အခန်း (၈) ယဲ့ မိသားစု မိခင်နှင့် သမီးဖြစ်သူတို့၏ ကျေးဇူးသိတတ်မှု
"ဝိညာဉ်ဘုရင် တစ်ယောက်ဖြစ်ပြီးတော့ သူ့မှာရှိတဲ့ ပိုက်ဆံက ဒါအကုန်ပဲလား"
မီးကျားသစ် ဝိညာဉ်သခင်ကို ရှင်းလင်းပြီးနောက် လင်းမူက ရန်သူ့အလောင်းကို အလျင်အမြန်ပင် လုယက်ရှာဖွေလိုက်တယ်။ ရွှေဝိညာဉ်ဒင်္ဂါး ရာဂဏန်းအနည်းငယ် ပါရှိသော ပိုက်ဆံအိတ်တစ်အိတ်မှအပ ကျန်ရှိနေသည်မှာ ဂိုဏ်းအတွင်းရှိ သူ၏ ရာထူးအဆင့်အတန်းကို ဖော်ပြနေသည့် တံဆိပ်ပြားတစ်ခုသာ ဖြစ်တယ်။
မီးကျားသစ်ဂိုဏ်းမှ ဝိညာဉ်ဘုရင်တစ်ဦး ဖြစ်ပါလျက် ဒီလောက်အထိ ဆင်းရဲမွဲတေနေပြီး သိုလှောင်မှု ဝိညာဉ်ကိရိယာ တစ်ခုမျှပင် မရှိခြင်းမှာ တကယ့်ကို သနားစရာ ကောင်းလှတယ်
လင်းမူက ပစ္စည်းများ လုယက်နေစဉ်မှာပင် ယဲ့မြောင်ယွင်က ယဲ့လင်းလင်း ကို အနားသို့ ဆွဲခေါ်လာခဲ့ပြီး
"ကျွန်မတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်ကြီး။"
အနီးကပ် သေချာစွာ ကြည့်လိုက်သောအခါ ယဲ့မြောင်ယွင်က သူမရဲ့ ကျေးဇူးရှင်မှာ သူမ စိတ်ကူးယဉ်ထားသကဲ့သို့ အသက်နှစ်ဆယ်ကျော်အရွယ် မဟုတ်ဘဲ အလွန်အမင်း ငယ်ရွယ်နေသေးကြောင်း သတိပြုမိသွားသည်။
သူ့တွင် သပ်ရပ်စွာ ပုံသွင်းထားသော အညိုရင့်ရောင် ဆံပင်တိုလေး ရှိပြီး ဆံပင်ဝဲပျံများက ဘေးတစ်ဖက်သို့ သဘာဝအတိုင်း ဝဲကျနေသဖြင့် သန့်ရှင်းပြီး တက်ကြွသော ပုံစံကို ပေးစွမ်းနေခဲ့တယ်။
သူရဲ့ မျက်နှာမှာ ဓားဖြင့် ထုဆစ်ထားသကဲ့သို့ စူးရှထင်ရှားပြီး မြင့်မားသော နှာတံနှင့်အတူ နူးညံ့မှုနှင့် စူးရှမှုအကြား မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနိုင်သော တောက်ပစူးရှသည့် မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားတယ်။
သူ့ကို ကြည့်ရသည်မှာ အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်ထက် မပိုပုံရချေ။
ဒီအသက်အရွယ်နှင့် ဝိညာဉ်ဘိုးဘေး အဆင့်သို့ ရောက်ရှိနေပြီး မိမိထက် အဆင့်မြင့်မားသော ဝိညာဉ်ဘုရင်တစ်ဦးကို ကျော်လွန်သတ်ဖြတ်နိုင်ခြင်းမှာ သူရဲ့ ပါရမီက သံသယဝင်စရာမလိုဘဲ ထိပ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။
ရရှိလာသော ပစ္စည်းများကို မိမိ၏ သိုလှောင်မှု ဝိညာဉ်ကိရိယာထဲသို့ ထည့်သွင်းပြီးနောက်
လင်းမူက ယဲ့မြောင်ယွင်ထံသို့ လှည့်ကြည့်လိုက်တယ်
အဖြူရောင် နန်းဝတ်တန်ဆာကို ဝတ်ဆင်ထားသော သူမ၏ အလှအပမှာ အသက်ရှူမှားလောက်စရာ ကောင်းလှတယ် သူမရဲ့ စိတ်နေသဘောထားမှာ နူးညံ့ပြီး နတ်သမီးတစ်ပါး ပန်းချီကားချပ်ထဲမှ လျှောက်လှမ်းလာသကဲ့သို့ ခံစားရစေသဖြင့် လူတစ်ဦးအား ဒုတိယအကြိမ် ထပ်မံကြည့်ရှုမိစေရန် ဆွဲဆောင်နေခဲ့တယ်။
မိမိထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်ရွယ်သော အမျိုးသားတစ်ဦးရဲ့ ရှေ့တွင် ရှိနေပြီး ဒီလိုစူးစိုက်ကြည့်ခြင်းကို ခံရသဖြင့် ယဲ့မြောင်ယွင်ရဲ့ မျက်ဝန်းထဲတွင် ရှက်သွေးဖြာမှု အနည်းငယ် ဖြတ်ပြေးသွားခဲ့တယ်။
ခေတ္တမျှကြာသော် လင်းမူက သူရဲ့ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရယ်မောလိုက်တယ် "နှုတ်ကပြောတဲ့ ကျေးဇူးစကားတွေ မလိုပါဘူး။ လက်တွေ့ကျတဲ့ အရာတစ်ခုခုပဲ ပေးလိုက်ပါ။"
"ကျေးဇူးရှင်ကြီး... ကျွန်မရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒီရွှေဝိညာဉ်ဒင်္ဂါးတွေပဲ ပါလာပါတယ်။ နည်းတယ်လို့တော့ မထင်ပါနဲ့ရှင်။"
ယဲ့မြောင်ယွင်က သူမရဲ့ သိုလှောင်မှု ဝိညာဉ်ကိရိယာထဲမှ လေးလံသော ပိုက်ဆံအိတ်တစ်အိတ်ကို ထုတ်ယူကာ လင်းမူ၏ လက်ထဲသို့ ထည့်ပေးလိုက်တယ်။ ဒါက မီးကျားသစ် ဝိညာဉ်သခင်၏ ပိုက်ဆံအိတ်ထက် နှစ်ဆမျှ ပိုမို လေးလံနေခဲ့တာ်။
"ဒါကအားနာစရာပဲ”
ဤသို့ ပြောဆိုနေသော်လည်း သူရဲ့ လက်လှုပ်ရှားမှုမှာမူ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုပစ္စည်းကို သူရဲ့ သိုလှောင်မှု ဝိညာဉ်ကိရိယာထဲသို့ ချက်ချင်း ထည့်သွင်းလိုက်တယ်
လင်းမူရဲ့ သိုလှောင်မှု ဝိညာဉ်ကိရိယာမှာ ၅ ကုဗမီတာထက် မပိုသော သာမန် လက်ပတ်တစ်ခုမျှသာ ဖြစ်သော်လည်း ဒါက လက်ရှိတွင် သူပိုင်ဆိုင်သမျှထဲ၌ တန်ဖိုးအရှိဆုံး ပစ္စည်း ဖြစ်တယ်။
ဒီလို ချောမွေ့လှသော လှုပ်ရှားမှုကို မြင်သောအခါ ယဲ့မြောင်ယွင်နှင့် ယဲ့လင်းလင်း နှစ်ဦးလုံး အံ့ဩသွားကြတယ်။
ယဲ့မြောင်ယွင်က ရှေ့သို့ တစ်လှမ်းတိုးကာ မေးမြန်းလိုက်တယ်
"ကျေးဇူးရှင်ကြီး... ရှင်က အသက်နှစ်ဆယ်အောက်ပဲ ရှိဦးမှာ ထင်ရပေမယ့် ဝိညာဉ်ဘိုးဘေးတစ်ယောက် ဖြစ်နေပြီပဲ။ ရှင်က အစွမ်းထက်တဲ့ မျိုးနွယ်စုကများ လာတာလားဟင်"
သူရဲ့ ပါရမီက သာမန်လူများထက် များစွာ ကျော်လွန်နေရုံတင်မကဘဲ ဝိညာဉ်ဘုရင်အဆင့် ကျွမ်းကျင်သူများကိုပါ အနိုင်ယူနိုင်တယ်။ ဒါက သာမန် အရပ်သား ဝိညာဉ်သခင်တစ်ဦးရဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ချေ။
သူရဲ့ သိုင်းဝိဉာဉ်မှာ အနည်းငယ် ထူးဆန်းနေပြီး ကျော်ကြားသော မျိုးနွယ်စုများရဲ့ လက်ဆင့်ကမ်း သိုင်းဝိဉာဉ်မျိုးနှင့်မျှ မတူသော်လည်း ဗီဇပြောင်းလဲသွားသော သိုင်းဝိဉာဉ် ဖြစ်နိုင်ချေကိုမူ ဖယ်ထုတ်၍ မရချေ။
သာမန် သိုင်းဝိဉာဉ်တစ်ခု ဗီဇပြောင်းလဲသွားလျှင်ပင် ဒီလိုအစွမ်းထက်လာရန်မှာ ရှားပါးလွန်းတယ်လေ
စောစောက တိုက်ပွဲအတွင်း သူရဲ့ စွမ်းဆောင်ရည်ကို ကြည့်ခြင်းအားဖြင့် ဒီဗီဇပြောင်းလဲသွားသော သိုင်းဝိဉာဉ်သည် သံသယဝင်စရာမလိုဘဲ ထိပ်တန်းအဆင့် ဖြစ်ပြီး ဟောက်တျန်းတူသို့မဟုတ် ခုနှပါးသတ်ဓါး တို့ထက် လုံးဝ မနိမ့်ကျချေ။
အခြား အရေးကြီးသော အချက်တစ်ခုမှာ — တစ်ဖက်လူက မီးကျားသစ်ဂိုဏ်းကဲ့သို့ ကြီးမားသော ဂိုဏ်းကြီးတစ်ခုမှ လာမှန်း သိလျက်နှင့်ပင် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ရဲခြင်း ဖြစ်ရာ အနောက်တွင် တစ်စုံတစ်ခုသော ယုံကြည်ချက် သို့မဟုတ် ကျောထောက်နောက်ခံ ရှိနေခြင်းကြောင့် ဖြစ်ရမယ်။
"ငါက သာမန် ဝိညာဉ်သခင်တစ်ယောက်ပါပဲ။ ငါ့မှာ ဘယ်လို မျိုးနွယ်စုမှ မရှိပါဘူး" ဟု လင်းမူက တည်ငြိမ်စွာ ပြောလိုက်တယ်။
ဒီစကားကို ကြားရသောအခါ ယဲ့မြောင်ယွင်ရဲ့ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားခဲ့သတ။် ဒါက သူမ မျှော်လင့်ထားသည့် အခြေအနေနှင့် လုံးဝ ကွဲပြားခြားနားနေတယ်။
ယဲ့လင်းလင်းက သူမရဲ့ မိခင်အနောက်မှ ရုတ်တရက် ခေါင်းလေးပြူထွက်လာပြီး ရှက်ကိုးရှက်ကန်း ပုံစံဖြင့် ပြောလိုက်တယမ "ကျေးဇူးရှင် အစ်ကိုကြီးက ဒီလောက်တောင် အစွမ်းထက်တာ၊ သာမန် ဝိညာဉ်သခင်တစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လင်းမူ ခေတ္တမျှ ဆွံ့အသွားပြီး သူရဲ့ အကြည့်ကို ယဲ့လင်းလင်းထံသို့ ရွှေ့လိုက်တယ်။ သူမလေးက အမြင့် ၁.၅ မီတာခန့် ရှိပြီး နုပျိုကာ လှပသော မျက်နှာလေး ရှိနေတယ် သူမလေးက အသက် ၁၀ နှစ်ခန့်သာ ရှိသေးသော်လည်း ပွင့်အံလာတော့မည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ လှပနေပြီ ဖြစ်တယမ။
ဒါက မဆန်းပေ ဝိဉာဉ်ကုန်းမြေတိုက်ကြီးမှ ဝိညာဉ်သခင်များသည် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အလွန် မြန်ဆန်ကြတယ်လေ ဥပမာအားဖြင့် မာဟုန်ကျွင်း ဆိုလျှင် ဒီအရွယ်၌ပင် ပြည့်တန်ဆာအိမ်များသို့ ပုံမှန် သွားလာနေပြီ ဖြစ်တယ်။
"ငါ့နာမည်က လင်းမူပါ မင်းတို့ ငါ့ကို 'ကျေးဇူးရှင်' လို့ ခေါ်နေစရာ မလိုပါဘူး၊ နားထောင်ရတာ နည်းနည်း ထူးဆန်းလို့။"
"အစ်ကိုကြီး လင်းမူ"
ယဲ့လင်းလင်းက သာယာချိုမြိန်သော အသံလေးဖြင့် လှမ်းခေါ်လိုက်တယ်။
ဤသို့ အခေါ်ခံလိုက်ရသဖြင့် လင်းမူသည် ရင်ထဲတွင် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် သူသည် စောစောကတင် သူတို့ဆီကနေ ပိုက်ဆံအမြောက်အမြား ညှစ်ယူခဲ့တယ် မဟုတ်ပါလား။
"ကျေးဇူးရှင်ကြီး... ကျွန်မကတော့ နှလုံးသားကိုးခုဘီဂိုနီးယားပန်း ယဲ့မိသားစုရဲ့ အကြီးအကဲ ယဲ့မြောင်ယွင်ပါ၊ ဒါကတော့ ကျွန်မရဲ့ သမီးလေး ယဲ့လင်းလင်းပါ။"
ယဲ့မြောင်ယွင်ကမူ သူမရဲ့ အခေါ်အဝေါ်ကို မပြောင်းလဲသေးချေ။
ကျေးဇူးရှင်အား နာမည်တိုက်ရိုက်ခေါ်ရန်မှာ မသင့်တော်ဟု ထင်ရပြီး သူမရဲ့ သမီးကဲ့သို့ "အစ်ကိုကြီး" ဟုလည်း မခေါ်နိုင်ချေ။
ဒီစကားကို ကြားရသောအခါ လင်းမူ၏ မျက်ဝန်းထဲတွင် အားလုံးကို သိမြင်ပြီးသား ဖြစ်ကြောင်း အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့တယ် ဒါက သူ ခန့်မှန်းထားသည့်အတိုင်း ကွက်တိပင် ဖြစ်နေတယ်။
"မင်းတို့တွေ ဝိညာဉ်ကွင်း ရှာဖို့ လာကြတာ ထင်တယ်။"
ဒီနေရာသို့ ရောက်သောအခါ လင်းမူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့တယ် သူရဲ့ တပည့်ကျော်မှာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရဆဲ ဖြစ်တယ်
ယဲ့မြောင်ယွင်နှင့် ယဲ့လင်းလင်းတို့ ပြန်လည်မဖြေကြားမီမှာပင် လင်းမူက သစ်ပင်အပေါ်သို့ ပြန်လည်ခုန်တက်လိုက်ပြီး ထန်ဆန်းကို အောက်သို့ ခေါ်ဆောင်လာခဲ့တယ်
"ဆရာသခင်... ဆရာ ကျွန်တော့်ကို မေ့သွားပြီလို့ ထင်နေတာ။"
"ဘယ်လိုလုပ် မေ့မှာလဲ ငါ ဒါတွေအားလုံး လုပ်တာက မင်းကို လေ့ကျင့်ပေးဖို့ပဲ၊ မင်းရဲ့ ဆရာက ရန်သူတွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတာ ပြသချင်လို့" ဟု လင်းမူက လေးနက်စွာ ပြောလိုက်တယ်။
ဒီရှင်းလင်းချက်မှာ အနည်းငယ် ဝတ်ကျေတန်းကျေ ဖြစ်နေသော်လည်း ထန်ဆန်းက ဂရုမစိုက်ချေ။ စောစောက တိုက်ပွဲမှတစ်ဆင့် သူရဲ့ ဆရာသခင်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို အမှန်တကယ် ခံစားခဲ့ရတယ်။
အရေးကြီးဆုံးမှာ သူရဲ့ ဆရာသခင်က ရန်သူများအပေါ် ရက်စက်တတ်ခြင်းဖြစ်ပြီး ဒီအချက်မှာ ထန်ဆန်း အလွန်တရာ လေးစားပြီး တူညီသော စိတ်နေသဘောထား ဖြစ်တယ်။
"ဒါက ရှင့်ရဲ့ တပည့်လားဟင်"
သူတို့၏ စကားဝိုင်းကို ကြားရသောအခါ ယဲ့မြောင်ယွင်က မယုံကြည်နိုင်စွာ မေးမြန်းလိုက်တယ်။
လင်းမူကဲ့သို့ ငယ်ရွယ်သောသူတစ်ဦးက တပည့်လက်ခံထားသည်မှာ မကြားစဖူးပင်။
သူရဲ့ ခွန်အားက လုံလောက်သော်လည်း သူက အလွန် ငယ်ရွယ်လွန်းသေးတယ်။
သူကိုယ်တိုင်ပင် ကျင့်ကြံခြင်းရဲ့ အကောင်းဆုံး အချိန်တွင် ရှိနေသေးရာ တပည့်တစ်ဦးကို သွန်သင်ဆုံးမရန် အချိန်နှင့် စွမ်းအင် ဘယ်လိုရှိနိုင်မှာလဲ
အကယ်၍ စနစ်သာ မရှိပါက လင်းမူသည်လည်း ဒီလို လုပ်လိမ့်မည် မဟုတ်ချေ။
သူရဲ့ လက်ရှိ ကျင့်ကြံခြင်း အရှိန်အဝါအရ တစ်နှစ်လျှင် ဝိညာဉ်စွမ်းအား သုံးဆင့်ခန့်သာ မြင့်တက်နိုင်ပြီး ရှေ့သို့ ရောက်လေလေ ပိုမို နှေးကွေးသွားလေလေ ဖြစ်လိမ့်မည်။
ဒီနှုန်းအတိုင်းဆိုပါက သူသည် အနည်းဆုံး ခြောက်နှစ်ကြာမှသာ ဝိညာဉ်ဧကရာဇ် အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်တယ်
ဒီအရှိန်မှာ သာမန်လူများအတွက် အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်နေသော်လည်း လင်းမူရဲ့ ရည်မှန်းချက်များအတွက်မူ မလုံလောက်သေးချေ။
ခြောက်နှစ်အတွင်း ဝိညာဉ်သူတော်စင် အဆင့်သို့ ရောက်ရှိရန်အတွက် သူက စနစ်ကိုသာ အားကိုးရမည် ဖြစ်တယ်။
အကယ်၍ နတ်ဘုရားအမွေအနှစ် က သူ့တံခါးဝသို့ ရောက်မလာပါက... ဒီကမ္ဘာရဲ့ နတ်ဘုရားများသည် အခြားစကြဝဠာများနှင့်ယှဉ်လျှင် အနည်းငယ် အားနည်းသော်လည်း ဝိညာဉ်စွမ်းအား ဆုလာဘ်များမှာမူ အလွန် ကြီးမားလှတယ်။
နတ်ဘုရားဝိညာဉ်စွမ်းအား တစ်ဆင့်ချင်းစီက လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ခါးသီးစွာ ကျင့်ကြံရမှုကို သက်သာစေနိုင်တယ်။
လက်ရှိ လူသိရှင်ကြား ရှိနေသော နတ်ဘုရားအမွေအနှစ်များမှာ ပင်လယ်နတ်ဘုရား နှင့် ကောင်းကင်တမန်နတ်ဘုရား တို့သာ ဖြစ်ကြတယ်။
ပင်လယ်နတ်ဘုရားမှာ မိုင်ပေါင်းထောင်ချီ အလှမ်းဝေးနေသေးတယ် ခရီးစဉ်ရဲ့အန္တရာယ်များနှင့် စစ်ဆေးမှုရဲ့ ခက်ခဲမှုများကို ခေတ္တဖယ်ထားလျှင်ပင် သူရဲ့ မီးဓာတ်သဘာဝကို ကြည့်ခြင်းအားဖြင့် ပင်လယ်နတ်ဘုရားရဲ့ အသိအမှတ်ပြုမှုကို ရရှိရန် မည်သို့မျှ မဖြစ်နိုင်ချေ။
အလွန်ဆုံးရှိလှ အနီရောင်အဆင့် စစ်ဆေးမှုကိုသာ ကျော်ဖြတ်နိုင်လိမ့်မည်။
လှပစွာ ပြောရမည်ဆိုပါက သူသည် ပင်လယ်နတ်ဘုရားကျွန်း၏ မဟာပုရောဟိတ်ရဲ့ အမွေဆက်ခံသူ ဖြစ်လာလိမ့်မည်။
လက်တွေ့တွင်မူ စစ်မှန်သော အမွေဆက်ခံသူအတွက် ရုပ်သေးရုပ် အစောင့်အရှောက်တစ်ဦးမျှသာ ဖြစ်လာပေလိမ့်မည်။
ကောင်းကင်တမန်နတ်ဘုရားရဲ့ အမွေအနှစ်မှာမူ ပို၍ပင် မဖြစ်နိုင်သေးတယ် — ဒီအမွေအနှစ်က မျိုးဆက်တစ်ခုတည်း သီးသန့် လက်ဆင့်ကမ်းခြင်း ဖြစ်တယ် တောင်ပံခြောက်ခု ကောင်းကင်တမန် သိုင်းဝိဉာဉ် ရှိသူများသာ ကောင်းကင်တမန်အမွေအနှစ်ကို ရရှိနိုင်ကြတယ်။
"မှန်ပါတယ် ဒါက ကျွန်တော့်ရဲ့ တပည့် ထန်ဆန်းပါ သူ့ကို ပထမဆုံး ဝိညာဉ်ကွင်း ရှာဖွေပေးဖို့အတွက် သီးသန့် ခေါ်လာခဲ့တာပါ။"
ဒီစကားကို ကြားရသောအခါ ယဲ့မြောင်ယွင်ရဲ့ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။ ဒီကလေးငယ်က သူရဲ့ သိုင်းဝိဉာဉ် နိုးထလာခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးပုံရသော်လည်း ဝိညာဉ်ကွင်း လိုအပ်နေပြီလား သူရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား သည် အနည်းဆုံး အဆင့် ၈ ရှိရမည်။
သေချာစွာ လေ့ကျင့်ပေးမည်ဆိုပါက နောင်တွင် သူသည် အနည်းဆုံး ဝိညာဉ်တုန့်လော့တစ်ဦး ဖြစ်လာလိမ့်မည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းကတင် လင်လင်က အဆင့် ၂၀ ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဝိညာဉ်ကွင်း ရှာဖွေဖို့အတွက် သူမက အစေခံ အနည်းငယ်ကို ခေါ်ဆောင်လာခဲ့ရုံတင်မကဘဲ ဝိညာဉ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုပါ သီးသန့် အစောင့်အရှောက်အဖြစ် ဖိတ်ခေါ်ခဲ့တယ်။ မမျှော်လင့်ဘဲနဲ့ အသက်အန္တရာယ်နဲ့တင် တိုးတော့မလို့ ဖြစ်သွားခဲ့ရတယ်" ဟု ပြောဆိုရင်း ယဲ့မြောင်ယွင်၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားခဲ့တယ်။
အခြား အထောက်အကူပြု ဝိညာဉ်သခင်များသည် အနည်းငယ်သော ကိုယ်တိုင်ခုခံနိုင်စွမ်း ရှိကြသော်လည်း နှလုံးသားကိုးခုဘီဂိုနီးယားပန်း ဝိညာဉ်သခင်ကမူ ကုသခြင်းကိုသာ ပြုလုပ်နိုင်သည်။ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့် မည်မျှပင် မြင့်မားပါစေ၊ အချိန်မရွေး အနီးကပ် စောင့်ရှောက်မှု လိုအပ်ကြတယ်။
ဒီစကားကို ကြားလိုက်ရသဖြင့် လင်းမူသည် စောစောက မီးကျားသစ် ဝိညာဉ်သခင်ရဲ့ အဝတ်အစားများပေါ်တွင် အဘယ်ကြောင့် သွေးစက်များ ဒီလောက်ပေကျံနေရတာလည်းဆိုတာကို ရုတ်တရက် နားလည်သွားခဲ့တယ် သူ အစေခံများကို အရင်ဆုံး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရမည်။