဝိညာဉ်ကွင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနက်၊ အနက်...
အဝါ နှစ်ကွင်း၊ ခရမ်း နှစ်ကွင်းနှင့် အနက် ငါးကွင်း - ၎င်းမှာ ပြီးပြည့်စုံသော ဝိညာဉ်ကွင်းပေါင်းစပ်မှုပင်။
ဝိညာဉ်ကွင်းဆယ့်ရှစ်ခုက ကောင်းကင်ယံတွင် ထပ်တူကျသွားပြီး ဂန္ဓမာတိုလော နှင့် သရဲတိုလောတို့ထံမှ တွေးတော၍မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်သော စွမ်းအားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ချက်ချင်း ချုပ်နှောင်လိုက်လေသည်။
ယင်းကို မြင်သောအခါ တူကူပို၏ အမူအရာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ရသည်။ သူသည် လှည့်ပြီး လုချန်နှင့် တူကူရန်တို့ကို ဝင်ရိုးစွန်း ငြိမ်သက်ခြင်း နယ်ပယ် အပြင်ဘက်သို့ ပစ်ထုတ်ရန် အချိန်လေးသာ ရလိုက်သည်။
“မင်းတို့ အရင်သွား... ဒါက သူတို့ရဲ့ ဝိညာဉ် ပေါင်းစပ်ခြင်း နည်းစနစ်ပဲ...”
စကားမဆုံးမီမှာပင် တူကူပိုသည် ဝင်ရိုးစွန်း ငြိမ်သက်ခြင်း နယ်ပယ်အတွင်းတွင် ပိတ်မိသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်အောင် သံကြိုးခတ်ခံထားရသကဲ့သို့ ဖြစ်သွားခဲ့လေသည်။ သူ၏ ဝိညာဉ်စွမ်းအားကိုလည်း တွားသွားရလောက်သည့် အရှိန်အထိ ဖိနှိပ်ခံလိုက်ရသည်။
ဤသည်မှာ ဂန္ဓမာတိုလော နှင့် သရဲတိုလောတို့၏ ဝိညာဉ် ပေါင်းစပ်ခြင်း နည်းစနစ် ဖြစ်သော ဝင်ရိုးစွန်း ငြိမ်သက်ခြင်းနယ်ပယ်ဖြစ်ပြီး အောင်မြင်စွာ ထုတ်လွှတ်လိုက်သည်နှင့် မည်သည့် ဘွဲ့ခံတိုလောကိုမဆို ဖိနှိပ်ရန် လုံလောက်ပေသည်။
ဝိညာဉ်စွမ်းအား အဆင့် ၉၉ ရှိသော စူပါတိုလော တစ်ဦးသာလျှင် ကြီးမားသော စွမ်းအားဖြင့် နယ်ပယ်ကို အတင်းအဓမ္မ ဖောက်ထွက်နိုင်ကောင်း ဖောက်ထွက်နိုင်ပေလိမ့်မည်။
တူကူပိုအတွက်မူ ဤ နယ်ပယ်ကို အတင်းအဓမ္မ ဖောက်ထွက်ရန် မဖြစ်နိုင်ပေ။
သေချာသည်မှာ သတင်းကောင်းလည်း ရှိပေသည်။ ဂန္ဓမာတိုလော နှင့် သရဲတိုလောတို့သည် ဝိညာဉ် ပေါင်းစပ်ခြင်း နည်းစနစ်ကို အသုံးပြုပြီးနောက် သူတို့ ကိုယ်တိုင်လည်း လှုပ်ရှား၍ ရမည်မဟုတ်ဘဲ ဝိညာဉ် ပေါင်းစပ်ခြင်း နည်းစနစ်ကို ထိန်းသိမ်းရန် သူတို့၏ အားအင် အားလုံးကို အာရုံစိုက်ထားရမည် ဖြစ်၏။
၎င်းမှာ ဂန္ဓမာတိုလော၊ သရဲတိုလော နှင့် တူကူပိုတို့ အားလုံးသည် သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များကို ဆုံးရှုံးသွားပြီး ဤ အကျပ်အတည်း အခြေအနေတွင်သာ ရှိနေရသကဲ့သို့ ဖြစ်နေခဲ့သည်။
ဝင်ရိုးစွန်း ငြိမ်သက်ခြင်းနယ်ပယ် အပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရသော လုချန်နှင့် တူကူရန်တို့ ဘာမှ မပြောနိုင်မီ သူတို့သည် နောက်တစ်ကြိမ် ဝိုင်းရံခံလိုက်ရပြန်သည်။
ကောင်းကင်အင်ပါယာ မြို့တော် ဝိညာဉ် ဝတ်ကျောင်းတော်၏ ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ် သည် ဝိညာဉ်သူတော်စင်အဆင့်ရှိ အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးနှင့် ဝိညာဉ်ဧကရာဇ်အဆင့်ရှိ အနက်ရောင်ဝတ် ဘုန်းတော်ကြီး ရှစ်ဦးတို့နှင့်အတူ မြို့ပြင်သို့ ထွက်လာပြီးနောက် လုချန်နှင့် တူကူရန်တို့ကို အလျင်အမြန် ဝိုင်းရံလိုက်ကြသည်။
ဤအချိန်တွင် ရွှယ်ချင်းဟယ်၏ မျက်လုံးများက အေးစက်ပြီး စူးရှသွားကာ ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်ကို ကြည့်လိုက်သည်။
“ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်... ခင်ဗျားက ကောင်းကင်အင်ပါယာမြို့တော် ဝိညာဉ်ဝတ်ကျောင်းတော်ရဲ့ ပလက်တီနမ် ဘုန်းတော်ကြီးအနေနဲ့ မြင့်မားတဲ့ ရာထူးနဲ့ ကြီးမားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ပိုင်ဆိုင်ထားတယ်လေ။ အခု ခင်ဗျားကပါ ဒီကိစ္စထဲ ဝင်ပါနေတာလား”
“လန်ချန်က ကျွန်တော့်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။ ခင်ဗျား သူ့ကို ဒုက္ခပေးရဲတယ်ဆိုရင် ခင်ဗျားတို့ ကောင်းကင်အင်ပါယာ မြို့တော်က ဝိညာဉ် ဝတ်ကျောင်းတော်ကို ဝိုင်းရံဖို့ စစ်တပ်တွေ လွှတ်လိုက်ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့နော်”
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်သည် ကျောချမ်းသွားသလို ခံစားလိုက်ရ၏။ ၎င်းမှာ ရွှယ်ချင်းဟယ် စစ်တပ်များကို စေလွှတ်မည်ကို ကြောက်ရွံ့၍ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူသည် ကောင်းကင်အင်ပါယာမြို့တော် ဝိညာဉ် ဝတ်ကျောင်းတော်၏ ပလက်တီနမ် ဘုန်းတော်ကြီး ဖြစ်ပြီး ဝိညာဉ်နန်းတော်၏ မျက်နှာစာကို ကိုယ်စားပြုပေသည်။
ရွှယ်ချင်းဟယ်က စစ်တပ်များကို စေလွှတ်လိုလျှင်တောင် ဧကရာဇ် ရွှယ်ယဲ့က သူ့ကို အလျင်စလို လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ။
သို့သော် သူ၏ ရှေ့ရှိ ရွှယ်ချင်းဟယ်သည် တကယ်တော့ ဝိညာဉ်နန်းတော်၏ သခင်လေး ချန်းရန်ရွှယ် ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
ကောင်းကင်အင်ပါယာ မြို့တော်ရှိ ဝိညာဉ်နန်းတော် ၏ အကြီးအကဲအနေဖြင့် ချန်းရန်ရွှယ်သည် သူမ အသွင်ဖျောက်ပြီးနောက် အစီအစဉ်များစွာကို အကောင်အထည်ဖော်ရန် တာဝန်ရှိပေသည်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်သည် ရွှယ်ချင်းဟယ်ကို စိတ်ဆိုးစေမည်ကို မကြောက်သော်လည်း ချန်းရန်ရွှယ်ကို စိတ်ဆိုးစေပြီးနောက် သူ၏ ပလက်တီနမ် ဘုန်းတော်ကြီးအဖြစ် အုပ်ချုပ်မှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိထားပေသည်။
သို့သော် သူသည် ပီပီတုန်ထံမှ အမိန့်များကို ရရှိထားပြီးဖြစ်သဖြင့် ယခုအခါ နောက်ဆုတ်၍ မရနိုင်တော့ချေ။
တစ်ယောက်က ပီပီတုန်ဖြစ်ပြီး နောက်တစ်ယောက်က ချန်းရန်ရွှယ်။
ယခုအချိန်တွင် သူ အကြောက်ဆုံးလူမှာ ပီပီတုန်ပင်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်က သွားကိုကျိတ်ကာ အေးစက်စွာ ပြောလိုက်၏။
“အိမ်ရှေ့မင်းသား... ဒီကိစ္စကို အိမ်ရှေ့မင်းသား အနေနဲ့ အလျင်စလို ဝင်မပါပါနဲ့ ။ လန်ချန်က လူအသွင်ပြောင်း ဝိညာဉ်သားရဲကို ကိုယ်စားပြုပြီး ဝိညာဉ်သားရဲဆိုတာ လူသားတွေရဲ့ ဘုံရန်သူပါ။ ဝိညာဉ်သားရဲကို လက်ခံထားတာက လူသားတွေကို သစ္စာဖောက်တဲ့ ကြီးလေးတဲ့ အပြစ်ပါပဲ”
“ကျွန်တော်က အသွင်ပြောင်း ဝိညာဉ်သားရဲ လန်ချန် ကို ဖမ်းဆီးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ အမိန့်အရ အကြီးအကဲ ကွမ်း၊ အကြီးအကဲ မေတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာပါ။ အိမ်ရှေ့မင်းသား ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”
“ကိုယ်ရံတော်တွေ... အိမ်ရှေ့မင်းသားကို ဒီနေရာကနေ ထွက်သွားအောင် လုံခြုံစွာ ခေါ်သွားလိုက်ပါ။ အိမ်ရှေ့မင်းသားကို မထိခိုက်မိစေနဲ့နော်”
စကားပြောပြီးသည်နှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီး ရှစ်ဦးထဲမှ လေးဦး ရှေ့သို့ တိုးလာပြီး ရွှယ်ချင်းဟယ်ကို လွှတ်ပစ်တော့မည့်အလား ပိတ်ဆို့လိုက်ကြလေသည်။
ရွှယ်ချင်းဟယ်သည် မြင်းဇက်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လုချန်နှင့် တူကူရန်တို့ထံသို့ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လှမ်းကြည့်လိုက်၏။
သူမသည် မူလက လုချန်ကို တဖြည်းဖြည်း သိမ်းသွင်းရန် ရည်ရွယ်ခဲ့သော်လည်း ပီပီတုန် ဝင်ရောက် စွက်ဖက်ပြီးနောက် သူမ၏ အစီအစဉ် ပျက်စီးသွားခဲ့ရသည်။
ပီပီတုန်သည် ဝိညာဉ်နန်းတော်တွင် ရှိနေသော်လည်း သူမသည် လိုအပ်သော ပြင်ဆင်မှုများ အားလုံးကို ပြုလုပ်ထားခဲ့သည်။ ရွှယ်ချင်းဟယ် အလျင်စလို ဝင်ရောက် စွက်ဖက်ခြင်းမှ ကာကွယ်ရန် မြွေလှံတိုလော နှင့် ဆူးငါးတိုလောတို့ကို ပြောင်းရွှေ့ထားခဲ့လေသည်။
ဂန္ဓမာတိုလောကိုလည်း ပြောင်းရွှေ့ထားခဲ့သည်။ သရဲ တိုလောက လူများကို ဖမ်းဆီးရန် တာဝန်ယူပြီး ကောင်းကင်အင်ပါယာ မြို့တော်ကိုလည်း တာဝန်ပေးထားခဲ့သည်။ ဝိညာဉ်ဝတ်ကျောင်းတော် ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်ကလည်း ပူးပေါင်းပါဝင်ခဲ့သည်။
သူတို့သည် လုချန်အတွက် ထွက်ပေါက် လုံးဝ မချန်ထားခဲ့ပေ။
ပုံမှန်အားဖြင့် အထောက်အကူပြု ဝိညာဉ်သခင် တစ်ဦးဖြစ်သော လုချန်တွင် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမျှ ရှိမည်မဟုတ်ချေ။ တူကူပို အချုပ်ခံရပြီးနောက် သူသည် စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လို ဖြစ်သွားခဲ့သည်။
သူတို့ မသိသည်က တကယ်တမ်းတွင် လုချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် သူ၏ အထောက်အကူပြု စွမ်းရည်ထက် မနည်းခြင်းပင်။