အခန်း (၄၀) ရေခဲမီးလျှံ ရေပူစမ်း
နင်းဖုန်းကျီနှင့် ရွှယ်ချင်းဟယ်တို့ ထွက်သွားပြီးနောက် ဧည့်ခန်းထဲတွင် တူကူပိုနှင့် လုချန်သာ ကျန်ရစ်ခဲ့သည်။ လုချန်က လက်ထဲရှိ ရွှေဒင်္ဂါး သိမ်းဆည်းကတ်ကို ကစားနေရင်း အမူအရာမဲ့စွာဖြင့် အေးစက်စက် ပြောလိုက်၏။
“ဒီ ဂိုဏ်းချုပ်နင်းက တကယ်ကို ရက်ရောတာပဲ။ ရွှေဒင်္ဂါး ၁ သန်းကို ဒီအတိုင်း ပေးလိုက်တယ်”
“ဒါပေမဲ့ ဒီပိုက်ဆံကို ယူဖို့တော့ ကံပါပေမဲ့ သုံးဖို့တော့ ကံပါပါ့မလား မသိဘူး။ ဂိုဏ်းချုပ်နင်းက အခုချိန်မှာ ကျွန်တော့်ကို ဘယ်လို သတ်ရမလဲဆိုတာ စီစဉ်နေလောက်ပြီ”
တူကူပိုက ကုလားထိုင်ပေါ်သို့ ပစ်ချလိုက်သကဲ့သို့ ထိုင်ချလိုက်ခေသည်။ သူက ကုရုံနှင့် ရင်ဆိုင်တုန်းက ပြတ်သားစွာ ပြောဆိုခဲ့သော်လည်း ယခုအခါတွင်မူ စိုးရိမ်ပူပန်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားမှာ ကုရုံထက် နိမ့်ကျနေသည်မှာ အမှန်ပင်။ နင်းဖုန်းကျီက ကုရုံ၏ စွမ်းရည်ကို ထပ်မံ မြှင့်တင်ပေးလိုက်ပါက သူသည် တိုက်ပွဲတွင် ကုရုံ၏ အနိုင်အထက် ဖိနှိပ်ခြင်းကို ခံရမည်မှာ သေချာပေသည်။
တူကူပိုက လုချန်လက်ထဲရှိ ရွှေဒင်္ဂါးကတ်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“မင်းရဲ့ တကယ့်နာမည်နဲ့ အဖြစ်ကို ဖုံးကွယ်ထားတာက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းရဲ့ လိုက်လံရှာဖွေမှုကို ရှောင်ရှားဖို့လား... မင်း အရင်တုန်းက မင်း ရန်သူတွေက ငါတောင် မရင်ဆိုင်နိုင်တဲ့ လူတွေလို့ ပြောခဲ့တယ်လေ”
“ပြဿနာက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ချန်ရှင်း နဲ့ ကုရုံတို့ပဲ။ ဒီနှစ်ယောက်က တကယ်ကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်တယ်။ တစ်ယောက်ချင်း ရင်ဆိုင်ရရင် ငါ သူတို့ကို မယှဉ်နိုင်ဘူး”
၎င်းကို ကြားသောအခါ လုချန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ သူက ရွှေဒင်္ဂါးကတ်ကို သိမ်းလိုက်သည်။ အလကားရသည့် ပိုက်ဆံဖြစ်ရာ မယူဘဲမနေနိုင်ပေ။ သူက ပြုံးကာ ပြောလိုက်ခေသည်။
“အဲ့ဒါတွေက အလကား ခန့်မှန်းထားတာတွေပါ... အဲ့ဒီတုန်းက ကျွန်တော့်ကို ရန်ငြိုးထားတဲ့သူက ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက မဟုတ်ဘူး... တခြားသူတစ်ယောက်ပဲ”
“ဒါပေမဲ့ လက်ရှိ အခြေအနေကို ကြည့်ရရင် ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ဂိုဏ်းချုပ်နင်းက ကျွန်တော့်ကို သည်းခံမှာ မဟုတ်ဘူး... အဲ့ဒါက ကျွန်တော့်ကို ရန်သူလို သဘောထားတာနဲ့ အတူတူပဲ”
“အထောက်အကူပြု ဝိညာဉ်သခင်တစ်ယောက်ဆိုတဲ့ အချက်ကြောင့် ဂိုဏ်းချုပ်နင်းရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားခဲ့မိဘူး”
တူကူပို၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူက နဖူးကို လက်ဖြင့်ဖိကာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး အားနည်းစွာ ပြောလိုက်လေသည်။
“အဲ့ဒါက မင်းမှာ ဘွဲ့ခံတိုလော တစ်ဦးနဲ့ ရန်ငြိုးရှိနေပြီးပြီ... အခု ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းကပါ မင်းကို ပစ်မှတ်ထားနေပြီပေါ့”
“ကျိန်ဆဲဖို့ကောင်းလိုက်တာ... ဒါတွေက သာမန်ရန်သူတွေ မဟုတ်ဘူး။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ချန်ရှင်း နဲ့ ကုရုံ တို့ကို ကြည့်လိုက်။ တစ်ယောက်ချင်းဆိုရင်တောင် ငါ သူတို့ကို မယှဉ်နိုင်ဘူး။ နင်းဖုန်းကျီကပါ ကူညီပေးမယ်ဆိုရင် သူတို့လက်ချက်နဲ့ ငါ အသတ်ခံရမှာ”
“မင်းကို ငါ မကာကွယ်နိုင်ရုံတင်မကဘဲ မင်းနဲ့အတူ ငါပါ ဒုက္ခရောက်လိမ့်မယ်။ ဟင်း... ထားလိုက်ပါတော့.. ညီအစ်ကို လန်ချန်... မင်းက ငါ့မြေးမလေးရဲ့ အဆိပ်ကို ကုသပေးခဲ့တာပဲ။ မင်းအတွက် ငါ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ငါ့အသက်ကို ပေးရရင်တောင် မင်းကို ငါ အသေအချာ ကာကွယ်ပေးမယ်”
တူကူပိုသည် အဖြူအမည်း ရောထွေးနေသော စရိုက်ရှိသူ ဖြစ်၏။ သူသည် လက်စားချေတတ်သလို ကျေးဇူးတရားကိုလည်း ပြန်ဆပ်တတ်သူပင်။ လုချန်က သူ့အပေါ် ကောင်းခဲ့သဖြင့် တူကူပိုက မိမိအသက်ကို ပေးရမည်ဆိုလျှင်တောင် ကျေးဇူးပြန်ဆပ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ထိုစကားကို ကြားသောအခါ လုချန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားရလေသည်။ တူကူပိုနှင့် သိကျွမ်းသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း တူကူပိုမှာ ပေါင်းသင်းသင့်သူ တစ်ဦးဖြစ်ကြောင်း လုချန် သဘောပေါက်သွားခဲ့သည်။
တူကူပို၏ စိတ်ဓာတ်ကျစရာ စကားများကို ကြားပြီးနောက် လုချန်က နှစ်သိမ့်စကား ဆိုလိုက်၏။
“ညီအစ်ကို တူကူ... စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ သူတို့ကို မယှဉ်နိုင်ပေမဲ့ သူတို့ဆီကနေ ရှောင်ပြေးလို့ ရပါတယ်”
“ကျွန်တော့်ကို အချိန်လေး နည်းနည်း ပေးပါ။ ကျွန်တော် ဝိညာဉ်စွမ်းအား အဆင့် ၆၉ ရောက်နေပြီ။ ဝိညာဉ်စွမ်းအား အဆင့် ၇၀ ကို ရောက်သွားပြီး သတ္တမမြောက် ဝိညာဉ်ကွင်းရယူလိုက်ရင်...”
“ကျွန်တော့်ရဲ့ အထောက်အကူပြု စွမ်းရည်တွေက နင်းဖုန်းကျီထက် အားနည်းမှာ မဟုတ်ဘူး။ ဒဏ်ရာတွေကို ကုသတာ၊ ခွန်အားနဲ့ ဝိညာဉ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပေးတာ၊ အကာအကွယ်ပေးတာ၊ အဆိပ်ဖြေတာ၊ အရည်အချင်းအားလုံးကို မြှင့်တင်ပေးတာနဲ့ အသက်လုတိုက်ပွဲတွေမှာ အစွမ်းပြတာ... ကျွန်တော့်ရဲ့ အထောက်အကူပြု စွမ်းရည်တွေက တကယ်ကို ပြည့်စုံပါတယ်”
“နင်းဖုန်းကျီက စိုးရိမ်နေမယ်ဆိုရင် ကျွန်တော့်ရဲ့ တိုးတက်မှုက ဘုံခုနစ်ဆင့် ပြဿာဒ်ရဲ့ ဝိညာဉ်သခင် အဆင့်အတန်းကို ထိခိုက်စေမှာ ဖြစ်ပြီး သူ့စိုးရိမ်မှုက အမှန်ပဲ”
“ကျွန်တော့် ဝိညာဉ်က ဝိညာဉ်ကွင်းခုနစ်ခုပဲ တပ်လို့ရတဲ့ ဘုံခုနစ်ဆင့် ပြဿာဒ် နဲ့ မတူဘဲ ဝိညာဉ်ကွင်း ရှစ်ခု၊ ကိုးခုအထိ ရယူနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော့်ရဲ့ အထောက်အကူပြု စွမ်းရည်တွေက ဘုံခုနစ်ဆင့် ပြဿာဒ်ကို လွယ်လွယ်လေး ချေမှုန်းနိုင်လိမ့်မယ်”
တူကူပို၏ မျက်လုံးများ တောက်ပသွားရသည်။ သူက လုချန်ကို စူးစိုက်ကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဟုတ်တယ်... မင်း ပြောတာ မှန်တယ်။ ငါတို့ သူတို့ကို မယှဉ်နိုင်ပေမဲ့ ရှောင်လို့ ရတယ်။ ဒီနေရာကို အခု စောင့်ကြည့်နေမှာ သေချာတယ်”
“ငါတို့ ဒီညပဲ ထွက်သွားကြမယ်။ လူတိုင်းရဲ့ မျက်စိကို ရှောင်ပြီး အမှောင်ကို အခွင့်ကောင်းယူပြီး မင်း ခုနှစ်ခုမြောက် ဝိညာဉ်ကွင်း ရယူတဲ့အထိ ပုန်းအောင်းနေမယ်။ ဝိညာဉ်ကိစ္စ ပြီးသွားရင် မင်းအကူအညီနဲ့ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်းက ချန်ရှင်း နဲ့ ကုရုံတို့ကို ငါ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်”
“နေဝင်ချိန် တောအုပ်ထဲမှာ ငါ နှစ်ပေါင်းများစွာ တိတ်တဆိတ် နေထိုင်ခဲ့တဲ့ နေရာကောင်း တစ်ခု ရှိတယ်။ အဲ့ဒီနေရာကို ဘယ်သူမှ မသိဘူး။ လန်ချန် နောက်ဆုံးတစ်ခါ လာခဲ့တဲ့ နေရာပဲ။ အဲ့ဒီကို သွားပြီး ပုန်းအောင်းကြမယ်”
“ဒီ နင်းဖုန်းကျီက တိုက်ကြီးပေါ်က နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်သခင်ဆိုတဲ့ ဘွဲ့ကို ကိုင်ထားတာပဲ။ လန်ချန် ဝိညာဉ်သခင်... ဘွဲ့ခံတိုလော ဖြစ်လာတဲ့အခါ သူ့ရဲ့ မျက်နှာအမူအရာက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ ကမ္ဘာ့နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်သခင်ဆိုတဲ့ ဘွဲ့ကို ပြောင်းလဲဖို့ အချိန်တန်ပြီ”
တူကူပို စကားပြောပြီးနောက် သူ၏ အသံမှာ ပိုမို ဝမ်းမြောက်နေခဲ့သည်။ ဤအချိန်တွင် လုချန်၏ မျက်လုံးများမှာလည်း စူးရှသော အလင်းတန်းများဖြင့် တောက်ပနေလေသည်။
တူကူပို ပြောသောနေရာမှာ ရေခဲမီးလျှံ ရေပူစမ်း မဟုတ်ပါလော။ ဘုံခုနစ်ဆင့် ပြဿာဒ်ဂိုဏ်း၏ ဖိအားကြောင့် တူကူပိုက သူ့ကို မုန်တိုင်းမှ ရှောင်ရန် ရေခဲမီးလျှံ ရေပူစမ်း သို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ခြင်းပငမ။ ဤသည်ကို ကံဆိုးထဲမှ ကံကောင်းခြင်း ဟု ခေါ်ဆိုနိုင်ပေသည်။
ရေခဲမီးလျှံ ရေပူစမ်းက ဝိညာဉ်ကုန်းမြေတိုက်ကြီးပေါ်ရှိ မဖြစ်မနေ သွားရောက်ရမည့် နေရာတစ်ခုဖြစ်သည်။ ၎င်းတွင် အလွန် ကြွယ်ဝသော ရေခဲမီးလျှံ စွမ်းအင်များ ရှိပြီး အပင်များ ကြီးထွားရန် အလွန်သင့်လျော်ကာ ဆေးမြစ်များနှင့် အဆိပ်ပင်များစွာ ပေါက်ရောက်လေသည်။
လုချန်သာ ထိုဆေးမြစ်များကို စားသုံးရပါက ဝိညာဉ်စွမ်းအား အဆင့် ၇၀ ကို ပိုမို မြန်ဆန်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သူ၏ အခြေခံကိုလည်း ပိုမို ခိုင်မာစေမည်ဖြစ်သည်။
လုချန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ဒါဆိုရင်လည်း ညီအစ်ကို တူကူကို ဒုက္ခပေးရတော့မှာပဲ။ ဒီည အမှောင်ကို အခွင့်ကောင်းယူပြီး မြို့ကနေ ထွက်ခွာကြမယ်... သူလျှိုတွေကို ရှောင်ပြီး နေဝင်ချိန် တောအုပ်ထဲမှာ ခဏ ပုန်းအောင်းနေကြမယ်”
“ပြီးတော့ လာမယ့် ကာလအတွင်း ညီအစ်ကို တူကူရဲ့ အဆိပ်တွေကို ကုသပေးဖို့ ငြိမ်းချမ်းတဲ့ နေရာတစ်ခု ရှာဖို့ လိုသေးတယ်”
နှစ်ဦးသား ဆွေးနွေးပြီးနောက် နေ့အချိန်တွင် ပုံမှန်အတိုင်း လုပ်ဆောင်ကြလေသည်။ ညဉ့်နက်သောအခါ တူကူပိုနှင့် လုချန်တို့သည် မည်သူမျှ မသိစေဘဲ ကောင်းကင်အင်ပါယာမြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။
ခရီးရှည်သွားပြီးနောက်တွင် သူတို့သည် နေဝင်ချိန် တောအုပ် ထဲသို့ ရောက်ရှိလာခဲ့ကြသည်။ တူကူပို၏ ဦးဆောင်မှုဖြင့် လုချန်သည် ရေခဲမီးလျှံ ရေပူစမ်း ရှိရာ ချိုင့်ဝှမ်းအတွင်းသို့ ပထမဆုံးအကြိမ် ခြေချလိုက်လေသည်။
ချိုင့်ဝှမ်းအတွင်း ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ပြင်းထန်သော ရေခဲမီးလျှံ စွမ်းအင်များ ပြည့်နှက်နေသည်ကို လုချန် ချက်ချင်း သိလိုက်သည်။
ရှေ့ကို ကြည့်လိုက်ရာ မြေပြင်တွင် ဆေးမြစ်မျိုးစုံနှင့် အဆိပ်ပင်များ ပေါက်ရောက်နေသည်ကို မြင်လိုက်ရပြီး ပမာဏမှာ အလွန် များပြားလှ၏။ ချိုင့်ဝှမ်းအတွင်း ပိုမို နက်ရှိုင်းစွာ သွားလေလေ ဆေးမြစ်များကို ပိုမို တွေ့ရှိလေလေ ဖြစ်ပြီး ချိုင့်ဝှမ်း အလယ်ဗဟိုတွင် အနီရောင်နှင့် အဖြူရောင် ရေပြင်တစ်ခု ရှိနေခဲ့သည်။
စမ်းရေ၏ အရောင်နှစ်ခုမှာ ထင်ရှားစွာ ကွဲပြားနေလေသည်။ အနီရောင် စမ်းရေက ပူပြင်းမှုကို ခံစားရစေပြီး အဖြူရောင်စမ်းရေက အေးစက်မှုကို ခံစားရစေသည်။ ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုမှာ ရေပူစမ်းတစ်ခုတည်းတွင် အံ့ဖွယ်ကောင်းစွာ စုစည်းနေခဲ့သည်။
၎င်းမှာ ရေခဲမီးလျှံ ရေပူစမ်းပင်။ လုချန်မှာ အံ့အားသင့်စွာဖြင့် ကြည့်နေမိခေသည်။
လုချန်ကို ခေါ်ဆောင်လာပြီးနောက် တူကူပိုက ဂရုတစိုက် ညွှန်ကြားလိုက်၏။
“ညီအစ်ကို လန်ချန်... ဒီချိုင့်ဝှမ်းထဲက ရေခဲမီးလျှံ စွမ်းအင်တွေက အရမ်း ပြင်းထန်တယ်။ ဒီမှာ ကြာကြာနေရင် ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်။ မင်း မခံနိုင်တော့ရင် အပြင်ဘက် တောအုပ်ကို သွားပြီး အအေးခံလိုက်ပါ”
“ပြီးတော့ ဒီမှာ ဆေးမြစ်တွေ အများကြီး ပေါက်နေပေမဲ့ တချို့က သေစေနိုင်တဲ့ အဆိပ်တွေပဲ။ မင်းမှာ အဆိပ်ဖြေနိုင်တဲ့ စွမ်းရည် ရှိပေမဲ့ အလွယ်တကူ မထိမိစေနဲ့... မတော်တဆ အဆိပ်ပြင်းတဲ့ ဆေးမြစ်ကို ထိမိရင် အသက်ဆုံးရှုံးသွားနိုင်တယ်”
“ပြီးတော့ ဒီချိုင့်ဝှမ်းအလယ်က စမ်းရေ.... အနီရောင်ရေက အရမ်း ပူပြီး အဖြူရောင်ရေက အရမ်း အေးတယ်။ သိချင်စိတ်နဲ့ သွားမထိမိစေနဲ့... အဲ့ဒါက မင်းကို သေစေနိုင်တယ်...”
အခန်း ၄၀ပြီး