အခန်း (၄၈) မြစိမ်းရောင် နဂါး၏ စတုတ္ထမြောက် ဝိညာဉ်ကွင်းဆက်
မကြာမီ တူကူပိုသည် လုချန်နှင့်အတူ ရေခဲမီးလျှံရေပူစမ်း ချိုင့်ဝှမ်းမှ ထွက်ခွာလာခဲ့သည်။
ခေါ်ဆောင်သွားခံရစဉ် လုချန်သည် တိတ်တဆိတ် နှုတ်ခမ်းတွန့်လိုက်၏။
တူကူပိုက သူ့ကို သူခိုးတစ်ယောက်လို စောင့်ကြပ်နေခဲ့သည်။ တူကူရန်၏ ကိုယ်လုံးတီးကို သူက ချောင်းကြည့်မည့်အလားပင်။
တူကူရန်က သူ့ကို အဘိုးဟု ခေါ်နေသေးရာ သူက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်နိုင်ပါမည်နည်း။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် တူကူရန် တစ်ယောက်တည်း ချိုင့်ဝှမ်းထဲတွင် ကျန်ရစ်ခဲ့၏။
ထိုအချိန်တွင် တူကူရန်က သူမ၏ ဝိညာဉ်ကို ပြန်ရုပ်သိမ်းလိုက်ရာ သူမ ဝတ်ဆင်ထားသော နဂါးအကြေးခွံ သံချပ်ကာသည် အကြေးခွံ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့လေသည်။
ခဏအကြာတွင် ဆင်စွယ်ကဲ့သို့ ဖြူဖွေးနူးညံ့နေသော လှပသည့် ကိုယ်လုံးတီးအလှက တိတ်ဆိတ်နေသော ချိုင့်ဝှမ်းထဲတွင် ပေါ်လွင်လာခဲ့သည်။
တူကူရန်သည် ကလေးမလေး မဟုတ်တော့ဘဲ အရွယ်ရောက်ပြီးသော မိန်းမပျိုတစ်ဦး ဖြစ်နေပြီဖြစ်၏။
တူကူရန်သည် အသက် ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သည်။ ဝိညာဉ်ကုန်းမြေတိုက်ကြီးရှိ ဝိညာဉ်သခင်များ၏ အကူအညီဖြင့် သူတို့ စုပ်ယူသော ဝိညာဉ်ကွင်းတိုင်းက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးလေ့ရှိသည်။
ထို့ကြောင့် ယခုအခါ တူကူရန်တွင် အချိုးကျလှပပြီး နေရာတကျ ပြည့်ဖြိုးနေသည့် ကိုယ်လုံးကိုယ်ပေါက် ရှိနေကာ ရင့်ကျက်သော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေခဲ့သည်။
သူမ၏ ပေါင်တံများက လုံးဝန်းပြည့်ဖြိုးပြီး ခြေသလုံးများမှာ သွယ်လျကာ သူမ၏ သေးငယ်နုနယ်သော ခြေဖဝါးလေးများက နူးညံ့သော မြက်ခင်းပေါ်တွင် နင်းထားခဲ့သည်။
ဘယ်လောက်တောင် လှပပြီး ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ မြင်ကွင်းလေးပါလိမ့်...
ကံမကောင်းစွာဖြင့် ယခုအချိန်တွင် ၎င်းကို ခံစားကြည့်ရှုရန် မည်သူမျှ မရှိပေ။
တူကူရန်က သူမ၏ သိုလှောင်ဝိညာဉ်ကိရိယာထဲမှ အတွင်းခံအသစ် တစ်စုံ၊ ဂါဝန်တစ်ထည်နှင့် သလင်းကျောက်ဖိနပ်များကို ထုတ်ယူကာ တစ်ခုချင်းစီ စတင် ဝတ်ဆင်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် တူကူရန်က အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်ပြီးသွားသော်လည်း အဝတ်အစားများမှာ အလွန် ကျပ်နေသည်ဟု ခံစားရပြီး အထူးသဖြင့် ရင်ဘတ်နေရာတွင် ပို၍ ကျပ်နေခဲ့သည်။
ထို့ကြောင့် သူမသည် ရင်ဘတ်နေရာရှိ ကျပ်နေမှုများကြောင့် အသက်ကောင်းကောင်း ရှူနိုင်စေရန် သူမ၏ နူးညံ့သော ရင်သားနှစ်ခုကို ပွတ်သပ်၍ နေရာတကျ ဖြစ်အောင် ပြန်လည် ချိန်ညှိလိုက်ရလေသည်။
“နဂါးမူလအသီးရဲ့ ဆေးအာနိသင်တွေကြောင့် ခန္ဓာကိုယ်က အသွင်ပြောင်းပြီး ထပ်ကြီးလာတာများလား”
“ထပ်ကြီးလာပုံပဲ... တကယ်ကို ခေါင်းကိုက်စရာပဲ။ အဝတ်အစားတွေက တင်းကျပ်ပြီး ပေါက်ထွက်တော့မလို ဖြစ်နေပြီ။ အဝတ်အစား အသစ်တွေ ထပ်ဝယ်ဖို့ လိုနေပြီ ထင်တယ်”
စကားပြောပြီးသည်နှင့် တူကူရန်က သူမ၏ နူးညံ့သော ရင်သားနှစ်ခု၏ နေရာကို ချိန်ညှိလိုက်ပြီး လေကို ပြင်းပြင်းရှူသွင်းကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေသည်။
အသက်ရှူရ လွယ်ကူသွားပြီဖြစ်ကြောင်း သေချာသွားပြီးနောက် တူကူရန်သည် လှည့်ကာ လက်ကို နောက်ပစ်ပြီး အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
...
တူကူရန်သည် ချိုင့်ဝှမ်း အပြင်ဘက်သို့ ရောက်လာပြီး တူကူပို၊ လုချန်တို့နှင့် သွားဆုံလိုက်သည်။ ထို့နောက် သူတို့ သုံးယောက် အတူတကွ တောင်အောက်သို့ ဆင်းလာကြပြီး တူကူရန်၏ စတုတ္ထမြောက် ဝိညာဉ်ကွင်းအတွက် သင့်တော်သော ဝိညာဉ်သားရဲကို ရှာဖွေရန် နေဝင်ချိန် တောအုပ်ဆီသို့ သွားရန် ပြင်ဆင်လိုက်ကြ၏။
တောင်အောက်ဆင်းလာစဉ် လုချန်က ရုတ်တရက် မေးလိုက်သည်။
“ညီအစ်ကို တူကူ... ယန်ယန်ရဲ့ စတုတ္ထမြောက် ဝိညာဉ်ကွင်းအတွက် ဘယ်လို ဝိညာဉ်သားရဲမျိုးကို ရွေးချယ်ဖို့ စီစဉ်ထားလဲ”
“ကျွန်တော် နေဝင်ချိန် တောအုပ်ထဲက အပင်တွေနဲ့ ဆက်သွယ်နိုင်တယ်... ဒါကြောင့် ညီအစ်ကို လိုအပ်တဲ့ ဝိညာဉ်သားရဲကို အမြန် ရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်”
လုချန်က ထိုမေးခွန်းကို မေးလိုက်ပြီးနောက် တူကူရန်သည်လည်း တူကူပိုကို လှမ်းကြည့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဝိညာဉ်ကွင်းတစ်ခုချင်းစီတိုင်းကို အဘိုးဖြစ်သူက အမြဲတမ်း ရွေးချယ်ပေးခဲ့ခြင်းကြောင့်ပင်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တူကူပိုက အသံနှိမ့်ကာ ပြောလိုက်သည်။
“ယန်ယန်ရဲ့ ပထမ ဝိညာဉ်ကွင်းက စိတ်လှုပ်ရှားစေတဲ့ အဆိပ်၊ ဒုတိယ ဝိညာဉ်ကွင်းက သွက်ချာပါဒဖြစ်စေတဲ့ အဆိပ်၊ တတိယ ဝိညာဉ်ကွင်းက တိုက်စားစေတဲ့ အဆိပ် တွေပါ”
“စိတ်လှုပ်ရှားစေတဲ့အဆိပ်က တိုက်ခိုက်မှုကို မြှင့်တင်ပေးနိုင်ပြီး သွက်ချာပါဒဖြစ်စေတဲ့ အဆိပ်က ကာကွယ်မှုကို မြှင့်တင်ပေးနိုင်တယ်။ နှစ်ခုစလုံးက အထောက်အကူပြု အဆိပ်တွေဖြစ်ပြီး အဆိပ်ပြင်းတယ်လို့ မသတ်မှတ်နိုင်ဘူး။ ယန်ယန်က ငယ်သေးတာကို ထည့်တွက်ပြီး ဝိညာဉ်ကွင်းထဲက ပိုပြင်းထန်တဲ့ အဆိပ်တွေကို မစုပ်ယူနိုင်မှာကို စိုးရိမ်လို့ပဲ”
“တိုက်စားစေတဲ့ အဆိပ်ကတော့ ပြင်းထန်တဲ့ တိုက်စားမှု အာနိသင်ရှိပြီး သေစေနိုင်တဲ့ အဆိပ်တစ်မျိုး ဖြစ်သလို စစ်မြေပြင်ကို ထိန်းချုပ်တာနဲ့ တိုက်ခိုက်တာတွေလည်း လုပ်နိုင်ပါတယ်”
“အကယ်လို့ ထိန်းချုပ်ရေးစနစ် ဝိညာဉ်သခင် လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် စတုတ္ထ ဝိညာဉ်စွမ်းရည်က အဆိပ်အခြေခံတဲ့ စွမ်းရည်တစ်ခု ဖြစ်နိုင်ပြီး တိုက်ပွဲမှာ ရန်သူတွေကို အနှောင့်အယှက်ပေးဖို့ သုံးနိုင်တယ်”
“ဒါပေမဲ့ ယန်ယန်ရဲ့ ဝိညာဉ်က အခု မြစိမ်းရောင် မြွေ ကနေ မြစိမ်းရောင်နဂါးအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီဆိုတော့ သာမန် ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာဖို့လောက်ပဲ လုပ်မယ်ဆိုရင် ဒီအခွင့်အရေးကို ဖြုန်းတီးပစ်လိုက်ရာ ကျလိမ့်မယ်”
“ဒါကြောင့် ယန်ယန်ရဲ့ စတုတ္ထ ဝိညာဉ်စွမ်းရည် အတွက် ဧရိယာကျယ်ကျယ် တိုက်ခိုက်နိုင်တဲ့ အဆိပ်စွမ်းရည်ပါတဲ့ ဝိညာဉ်သားရဲကို ရွေးကြရအောင်”
ယင်းကို ကြားသောအခါ လုချန်က နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် တူကူရန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ယေဘုယျအားဖြင့် ဝိညာဉ်သခင် တစ်ယောက်ရဲ့ စတုတ္ထ ဝိညာဉ်ကွင်းက သက်တမ်း ငါးထောင်အောက်ပဲ ဖြစ်သင့်တယ်။ ဒါပေမဲ့ ယန်ယန်က သာမန် ဝိညာဉ်သခင်မှ မဟုတ်တာ။ သူက နဂါးမူလအသီးရဲ့ ဆေးအာနိသင်တွေကို စုပ်ယူပြီးပြီဖြစ်လို့ သူ့ရဲ့ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ် တွေ အားလုံးက လုံးဝ အသွင်ပြောင်းလဲသွားပြီလေ”
“နှစ်တစ်သောင်း ဝိညာဉ်ကွင်းကို စုပ်ယူဖို့က ခက်ခဲနိုင်ပေမဲ့ နှစ်ခုနစ်ထောင် ဒါမှမဟုတ် ရှစ်ထောင် ဝိညာဉ်ကွင်းကို စုပ်ယူဖို့ကတော့ လုံးဝ ပြဿနာ မရှိဘူး”
“ဒါဆိုရင် သက်တမ်း ခုနစ်ထောင် ဒါမှမဟုတ် ရှစ်ထောင်ရှိပြီး ဧရိယာကျယ်ကျယ် တိုက်ခိုက်နိုင်တဲ့ အဆိပ်ပြင်း စွမ်းရည်ပါတဲ့ ဝိညာဉ်သားရဲကို ကျွန်တော် ရှာလိုက်မယ်”
တူကူပိုသည် အစပိုင်းတွင် တုံ့ဆိုင်းနေခဲ့သည်။ မည်သို့ပင်ဆိုစေ သူ၏ မြေးမလေး အန္တရာယ်ကြုံရမည်ကို သူ မကြည့်ရက်ပေ။
သို့သော် တွေးကြည့်ပြီးနောက် သူ သဘောတူလိုက်၏။
ဝိညာဉ်ကွင်း သက်တမ်း ရင့်လေလေ ဝိညာဉ်သခင်၏ အလားအလာကို ပိုမို ဖော်ထုတ်နိုင်လေလေ ဖြစ်ပြီး ၎င်းက ဝိညာဉ်သခင်၏ အနာဂတ် တိုးတက်မှုအတွက် မှန်းဆ၍မရနိုင်သော အကျိုးကျေးဇူးများ ရှိပေသည်။
လုချန် ပြောသကဲ့သို့ပင် သူ၏ မြေးမလေးသည် နဂါးမူလအသီး၏ ဆေးအာနိသင်များကို စုပ်ယူပြီးနောက် ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်တို့ အားလုံး လုံးဝ အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကန့်သတ်ချက်ထက် ကျော်လွန်သော စတုတ္ထ ဝိညာဉ်ကွင်းကို စုပ်ယူခြင်းက ပြဿနာ သိပ်ရှိမည် မဟုတ်ပေ။
သူ၏ မြေးမလေးက သက်တမ်း တစ်သောင်းအောက် ဝိညာဉ်ကွင်းဆက် မည်သည့်အရာကိုမဆို စုပ်ယူနိုင်စွမ်း ရှိရပေမည်။
တူကူပိုက လေးနက်စွာ သဘောတူလိုက်၏။
“ဒါဆိုရင် ညီအစ်ကို လန်ချန်ကိုပဲ ဒုက္ခပေးရတော့မယ်”
ထို့နောက် လုချန်က ငွေပြာနယ်ပယ်ကို ထုတ်လွှတ်လိုက်လေသည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ အဆက်မပြတ် ထည့်သွင်းပေးမှုနှင့်အတူ ငွေပြာနယ်ပယ် လွှမ်းခြုံထားသော တောအုပ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ သူသည် ငွေပြာနယ်ပယ်အတွင်းရှိ ငွေပြာမြက်ပင်များနှင့် ဆက်သွယ်ကာ သူလိုအပ်သော ဝိညာဉ်သားရဲများကို ရှာဖွေရန် ၎င်းတို့ကို အသုံးပြုနေခဲ့သည်။
ငွေပြာနယ်ပယ်အတွင်းတွင် တူကူပိုနှင့် တူကူရန်တို့ နှစ်ဦးစလုံး စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့ကြသည်။
သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဘိုးနှင့် မြေး နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် သတိထားမိလိုက်ကြ၏။
သူတို့ရှေ့တွင် ရပ်နေသော လုချန်သည် တောအုပ်၏ ဘုရင်တစ်ပါးနှင့် တူနေပြီး တောအုပ် တစ်ခုလုံးက သူ၏ နယ်မြေ ဖြစ်နေသကဲ့သို့ပင်။
ပိုမို စူးရှသော အာရုံခံနိုင်စွမ်းရှိသည့် တူကူပိုသည် သူ့ပတ်ဝန်းကျင်ရှိ ငွေပြာမြက်ပင်များက အနည်းငယ် တုန်ခါနေပြီး လုချန်ရှိရာ အရပ်သို့ ဘုရားဖူးနေသည့်အလား ဦးညွှတ်နေကြသည်ကို သတိထားမိလိုက်၏။
တူကူပို အမှန်တရားကို သဘောပေါက်သွားခဲ့သည်။
‘ဒီစွမ်းအားက ဒဏ္ဍာရီလာ နယ်ပယ်စွမ်းအား ဖြစ်ရမယ်။ ညီအစ်ကို လန်ချန်ရဲ့ နယ်ပယ်က တောအုပ်ထဲက ငွေပြာမြက်ပင်တွေကို နာခံသွားစေနိုင်တယ်...’
‘ညီအစ်ကို လန်ချန်ရဲ့ ဝိညာဉ် က ငွေပြာမြက်ပင် နဲ့ ပတ်သက်နေတာများလား... ဒါပေမဲ့ သာမန် ငွေပြာမြက်ပင်တော့ လုံးဝ မဖြစ်နိုင်ဘူး... အဲဒါက ငွေပြာမြက်ပင်တွေရဲ့ ဘုရင်၊ အင်ပါယာ ဖြစ်ရမယ်’
‘ငွေပြာမြက်ပင်က အညံ့ဆုံးထဲက အညံ့ဆုံး ဝိညာဉ် ဖြစ်တာမှန်ပေမဲ့ ငွေပြာမြက်ပင်တွေကြားက ဘုရင် ဒါမှမဟုတ် ဘုရင်မကတော့ မှော်ဆန်တဲ့ စွမ်းရည်တချို့ ပိုင်ဆိုင်ထားတယ်ဆိုရင် အတော်လေး ယုတ္တိရှိပါတယ်’
‘ညီအစ်ကို လန်ချန်က အပင်တွေနဲ့ ဆက်သွယ်တဲ့ နေရာမှာ ဒီ နယ်ပယ်ကို အားကိုးတာ ဖြစ်ရမယ်။ နယ်ပယ်ဆိုတာ ငါတောင်မှ မကျွမ်းကျင်သေးတဲ့ နည်းစနစ်တစ်ခုပဲ။ တကယ်ကို အံ့မခန်းပဲ’
လုချန် ပြသခဲ့သော နည်းလမ်းများကို ကြည့်ရုံဖြင့် သူ၏ ဝိညာဉ်နောက်ခံကို ကောက်ချက်ချနိုင်စွမ်းရှိသော တူကူပိုသည် ဘွဲ့ခံတိုလောဆိုသည့် သူ၏ ဂုဏ်ပုဒ်နှင့် တကယ်ကို ထိုက်တန်ပေသည်။
ထိုစဉ်မှာပင် လုချန်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ရုတ်တရက် ပေါ်လာခဲ့၏။
“ညီအစ်ကို တူကူ... ယန်ယန်... ရှာတွေ့ပြီ.... ကျွန်တော့်နောက် လိုက်ခဲ့ကြ”
စကားပြောပြီးသည်နှင့် လုချန်က ဦးဆောင်ကာ တောအုပ်အတွင်းရှိ နေရာတစ်ခုဆီသို့ အပြေးအလွှား သွားလေတော့သည်။
တူကူပိုလည်း စိတ်လှုပ်ရှားသွားပြီး တူကူရန်၏ ပခုံးကို ဖမ်းကိုင်ကာ လုချန်၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။
သူတို့၏ အမြန်နှုန်းဖြင့် နာရီဝက်ပင် မကြာမီတွင် သူတို့၏ ခရီးပန်းတိုင်သို့ ရောက်ရှိသွားကြသည်။
မှေးမှိန်သော၊ ညှီစော်နံသော အနံ့များ ပြည့်နှက်နေသည့် အဆိပ်ပြင်း ရွှံ့ညွန်တစ်ခု။
လုချန်သည် ရွှံ့ညွန်အစပ်တွင် ရပ်လိုက်ပြီး ပြေးလာနေသော တူကူပိုနှင့် တူကူရန်တို့ကို ကြည့်ကာ ပြောလိုက်၏။
“ညီအစ်ကို တူကူ၊ ယန်ယန်... အပင်တွေနဲ့ ဆက်သွယ်လို့ ရလာတဲ့ သတင်းတွေအရ ဒီရွှံ့ညွန်ထဲမှာ သက်တမ်း ရှစ်ထောင်ရှိတဲ့ အဆိပ်မြှား ဖား တစ်ကောင် ရှိတယ်”
“အဆိပ်မြှားဖားက အဆိပ်မြှားတွေ အများကြီး ဒါမှမဟုတ် ဆယ်နဲ့ချီပြီးတောင် ထွေးထုတ်နိုင်တယ်။ အဲဒီမြှားတွေမှာ ပြင်းထန်တဲ့ အာရုံကြောအဆိပ်တွေ ပါဝင်ပြီး သူ့ရဲ့ သားကောင်ကို ထိမှန်သွားရင် အချိန်တိုအတွင်းမှာ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးသွားစေတယ်”
“နောက်ဆုံးတော့ အဆိပ်မြှားဖားက သူ့ရဲ့ သားကောင် သတိရနေတုန်းမှာပဲ အရှင်လတ်လတ် မျိုချပစ်လိုက်တာ။ ဒီ ဝိညာဉ်သားရဲက အရုပ်ဆိုးပေမဲ့ သတ်မှတ်ချက်တွေနဲ့တော့ လုံးဝ ကိုက်ညီတယ်”
“ညီအစ်ကို တူကူ... ဟိုနေရာကို ကြည့်လိုက်... အဆိပ်မြှားဖားက ရွှံ့ညွန်ထဲက ရွှံ့တွေကြားမှာ ပုန်းနေတာ”
တူကူပိုက သက်တမ်း ရှစ်ထောင်ရှိသော အဆိပ်မြှား ဖားသည် သူတို့၏ လိုအပ်ချက်များနှင့် အမှန်တကယ် ကိုက်ညီကြောင်း လုချန်၏ သုံးသပ်ချက်ကို သဘောတူကာ ခေါင်းညိတ်လိုက်၏။
လုချန် ညွှန်ပြသော နေရာသို့ လိုက်ကြည့်လိုက်ရာ ရွှံ့တွေကြားထဲမှ အဆိပ်မြှားဖားကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
မဆိုင်းမတွပင် တူကူပိုက တူကူရန်ကို လုချန်၏ ဘေးတွင် ထားခဲ့လိုက်သည်။
“ညီအစ်ကို လန်ချန်... ယန်ယန်ကို စောင့်ကြည့်ပေးထားပါ.. ဒီ အဆိပ်မြှားဖားကို သွားဖမ်းလိုက်ဦးမယ်”
၎င်းကို ကြားပြီးနောက် တူကူပိုသည် ချက်ချင်းပင် လေထဲသို့ ခုန်တက်ကာ အဆိပ်မြှား ဖားရှိရာသို့ ပျံသန်းသွားလေသည်။
ရွှံ့ညွန်ထဲတွင် ပုန်းအောင်းနေသော အဆိပ်မြှား ဖားသည်လည်း တူကူပိုကို ရန်သူအဖြစ် သတိထားမိသွားခဲ့သည်။ ၎င်းက သုံးကြိမ်မျှ အသံပြုလိုက်ပြီး ပြင်းထန်သော အာရုံကြော အဆိပ်များ ပါဝင်သည့် အဆိပ်မြှားကို ထွေးထုတ်ရန် ပြင်ဆင်လိုက်၏။
သို့သော် ယခုတစ်ကြိမ်တွင် အဆိပ်မြှား ဖားသည် တကယ့် ပြိုင်ဘက်နှင့် တွေ့သွားပြီဖြစ်သည်။ သက်တမ်း ရှစ်ထောင် ဝိညာဉ်သားရဲတစ်ကောင်က တူကူပိုကဲ့သို့သော ဘွဲ့ခံတိုလော ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
တူကူပိုသည် သူ၏ ဝိညာဉ်ကိုပင် ဆင့်ခေါ်ခြင်း မရှိဘဲ ဘွဲ့ခံတိုလောအဆင့် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ အဆိပ်မြှားဖားအပေါ်သို့ ဒီရေလုံးကြီးကဲ့သို့ ကျဆင်းသွားလေသည်။
အဆိပ်မြှားဖားမှာ သူ၏ အဆိပ်မြှားကိုပင် မထွေးထုတ်ရသေးမီမှာပင် မျက်လုံးလန်ကာ သတိလစ်သွားလေတော့သည်။
ယင်းကိုမြင်သောအခါ တူကူပို၏ မျက်နှာပေါ်တွင် အထင်သေးသည့် အမူအရာ ပေါ်လာခဲ့၏။
အကယ်၍ နှစ်တစ်သောင်း သက်တမ်းရှိသော ဝိညာဉ်သားရဲဖြစ်ပါက သူ အနည်းငယ် ပိုကြိုးစားရပေမည်။ သက်တမ်း တစ်သောင်းအောက် ဝိညာဉ်သားရဲဆိုလျှင်တော့ ကိုင်တွယ်ရလွယ်ကူလွန်းလှသည်။
တူကူပို မြေပြင်သို့ ဆင်းသက်ကာ အဆိပ်မြှား ဖား၏ ပေါင်တစ်ဖက်ကို ကိုင်ပြီး သုံးမီတာ ရှည်လျားသော အဆိပ်မြှားဖားကြီးကို မ,တင်လိုက်ကာ လုချန်နှင့် တူကူရန်တို့ ရှိရာဆီသို့ ပြန်လှည့်လာခဲ့ခေသည်။
သက်တမ်း ရှစ်ထောင်ရှိသော အဆိပ်မြှား ဖားကြီးမှာ ထိုမျှ လွယ်ကူစွာပင် အဖမ်းခံလိုက်ရလေပြီ။
အခန်း ၄၈ပြီး