အခန်း (၉) ခြောက်နှစ်တာ ကတိကဝတ်
"ငါ နှလုံးသားကိုးခုဘီဂိုနီးယားပန်း သိုင်းဝိဉာဉ်အကြောင်း အနည်းငယ်တော့ သိထားတယ် ထိပ်တန်းအဆင့် အထောက်အကူပြု သိုင်းဝိဉာဉ်တွေကို အစွမ်းထက်တဲ့ အင်အားစုအသီးသီးက အလုအယက် လိုချင်ကြတာပဲ။ ဒီနေ့လို အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် မင်းတို့တွေ အစွမ်းထက်တဲ့ အင်အားစုတစ်ခုခုရဲ့ အကာအကွယ်ကို ရှာဖွေထားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။"
အနည်းငယ် တွေးတောပြီးနောက် လင်းမူက ယဲ့မြောင်ယွင် အား အကြံပြုချက်တစ်ခု ပေးလိုက်တယ်
နှလုံးသားကိုးခုဘီဂိုနီးယားပန်း သိုင်းဝိဉာဉ်တွင် အားနည်းချက်အချို့ ရှိနေသော်လည်း — ဆိုလိုသည်မှာ ဘုံခုဆင့်ပြဿဒ်ကဲ့သို့ ဘက်စုံမြှင့်တင်ပေးနိုင်သည့် စွမ်းရည်မျိုး မရှိခြင်းဖြစ်သည် — ဒါပေမဲ့ သူ့ရဲ့ လွန်ကဲလှသော ကုသနိုင်စွမ်းမှာမူ ၎င်းကိုယ်တိုင် ထိပ်တန်းအဆင့် အထောက်အကူပြု သိုင်းဝိဉာဉ်တစ်ခု ဖြစ်နေစေရန် လုံလောက်လှတယ်။
အထောက်အကူပြု သိုင်းဝိဉာဉ်များ၏ အဓိက လုပ်ဆောင်ချက်များမှာ မြှင့်တင်ပေးခြင်း နှင့် ကုသခြင်း တို့ ဖြစ်ကြတယ်။ ဘုံခုနှဆင့်ပြဿဒ်က မြှင့်တင်ပေးခြင်းအပိုင်းတွင် ထူးချွန်ပြီး နှလုံးသားကိုးခုဘီဂိုနီးယားပန်းကမူ အကြွင်းမဲ့ ကုသပေးခြင်းအပိုင်းတွင် ထူးချွန်သဖြင့် တစ်ခုချင်းစီတွင် ၎င်းတို့ရဲ့ သီးသန့် အားသာချက်များ ရှိကြတယ်။
"ကျွန်မ ဒီကိစ္စကို သေချာ စဉ်းစားပါ့မယ်။"
ယဲ့မြောင်ယွင်က သူမရဲ့ နှုတ်ခမ်းပါးကို ကိုက်လိုက်ရင်း သူမရဲ့ မျက်နှာတွင် တွန့်ဆုတ်မှုအချို့ ရှိနေခဲ့သည်။ ယဲ့မိသားစုရဲ့ လက်ရှိ အားနည်းလွန်းသော အခြေအနေအရ သူတို့တွင် ကျောထောက်နောက်ခံတစ်ခု အမှန်တကယ် လိုအပ်နေတယ်။
သို့သော် နှလုံးသားကိုးခုဘီဂိုနီးယားပန်း သိုင်းဝိဉာဉ်သည် အမြဲတမ်း မျိုးဆက်တစ်ခုတည်းတွင်သာ သီးသန့် လက်ဆင့်ကမ်းခြင်းကို ခံရပြီး ကမ္ဘာပေါ်တွင် တစ်ချိန်တည်း၌ နှလုံးသားကိုးခုဘီဂိုနီးယားပန်း ဝိညာဉ်သခင် နှစ်ဦးထက်ပို၍ မရှိနိုင်ချေ။
အကယ်၍ သူမသည် အခြားအင်အားစုတစ်ခုခုထဲသို့ ဝင်ရောက်ခဲ့လျှင်ပင် မြင့်မားသော ရာထူးနေရာကို ရရှိချင်မှ ရရှိမည်ဖြစ်ပြီး သူမရဲ့ အခြေခံအကျဆုံး လွတ်လပ်ခွင့်ကိုပင် ဆုံးရှုံးသွားရနိုင်တယ်။
"ငါ ဆိုလိုတာက မင်းတို့တွေ တစ်စုံတစ်ခုသော ဂိုဏ်းကြီးတွေထဲကို လက်အောက်ခံအနေနဲ့ ဝင်ရမယ်လို့ မဆိုလိုပါဘူး။ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးနိုင်မယ့် ဘယ်လိုအဖွဲ့အစည်းမဆို အဆင်ပြေပါတယ်
ဥပမာ တျန်းတို တော်ဝင်အကယ်ဒမီ လိုမျိုးပေါ့။"
"တျန်းတိုတော်ဝင်အကယ်ဒမီက ပညာရေးအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပေမယ့် အကယ်ဒမီရဲ့ အနောက်မှာ တျန်းတို တော်ဝင်မိသားစု ရှိနေတာပဲ။ အကယ်ဒမီကို ဧည့်သည်တော်ဆရာ ဒါမဟုတ် အထူးအတိုင်ပင်ခံအနေနဲ့ ဝင်ရောက်တာက တော်ဝင်မိသားစုရဲ့ အကာအကွယ်ကို ရရှိတာနဲ့ အတူတူပဲဖြစ်လို့ တခြားအင်အားစုတွေ မင်းတို့ကို လာရောက် ရန်ပြုတာကို ယာယီ တားဆီးထားနိုင်လိမ့်မယ်။"
လင်းမူရဲ့ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် ယဲ့မြောင်ယွင်ရဲ့ လှပသော မျက်ဝန်းများမှာ တောက်ပသွားခဲ့တယ်။ သူမလည်း ဒီအကြံပြုချက်ကို ရင်ထဲမှနေ၍ တိတ်တဆိတ် သဘောတူလိုက်မိတယ်။
ဒီနည်းလမ်းသည် ယဲ့မိသားစုရဲ့ ဘေးကင်းမှုကို အာမခံချက် ပေးနိုင်ရုံတင်မကဘဲ ရည်မှန်းချက်ကြီးသော ဂိုဏ်းကြီးများရဲ့ ဝါးမြိုခြင်းကို ခံရမည့်အရေးမှလည်း ကာကွယ်ပေးနိုင်တယ်။
"ကျေးဇူးရှင်ကြီး... ရှင်က တျန်းတိုတော်ဝင်အကယ်ဒမီအကြောင်းကိုလည်း သိနေပြီး အသက်အရွယ်ကလည်း သင့်တော်တဲ့အရွယ် ဖြစ်နေတာပဲ၊ အဲဒီမှာ သွားပြီး ပညာမသင်ဘူးလားဟင် ရှင့်ရဲ့ ပါရမီနဲ့ဆိုရင် တော်ဝင်တိုက်ခိုက်ရေးအဖွဲ့ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာဖို့ လုံးဝ အရည်အချင်း ပြည့်မီတာပဲဥစ္စာ။"
ယဲ့မြောင်ယွင်က နူးညံ့စွာ ပြုံးလိုက်ပြီး သူမရဲ့ မျက်ဝန်းများထဲတွင် လင်းမူအပေါ် လေးစားအားကျမှုများ ပြည့်နှက်နေခဲ့တယ်။
နောက်ထပ်ကျင်းပမည့် မဟာတိုက်ကြီးလုံးဆိုင်ရာ အဆင့်မြင့် ဝိညာဉ်သခင် အကယ်ဒမီ ထိပ်သီးပြိုင်ပွဲ အတွက် သုံးနှစ်တာ အချိန် လိုအပ်သေးပြီး အသက် နှစ်ဆယ့်ငါးနှစ်အောက် ဝိညာဉ်သခင်များ ပါဝင်ယှဉ်ပြိုင်နိုင်တယ် လင်းမူရဲ့ အသက်အရွယ်မှာ သတ်မှတ်ချက်အတွင်း ကွက်တိ ရှိနေပြီး နောက်ပိုင်း ပြိုင်ပွဲများတွင်ပင် ပါဝင်ယှဉ်ပြိုင်နိုင်တယ်။
အကယ်လို့ လင်းမူသာ တျန်းတိုတော်ဝင်အကယ်ဒမီသို့ ဝင်ရောက်ခဲ့လျှင် အသင်းခေါင်းဆောင် ရာထူးကို ရယူရန်မှာ ပြဿနာ မဟုတ်ချေ၊ ထို့အပြင် သူက အသင်းကို အောင်ပွဲဆီသို့ပင် ဦးဆောင်သွားနိုင်တယ်။
"ငါ တျန်းတိုတော်ဝင်အကယ်ဒမီကို ဝင်ဖို့ အရင်က စဉ်းစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ တပည့်ကို သင်ကြားဖို့အပေါ်မှာပဲ အာရုံစိုက်ချင်တော့တယ်။ နောက်ကျင်းပမည့် ဝိညာဉ်သခင်ပြိုင်ပွဲမှာ ပါဝင်ဖို့ အစီအစဉ် မရှိပါဘူး။"
လင်းမူက ခေတ္တမျှ တွေးတောပြီးနောက် တစ်ဝက်နောက်ပြောင်သည့် ပုံစံဖြင့် ပြောလိုက်တယ်။
ဒီစကားကို ကြားရသောအခါ ဘေးတွင် ရပ်နေသော ထန်ဆန်း၏ ရင်ထဲတွင် နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားခဲ့တယ်
'ဆရာသခင် တစ်ယောက်တည်းပဲ ငါ့အပေါ် ဒီလောက်အထိ ဂရုစိုက်ပေးတာ။'
သူရဲ့ စနစ် မရောက်ရှိမီက လင်းမူသည် တျန်းတိုတော်ဝင်အကယ်ဒမီသို့ ဝင်ရောက်ရန် အမှန်တကယ် စဉ်းစားခဲ့ဖူးတယ်။
တစ်ကိုယ်တည်း သီးသန့် ကျင့်ကြံနေခြင်းနှင့် ယှဉ်လျှင် အကယ်ဒမီတွင် ပညာသင်ကြားခြင်းက ပိုမိုကောင်းမွန်သော လေ့ကျင့်ရေး ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ရုံတင်မကဘဲ အဆင့်မြင့် ဆရာများနှင့်လည်း အပြန်အလှန် တိုက်ခိုက်လေ့ကျင့်နိုင်တယ်လေ။
အကယ်လို့ သူသာ တော်ဝင်အသင်းသို့ ဝင်ရောက်ခဲ့ပါက နောက်ပြိုင်ပွဲတွင် လွယ်ကူစွာ အနိုင်ရရှိနိုင်တယ်
ဘာပဲဖြစ်ဖြစ် နောက်ကျင်းပမည့် ဝိညာဉ်နန်းတော် အသင်းတွင် "ရွှေရောင်မျိုးဆက်" ရှိနေဦးမည် မဟုတ်ချေ
အလွန်ဆုံးရှိလှ ဝိညာဉ်ဘုရင် တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိလိမ့်မည်။
သုံးနှစ်အတွင်း လင်းမူက ဝိညာဉ်ဘုရင် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်သို့ လွယ်ကူစွာ ကျင့်ကြံနိုင်တယ်။ နာဗာရဲ့မီးတောက် သံချပ်ကာ စွမ်းအားနှင့်အတူ သူက အသင်းဖော် ခြောက်ယောက်လုံးကို ကျောပိုးပြီး တိုက်ခိုက်ရလျှင်ပင် ချန်ပီယံဆုကို ရယူနိုင်မည်ဟု ယုံကြည်ချက် ရှိနေတယ်။
ဒါပေမဲ့ အားသာချက်ရှိသကဲ့သို့ အားနည်းချက်လည်း ရှိနေတယ်လေ
အကယ်လို့ လင်းမူသာ တော်ဝင်တိုက်ခိုက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး အမှန်တကယ် ဖြစ်လာခဲ့လျှင် သူသည် သဘာဝအရ တျန်းတို တော်ဝင်မိသားစုရဲ့ နိုင်ငံရေးတံဆိပ်တုံးကို ခံရပေလိမ့်မည်။
ပိပိတုန်း ရဲ့ အုပ်ချုပ်မှုအောက်တွင် ဝိညာဉ်နန်းတော်က ပိုပြီး ရက်စက်ကြမ်းကြုတ်လာခဲ့တယ်။ ပြိုင်ဘက် အင်အားစုများမှ ပါရမီရှင်များကို လုပ်ကြံသတ်ဖြတ်ရန် လူသတ်သမားများ စေလွှတ်ခြင်းမှာ ထမင်းစားရေသောက်ကဲ့သို့ ဖြစ်နေကြတယ်။
ဝိညာဉ်နန်းတော်က သာမန် အရပ်သား ဝိညာဉ်သခင်များကို ရွှေဝိညာဉ်ဒင်္ဂါးများ ထောက်ပံ့ပေးနေခြင်းနှင့် ပတ်သက်၍မူ ၎င်းသည် အင်ပါယာ နှစ်ခုရဲ့ အောင်မြင်မှု ဒါမှမဟုတ် ဝိညာဉ်နန်းတော်ရဲ့ ယခင်ကတည်းက ရှိခဲ့သော အမွေအနှစ် မူဝါဒများကြောင့်သာ ဖြစ်ပြီး ပိပိတုန်းရဲ့ ကိုယ်ပိုင် ကရုဏာစိတ်ကြောင့် မဟုတ်သည်မှာ သေချာလှတယ်
ထိုထောက်ပံ့ကြေးကို အသုံးပြု၍ ပိပိတုန်းရဲ့ ရက်စက်ကြမ်းကြုတ်သော သဘာဝကို အလှဆင်ရန် ကြိုးစားခြင်းမှာ ရယ်စရာ ကောင်းလှပေသည်
"ကျေးဇူးရှင်ကြီး... ဒီနေရာက ဆက်ပြီး နေဖို့ မဘေးကင်းတော့ဘူး။ အရင်ဆုံး ထွက်ခွာကြရအောင်" ဟု ယဲ့မြောင်ယွင်က သူမသမီးဖြစ်သူရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း လင်းမူကို မော့ကြည့်ကာ ပြောလိုက်တယ်
ယခုအခါ သူတို့၏ အစေခံများနှင့် အစောင့်အရှောက်များ အားလုံး ကျဆုံးသွားခဲ့ပြီဖြစ်ရာ အနှစ်ရာချီ ဝိညာဉ်သားရဲတစ်ကောင်ကပင် သူတို့အတွက် အသက်အန္တရာယ် ဖြစ်စေနိုင်တယ်
သူတို့ ဘေးကင်းရန်အတွက် လင်းမူနှင့်အတူ ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
နှလုံးသားကိုးခုဘီဂိုနီးယားပန်း ဝိညာဉ်သခင်က တိုက်ခိုက်ရေးအပိုင်းတွင် အလွန်အမင်း အားနည်းလွန်းလှတယ်။
တကယ်လို့ ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံခြင်းရှိသော ဘုံခုနှစ်ဆင့်ပြဿဒ် ဝိညာဉ်သခင်တစ်ဦး ဖြစ်ပါက အနှစ်ရာချီ ဝိညာဉ်သားရဲနှင့် တွေ့ဆုံလျှင်ပင် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အသုံးပြု၍ အနည်းဆုံးတော့ ထွက်ပြေးနိုင်ဦးမယ်
သူတို့ရဲ့ အစွန်းရောက်လှသော အထူးပြုစွမ်းရည်မှာ သူတို့၏ အောင်မြင်မှုအကြောင်းရင်း ဖြစ်သကဲ့သို့ ပျက်စီးခြင်းအကြောင်းရင်းလည်း ဖြစ်သည်ဟု ဆိုနိုင်ပေတယ်
"သွားကြစို့။"
လင်းမူက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ သူက သူတို့ကို အိမ်အထိ လိုက်လံမပို့ဆောင်ပေးနိုင်သော်လည်း အနည်းဆုံးတော့ ဘေးကင်းသော မြို့ငယ်လေးတစ်ခုအထိ ခေါ်ဆောင်သွားပေးနိုင်တယ်။
သူတို့ တည်းခိုခဲ့သော တည်းခိုခန်းသို့ ပြန်ရောက်သောအခါ အချိန်မှာ နောက်ကျနေပြီ ဖြစ်သဖြင့် လေးဦးသား အတူတူ ညစာစားသောက်ပြီးနောက် ၎င်းတို့၏ သီးသန့်အခန်းများသို့ ပြန်လည်အနားယူခဲ့ကြတယ်။
ယဲ့မြောင်ယွင်နှင့် ယဲ့လင်းလင်းတို့က အခန်းတစ်ခုကို အတူတူ သုံးစွဲကြပြီး ၎င်းမှာ လင်းမူရဲ့ အခန်းဘေးတွင် ရှိနေတယ်
လင်းမူက ထန်ဆန်းနှင့် အခန်းတစ်ခုတည်းတွင် အတူမနေခဲ့ချေ။ ထန်ဆန်းသည် သူရဲ့ တပည့်ဖြစ်ပြီး အပြင်ပန်းတွင် ကလေးငယ်တစ်ဦးမျှသာ ဖြစ်သော်လည်း သူတို့ သိကျွမ်းခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးတယ် ဒါ့အပြင် ထန်ဆန်းက လူကြီးတစ်ယောက်ရဲ့ စိတ်ဓာတ်ရှိသော ထန်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်သဖြင့် လင်းမူအနေဖြင့် သတိထားရမယ်လေ
တစ်ညတာ အနားယူပြီးနောက် လင်းမူ စောစောထကာ သူရဲ့ ပစ္စည်းများကို သိမ်းဆည်းပြီး အခန်းပြင်သို့ ထွက်လာခဲ့ရာ သူမရဲ့ အနောက်တွင် ယဲ့လင်းလင်းကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်ဆင်နေသော ယဲ့မြောင်ယွင်နှင့် မျက်နှာချင်းဆိုင် တိုးမိသွားခဲ့တယ်။
"ကျေးဇူးရှင်ကြီး... မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လားရှင်"
ရှေ့သို့ လှမ်းလာရင်း ယဲ့မြောင်ယွင်က ယဉ်ကျေးစွာ အရိုအသေလိုက်ပေးလိုက်ပြီး နူးညံ့ပျော့ပျောင်းသော အပြုံးတစ်ခုကို ဖော်ပြလိုက်တယ်။
"မဆိုးပါဘူး။"
ယဲ့မြောင်ယွင်ရဲ့ အလွန်အမင်း ယဉ်ကျေးပျူငှာမှုကို မြင်သောအခါ လင်းမူ၏ အမူအရာက အနည်းငယ် မသဘာဝသကဲ့သို့ ဖြစ်သွားခဲ့တယမ။ ထို့နောက် သူက မေးမြန်းလိုက်တယ်
"နောက်ထပ် ဘာအစီအစဉ် ရှိလဲ"
"မနေ့ညက ကျွန်မ သေချာ စဉ်းစားပြီးပြီ လင်လင်ကို တျန်းတို တော်ဝင်အကယ်ဒမီဆီ ချက်ချင်း ခေါ်သွားဖို့ အစီအစဉ် ရှိပါတယ်" ဟု ယဲ့မြောင်ယွင်က ပြတ်သားစွာ ပြောလိုက်တယ်။
"အချိန်က ကွက်တိပဲ။ နောက်ခြောက်နှစ်ကြာလို့ ရှောင်ဆန်း နော်ဒင်းအကယ်ဒမီ ကနေ ကျောင်းပြီးသွားတဲ့အခါ ငါတို့တွေလည်းတျန်းတို တော်ဝင်အကယ်ဒမီကို သွားကြမှာပဲ။"
ဒီဆုံးဖြတ်ချက်မှာ လင်းမူရဲ့ ရုတ်တရက် စိတ်ကူးပေါက်မှုကြောင့် မဟုတ်ဘဲ သေချာစွာ တွေးတောမြော်မြင်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်တယ်။
ရှီလိုင်ခဲ့အကယ်ဒမီ သို့ သွားရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ ပညာသင်ကြားရေး အရည်အသွေး ညံ့ဖျင်းရုံတင်မကဘဲ သူတို့၏ ကြွေးကြော်သံများကိုလည်း အရှက်မရှိ အလွန်အမင်း ချဲ့ကားပြောဆိုတတ်ကြသဖြင့် သာမန် အရပ်သားမိသားစု အမြောက်အမြားကို လှည့်စားကာ ကလေးများကို ထိုနေရာသို့ ပို့ဆောင်စေခဲ့တယ်။
အဆုံးသတ်တွင် အရပ်သားများအတွက် "မွန်းစတားအကယ်ဒမီ"ဟု ကြွေးကြော်နေသော်လည်း အမှန်တကယ်တွင်မူ ဆင်းရဲသော မိသားစုများ၏ ခက်ခဲစွာ ရှာဖွေထားသော ပိုက်ဆံများကို လိမ်လည်ညှစ်ယူနေခြင်းသာ ဖြစ်တယ်။
အပေါင်းအပါ လိမ်လည်သူ ဖြစ်သော ယွီရှောင်ဂန်း ကဲ့သို့ပင် အမွှေးတူငှက်များ အုပ်စုဖွဲ့နေကြခြင်း ဖြစ်တယ်။
တျန်းတို တော်ဝင်အကယ်ဒမီက ပြီးပြည့်စုံခြင်း မရှိသော်လည်း အနည်းဆုံးတော့ တရားဝင် အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ အလိုလိုက်ထားသော မင်းမျိုးမင်းနွယ် မာနကြီးကလေးအချို့ ရှိနေလျှင်ပင် ၎င်းတို့ကို ထန်ဆန်းအား လေ့ကျင့်ပေးရန်အတွက် အသုံးချနိုင်တယ်။
"ကျေးဇူးရှင်ကြီးလည်း သွားမှာလားဟင်"
ဒီစကားကို ကြားရသောအခါ ယဲ့မြောင်ယွင်က ချက်ချင်းပင် အံ့ဩဝမ်းသာသော အမူအရာကို ဖော်ပြလိုက်တယ်။ သူတို့ သိကျွမ်းခဲ့သည်မှာ တစ်ရက်မျှသာ ရှိသေးသော်လည်း ထိုလူငယ်က သူမရဲ့ ရင်ထဲတွင် နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ထားခဲ့ပြီး ဖြစ်သည်။
စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သော ယဲ့လင်းလင်းလေးသည်ပင် ယခုအခါ ခြေဖျားထောက်လိုက်ရင်း သူမရဲ့ မိခင်အနောက်မှ မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းလေးပြူကာ ကြည့်နေခဲ့တယ်။
"အင်း... ကောင်းကင်ဒေါင် တော်ဝင်အကယ်ဒမီရဲ့ ပညာရေး အရင်းအမြစ်တွေက တော်တော်လေး ကောင်းမွန်ပါတယ်၊ ဒါက ထန်ဆန်းအတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။"
လင်းမူက ဒီလို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ သူက ထန်ဆန်းကို ခြောက်နှစ်လုံးလုံးအချိန်ပြည့် ပညာမသင်ပေးချင်၍မဟုတ်ချေ။ သူရဲ့ အလယ်အလတ် ပညာရေးအတွက် အကယ်ဒမီသို့ လွှဲပြောင်းပေးအပ်ခြင်းက အကောင်းဆုံး အဖြေပင်ဖြစ်သည်။
အခြား အကြောင်းပြချက်တစ်ခုမှာ — ထန်ဆန်းက တျန်းတို တော်ဝင်အကယ်ဒမီသို့ ဝင်ရောက်ခြင်းက နောင်တွင် ရှီလိုင်ခဲ့အကယ်ဒမီမှ ဒိုင်မုပိုင် နှင့် အခြားသူများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထင်ရှားလှတယ်။
ထိုအချိန်တွင် မည်ကဲ့သို့သော မီးပွားများ ထွက်ပေါ်လာမလဲဆို တကယ့်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်စရာ ကောင်းလွန်းတယ်။
"ကျေးဇူးရှင်ကြီး... ဒါဆိုရင်... နောက်ခြောက်နှစ်ကျရင် ပြန်ဆုံကြတာပေါ့နော်။"
ယဲ့မြောင်ယွင်က စိတ်ရင်းအမှန်ဖြင့် ပြုံးလိုက်ပြီး သူမ၏ အသံမှာ နွေဦးလေပြည်ကဲ့သို့ နူးညံ့သာယာလွန်းနေခဲ့တယ်
ခြောက်နှစ်တာ အချိန်... ထိုအချိန်ရောက်လျှင် သူမရဲ့ ကျေးဇူးရှင်က မည်မျှအထိ အစွမ်းထက်လာမည်ကို ဘယ်သူ သိနိုင်မှာလဲ
"အစ်ကိုကြီး လင်းမူ... ကျွန်မ အကယ်ဒမီမှာ စောင့်နေပါ့မယ်။"
ယဲ့လင်းလင်းက ရှက်ကိုးရှက်ကန်း ပြောဆိုလိုက်ရင်း သူမရဲ့ မျက်နှာတစ်ဝက်ကို မိခင်၏ အနောက်တွင် ကွယ်ဝှက်ထားလိုက်တယ်
ဒီစကားကို ကြားသောအခါ လင်းမူသည် ယဲ့လင်းလင်းရဲ့ ဆံပင်များကို ညင်သာစွာ ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီး အနည်းငယ် ပြုံးပြလိုက်သည် "ခြောက်နှစ်ကျရင် ပြန်ဆုံကြမယ်။"