အခန်း (၅) ထန်ဆန်းအတွက် ပထမဆုံး ဝိညာဉ်ကွင်းကို ကူညီရှာဖွေပေးခြင်း
တောက်လောင်နေသော မီးလျှံများအောက်တွင် အရိပ်ကျားသစ်သည် မကြာမီမှာပင် သေဆုံးသွားခဲ့ပြီး တူးနေသော အလောင်းပေါ်မှ ခရမ်းရောင် ဝိညာဉ်ကွင်း တစ်ကွင်း ထွက်ပေါ်လာခဲ့တယ်။
"ရှောင်ဆန်း... ထွက်လာခဲ့တော့" လင်းမူက အနောက်သို့ လှည့်မကြည့်ဘဲ ပြောဆိုလိုက်ရင်း သူရဲ့ သံချပ်ကာ ပေါင်းစပ်ခြင်းအခြေအနေကို ရုပ်သိမ်းလိုက်တယ်။
ဒီစကားကို ကြားသောအခါ ထန်ဆန်းက ကျောက်တုံးနောက်ကွယ်မှ ချက်ချင်း ထွက်လာခဲ့လိုက်တယ်။
လုံးဝ မည်းတူးနေသည့် အရိပ်ကျားသစ်ရဲ့ အလောင်းကို ကြည့်ရင်း သူရဲ့ အမူအရာက လေးနက်တည်ကြည်နေခဲ့တယ်
တကယ်လို့ သူသာ တိုက်ခိုက်ရမည်ဆိုပါက ဒီအရိပ်ကျားသစ်ကို သတ်ဖြတ်နိုင်ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။
လွတ်မြောက်ရန်အတွက်လား 'တစ္ဆေအရိပ်ခြေလှမ်း' ကို အသုံးပြုလျှင်ပင် အရိပ်ကျားသစ်ရဲ့ လိုက်လံဖမ်းဆီးမှုကို ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့သူရဲ့ ဆရာသခင် လက်ထဲတွင်မူ အရိပ်ကျားသစ်က လုံးဝ အားနည်းလွန်းဋေခဲ့တယ်
"ဆရာသခင်... ဒါက ဝိညာဉ်ကွင်းလား”
အရိပ်ကျားသစ်ရဲ့ အလောင်းအထက်တွင် ဝဲပျံနေသော ခရမ်းရောင် အလင်းကွင်းကို ကြည့်ရင်း ထန်ဆန်းရဲ့ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ဖြတ်ပြေးသွားခဲ့တယ်။
ဝိညာဉ်ကွင်းတစ်ကွင်းကို စုပ်ယူနိုင်သရွေ့ သူက စစ်မှန်သော ဝိညာဉ်မာစတာတစ်ဦး ဖြစ်လာနိုင်မှာဖြစ်ပြီး သူရဲ့ 'လျှို့ဝှက်ဆန်းကြယ်ကောင်းကင်မှတ်တမ်းရဲ့အဆင့်ပိတ်ဆို့မှုကိုလည်း လွယ်ကူစွာ ကျော်ဖြတ်နိုင်တော့လိမ့်မယ်။
"မှန်တယ် ဒါက နှစ်သုံးထောင်သက်တမ်းကျော်ရှိတဲ့ ဝိညာဉ်ကွင်းပဲ ဒါက မင်းအတွက် အသက်သက်တမ်း အရမ်းများလွန်းတယ်အတင်းအဓမ္မ စုပ်ယူဖို့ ကြိုးစားရင် မင်းရဲ့ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားလိမ့်မယ်။"
ခေတ္တရပ်ပြီးနောက် လင်းမူက ဆက်ပြောလိုက်တယ်
"ယေဘုယျအားဖြင့် ပြောရရင် ပထမဆုံး ဝိညာဉ်ကွင်းရဲ့ အကန့်အသတ်က အနှစ်လေးရာဝန်းကျင်ပဲ
အဲဒီ 'ဆရာကြီး' ဆိုတဲ့လူက ဒီအကန့်အသတ်ကို သုတေသနပြုပြီး ကွက်တိ ၄၂၃ နှစ်လို့ သတ်မှတ်ခဲ့တယ်။"
"ဒါပေမဲ့ ဒီလို တိကျတဲ့အချက်အလက်တွေက ဘာအဓိပ္ပာယ်မှ မရှိဘူး လူတိုင်းရဲ့ ခန္ဓာကိုယ်ခံနိုင်ရည်က မတူညီကြဘူး ဒီကောက်ချက်က လူကို လမ်းမှားရောက်စေဖို့ လွယ်ကူလွန်းတယ်။ ဒါ့အပြင် သူက ဒီအချက်အလက်တွေ အားလုံးကို ဝိညာဉ်နန်းတော်ရဲ့ မှတ်တမ်းစာကြည့်တိုက်ထဲကနေ ခိုးယူခဲ့တာပဲ။"
ဒီစကားကို ကြားရသောအခါ ထန်ဆန်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားတော့တယ်။
"ဒီနှစ်သုံးထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းကြီး အလဟဿ အလကားဖြစ်သွားတာကတော့ နှမြောစရာပဲနော်" ဟု ထန်ဆန်းက မှတ်ချက်ပြုလိုက်တယ်။
"ဝိညာဉ်သခင်တွေနဲ့ ဝိညာဉ်သားရဲတွေဟာ ဘယ်တော့မှ စေ့စပ်လို့မရတဲ့ ရန်သူတွေပဲ။
ဒီဝိညာဉ်သားရဲက ငါတို့ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်လို့ သူ့ကို သတ်ပစ်လိုက်တာက လုံးဝ သဘာဝကျတယ် အကယ်၍ ငါတို့ သူ့ကို လွှတ်ပေးလိုက်ရင် နောက်ကျရင် တခြားဝိညာဉ်သခင်တွေ သူ့လက်ချက်နဲ့ အသက်ဆုံးရှုံးရလိမ့်မယ်။"
လင်းမူရဲ့ အမြင်တွင် ဝိညာဉ်သားရဲများဆိုတာ သဘာဝအရ ကောင်းသည် ဆိုးသည်ဟူ၍ မရှိချေ။
"ငါတို့ မျိုးနွယ်စုဝင် မဟုတ်လျှင် စိတ်သဘောထား ကွဲပြားခြားနားကြမည်မှာ အသေအချာပင်" ဟူသော စကားကဲ့သို့ပင် ဝိညာဉ်သခင်တစ်ဦးရဲ့စွမ်းအားက ဝိညာဉ်သားရဲများကို အမဲလိုက်ခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သဖြင့်
ဒီအုပ်စုနှစ်စုဆိုတာ သဘာဝအရပင် ဆန့်ကျင်ဘက်များ ဖြစ်ကြတယ်။ ရှင်သန်မှုအတွက် တိုက်ပွဲဝင်နေရသည့် နေရာတွင် အကောင်းအဆိုးကို ဘာကြောင့် ခွဲခြားနေဦးမှာလဲ။
ဒီအမြင်ကို ကြားလိုက်ရသဖြင့် ထန်ဆန်းသည် တွေးတောဆင်ခြင်နေပုံရပြီး သူရဲ့ စိတ်နေသဘောထားမှာလည်း သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့တယ်။
ရုတ်တရက် အရေးကြီးသော မေးခွန်းတစ်ခုကို သူ သတိရသွားသည်။ သူက လင်းမူကို မော့ကြည့်ပြီး မေးမြန်းလိုက်တယ်
"ဆရာသခင်... စောစောက သံချပ်ကာဝတ်စုံက ဆရာ့ရဲ့ သိုင်းဝိဉာဉ်လား "
"မှန်တယ် ပြင်ပလူတွေရဲ့ မျက်လုံးထဲမှာတော့ ငါ့ရဲ့ သိုင်းဝိဉာဉ်က သံတိုသံစ အပိုင်းအစတစ်ခုလို ထင်ရပေမယ့် အစစ်အမှန် ပုံစံကတော့ သံချပ်ကာဝတ်စုံတစ်ခုပဲ။ ဒါက သံချပ်ကာအမျိုးအစား သိုင်းဝိဉာဉ် ပဲ။"
လင်းမူက သူသိုင်းဝိဉာဉ် ရဲ့ယေဘုယျအမျိုးအစားကိုသာ ပြောပြခဲ့ခြင်း ဖြစ်ပြီး သူရဲ့ အစစ်အမှန် လျှို့ဝှက်ဖဲချပ်ကို ထန်ဆန်းအား အကုန်အစင် မဖော်ပြခဲ့ပေ။
တကယ်လို့ သာမန်သံချပ်ကာဝတ်စုံတစ်ခုမျှသာ ဆိုပါက နာဗာရဲ့မီးလျှံသည် ထိပ်တန်းအဆင့် သိုင်းဝိဉာဉ်တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သူ့ရဲ့ စစ်မှန်သော အစွမ်းမှာ မီးဓာတ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် သံချပ်ကာကို ပံ့ပိုးပေးမည့် ဖျက်အားပြင်းသော လက်နက်များကို အသုံးပြုနိုင်စွမ်းတွင်တာ မူတည်နေခဲ့တာ
သူက ထန်ဆန်းကို တပည့်အဖြစ် လက်ခံထားပြီး ဖြစ်သော်လည်း အမြဲတမ်း သတိဝီရိယဖြင့်နေရမယ်လေ အထူးသဖြင့် ထန်ဆန်းက ထန်ဂိုဏ်းရဲ့ ရက်စက်တတ်သော အတွေးအခေါ်များအောက်တွင် နက်ရှိုင်းစွာ လွှမ်းမိုးခံထားရသူ ဖြစ်ရာ
သူက ဘယ်အချိန်တွင် "မင်းက သေကြောင်းရှာတာပဲ" ဟု ရွတ်ဆိုလာမည်ကို ဘယ်သူသိနိုင်မှာလဲ
ဘယ်လိုပဲဖြစ်ဖြစ် သတိထားခြင်းက အကောင်းဆုံးပါပဲ။
"ကဲ... ဆက်သွားကြစို့၊ ငါတို့ သွားမယ့် ပန်းတိုင်က ဝေးသေးတယ်။"
မြေပုံအတိုင်း လိုက်လံရှာဖွေရင်း နှစ်ဦးသား ခရီးဆက်ခဲ့ကြပြီး ကံကောင်းထောက်မစွာဖြင့် လမ်းခရီးတစ်လျှောက်တွင် မည်သည့် ဝိညာဉ်သားရဲရဲ့ တိုက်ခိုက်မှုကိုမျှ ထပ်မံ မကြုံတွေ့ခဲ့ရပေ။
အချိန်အတော်ကြာပြီးနောက် သူတို့ ရေကန်တစ်ခုသို့ ရောက်ရှိလာခဲ့ကြတယ်။ သူတို့ ရှာဖွေနေသော ပန်းတိုင်မှာ ရေကန်ကမ်းနားတွင် ပေါက်ရောက်နေသည့် — အမြင့် မီတာဝက်ခန့်ရှိပြီး အမြစ်များက ရေကန်အောက်ခြေအထိ နက်ရှိုင်းစွာ ဆန့်တန်းနေသည့် တောက်ပကြည်လင်သော အပင်ငယ်လေးတစ်ပင် ဖြစ်တယ်။
ထိုအရာမှာ လင်းမူက 'ကြယ်တာယာတောအုပ်ကြီးအတွင်းရှိ ဝိညာဉ်သားရဲများဆိုင်ရာ စွယ်စုံကျမ်းအပြည့်အစုံ' ထဲတွင် ရှာဖွေတွေ့ရှိခဲ့သော ဝိညာဉ်သားရဲ ဖြစ်တယ်။
ထိုမြက်ကလေးရဲ့ အမည်မှာ ရေခဲပုံဆောင်ခဲမြက် ဖြစ်ပြီး သူ့ရဲ့ အသက်ရှင်သန်နိုင်စွမ်း မှာ တူညီသော သက်တမ်းရှိသည့် အခြားအပင်များနှင့် ယှဉ်လျှင် များစွာ သာလွန်လှသည်။
"အနှစ်သုံးရာကျော် သက်တမ်း... ဒါဆို လုံလောက်ပြီ။"
ရေခဲပုံဆောင်ခဲမြက်၏ သက်တမ်းကို အတည်ပြုပြီးနောက် လင်းမူသည် မြေပြင်မှ ကျောက်ခဲငယ်တစ်လုံးကို ကောက်ယူကာ ထိုအပင်ထံသို့ လှမ်းပစ်လိုက်ရာ
ထန်း~
ကျောက်ခဲငယ်က ရေခဲပုံဆောင်ခဲမြက်၏ ပင်စည်ကို တိကျစွာ ထိမှန်သွားခဲ့တယ်။ သို့သော်လည်း လင်းမူ အံ့ဩသွားရသည်မှာ ကျောက်ခဲက စိန်တုံးကဲ့သို့ မာကျောသော အရာတစ်ခုကို ရိုက်မိလိုက်သကဲ့သို့ စူးရှသော 'ထန်း' ဟူသော သံမဏိသံကို ထွက်ပေါ်စေခဲ့တာကိုပဲ
"မြက်ပင်က တကယ်ပဲ ကာကွယ်နိုင်လိုက်တာလား။"
ထန်ဆန်းရဲ့ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားရတယ်
သူက သူရဲ့ ဆရာသခင်၏ အစွမ်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်ရာ သူ့ ဆရာသခင်က သိုင်းဝိဉာဉ် ဒါမှမဟုတ် အစစ်အမှန် ခွန်အားကို အသုံးမပြုခဲ့သော်လည်း ဝိညာဉ်ဘိုးဘေးတစ်ဦး ပစ်လွှတ်လိုက်သော ကျောက်ခဲငယ်ကို ဒီမြက်ပင်ငယ်လေးက မည်သည့် ထိခိုက်မှုမျှမရှိဘဲ ခံနိုင်ရည်ရှိသည်မှာ မဖြစ်နိုင်ပေ။
"ကြည့်ရတာ မင်းရဲ့ ငွေပြာမြက်ရဲ့ အသက်ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးရုံတင်မကဘဲ ငါတို့တွေ တော်တော်လေး ကောင်းမွန်တဲ့ ခံစစ်ပိုင်းဆိုင်ရာ ဝိညာဉ်စွမ်းရည် တစ်ခုကိုပါ ရရှိနိုင်မယ့် ပုံပဲ။"
အံ့ဩတုန်လှုပ်ပြီးနောက် လင်းမူက ရေခဲပုံဆောင်ခဲမြက်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့တာ် သူ ရှေ့သို့ လှမ်းသွားရင်း သူရဲ့ သိုင်းဝိဉာဉ်ကို ထုတ်ဖော်လိုက်ကာ သံချပ်ကာ ပေါင်းစပ်ခြင်းကို တစ်ပါတည်း ပြီးမြောက်စေခဲ့ပြီး
ထိုအပင်အနီးသို့ ချဉ်းကပ်လိုက်တယ် လင်းမူက မြက်ပင်အပေါ်သို့ လက်တင်လိုက်ပြီး အပင်ရဲ့ ခံစစ်များကို လောင်ကျွမ်းစေရန် ထိန်းချုပ်ထားသော မီးလျှံများကို ထုတ်လွှတ်လိုက်တယ်။
ယေဘုယျအားဖြင့် အရာဝတ္ထုတစ်ခုက မည်မျှပင် မာကျောပါစေ၊ ပြင်းထန်သော အပူချိန် အပြောင်းအလဲအောက်တွင်မူ လွယ်ကူစွာ ကြွပ်ဆတ်သွားတတ်တယ်။
တဖြည်းဖြည်းနှင့် ရေခဲပုံဆောင်ခဲမြက်ပေါ်ရှိ ရေခဲကဲ့သို့ မာကျောသော အလွှာသည် စတင်ကွာကျလာခဲ့ပြီး ပင်စည်မှ ပဲစေ့ခန့်ရှိသော အရည်များ စီးဆင်းလာခဲ့တယ်
မကြာမီ အချိန်အတွင်းမှာပင် ရေခဲပုံဆောင်ခဲမြက်ပင်မှာ စတင်ညှိုးနွမ်းလာခဲ့ပြီး အသက်စွမ်းအင်များမှာ လျင်မြန်စွာ ဆုတ်ယုတ်သွားခဲ့ပြီး သေလုမြောပါး အခြေအနေသို့ ရောက်ရှိသွားခဲ့တယ်
"ရှောင်ဆန်း... နောက်ဆုံး တိုက်ခိုက်မှုကို မင်းပဲ လုပ်လိုက်တော့။"
"ဟုတ်ကဲ့ပါ ဆရာသခင်။"
ရိုသေစွာ ပြန်လည်ဖြေပြီးနောက် ထန်ဆန်းက ဓားမြှောင်ငယ်တစ်ခုကို ထုတ်ယူကာ ရေခဲပုံဆောင်ခဲမြက်၏ အမြစ်များကို ဖြတ်တောက်လိုက်တယ်။
ထိုအပင်က အသက်စွမ်းအင် လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး အကြွင်းအကျန်များပေါ်မှ အဝါရောင် ဝိညာဉ်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ချက်ချင်းပင် လင်းမူရဲ့ လမ်းညွှန်မှုအောက်တွင် ထန်ဆန်းလည်း ဝိညာဉ်ကွင်းကို စတင်စုပ်ယူတော့တယ်။
ဝိညာဉ်ကွင်းတစ်ခုကို စုပ်ယူခြင်းက အချိန်အတော်အတန် ကြာမြင့်တတ်ပြီး အထူးသဖြင့် ပထမဆုံးအကြိမ် ပင်ဖြစ်တယ်။
ထိုဖြစ်စဉ်တွင် များသောအားဖြင့် သုံးနာရီ သို့မဟုတ် လေးနာရီခန့် ကြာမြင့်တတ်တယ်။
ထန်ဆန်းက ဝိညာဉ်ကွင်းကို စုပ်ယူနေစဉ်အတွင်း လင်းမူလည်း ဘာမှလုပ်စရာမရှိသဖြင့် အနီးအနားတွင် တောလိုက်သားကောင် ရှာဖွေရန် ထွက်ခွာခဲ့တယ်။
သုံးနာရီ ကြာပြီးနောက်။
ထန်ဆန်း သူရဲ့ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တယ်။ မွှေးကြိုင်လှသော အသားကင်နံ့က သူရဲ့ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူရဲ့ အစားစားချင်စိတ်ကို နှိုးဆွပေးကာ သွားရည်များ ချက်ချင်း ကျလာစေခဲ့တယ်။
ဒါပေမဲ့... ဒီနေရာမှာ ဘာလို့ အသားကင်နံ့တွေ ရနေရတာလဲ
သူရဲ့ အကြည့်ကို လှည့်လိုက်သောအခါ မလှမ်းမကမ်းတွင် လင်းမူက အသားကင်တစ်ခုကို ပြင်ဆင်နေသည်ကို တွေ့လိုက်ရတယ်။
ယုန်တစ်ကောင်လုံးကို မီးပေါ်တွင် ကင်နေခြင်း ဖြစ်တယ်။ အပူရှိန်က အနေတော်ဖြစ်ပြီး အရေခွံမှာ ရွှေဝါရောင်သန်းကာ ကြွပ်ရွနေပုံရသဖြင့် အလွန်ပင် စားချင်စဖွယ် ကောင်းလှတယ်။
ထိုအသားမှာ အနှစ်ရာချီ သက်တမ်းရှိသော နူးညံ့သောအရိုးပျော့ယုန် ဖြစ်သည်။
ဝိဉာဉ်ကုန်းမြေတိုက်ကြီးတွင် လှည့်လည်သွားလာခဲ့သော နှစ်များအတွင်း ယုန်ကင်က လင်းမူရဲ့ အကြိုက်ဆုံး အစားအစာများထဲမှ တစ်ခု ဖြစ်လာခဲ့တယ်။ ပြင်ဆင်ရသည်မှာ ရိုးရှင်းလွယ်ကူပြီး အရေအတွက်လည်း များပြားလှသဖြင့် မည်သည့်တောအုပ်ထဲတွင်မဆို လွယ်ကူစွာ ရှာဖွေနိုင်တယ်လေ။
"ဆရာသခင်... ကျွန်တော် ဝိညာဉ်ကွင်းကို စုပ်ယူလို့ ပြီးပါပြီ။"
သူက စကားပြောနေသော်လည်း ထန်ဆန်းရဲ့ မျက်လုံးများကမူ ထိုယုန်ကင်ပေါ်တွင်သာ စွဲထင်နေခဲ့တယ်။ ထိုအနံ့ကို ရရုံမျှဖြင့်ပင် ရှားပါးလှသော အရသာထူး ဖြစ်ကြောင်း သူ သိရှိနေတယ်။
အိမ်တွင်မူ အများဆုံး အစားအစာမှာ ဆန်ပြုတ်ကျဲကျဲသာ ဖြစ်ပြီး တစ်နှစ်လျှင် အသားကို အနည်းငယ်မျှသာ စားရတတ်ပြီး ဒီလို ဆွဲဆောင်မှုရှိသော ယုန်ကင်မျိုးကိုမူ တွေးပင်မတွေးဖူးချေ။
ထန်ဆန်းက ထိုအစားအစာကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းမူရဲ့ နှုတ်ခမ်းအစုံက မသိမသာ ထောင့်ကွေးသွားပြီး လှည့်စားလိုသော အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
"ရှောင်ဆန်း... အခုက မင်းရဲ့ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးရမယ့် အချိန်ပဲ။ ရော့... ဒီယုန်ခြေထောက်အကြီးကြီးကို စားလိုက်။"
ထိုသို့ပြောပြီး လင်းမူသည် ကြီးမားသော ယုန်ခြေထောက်တစ်ဖက်ကို ဆွဲဖဲ့ကာ ထန်ဆန်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ထန်ဆန်း၏ အမူအရာက ခေတ္တမျှ ကြောင်အသွားသော်လည်း သူရဲ့ လက်ထဲရှိ ကြီးမားသော ယုန်ခြေထောက်ကို ကြည့်ရင်း သူရဲ့ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု တိုးဝှေ့လာခဲ့တယ်။
'ဆရာသခင်က ငါ့အပေါ်မှာ တကယ့်ကို အကောင်းဆုံးလူပဲ။'
ဖခင်တစ်ယောက်အနေဖြင့် ထန်ဟောက် က သံသယဝင်စရာမလိုဘဲ တာဝန်မဲ့သူတစ်ဦး ဖြစ်တယ်။
ထန်ဆန်းသည် ပိန်လှီနေပြီး သူရဲ့ အသက်အရွယ်နှင့်ယှဉ်လျှင် အာဟာရချို့တဲ့နေသည့် ပုံစံ လုံးဝ ပေါက်နေတယ်။
လင်းမူရဲ့ ယခင်ဘဝက လူအများစုက ထန်ဟောက်တွင် သူရဲ့သားမှာ ကူးပြောင်းလာသူတစ်ဦးရဲ့ 'ပူးကပ်ခြင်း' ကို ခံထားရမှန်း သိရှိသွားခဲ့သဖြင့် ဟောက်တျန်းတူထွက်ပေါ်လာသည့် အချိန်အထိ သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်ဟု သီအိုရီထုတ်ခဲ့ကြသည်မှာ မဆန်းပေ။
ဒါကအဓိပ္ပာယ်မရှိတဲ့ သီအိုရီတစ်ခုကဲ့သို့ ထင်ရသော်လည်း ဖြစ်နိုင်ခြေကိုတော့ ဖယ်ထုတ်၍ မရချေ။
သို့မဟုတ်ပါက ထန်ဟောက်သည် ငွေပြာမြက်ဧကရာဇ် အာရင် ကွယ်လွန်သွားခြင်းကြောင့် မိမိကိုယ်ကိုယ် လုံးဝ လက်လျှော့ အရှုံးပေးလိုက်ရုံတင်မကဘဲ သူရဲ့သားကိုပင် ဂရုမစိုက်ဘဲ ဝိညာဉ်နန်းတော်ကို ကလဲ့စားချေရန်ပင် မတွေးတောခဲ့ဘူးဆိုလျှင် ထန်ဟောက်သည် အလွန်အမင်း အားနည်းလွန်းလှပြီး လုံးဝ အသုံးမကျသော ယောကျ်ားတစ်ယောက်မျှသာ ဖြစ်ပေလိမ့်မည်။