အခန်း (၄) ထောင်စုနှစ်သက်တမ်းရှိ ဝိညာဉ်သားရဲကို ချက်ချင်း သတ်ဖြတ်ခြင်း
နောက်တစ်နေ့ နံနက်စောစောတွင် လင်းမူက မြင်းလှည်းတစ်စီးကို ရှာဖွေကာ ထန်ဆန်းအား ခေါ်ဆောင်ပြီး ကြယ်တာ တောအုပ်ကြီး သို့ ထွက်ခွာခဲ့တယ်။
နော်ဒင်းမြို့အနီးတွင် ဝိညာဉ်သားရဲအမဲလိုက်တောအုပ် တစ်ခု ရှိသော်လည်း ထိုနေရာရှိ ဝိညာဉ်သားရဲ များက အလွန်တရာ အားနည်းလွန်းသဖြင့် ထန်ဆန်းနှင့် ကိုက်ညီမည့် သားရဲကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
ကြယ်တာယာတောအုပ်ကြီးမှာမူ ကျယ်ပြောလှပြီး ဒြပ်စင်ဂုဏ်သတ္တိမျိုးစုံရှိသော ဝိညာဉ်သားရဲများ ပေါကြွယ်ဝလှသည်။
ငြင်းပယ်၍မရသည်မှာ လင်းမူသည် ထန်ဆန်းကို ကိုယ်ကျိုးစီးပွားအတွက် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်တယ်။
ဒါပေမဲ့ ယခုအခါ ဆရာနှင့် တပည့် ဖြစ်သွားခဲ့ပြီဖြစ်ရာ သူသည် ကိုယ့်ရဲ့ တာဝန်ဝတ္တရားများကို စနစ်တကျ ထမ်းဆောင်ရန် ရည်ရွယ်ထားတယ်။
တကယ်လို့ သူသာ လူရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး လုပ်ဆောင်မည်ဆိုပါက အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဟန်ဆောင်ကောင်းလှသော ထန်ဆန်းနှင့် သူက ဘယ်လိုကွာခြားတော့မှာလဲ
ဒါ့အပြင် ထန်ဆန်းက ပင်မတာ၀န် အတွက် အလွန်အရေးကြီးလှသည်၊ ထန်ဆန်းရဲ့ စိတ်နေသဘောထား ပြောင်းလဲမှု ကြီးမားလေလေ လင်းမူ ရရှိမည့် ဆုလာဘ်များက ပိုမိုများပြားလေလေ ဖြစ်ပြီး အခြားသော သံချပ်ကာများကိုပါ ရရှိလာနိုင်ခြေ ရှိတယ်လေ။
ကြယ်တာယာတောအုပ်ကြီးသို့ သွားရာလမ်းတွင် လင်းမူက ထန်ဆန်းအား ဝိညာဉ်သခင်များနှင့် ဝိညာဉ်သားရဲများအကြောင်း အခြေခံဗဟုသုတများကို ရှင်းလင်းပြောပြခဲ့တယ်။
"ဆရာသခင်... ငွေပြာမြက်က တကယ်ပဲ အသုံးမကျတဲ့ သိုင်းဝိဉာဉ်လား " မြင်းလှည်းပေါ်တွင် ထန်ဆန်းက ရုတ်တရက် မေးမြန်းလိုက်တယ်။
"လောကရဲ့ အမြင်အရတော့ ငွေပြာမြက်ဟာ လုံးဝ အသုံးမကျတဲ့ သိုင်းဝိဉာဉ်ပဲ။ ဘာလို့လဲဆိုတော့ ငွေပြာမြက် နိုးထလာတဲ့ ဝိညာဉ်သခင်တွေဟာ ယေဘုယျအားဖြင့် မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၁ ဒါမှမဟုတ် ၂ လောက်ပဲ ရှိတတ်ကြလို့ပဲ။ ဒါက သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ အဝေးကြီးကို ရောက်မှာမဟုတ်ဘူးဆိုတာ သတ်မှတ်ပြီးသား ဖြစ်နေလို့ပဲ။"
လင်းမူက စကားကို ခေတ္တရပ်လိုက်ပြီး သူရဲ့ အကြည့်များက ထန်ဆန်းရဲ့ ညာဘက်လက်ဖဝါးပေါ်သို့ ကျရောက်သွားတယ်။
ဒါကိုကို မြင်သောအခါ ထန်ဆန်းလည်း သူ့ရဲ့ ငွေပြာမြက်ကို ချက်ချင်း ထုတ်ဖော်လိုက်တယ် သေးငယ်သော အပြာရောင် မြက်ပင်လေးတစ်ပင်က သူရဲ့ လက်ဖဝါးအလယ်တွင် မတ်မတ်ရပ်တည်နေပြီး မှိန်ပျပျ အလင်းရောင်တစ်ခု ဖြာထွက်နေခဲ့တယ်။
ဒါက အခြားသော ငွေပြာမြက် သိုင်းဝိဉာဉ်များနှင့် မခြားနားလှပုံရသော်လည်း သေချာစွာ စစ်ဆေးကြည့်ပါက သိမ်မွေ့သော ကွဲပြားမှုကို အာရုံခံမိနိုင်တယ် ထန်ဆန်းရဲ့ ငွေပြာမြက်က သိသိသာသာ ပိုမိုတက်ကြွပြီး ခံနိုင်ရည်ရှိတယ်
ဘယ်လိုပဲဖြစ်ပါစေ ငွေပြာမြက်ဧကရာဇ်သွေးမျိုးဆက် ပါရှိနေခြင်းကြောင့် ဒုတိယအကြိမ် နိုးထမှု မရှိသေးလျှင်ပင် ထန်ဆန်းရဲ့ငွေပြာမြက်က သာမန်ငွေပြာမြက်များနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားနေပြီးသား ဖြစ်တယ်။
လင်းမူက ထန်ဆန်းရဲ့ ပခုံးကို ပုတ်ကာ ဆက်လက်ရှင်းပြခဲ့တယ်။
ရှောင်ဆန်း... မင်းက တခြားလူတွေနဲ့ မတူဘူး မင်းမှာ မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအား ရှိတယ် မင်းရဲ့ သိုင်းဝိဉာဉ်က အားနည်းတယ်လို့ ထင်ရပေမယ့် အရည်အသွေးမြင့်မားတဲ့ ဝိညာဉ်ကွင်းတွေကို စုပ်ယူခြင်းအားဖြင့် ၎င်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးလို့ရတယ်။"
"အသုံးမကျတဲ့ သိုင်းဝိဉာဉ်ဆိုတာ မရှိဘူး၊ အသုံးမကျတဲ့ ဝိညာဉ်သခင်ပဲ ရှိတယ်" ဟူသော စကားက သီအိုရီအရ မှန်ကန်သော်လည်း လက်တွေ့တွင်မူ ဟာကွက်များ ရှိနေတယ်
မထင်မရှား မြက်ပင်တစ်ပင် ဖြစ်လင့်ကစား အရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ပါက တိုက်ပွဲတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်မည် ဖြစ်တယ်။
ဒါပေုဲ့ ဒီနေရာတွင် ရှေ့နောက်မညီသော ကိစ္စတစ်ခု ရှိနေခဲ့ပြန်တယ်
မွေးရာပါ ဝိညာဉ်စွမ်းအားဆိုတာ သိုင်းဝိဉာဉ်ရဲ့ အရည်အသွေးပေါ်တွင် များစွာ မှီခိုနေရာ တကယ်လို့ မွေးရာပါ ဝိညာဉ်စွမ်းအား အလွန်နိမ့်ကျပါက ကျင့်ကြံခြင်းနှုန်း နှေးကွေးမည်ဖြစ်ပြီး ရယူနိုင်မည့် ဝိညာဉ်ကွင်းများရဲ့သက်တမ်း အကန့်အသတ်ကလည်း ပိုမိုနိမ့်ကျသွားမည် ဖြစ်တယ်။
သတ်မှတ်ထားသော ဝိညာဉ်ကွင်းစုပ်ယူမှု အရေအတွက်အတွင်း ကိုယ့်ရဲ့ ပါရမီကို မြှင့်တင်နိုင်ရန်အတွက် သိုင်းဝိဉာဉ်ကို အဆင့်တစ်ခုအထိ အားကောင်းအောင် မလုပ်ဆောင်နိုင်ပါက အဆုံးတွင်မူ အသုံးမကျဘဲ ကျန်ရစ်နေမည်သာ ဖြစ်တယ်
ဥပမာအားဖြင့် ယွီရှောင်ဂန်းရဲ့ ဝိညာဉ်ကွင်းနှစ်ကွင်းက လော်ဆန်းပေါက်ရဲ့ ရွှေရောင်နဂါး သွေးမျိုးဆက်ကို အားကောင်းစေမည့် နဂါးအမျိုးအစား ကွင်းများသာ ဖြစ်ခဲ့မည်ဆိုပါက သူက ပါရမီရှင်တစ်ဦးအဖြစ် ပြောင်းလဲရန် အခွင့်အရေး အမှန်တကယ် ရှိခဲ့ပေလိမ့်မည်။
ဒါကြောင့် တိတိကျကျ ပြောရလျှင် အသုံးမကျသော သိုင်းဝိဉာဉ်ဆိုတာ မရှိဘဲ အသုံးမကျသော ယွီရှောင်ဂန်းသာ ရှိခြင်း ဖြစ်တယ်။
သူက တစ်ဘဝလုံး သိုင်းဝိဉာဉ်သီအိုရီကို လေ့လာခဲ့သော်လည်း ကိုယ်ပိုင် သိုင်းဝိဉာဉ်ကိုပင် နားမလည်ခဲ့ခြင်းမှာ ရယ်စရာကောင်းလှပေတယ်။
တကယ်လို့ ထန်ဆန်းသာ မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအားနှင့် ဖုံးကွယ်ထားသော ငွေပြာမြက်ဧကရာဇ် သွေးမျိုးဆက် မရှိခဲ့ပါက သူက ယွီရှောင်ဂန်းရဲ့ လက်ချက်ဖြင့် ပျက်စီးသွားသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။
ဥပမာအားဖြင့် ထန်ဆန်းအား ဒါတူရာမြွေ ရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူစေပြီး ထုံကျဉ်စေသော အာနိသင်ရှိသည့် ချည်နှောင်မှုစွမ်းရည်ကို ရယူစေရန် ယွီရှောင်ဂန်း၏ အစီအစဉ်မှာ ဟာကွက်များ ရှိနေခဲ့တယ်။
ဒီ "ဆရာကြီး" က သူ အရာအားလုံးကို ကျွမ်းကျင်သည်ဟု ထင်မှတ်နေခဲ့သော်လည်း အမှန်တကယ်တွင်မူ သူက ထန်ဆန်းရဲ့ ဖုံးကွယ်ထားသော အလားအလာများကို အသုံးချကာ သူ့ရဲ့ မှားယွင်းသော သီအိုရီများကို ဖုံးကွယ်ထားသည့် လူမိုက်တစ်ဦးသာ ဖြစ်တယ်။
"ကျွန်တော် နားလည်ပါပြီ လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်။"
ဒီစကားကို ကြားရသောအခါ ထန်ဆန်း ရုတ်တရက် သဘောပေါက်သွားပြီး ရင်ထဲတွင် လေးစားအားကျမှုများ ပြည့်နှက်သွားခဲ့တယ်
သူရဲ့ ဆရာသခင်က သူ့ထက် ဆယ်နှစ်ခန့်သာ ကြီးသော်လည်း သိုင်းဝိဉာဉ်များနှင့် ပတ်သက်၍ နက်ရှိုင်းပြီး လက်တွေ့ကျသော နားလည်မှုကို ပိုင်ဆိုင်ထားပြီး ဖြစ်တယ်။
ကြယ်တာယာတောအုပ်ကြီးသည် ဘာလက်ဘုရင်နိုင်ငံ ရဲ့ အရှေ့တောင်ဘက်တွင် တည်ရှိပြီး တျန်းတိုအင်ပါယာ နှင့် ကြယ်တာယာအင်ပါယာ တို့ရဲ့ ကြီးမားသော အစိတ်အပိုင်းကို ယူထားကာ အစိတ်အပိုင်းအနည်းငယ်သာ ဘာလက်ဘုရင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေခဲ့တယ်
နော်ဒင်းမြို့က ဘာလက်ဘုရင်နိုင်ငံနှင့် အလွန်နီးကပ်သဖြင့် ကြယ်တာယာတောအုပ်ကြီးရဲ့ အပြင်ဘက်အနားသတ်သို့ ရောက်ရှိရန် နှစ်ရက်ခန့် ကြာမြင့်လိမ့်မယ်။
နှစ်ရက်နှင့် နှစ်ညတိုင်တိုင် ခရီးနှင်ပြီးနောက် မြင်းလှည်းက နောက်ဆုံးတွင် ကြယ်တာယာတောအုပ်ကြီးရဲ့ ဆင်ခြေဖုံးသို့ ရောက်ရှိလာခဲ့တယ်
အနီးအနားတွင် မြို့ငယ်လေးတစ်မြို့ ရှိသဖြင့် လင်းမူက တည်းခိုခန်းတစ်ခုကို ရှာဖွေကာ နားနေခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ထန်ဆန်းအား ခေါ်ဆောင်၍ ဝိညာဉ်သားရဲ သွားရောက်အမဲလိုက်ရန် စီစဉ်ထားခဲ့တယ်
နောက်တစ်နေ့တွင် လင်းမူက စောစောထကာ ပစ္စည်းများကို အမြန်ထုပ်ပိုးပြီး ထန်ဆန်းကို ခေါ်ဆောင်၍ ကြယ်တာယာတောအုပ်ကြီးထဲသို့ ဝင်ရောက်ခဲ့လာခဲ့တယမ
ဒီ၀ိဥာဥ်ကုန်းမြေတိုက်ကြီးတွင် လှည့်လည်သွားလာခဲ့သော နှစ်များအတွင်း လင်းမူက ကြယ်တာယာတောအုပ်ကြီးသို့ အကြိမ်အနည်းငယ် ရောက်ရှိဖူးသော်လည်း ယခင်ကမူ မိမိကိုယ်တိုင်အတွက် ဝိညာဉ်ကွင်းများ ရှာဖွေရန်သာ လာရောက်ခဲ့ခြင်း ဖြစ်ပြီး
ယခုအခါ သူရဲ့ ကျင့်ကြံမှုသည် အဆင့် ၄၇ သို့ ရောက်ရှိနေပြီ ဖြစ်တယ်။ သူရဲ့ နာဗာရဲ့မီးလျှံသံချပ်ကာ နှင့်ဆိုလျှင် လိုအပ်ပါက သောင်းစုနှစ်သက်တမ်းရှိ ဝိညာဉ်သားရဲတစ်ကောင်ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်တယ်။
ကြယ်တာယာတောအုပ်ကြီးအတွင်း မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများသည် အဆုံးမရှိ ဆန့်တန်းနေပြီး ၎င်းတို့ရဲ့ ထူထပ်လှသော သစ်ရွက်များက နေရောင်ခြည်အများစုကို ကာဆီးထားသဖြင့် မြေပြင်ပေါ်တွင် အလင်းရဲ့ အရိပ်အယောင်များ ကဟိုတစ်စ ဒီတစ်စဖြတ်သန်းနေခဲ့တယ်
လေပြေညှင်းတစ်ခု တိုက်ခတ်လာတိုင်း သစ်ရွက်များ လှုပ်ခတ်သွားပြီး မြေဆီလွှာနှင့် သစ်ပင်ပန်းမန်တို့ရဲ့ လတ်ဆတ်သော ရနံ့များကို သယ်ဆောင်လာခဲ့တယ်။
ရုတ်တရက် လင်းမူက ခြေလှမ်းရပ်လိုက်ပြီး သူရဲ့ အကြည့်များက အဝေးရှိ အရာတစ်ခုထံသို့ ချက်ချင်း ကျရောက်သွားတယ်။
ရိပ်ခနဲ လှုပ်ရှားသွားသော အရိပ်တစ်ခုကဲ့သို့ အလွန်လျှင်မြန်လှသော ကျားသစ်တစ်ကောင်က သူတို့ထံသို့ ဦးတည်ပြေးဝင်လာနေသည်ကို လင်းမူ အာရုံခံမိလိုက်တယ်
ကျားသစ်က သူတို့အား သားကောင်အဖြစ် သတ်မှတ်ထားသည်မှာ ထင်ရှားလှပေတယ်။
ဝိညာဉ်သခင်များနှင့် ဝိညာဉ်သားရဲများဆိုတာ သဘာဝအရပင် ဆန့်ကျင်ဘက်များ ဖြစ်ကြပြီး ဝိညာဉ်သခင်များက အဆင့်တက်လှမ်းရန် ဝိညာဉ်ကွင်းများ ရရှိဖို့ ဝိညာဉ်သားရဲများကို အမဲလိုက်ရန် လိုအပ်ပြီး၊ ထို့အတူပင် ဝိညာဉ်သခင်အများအပြားသည်လည်း ဝိညာဉ်သားရဲများ၏ အစာအဖြစ် အသက်ဆုံးရှုံးကြရတယ်။
ဒီရှုထောင့်မှ ကြည့်မည်ဆိုပါက ဝိညာဉ်နန်းတော် က သောင်းစုနှစ်သက်တမ်းရှိ ဝိညာဉ်သားရဲများကို အမဲလိုက်ခြင်းသည် ကိုယ်ကျင့်တရားပိုင်းအရ အပြစ်ပြောစရာ မရှိချေ၊ ဒါက သဘာဝရဲ့ နိယာမဖြစ်သော အင်းအားကြီးသူစားစတမ်း တာဖြစ်တယ်။
ဒါပေမဲ့ ဒီအချက်က လင်းမူသည် ဝိညာဉ်နန်းတော်ဘက်တွက်ရှိနေသည်ဟု မဆိုလိုပေ။ ရူးသွပ်နေသော မိန်းမကြီး ဘီဘီတုံတစ်ယောက်တည်းကို တွေးကြည့်ရုံမျှဖြင့် ထိုအဖွဲ့အစည်းကို သဘောကျစရာ မရှိတော့ပေ။
ဝိညာဉ်နန်းတော်က အရင်ကဆို တည်ငြိမ်မှုအတွက် အင်အားစုတစ်ခု ဖြစ်ခဲ့ကောင်းဖြစ်နိုင်သော်လည်း ယခုအခါ ဘီဘီတုန်းရဲ့ စီမံခန့်ခွဲမှုအောက်တွင်မူ ၎င်းရဲ့ လမ်းမှန်မှ သွေဖည်နေခဲ့ပြီ ဖြစ်တယ်။
"ဆရာသခင်... ဝိညာဉ်သားရဲတစ်ကောင် ချဉ်းကပ်လာနေပြီ"
ထန်ဆန်းရဲ့ မျက်ဝန်းများ ခရမ်းရောင် တောက်ပလာပြီး သူရဲ့ ခရမ်းရောင်မိစ္ဆာမျက်လုံး ကို အသက်သွင်းကာ ချဉ်းကပ်လာသော သားရဲကို အာရုံခံမိသဖြင့် လင်းမူအား ချက်ချင်း သတိပေးလိုက်တယ်။
" ရှောင်ဆန်း.. အရင်ဆုံး ပုန်းအောင်းမယ့်နေရာတစ်ခု ရှာလိုက်။ ဒါကို ငါပဲ ကိုင်တွယ်မယ်။"
လင်းမူက တည်ငြိမ်စွာ ရှိနေခဲ့တယ်။ ဒါက ကြယ်တာယာတောအုပ်ကြီးရဲ့ အပြင်ဘက်သာ ဖြစ်သဖြင့် သောင်းစုနှစ်သက်တမ်းထက်ကျော်လွန်သော ဝိညာဉ်သားရဲများ အလွန်ရှားပါးလှရာ အန္တရာယ်အဆင့်မှာ မမြင့်မားလှပေ။
ခနကြာပြီးနောက်တွင် နက်မှောင်သော ကျားသစ်တစ်ကောင်က အဝေးမှ ပြေးထွက်လာပြီး သစ်ပင်များကြားတွင် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားလာခဲ့တယ်။
"နှစ်သုံးထောင်သက်တမ်းရှိ အရိပ်ကျားသစ် ..."
လင်းမူက တိုးတိုးလေး ရေရွတ်လိုက်တယ် ချက်ချင်းပင် သူရဲ့သိုင်းဝိဉာဉ်ကို ထုတ်ဖော်လိုက်ပြီး ထိုသတ္ထုကို သူရဲ့ခါးတွင် တပ်ဆင်လိုက်ပြီး
"နာဗာစွမ်းအား
ချက်ချင်းပင် သူရဲ့ တစ်ကိုယ်လုံးတွင် မီးလျှံများ တောက်လောင်လာပြီး ၎င်းတို့သည် လျင်မြန်စွာ စုစည်းကာ ပြီးပြည့်စုံသော သံချပ်ကာဝတ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်
"ပေါင်းစပ်ခြင်း "
မျက်စိတစ်မှိတ်အတွင်း လင်းမူရဲ့ ပုံသဏ္ဌာန် ပျောက်ကွယ်သွားပြီး ထိုနေရာတွင် နီရဲသော သံချပ်ကာများဖြင့် လုံးဝ ဖုံးလွှမ်းထားသော စစ်သည်တော်တစ်ဦး ပေါ်လာခဲ့တယ်။
ဦးထုပ်၊ ရင်ဘတ်အကာ၊ လက်အကာများနှင့် ခါးပတ်တို့သည် မီးလျှံပုံသဏ္ဌာန်များဖြင့် ပုံဖော်ထားပြီး ပူပြင်းလှသော မီးဓာတ်အရှိန်အဝါများကို ဖြာထွက်နေခဲ့တယ်
ဇာတ်လမ်းတွဲများတွင် တွေ့ရတတ်သော သံချပ်ကာများနှင့်မတူဘဲ ဒီသံချပ်ကာသည် ပလတ်စတစ်ကဲ့သို့ ပေါ့ပါးသောခံစားချက်မျိုး ဖြစ်ပြီး လေးလံသော သတ္တုဒြပ်စင် အသွင်အပြင်ကို ပိုမိုပေါ်လွင်စေကာ သူ့ရဲ့ မွေးရာပါ အစွမ်းထက်မှုနှင့် ခန့်ညားထည်ဝါသော အရှိန်အဝါကို ထင်ဟပ်စေတယ်
"မင်းက သေလမ်းရှာနေတာပဲ”
ရိပ်ခနဲကျားသစ်က ခုန်အုပ်လာသည်ကို မြင်သော်လည်း လင်းမူက နောက်မဆုတ်ပဲ ရှေ့သို့ တစ်လှမ်းတိုးကာ ပြင်းထန်သော တံတောင်ဆစ်ရိုက်ချက်တစ်ခုကို ပေးလိုက်တာ်
ဘန်း
ထိုသားရဲကို ရိုက်ထုတ်ပစ်လိုက်ပြီးနောက် သူက ရိပ်ခနဲကျားသစ်ရဲ့ ဦးခေါင်းကို လှမ်းကိုင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်တယ်
ဘုန်း
နားကွဲလုမတတ် ဟိန်းဟောက်သံနှင့်အတူ မြေပြင်သည် ထိုရိုက်ခတ်မှုဒဏ်ကြောင့် ချက်ချင်းပင် အက်ကွဲပြီး နိမ့်ဝင်သွားခဲ့တယ်
မလှမ်းမကမ်းရှိ ကျောက်တုံးတစ်တုံးရဲ့ နောက်ကွယ်တွင် ပုန်းအောင်းနေသော ထန်ဆန်းက လင်းမူက ထောင်စုနှစ်သက်တမ်းရှိ ဝိညာဉ်သားရဲကို လက်တစ်ဖက်တည်းဖြင့် နှိမ်နင်းလိုက်သည်ကို မျက်လုံးအစုံ ပြူးလျက် ငေးကြည့်နေမိတယ်။
အစွမ်းထက်လွန်းတယ်
သူရဲ့ သံချပ်ကာအခြေအနေတွင် ဝိညာဉ်စွမ်းရည် များကိုပင် အသုံးမပြုဘဲ လင်းမူက ထောင်စုနှစ်သက်တမ်းရှိ ဝိညာဉ်သားရဲကို သာမန်ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် ကိုင်တွယ်နိုင်ခဲ့တယ်။
ဒါပေမဲ့ တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ရန်အတွက် သူရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက သူရဲ့ ခြေဖဝါးအောက်တွင် ရုတ်တရက် လင်းထိန်လာခဲ့ပြီး မီးလျှံများက သူရဲ့ လက်သီးပေါ်တွင် လျင်မြန်စွာ စုစည်းလာပြီးနောက် ပြင်းထန်သော လက်သီးချက်တစ်ခုကို ထိုးနှက်လိုက်တယ်။
"မီးလျှံလက်သီး "
ချက်ချင်းပင် မီတာဝက်ခန့် အချင်းရှိသော မီးလျှံလက်သီးကြီးသည် အရိပ်ကျားသစ်ရဲ့ ဦးခေါင်းကို တိကျစွာ ထိမှန်သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားတော့တယ်။