အခန်း (၃) နာဗာရဲ့မီးလျှံ
"မင်း နောင်တရလိမ့်မယ်"
အခြေအနေများက ပြောင်းလဲ၍မရအောင် အတည်ဖြစ်သွားသည်ကို မြင်သောအခါ ယွီရှောင်ဂန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူရဲ့ ဝတ်ရုံလက်အင်္ကျီကို ခါကာ လှည့်ထွက်သွားတော့တယ်
သူ့အမြင်တွင်မူ ငွေပြာမြက် ဆိုသည်မှာ လုံးဝ အသုံးမကျသော သိုင်းဝိဉာဉ်တစ်ခုသာ ဖြစ်ပြီး မိမိကဲ့သို့ သီအိုရီဆရာကြီးဟု အမည်ခံထားသူမှတစ်ပါး အခြားမည်သူမျှ ထိုသိုင်းဝိဉာဉ်အကြောင်းကို နားလည်နိုင်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်နေဆဲ ဖြစ်တယ်
ယွီရှောင်ဂန်းက အသာလေး လစ်ထွက်ရန် ကြိုးပမ်းနေသည်ကို မြင်သောအခါ လင်းမူက မဖော်ရွေသော လေသံဖြင့် ချက်ချင်း လှမ်းတားလိုက်ပြီး
"ကျုပ်က ထွက်သွားခွင့်ပြုတယ်လို့ ပြောမိလို့လား... 'ဆရာကြီး' ရဲ့~"
နောက်ဆုံးစကားလုံးကို ခပ်ဆွဲဆွဲ ပြောဆိုလိုက်ခြင်းက လှောင်ပြောင်သရော်မှု အပြည့်ပါဝင်နေသည်မှာ ထင်ရှားလှတယ်။
ဒီစကားကို ကြားရသောအခါ ယွီရှောင်ဂန်းရဲ့ မျက်နှာက သိသိသာသာ မည်းမှောင်သွားခဲ့တယ်။
၎င်းမှာ သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ရာ ဤကောင်လေးက သူ့အပေါ် ဘာကြောင့်ဒီလောက်တောင်ရန်လိုနေရတာလဲ
"အခြေအနေကို ကြည့်ပြီး အခွင့်ကောင်းမယူနဲ့ နော်ဒင်းအကယ်ဒမီရဲ့ ကျောင်းအုပ်က ငါ့သူငယ်ချင်းပဲ။"
ယွီရှောင်ဂန်းက ပြောဆိုနေသော်လည်း သူရဲ့ ယုံကြည်ချက်များမှာ သိသိသာသာ လျော့နည်းနေပြီဖြစ်တယ်။
သူရဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းအုပ်ကြီးပင်လျှင် အဆင့် ၄၂ ရှိသော ဝိညာဉ်ဘိုးဘေး တစ်ဦးသာ ဖြစ်ရာ ဒီလူငယ်ကို ယှဉ်နိုင်မည့်ပုံမပေါ်ချေ။
လင်းမူသည် အစက အဆင့် ၄၆ ဝိညာဉ်ဘိုးဘေး ဖြစ်သော်လည်း စနစ်ရဲ့ ဆုလာဘ်ကြောင့် သူရဲ့ ဝိညာဉ်စွမ်းအားက တစ်ဆင့်တိုးသွားခဲ့သဖြင့် ယခုအခါ သူသည် အဆင့် ၄၇ ဝိညာဉ်ဘိုးဘေးတစ်ဦး ဖြစ်နေပြီ။
"စောစောကတော့ ခင်ဗျား တော်တော်လေး ဘဝင်မြင့်ပြီး မောက်မာနေခဲ့တာ မဟုတ်လား ဝိညာဉ်ဂရမ်းမာစတာ အဆင့် ၂၉ လေးနဲ့... ဝိညာဉ်ဘိုးဘေးတစ်ယောက်ရဲ့ ရှေ့မှာ လျှောက်ပြီး ပေါက်ကရတွေလျှာက်ပြောရဲတယ်ပေါ့
ငါ အခု ခင်ဗျားကို ချွေးတစ်စက်မှ မထွက်ဘဲ ဒုက္ခိတဖြစ်အောင် လုပ်ပစ်လို့ရတယ်။"
ဒီစကားလုံးများက ယွီရှောင်ဂန်းရဲ့ နှလုံးသားကို ထက်မြက်သော ဓားသွားကဲ့သို့ ထိုးစိုက်သွားပြီး သူ၏ နောက်ဆုံးကျန်ရှိနေသော မာနအရိပ်အယောင်များကို ဆွဲဆုတ်ဖျက်ဆီးပစ်လိုက်တယ်။
ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း အဆင့် ၂၉ တွင်သာ တစ်ဆို့နေခြင်းက သူ့ကို ကြီးမားသော အရှက်ရမှုကို ခံစားရစေပြီးသား ဖြစ်တယ်
တကယ်လို့ ယခုအချိန်တွင် သူရဲ့ ကျင့်ကြံမှုကိုပါ ဖျက်ဆီးခံရမည်ဆိုပါက သူသည် လုံးဝ အသုံးမကျသော၊ စစ်မှန်သော အမှိုက်တစ်စအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
"ငါ... မင်းက ဝိညာဉ်ဘိုးဘေးတစ်ယောက်မှန်း ငါ ဘယ်လိုလုပ် သိမှာလဲ"
ယွီရှောင်ဂန်း သူရဲ့ ယခင်မောက်မာမှုများ လုံးဝ ပျောက်ဆုံးသွားခဲ့တယ်။ သူရဲ့ ကျင့်ကြံမှုများ ဖျက်ဆီးခံရမည့်အရေးကို တွေးပြီး သိသိသာသာ ထိတ်လန့်တုန်လှုပ်နေသဖြင့် အသံများပင် တုန်ရင်နေခဲ့တယ်။
"ကဲ... အခုတော့ သိသွားပြီ မဟုတ်လား"
လင်းမူသည် အမှန်တကယ်တော့ ယွီရှောင်ဂန်းကို ကိုယ်ထိလက်ရောက် နာကျင်အောင် လုပ်ရန် ရည်ရွယ်ချက်မရှိပေ။ ဒီလူက အမှိုက်တစ်စ ဖြစ်သော်လည်း သူ၌ ရူးသွပ်နေသော မိန်းမကြီး ဘီဘီတုံနှင့် ရှုပ်ထွေးသော ဆက်ဆံရေး ရှိနေဆဲဖြစ်ရာ
သူသာ ဒီလူကို ယခု ဒုက္ခိတဖြစ်အောင် လုပ်လိုက်လျှင် သို့မဟုတ် သတ်ပစ်လိုက်လျှင် ဘီဘီတုန်းသည် လက်ရှိထက် ပိုမို၍ ရူးသွပ်သွားနိုင်ပေသည်။
"ဝိညာဉ်ဘိုးဘေးအရှင်... ကျွန်တော် မှားသွားမှန်း သိပါပြီ
ယွီရှောင်ဂန်းက လင်းမူကို ဦးညွှတ်ကာ တောင်းပန်လိုက်ရပြီး သူရဲ့ မျက်ဝန်းများမှာ မျိုသိပ်ထားရသော ခံစားချက်များကြောင့် သွေးရောင်လွှမ်းနေခဲ့တယ်
ဒါက သူ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မိမိထက် ငယ်ရွယ်သော လူငယ်တစ်ဦးကို ဦးညွှတ်တောင်းပန်ရခြင်းဖြစ်ရာ အရှက်ရမှု ဝေဒနာက ရင်ထဲတွင် တိုးဝှေ့တက်လာခဲ့တယ်
"ထွက်သွားတော့"
ယွီရှောင်ဂန်းသည် ပျာပျာသလဲ ထွက်ပြေးသွားတော့တယ်။
"ဆရာသခင်... ဒီလူက ကျွန်တော့်မှာ အမြွှာသိုင်းဝိဉာဉ် ရှိတာကို သိနေတာ။ သူ ကျွန်တော်တို့ကို ပြဿနာရှာလာနိုင်မလား" ယွီရှောင်ဂန်း ပျောက်ကွယ်သွားပြီးနောက် ထန်ဆန်းက စိုးရိမ်တကြီး မေးမြန်းလိုက်တယ်။
"စိတ်မပူပါနဲ့။ ဒီကောင်က အမှိုက်တစ်စ ဖြစ်ပေမယ့် သူ့အသက်ကိုတော့ သူ အရမ်းနှမြောတတ်တယ်။ သူ အဲဒီလို လုပ်ဝံ့မှာ မဟုတ်ဘူး" ဟု လင်းမူက တည်ငြိမ်စွာ ပြောလိုက်တယ်။
ဒီစကားကို ကြားရမှသာ ထန်ဆန်းရဲ့ ရင်ထဲမှ အလေးကြီးတစ်ခု ကျသွားတော့တယ်။
သူရဲ့ စိတ်ကူးထဲတွင်မူ အလုံခြုံဆုံး နည်းလမ်းမှာ ခြိမ်းခြောက်မှုကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဖြစ်သည် သို့သော် သူရဲ့ ဆရာသခင်က အဆင်ပြေသည်ဟု ပြောထားသဖြင့် သူ ဆက်လက်၍ သံသယမပွားတော့ပေ။
ထန်ဆန်းက ယခင်ဘဝမှ အတွေးအခေါ်များ ပါရှိလာသူဖြစ်ရာ မိမိ၏ ဆရာအပေါ် လုံးဝ ရိုသေကိုးကွယ်ရမည်ဟု ယုံကြည်ထားတယ်။
'တစ်ရက် ဆရာ၊ တစ်သက် အဖေ' ဟူသော စိတ်ဓာတ်မျိုး ရှိသူဖြစ်သည်။
မူလဇာတ်ကြောင်းတွင်ပင် ယွီရှောင်ဂန်းကဲ့သို့ အသုံးမကျသော အမှိုက်တစ်ယောက် ဖြစ်နေလင့်ကစား ထန်ဆန်းက သူ့အပေါ် သစ္စာမဖောက်ခဲ့ချေ။
အဆုံးတွင်မူ ယွီရှောင်ဂန်းက စက္ကူကျားတစ်ကောင်မျှသာ ဖြစ်ပြီးသူက ထန်ဆန်းအား အစစ်အမှန် လေးစားကြောက်ရွံ့မှုကို မပေးစွမ်းနိုင်ခဲ့ချေ ၎င်းမှာ နောက်ပိုင်းတွင် ထန်ဆန်းရဲ့ စိတ်နေသဘောထား ပုံပျက်ပန်းပျက်စီးသွားရခြင်းရဲ့အကြောင်းရင်းတစ်ခုလည်း ဖြစ်တယ်။
ဇာတ်လမ်းတစ်လျှောက်လုံးတွင် ယွီရှောင်ဂန်း "ရှာဖွေတွေ့ရှိခဲ့တယ်" ဆိုသော သီအိုရီအများစုမှာ ဝိညာဉ်နန်းတော် ရဲ့ မှတ်တမ်းများထဲမှ ခိုးယူထားခြင်းသာ ဖြစ်တယ်။
သူကိုယ်တိုင် အနှစ်ချုပ်ခဲ့သော သီအိုရီအချို့မှာမူ မကြာခဏဆိုသလို မှားယွင်းနေတတ်သည်။
ထန်ဆန်းစီမှာ အမြွှာသိုင်းဝိဉာဉ် ရှိသည်ကို သူ ခန့်မှန်းနိုင်ခဲ့ခြင်းမှာလည်း သာမန် ကံကောင်းမှုသက်သက်ကြောင့်သာ ဖြစ်ပြီး
သူက ငွေပြာမြက်သည် အားနည်းသော သိုင်းဝိဉာဉ်ဖြစ်သဖြင့် မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအားကို ထောက်ပံ့ပေးနိုင်ရန် ထန်ဆန်းတွင် ဒုတိယမြောက် ပိုမိုအစွမ်းထက်သော သိုင်းဝိဉာဉ်တစ်ခု ရှိရမည်ဟု ကြွေးကြော်ခဲ့တယ်။ ဒါပေမဲ့ ထန်ဆန်းရဲ့ ငွေပြာမြက်က သာမန်မဟုတ်ဘဲ ငွေပြာမြက်ဧကရာဇ် ရဲ့ သွေးမျိုးဆက် ပါရှိနေခြင်း ဖြစ်တယ်။
ငွေပြာမြက်သာ ဒုတိယအကြိမ် နိုးထမှုပြီးဆုံးသွားလျှင် ထိပ်တန်းအဆင့် သိုင်းဝိဉာဉ်တစ်ခု ဖြစ်လာမယ်ဆိုတာ သေချာနေတာကိုး
ဒါကြောင့် ယွီရှောင်ဂန်း ပြောသကဲ့သို့ တစ်ခုက အားသာပြီး တစ်ခုက အားနည်းနေခြင်းမျိုး လုံးဝ မဟုတ်ခဲ့ပေ။
"ကဲ... ထားလိုက်ပါတော့၊ ငါ မင်းကို အရင်ဆုံး နေ့စဉ်သုံးပစ္စည်းတွေ သွားဝယ်ပေးမယ်။"
ထန်ဆန်းအတွက် လိုအပ်သည်များကို ဝယ်ယူပြီးနောက် လင်းမူက နော်ဒင်းအကယ်ဒမီသို့ မသွားခဲ့ပေ။ သူက ထိုအကယ်ဒမီမှ ဆရာတစ်ဦး မဟုတ်သဖြင့် အဆောင်များတွင် နေထိုင်၍ မရချေ။
ဒါကြောင့် အနီးအနားရှိ ဟိုတယ်တစ်ခုတွင်သာ တည်းခိုရန် အခန်းရှာလိုက်ရတယ်
သူရဲ့ အခန်းထဲတွင် လင်းမူသည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ သူရဲ့ သိုင်းဝိဉာဉ်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်တယ်
လင်းမူရဲ့သိုင်းဝိဉာဉ်မှာ နီရဲသော သတ္တုဒြပ်စင်ဖြင့် ပြုလုပ်ထားသည့် အရာတစ်ခု ဖြစ်ပြီး အလယ်တွင် အပေါက်နှစ်ခုပါရှိကာ အပေါ်ဘက်ရှိ အပေါက်ငယ်လေးတစ်ခုတွင် နီရဲသော ပုံဆောင်ခဲသော့ တစ်ချောင်း စိုက်ထည့်ထားသည်ပြီး ဘေးနှစ်ဖက်ရှိ အနားသတ်များမှာ သွားချွန်ပုံသဏ္ဌာန်ရှိပြီး ခဲနေသော မီးလျှံများကို သတ္ထုပုံသဏ္ဌာန် ထုလုပ်ထားသကဲ့သို့ ကြည့်ရှုသူများကိုခံစားရစေတယ်
ဒါကတော့ သူ၏ သိုင်းဝိဉာဉ် ဖြစ်သော နာဗာရဲ့မီးလျှံ ပင်ဖြစ်တယ်
သူရဲ့ သိုင်းဝိဉာဉ် စတင်နိုးထစဉ်က လင်းမူကိုယ်တိုင် ဆွံ့အခဲ့ရဖူးတယ်
ယခု ပြန်ကြည့်သည့်အခါတွင်မူ ၎င်းသည် စနစ်၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားလှပေတယ်။
နိုးထခြင်း အခမ်းအနားကို ပြုလုပ်ပေးခဲ့သော ဝိညာဉ်နန်းတော် သင်းထောက်ရဲ့ မျက်လုံးထဲတွင်မူ သူ၏ သိုင်းဝိဉာဉ်သည် ထူးဆန်းသော သတ္တုအပိုင်းအစတစ်ခုမျှသာ ဖြစ်သဖြင့်၎င်းကို အသုံးမကျသော သိုင်းဝိဉာဉ်ဟု မသတ်မှတ်သော်လည်း ဝိညာဉ်နန်းတော်ရဲ့ အာရုံစိုက်မှုကိုမူ အများကြီး မရရှိခဲ့ပေ။
လင်းမူကိုယ်တိုင်ကလည်း လူသိအများကြီးမခံချင်သဖြင့် ဝိညာဉ်နန်းတော်၏ လျစ်လျူရှုမှုမှာ သူ အလိုချင်ဆုံးအရာ ဖြစ်ခဲ့တယ်။
ပြင်ပလူများအဖို့မူ နာဗာရဲ့မီးလျှံဆိုတာ သာမန်သတ္တုတုံးတစ်ခုမျှသာ ဖြစ်ပြီး လူကို ရိုက်နှက်သည့်နေရာမှလွဲ၍ အခြားနေရာတွင် အသုံးမဝင်ဟု ထင်ရပေလိမ့်မည်။
သို့သော် အမှန်တကယ်တွင်မူ နာဗာရဲ့မီးလျှံသည် ပြီးပြည့်စုံသော သံချပ်ကာအဝတ်အစားတစ်ခု ဖြစ်သည့် နာဗာသံချပ်ကာ ကို ဆင့်ခေါ်သည့် ကိရိယာတစ်ခု ဖြစ်ပြီး ၎င်းရဲ့ အရည်အသွေးမှာ လုံးဝ ထိပ်တန်းအဆင့် ဖြစ်နေတယ်
လွန်ခဲ့သော ဆယ့်ခြောက်နှစ်က လင်းမူ ဒီကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီး အသက်ကြီးရင့်သော ဆေးဝါးကျွမ်းကျင်သူ အဘိုးအိုတစ်ဦးရဲ့ မွေးစားခြင်းကို ခံခဲ့ရပြီး
ယနေ့မတိုင်မီအထိ သူရဲ့ စနစ်ကို အသက်မသွင်းနိုင်ခဲ့သော်လည်း သူရဲ့ မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအားနှင့် အစွမ်းထက်သော သိုင်းဝိဉာဉ်ကြောင့် လင်းမူရဲ့ ကျင့်ကြံခြင်း ခရီးလမ်းမှာ အဆင်ပြေချောမွေ့ခဲ့တယ်။
သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သော အဘိုးအို ကွယ်လွန်သွားပြီးနောက်မှသာ လင်းမူ သူငယ်စဉ်ကတည်းက နေထိုင်ခဲ့သော မြို့မှ ထွက်ခွာလာပြီး ကျင့်ကြံခြင်းခရီးလမ်းကို လျှောက်လှမ်းကာ ဒီမဟာကုန်းမြေတိုက်ကြီးသို့ လှည့်လည်ခဲ့ခြင်းဖြစ်ပြီး
မကြာသေးမီကမှ သူနော်ဒင်းမြို့ သို့ ရောက်ရှိလာခြင်းဖြစ်သည်။
'ဒီစနစ်ရဲ့ အကူအညီနဲ့ဆိုရင် ငါ နောက်ကျရင် တခြား သံချပ်ကာတွေကိုပါ ရရှိနိုင်မှာပဲ' လင်းမူသည် စိတ်ထဲမှ တွေးတောလိုက်ပြီး သူရဲ့ မျက်ဝန်းများ တောက်ပသွားခဲ့တယ်။
နာဗာသံချပ်ကာက အဓိကအားဖြင့် တိုက်ခိုက်ရေးအပိုင်းတွင် အားသန်သော်လည်း ချပ်၀တ်ရဲ့ စွမ်းဆောင်ရည်များသည် ခံစစ် သို့မဟုတ် အမြန်နှုန်းကဲ့သို့သော အခြား ဒြပ်စင်သံချပ်ကာများနှင့် ယှဉ်လျှင် အချို့နေရာများတွင် လိုအပ်ချက် ရှိနေသေးသည်။ ဒါကြောင့် အခြားသော သံချပ်ကာများကိုပါ ထပ်မံရရှိမည်ဆိုပါက သူရဲ့ စွမ်းရည်နှင့် စွယ်စုံသုံးနိုင်မှုမှာ သိသိသာသာ တိုးတက်လာလိမ့်မယ်
"ထန်ဆန်းရဲ့ စိတ်နေသဘောထားကို ပြုပြင်ပြောင်းလဲဖို့က ပြောသလောက်တော့ မလွယ်ကူလှဘူး" လင်းမူက သက်ပြင်းချလိုက်တယ်
ထန်ဆန်းက သူရဲ့ တပည့်ဖြစ်လာပြီး ယွီရှောင်ဂန်းနှင့် ရှီလိုင်ခဲ့အကယ်ဒမီ တို့ရဲ့ ဆိုးဝါးသော လွှမ်းမိုးမှုများမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်သော်လည်း ထန်ဂိုဏ်းရဲ့ အတွေးအခေါ်များက သူ့အပေါ်တွင် ကြီးမားစွာ လွှမ်းမိုးနေဆဲဖြစ်တယ်။
အ့လိုမဟုတ်ရင် သူက မူလဇာတ်ကြောင်းထဲကကဲ့သို့ "မင်းကသေလမ်း ရှာနေပြီပဲ" ဟူသော စကားမျိုးကို အလွယ်တကူ ပြောဆိုလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ လင်းမူက ယွီရှောင်ဂန်းနှင့် မတူပေ သူရဲ့ သွန်သင်ဆုံးမမှုများ ကျရှုံးခဲ့လျှင်ပင် ထိုကလေးကို နှိမ်နင်းနိုင်မည့် အစွမ်းအစ မိမိတွင် ရှိသည်ဟု သူ ယုံကြည်ချက် အပြည့်ရှိတယ်။
တစ်ဖက်တွင်မူ ထန်ဆန်းက အလုပ်သင်အဆောင် ဖြစ်သော အခန်း (၇) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီဖြစ်တယ်
သူရဲ့ ကုတင်ဘေးတွင် အိပ်ယာခင်းအသစ်များ၊ မျက်နှာသစ်ဇလုံ၊ သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် အခြား နေ့စဉ်သုံး လိုအပ်ချက်ပစ္စည်းများ စုပုံနေခဲ့တယ်
ဒီပစ္စည်းအားလုံးကို လင်းမူက ဝယ်ယူပေးခဲ့ခြင်း ဖြစ်တယ်။
တန်ဖိုးအားဖြင့် မကြီးမားသော်လည်း ဒါက ထန်ဆန်းကို တစ်ခါမျှ မခံစားဖူးသော နွေးထွေးမှုမျိုးကို ပေးစွမ်းနိုင်ခဲ့လေတယ်
တကယ်လို့ ထန်ဆန်းသာ လူကြီးတစ်ယောက်ရဲ့ စိတ်အသိပါရှိလာသော ကူးပြောင်းလာသူတစ်ဦး မဟုတ်ခဲ့လျှင် သူသည် ထန်ဟောက် ရဲ့ လျစ်လျူရှုမှုများကြောင့် စောစောစီးစီးပင် သေဆုံးသွားလောက်ပြီ။
ထန်ဆန်းက ထန်ဟောက်ထံမှ ဖခင်တစ်ယောက်၏ မေတ္တာကို တစ်ခါမျှ မရရှိခဲ့ဖူးချေ။ သူ ဂရုစိုက်ခြင်း ခံခဲ့ရသည့် တစ်ခုတည်းသော အချိန်မှာ သူရဲ့ဟောက်တျန်းတူ ကို ထုတ်ပြခဲ့သည့် အချိန်မှသာလေ
"ထန်ဆန်း... မင်းက ဒီလောက်တောင် ချမ်းသာနေတာကို ဘာလို့ အလုပ်သင်အဆောင်မှာ လာနေတာလဲ" ဝမ်ရှန်း က ပစ္စည်းအသစ်များကို ကြည့်ပြီး မေးမြန်းလိုက်တယ်
"ဒါတွေ အားလုံးကို ငါ့ရဲ့ ဆရာသခင်က ဝယ်ပေးတာပါ" ထန်ဆန်းက ပြန်လည်ဖြေလိုက်တယ်။
"မင်း ကျောင်းကို ရောက်ရောက်ချင်းပဲ တပည့်ခံလိုက်တာလား"
ဝမ်ရှန်းက အံ့ဩသွားသည့် ပုံစံဖြင့် ကြည့်လိုက်တယ်။ ငွေပြာမြက်ဆိုတာ ယေဘုယျအားဖြင့် အသုံးမကျသော သိုင်းဝိဉာဉ်ဟု သတ်မှတ်ခံရသော်လည်း ထန်ဆန်းက မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအား ရှိသူဖြစ်သဖြင့် ဝိညာဉ်သခင်အချို့က စိတ်ဝင်စားကြခြင်းမှာ သဘာဝကျပါတယ်။
သို့သော် ဒီလောက် မြန်ဆန်စွာ တပည့်ခံလိုက်ခြင်းက အနည်းငယ် စောလွန်းသည်ဟု ထင်ရတယ်။
"မင်းရဲ့ ဆရာသခင်က ဘာအဆင့်လဲဆိုတာ မင်း သိလား" ဝမ်ရှန်းက သိချင်စိတ်ဖြင့် မေးလိုက်တယ်။
"သူက ဝိညာဉ်ဘိုးဘေး တစ်ယောက်ပဲ။"
"ဝိညာဉ်ဘိုးဘေး" ဟူသော စကားကို ကြားလိုက်ရသောအခါ ဝမ်ရှန်းနှင့် အခြား အလုပ်သင်ကျောင်းသားများမှာ အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးသွားကြတော့တယ်။
သူတို့ရဲ့ အသိဉာဏ်အရ ဝိညာဉ်အကြီးအကဲ ပင်လျှင် အလွန်အစွမ်းထက်သော လူကြီးလူကောင်းများ ဖြစ်ကြသဖြင့် ဝိညာဉ်ကွင်းလေးကွင်း ရှိသော ဝိညာဉ်ဘိုးဘေးဆိုသည်မှာ မြို့စားတစ်ဦးပင် ဖြစ်နိုင်သည့် အလွန်တရာ အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်ထူးဖြစ်သည်။
သူတို့ရဲ့ အံ့ဩတုန်လှုပ်နေသော အမူအရာများကို မြင်သောအခါ ထန်ဆန်းသည် စိတ်ထဲမှ အနည်းငယ် ဂုဏ်ယူမိသွားတယ်။
အိမ်တွင် ထမင်းဝအောင် စားရဖို့ပင် ရုန်းကန်ခဲ့ရတယ် တကယ်လို့ အဘိုးဂျက် ရဲ့ ကူညီမှုသာ မရှိခဲ့လျှင် သူ ငတ်ပြတ်ပြီး သေဆုံးသွားလောက်ပြီ ယခုအခါ ဆရာ ရှိလာပြီဖြစ်ရာ အရာအားလုံးက ပိုမိုကောင်းမွန်လာခဲ့တယ်။
သူရဲ့ ဆရာသခင်က မနက်ဖြန်တွင် သူ့ကို ဝိညာဉ်ကွင်း သွားရောက်ရှာဖွေပေးမည်ဟု ပြောထားသဖြင့် သူလည်း မကြာမီ အချိန်အတွင်း လေးစားဖွယ်ကောင်းသော ဝိညာဉ်သခင်တစ်ဦး ဖြစ်လာတော့မည် ဖြစ်တယ်။
သူ့ကို နေ့တိုင်း အရက်သောက်ပြီး လျစ်လျူရှုထားသော ဖခင်ဖြစ်သူနှင့် ယှဉ်လျှင် တစ်ရက်မျှသာ သိကျွမ်းရသေးသော ဆရာသခင်က သူ့အပေါ် ဤမျှ ကောင်းမွန်နေခြင်းက ထန်ဆန်းကို စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးစေခဲ့တယ်။
သို့သော် ထန်ဆန်းသည် အစဉ်အလာ အတွေးအခေါ် ရှိသူတစ်ဦး ဖြစ်ပေရာ ဖခင်ဖြစ်သူက သူ့အပေါ် မည်မျှပင် ဆိုးရွားပါစေ၊ သူကတော့ လက်ခံရမည်ဟုသာ ခံယူထားဆဲ ဖြစ်တယ်။