အခန်း ၃၆- တိုက်ခိုက်ခြင်း
"ဆရာလင်းမူ၊ တိုက်ကြီးရဲ့ ဝိညာဉ်သခင်ပြိုင်ပွဲက နောက်ပြောင်စရာမဟုတ်ဘူးနော် သူတို့နှစ်ယောက်က အရမ်းငယ်သေးတာ၊ ဝိညာဉ်စွမ်းအားက ဘယ်လောက်ရှိလို့လဲ အားနည်းတဲ့ဝန်ထုပ်ဝန်ပိုးနှစ်ခုကို ဆွဲခေါ်သွားလို့မရဘူးမဟုတ်လား"
ဒူဂူယန်သည် စောစောက ကန်ခံထားရသည့်အတွက် ဒေါသတဟုန်းဟုန်းတောက်နေပြီးဖြစ်ရာ၊ ယခုအခါ လင်းမူက ကလေးနှစ်ယောက်ကို ပင်မအသင်းထဲ အတင်းထည့်နေသဖြင့် သူမရဲ့မကျေနပ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တယ် ဒီအတိုင်းသာ ဆက်သွားပါက တော်ဝင်တိုက်ခိုက်ရေးအသင်းတို့ရဲ့အခြေခံအုပ်မြစ်ကို ဒီလူသစ်များက လာရောက်လှုပ်ခါမည်ကို စိုးရိမ်မိတယ်
ယွီထျန်းဟန်နှင့် အခြားသူများကမူ တိတ်ဆိတ်နေသော်လည်း၊ သူတို့ရဲ့မျက်နှာအမူအရာများက သဘောတူညီကြောင်း ပြသနေခဲ့တယ် ထန်ဆန်းနှင့် ရှောင်ဝူတို့မှာ အလွန်ဆုံးရှိလှ ၁၃ နှစ်၊ ၁၄ နှစ်ခန့်သာ ရှိဦးမည် ဝိညာဉ်သခင်လောကတွင် ဝိညာဉ်အကြီးအကဲများရှိသည့် အသင်းထဲသို့ ဝိဉာဉ်ဂရမ်းမာစတာ ဖြစ်နိုင်ခြေရှိသူနှစ်ဦးကို ထည့်သွင်းခြင်းက ပျက်စီးခြင်းသို့ ဦးတည်သည့် လမ်းစဉ်သာဖြစ်တယ်
လင်းမူက ဒူဂူယန်ကို ခပ်အေးအေးကြည့်ကာ ပြောလိုက်တယ်
"သူတို့က ၀န်ထုပ်၀န်ပိုးလား ဒါမှမဟုတ် အသင်းရဲ့ပင်မကျောရိုးလားဆိုတာ... မင်းမကြာခင် သိရမှာပါ"
"ဒါဆိုရင် ကျွန်မ စမ်းသပ်ကြည့်မယ်" ဒူဂူယန်ရဲ့ စိမ်းဖန့်ဖန့်မျက်လုံးများက အေးစက်သွားပြီး ထန်ဆန်းကို စိုက်ကြည့်ကာ ပြောလိုက်တယ် "မင်း၊ ကောင်လေး ရှေ့ကို တက်ခဲ့"
ထန်ဆန်းက ချက်ချင်းမလှုပ်ရှားဘဲ သူရဲ့ဆရာဖြစ်သူ လင်းမူထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းရင်း လှမ်းကြည့်လိုက်တယ်
"မလိုဘူး" လင်းမူက ကြားဖြတ်တားမြစ်လိုက်တယ်
"မင်းရဲ့ ကျောက်စိမ်းမြွေအဆိပ်က ထန်ဆန်းအပေါ်မှာ အသုံးမဝင်ဘူး သူနဲ့တိုက်ရတာက မင်းတို့နှစ်ယောက်လုံးအတွက် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်"
ဒူဂူယန်ရဲ့ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားရတယ် ဒီလူက သူမမိသားစုရဲ့ ဒဏ္ဍာရီလာအဆိပ်ကို အသုံးမဝင်ဟုပင် ပြောရဲတယ်
သို့သော် လင်းမူက ပိုပြောနေခြင်းမဟုတ်ပေ ထန်ဆန်းရဲ့ လျှို့ဝှက်ဆန်းကျယ်ကောင်းကင်မှတ်တမ်းနှင့် လင်းမူပေးထားသည့် အထူးလေ့ကျင့်ခန်းများကြောင့်၊ ယခု ဒူဂူယန်ရဲ့ အဆိပ်မှာ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စရာမျှသာ ရှိတော့တယ် သူမရဲ့အဆိပ်မပါလျှင် တိုက်ခိုက်နိုင်စွမ်းမှာ ထိုးဆင်းသွားမည်ဖြစ်ရာ ထန်ဆန်းရဲ့ ထိန်းချုပ်မှုကို ယှဉ်နိုင်မည်မဟုတ်ပေ
လင်းမူက အသင်းခေါင်းဆောင်ဖြစ်သူ ယွီထျန်းဟန်ကို ညွှန်ပြလိုက်တယ်
"ထန်ဆန်း၊ မင်း သူနဲ့ စမ်းသပ်တိုက်ခိုက်လိုက်"
ယွီထျန်းဟန် ဆွံ့အသွားသည် 'ငါလား ငါ့ထက် ငါးနှစ်လောက်ငယ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တိုင်စမ်းသပ်ရမှာလား'
"ဟုတ်ကဲ့၊ ဆရာ" ထန်ဆန်းက ကွင်းအလယ်သို့ လှမ်းဝင်လိုက်ပြီး၊ သူရဲ့မျက်နှာအမူအရာမှာ နက်ရှိုင်းသော ရေကန်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်နေသည်
စောစောက ကန်ခံထားရသော်လည်း ယွီထျန်းဟန်ကို အကောင်းဆုံးအခြေအနေသို့ ရောက်ရှိစေရန်အတွက် လင်းမူက အဖွဲ့ရဲ့နောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး
"လင်းလင်း၊ သူ့ကို ကုသပေးလိုက်ဦး"
"ကောင်းပါပြီ၊ အစ်ကိုလင်းမူ"
ယဲ့လင်းလင်းက ချက်ချင်းပင် တုံ့ပြန်လိုက်တယ် သူမရဲ့အသံမှာ နူးညံ့ချိုသာလှပြီး၊ အသင်းသားအခြားသူများကို ပြသလေ့ရှိသည့် အေးစက်၍ အလှမ်းကွာလှသော နှင်းကြာပန်းပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်
အသင်းသားများ အေးခဲသွားကြတယ် သူတို့သည် ယဲ့လင်းလင်းနှင့် လင်းမူကို မျက်လုံးအပြူးသားဖြင့် လှည့်ပတ်ကြည့်လိုက်မိကြတယ်
သူတို့အသင်းတွင် အတိတ်ဆိတ်ဆုံးနှင့် အကွာဝေးဆုံးနေတတ်သော အဖွဲ့ဝင်က ခေါင်းဆောင်အသစ်ကို ဤမျှအနီးကပ် ရင်းနှီးစွာ ခေါ်ဝေါ်နေတယ်လား
'သူတို့ရဲ့နောက်ကြောင်းက ဘယ်လောက်တောင် နက်ရှိုင်းနေတာလဲ'
သူတို့ရဲ့ မိန်းမောတွေဝေနေသော အကြည့်များအောက်တွင် ယဲ့လင်းလင်းသည် နှလုံးသားကိုးခုဘီဂိုနီးယားပန်းကို ဆင့်ခေါ်လိုက်တယ်
သင်းပျံ့သောရနံ့နှင့်အတူ ဖြူဖွေးသော ပန်းပွင့်ဖတ်တစ်ခုက ကောင်းကင်မှ လွင့်ပျံကျလာပြီး ယွီထျန်းဟန်ရဲ့ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူရဲ့ရင်ဘတ်မှ ကျန်ရှိနေသော နာကျင်မှုများ လုံးဝပျောက်ကွယ်သွားတော့တယ်
ယွီထျန်းဟန်က မတ်တတ်ရပ်ကာ ကွင်းအတွင်းသို့ လှမ်းဝင်လာတဲ့ အိမ်ရှေ့မင်းသားရဲ့ ရှေ့မှောက်တွင် ဒီကလေးကို မတော်တဆ ဒုက္ခမပေးမိစေရန်အတွက် သူ လက်တစ်ဖက်ကိုရုပ်သိမ်းထားမည်ဟု ဆုံးဖြတ်လိုက်တယ်
"ယွီထျန်းဟန်၊ သိုင်းဝိဉာဉ် - အပြာရောင်လျှပ်စီးနဂါး၊ အဆင့် ၃၉ စွမ်းအားတိုက်ခိုက်ရေးစနစ်"
"ထန်ဆန်း၊ သိုင်းဝိဉာဉ် - ငွေပြာမြက် အဆင့် ၃၄ ထိန်းချုပ်ရေးစနစ်"
"အဆင့်... ၃၄ ဟုတ်လား" ယွီထျန်းဟန်ရဲ့ ပါးစပ်ပင် အံ့ဩလွန်း၍ ဟသွားရတယ်
ဒီကောင်လေးက အသက် ၁၄ နှစ်ပင် မပြည့်သေးချေ ဒီအသက်အရွယ်ဖြင့် အဆင့် ၃၄ သို့ ရောက်ရှိခြင်းမှာ ထိပ်တန်းပါရမီရှင်များရဲ့ စွမ်းဆောင်ရည်မျိုးပင်
ထို့အပြင် သူသည် အမှိုက်သိုင်းဝိဉာဉ်ဟု လူသိများသည့် ငွေပြာမြက်ဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ရာ ဒီအချက်က အားအကောင်းဆုံး သားရဲအမျိုးအစား နဂါးမျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်သော ယွီထျန်းဟန်အား မိမိကိုယ်ကိုယ် ရုတ်တရက် သံသယဝင်သွားစေတယ်
"သူ့အသက်အရွယ်နဲ့ အဆင့် ၃၄ ဆိုတော့ ညီအစ်ကိုလင်း၊ မင်းရဲ့တပည့်က တကယ့်ကို မိစ္ဆာသတ္တဝါလေးပဲ" ဘေးမှ စောင့်ကြည့်နေသော ရွှယ်ချင်းဟယ်က ချီးကျူးလိုက်တယ် လင်းမူရဲ့ ဝိဉာဉ်ကွင်းများကို မြင်တွေ့ခဲ့ရပြီးဖြစ်၍ ဒိလို အံ့ဩတုန်လှုပ်မှုများကို ခံနိုင်ရည်ရှိနေပြီဖြစ်သော်လည်း ထန်ဆန်းရဲ့ တိုးတက်မှုနှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းနေဆဲဖြစ်တယ်
"ဝိညာဉ်စွမ်းအားအဆင့်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ၊ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်စားမပြုပါဘူး"
လင်းမူက လျှို့ဝှက်ဆန်းကြယ်စွာ ပြန်လည်ဖြေကြားလိုက်တယ်
ယွီထျန်းဟန် စိတ်ဓာတ်ပြန်တက်လာခဲ့တယ် 'မှန်တာပေါ့ ငွေပြာမြက်က ငွေပြာမြက်ပဲ သူ့မှာ ဝိညာဉ်စွမ်းအား ဘယ်လောက်ပဲရှိရှိ၊ သူ့ရဲ့အရည်အသွေးက ငါ့ရဲ့နဂါးကို မယှဉ်နိုင်ပါဘူး'
တိုက်ပွဲစတင်ပြီဖြစ်သည် ထန်ဆန်းက စတင်ဦးဆောင်ကာ ကြမ်းပြင်တစ်လျှောက် နွယ်ပင်လှိုင်းလုံးကြီးများကို စေလွှတ်လိုက်တယ်
ယွီထျန်းဟန်က နှာခေါင်းရှုံ့လိုက်ပြီး သူရဲ့ညာဘက်လက်မောင်းကို ကြီးမားသော လျှပ်စီးနဂါးလက်သည်းအဖြစ် ပြောင်းလဲလိုက်ပြီး
"ပထမဝိညာဉ်စွမ်းရည် - မိုးကြိုးနဂါးလက်သည်း"
သူရဲ့လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ပြေးဝင်လာသော နွယ်ပင်များကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်တယ်
ဒါပေမဲ့ ထန်ဆန်းက ပျာယာခတ်မသွားပေ သူက တစ္စေအရိပ်ခြေလှမ်း သို့ ပြောင်းလဲလိုက်ရာ သူရဲ့ပုံရိပ်မှာ ဝေဝါးသွားခဲ့တယ်
ငွေပြာမြက်များက ချည်နှောင်ရန်အတွက်မဟုတ်ဘဲ အနှောင့်အယှက်ပေးရန် မြေပြင်မှ ဆက်တိုက်ပေါက်ရောက်လာတယ် လျှပ်စီးများက မြက်ပင်များကို ပြာချပစ်နေသော်လည်း အဆက်မပြတ်ပြန်လည်ပေါက်ရောက်လာသော နွယ်ပင်များကြောင့် ယွီထျန်းဟန်ရဲ့ အရှိန်မှာ နှေးကွေးသွားရတယ်
ထန်ဆန်းက ဘေးကင်းသော အကွာအဝေးတစ်ခုကို ရရှိသွားသည်နှင့် သူရဲ့ ဒုတိယမြောက် ဝိညာဉ်ကွင်းက လင်းလက်လာတယ်
"ဒုတိယဝိညာဉ်စွမ်းရည် - ပန်းကိုခူး၍ အရွက်ကိုပျံစေခြင်း”
"
ထန်ဆန်းရဲ့ လက်များက လက်တစ်ထောင်ကွမ်ယင်ဘုရားကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားခဲ့တယ် ရေခဲပုံဆောင်ခဲများဖြင့် မာကျောနေပြီး ဖျော့တော့သော ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် သစ်ရွက်ဒါဇင်ပေါင်းများစွာမှာ ယွီထျန်းဟန်ထံသို့ မိုးရွာသကဲ့သို့ ကျရောက်လာခဲ့တယ်
သစ်ရွက်တိုင်းက သူရဲ့အဆစ်အမြစ်များနှင့် မျက်လုံးများကို တိကျသေချာစွာ ပစ်မှတ်ထားထားနေခြင်းကြောင့် တတိယဝိဉာဉ်စွမ်းရည်ကိုသုံးလိုက်ရတယ်
"တောက်" ယွီထျန်းဟန် ဟိန်းဟောက်လိုက်ပြီး ကျရောက်လာသော လက်နက်များပြားလွန်းသဖြင့် သူရဲ့တိုက်စစ်ကို ရပ်တန့်ကာ ကာကွယ်ရေးကိုသာ အာရုံစိုက်လိုက်ရတယ်
"တတိယဝိညာဉ်စွမ်းရည် - မိုးကြိုးဒေါသ"
သူရဲ့ခန္ဓာကိုယ်မှ မိုးပြာရောင်လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး သစ်ရွက်များကို အငွေ့ပျံစေကာ ပတ်ဝန်းကျင်ကို ရှင်းလင်းပစ်လိုက်သည်
"ပြီးသွားပြီ မင်းရဲ့မြက်ပင်တွေက ငါ့ရဲ့မိုးကြိုးကို မတားနိုင်ဘူး" ယွီထျန်းဟန်က ဒီပြဇာတ်ကို အဆုံးသတ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဥက္ကာပျံတစ်ခုကဲ့သို့ ပြေးဝင်လာသည်
သို့သော် ထန်ဆန်းထံသို့ ရောက်ခါနီးတွင် သူရဲ့ခြေထောက်များ ငြိသွားသည်ကို ခံစားလိုက်ရရာ အောက်ကိုငုံကြည့်လိုက်တယ် သူကပြာကျသွားသော မြက်ပင်များအောက်တွင် ဝှက်ထားသည့် အထူးပြုလုပ်ထားသော နွယ်ပင်အချို့ကို သတိမထားမိခဲ့ခြင်းဖြစ်တယ်
"ပထမဝိညာဉ်စွမ်းရည် -ငွေပြာမြက်ပုံဆောင်ခဲ "
သူရဲ့ခြေကျင်းဝတ်ပတ်လည်ရှိ နွယ်ပင်များမှာ ချက်ချင်းပင် စိန်ကဲ့သို့ မာကျောသော သလင်းကျောက်ကြိုးများအဖြစ် ပြောင်းလဲသွားသဖြင့် ရုတ်တရက် အရှိန်ရပ်တန့်သွားပြီး ရေခဲပြာရောင် သလင်းကျောက်များရဲ့ အလွန်အမင်းမာကျောမှုတို့ကြောင့် အားကောင်းလှသော နဂါးကြီးမှာ ခြေချော်ကာ မြေပြင်ပေါ်သို့ မျက်နှာနှင့် စိုက်ကျသွားတော့တယ်
မျက်တောင်ခတ်ရုံမျှအတောအတွင်းမှာပင် ထန်ဆန်းက သူရဲ့အပေါ်တွင် မတ်တတ်ရပ်နေပြီး ထက်မြက်လှသော သလင်းကျောက်သစ်ရွက်ကို ယွီထျန်းဟန်ရဲ့ လည်ပင်းသွေးကြောတွင် တေ့ထားပြီးဖြစ်သည်
လေ့ကျင့်ရေးကွင်းတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားပြီး ယွီထျန်းဟန်လည်း ဆွံ့အစွာ မော့ကြည့်နေမိတယ် သူ ရှုံးနိမ့်သွားခဲ့ပြီ၊ မိမိထက် ငါးဆင့်နိမ့်သော အမှိုက်သိုင်းဝိဉာဉ်ပိုင်ရှင်ထံတွင် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။