အခန်း၂-ထန်ဆန်းကိုတပည့်အဖြစ်လက်ခံခြင်း
လင်းမူရဲ့ အကြည့်မှာ ထက်မြက်လှသဖြင့် ထန်ဆန်းရဲ့ သိမ်မွေ့သော လှုပ်ရှားမှုများကို အကဲခတ်မိလိုက်ပြီး သူက ရင်ထဲတွင် ရေရွတ်လိုက်မိသည်
'အလိုလေး... ဒါက တကယ့် ထန်ဂိုဏ်းရဲ့ ပုံစံအတိုင်းပဲ။'
"ရှောင်ဆန်း၊ မင်းသာ ငါ့ရဲ့တပည့် ဖြစ်လာမယ်ဆိုရင် ငါ မင်းကို တစ်လောကလုံးမှာ အစွမ်းထက်ဆုံး သိုင်းဝိဉာဉ်ပညာရှင် ဖြစ်လာအောင် ကျိန်းသေပေါက် လေ့ကျင့်ပေးမယ်။"
ပို၍ စိတ်လှုပ်ရှားလာကာ ယွီရှောင်ဂန်းသည် ထန်ဆန်းရဲ့ ပုခုံးကို လှမ်းကိုင်လိုက်သည်ပြီး သူရဲ့ မျက်လုံးများတွင် လောဆော်မှုများ ပြည့်နှက်နေပြီး ထန်ဆန်းသည် သူ့ကို တိုက်ခိုက်ရန် စက္ကန့်ပိုင်းမျှသာ လိုတော့သည်ကို လုံးဝ သတိမထားမိချေ။
ထိုအချိန်တွင် လင်းမူက စကားစလိုက်သည်
"အဆင့် ၂၉ ဝိညာဉ်ဂရမ်းမာစတာ သာ ရှိတဲ့သူက ဒီလို စကားကြီးစကားကျယ်တွေ မပြောသင့်ပါဘူး သူတစ်ပါးကို မသင်ကြားခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပညာတတ်အောင် လုပ်ရမယ် မင်းကိုယ်တိုင်က အမှိုက်တစ်စ ဖြစ်နေတာကို မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ပါလာတဲ့ ပါရမီရှင်တစ်ယောက်ကို သင်ပေးဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။"
ဒါကို ကြားတော့ ယွီရှောင်ဂန်းရဲ့ နဖူးတွင် အကြောများ ပြိုင်းပြိုင်းထလာခဲ့သည်။ သူရဲ့ မျက်လုံးများ နီမြန်းလာပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။
သိုင်းဝိဉာဉ်လောကတွင် ကျော်ကြားသော သီအိုရီဆရာကြီးတစ်ဦးအနေဖြင့် မိမိ၏ မျက်နှာကို အမှိုက်ဟု လူငယ်တစ်ဦး၏ အပြောခံရခြင်းမှာ အလွန်တရာ အရှက်ရစရာ ဖြစ်တယ်။
ဘေးတွင် ရပ်နေသော ထန်ဆန်းကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာရမှုကို ခံစားလိုက်ရတယ် သူဒီအဘိုးကြီးရဲ့ လိမ်လည်မှုကို ခံရတော့မည့်ဆဲဆဲ ဖြစ်ခဲ့တယ်။
အရင်က ဒီအဘိုးကြီးသည် မိမိတွင် အမွှာသိုင်းဝိဉာဉ် ရှိကြောင်း သိရှိသွားသောအခါ ထန်ဆန်းက သူသည် တကယ့် ဆရာကြီးတစ်ဦးဟု ထင်မှတ်ခဲ့တယ် ယခုမူ ထိုလူသည် မတော်တဆ ခန့်မှန်းမိရုံသာ ဖြစ်ပုံရတယ်။
"မင်းလို ကောင်လေးက ငါ့မှာ သူ့ကိုသင်ပေးဖို့ အရည်အချင်းမရှိဘူးလို့ ပြောတာလား။ ဒါဆို 'မင်း' က သူ့ကို ကျင့်စဉ် သင်ပေးမလို့လား။"
အခြေအနေက မိမိဘက်တွင် မရှိတော့သည်ကို မြင်သောအခါ ယွီရှောင်ဂန်းသည် ဆုတ်ရင်းတိုးမည့် ဗျူဟာကို ပြတ်ပြတ်သားသား အသုံးပြုလိုက်တယ်
သူ့အမြင်တွင် ဒီလူငယ်သည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးရာ သူတစ်ပါးကို သင်ကြားရန် မည်သို့ အရည်အချင်း ရှိနိုင်မှာလဲ ယခု လုပ်ရမည့်အရာမှာ ဒီလူငယ်ကို အရင်ဆုံး မောင်းထုတ်ပြီးမှ ထန်ဆန်းကို ဖျောင်းဖျရန် နည်းလမ်းရှာရမယ်။
"မင်းလို လူလိမ်ဆရာကြီးနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းဆုံး ငါက သူ့ရဲ့ ပါရမီကို ဖြုန်းတီးပစ်မှာ မဟုတ်ဘူး။"
ဒီလို ပြောပြီး လင်းမူသည် ထန်ဆန်းထံသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ပြောလိုက်တယ် "ထန်ဆန်း၊ မင်း ငါ့ရဲ့တပည့် ဖြစ်ချင်လား"
ဒါကို ကြားရသောအခါ ယွီရှောင်ဂန်းနှင့် ထန်ဆန်း နှစ်ဦးစလုံး ဆွံ့အသွားခဲ့ကြတယ်။
ယွီရှောင်ဂန်းသည် အစပိုင်းတွင် ဒီလူက မိမိကို မုန်းတီးသူတစ်ဦး ဖြစ်သဖြင့် လာရောက်နှောင့်ယှက်သည်ဟု ထင်မှတ်ခဲ့သော်လည်း ဒီကောင်က ထန်ဆန်းကို တပည့်အဖြစ် လုယူရန် ရည်ရွယ်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဒါက သူ အမြဲတမ်း တောင့်တခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ တပည့်ပဲ၊ သူ အမှိုက်မဟုတ်ကြောင်း သက်သေပြဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ တကယ်လို့ ဒီတပည့်ကိုသာ လွဲချော်သွားရင် သူက ဘဝတစ်လျှောက်လုံး "အမှိုက်" ဆိုတဲ့ ဆိုင်းဘုတ်ကို ဘယ်တော့မှ ဖြုတ်နိုင်တော့မှာ မဟုတ်ဘူး။
ထန်ဆန်း ဆွံ့အသွားရခြင်းမှာ လင်းမူသည် အလွန် နုပျိုလွန်းနေသောကြောင့် ဖြစ်သည် သူသည် မိမိထက် ဆယ်နှစ်ခန့်သာ ကြီးပုံရပြီး ထန်ဆန်းရဲ့ ယခင်ဘဝက အသက်အရွယ်ကိုပင် မမီချေ။
"ရယ်စရာပဲ မင်းက ဆယ်ကျော်သက်လေးပဲ ရှိသေးတာကို တပည့်လက်ခံချင်တယ် ဟုတ်လား မင်းက မျိုးဆက်သစ်တွေကို လမ်းမှားရောက်အောင်ပဲ လုပ်လိမ့်မယ်" ဟု ယွီရှောင်ဂန်းက အထင်သေးစွာ ပြောလိုက်တယ်
အတွေ့အကြုံမရှိသော လူငယ်တစ်ဦးနှင့် မိမိကိုယ်ကိုယ် သိုင်းဝိဉာဉ် သီအိုရီဆရာကြီးဟု ကြွေးကြော်ထားသူ နှစ်ဦးအကြား မည်သည့် သာမန်လူမဆို နောက်ဆုံးလူကိုသာ ရွေးချယ်ကြမည် ဖြစ်တယ်။
"ရည်မှန်းချက်ကြီးရင် အသက်အရွယ်က အရေးမကြီးပါဘူး ရည်မှန်းချက်မရှိရင် အသက်ရာကျော် နေရလည်း အလကားပါပဲ မင်းက မင်းရဲ့ ကိုယ်ပိုင် သိုင်းဝိဉာဉ်အကြောင်းကိုတောင် ရှင်းရှင်းလင်းလင်း မသိဘဲနဲ့ အသက်ကြီးတာကိုပဲ အားကိုးနေတဲ့ အဘိုးကြီးအိုတစ်ယောက်ပဲ။"
လင်းမူ၏ အမြင်တွင် ထန်ဆန်း ဘွဲ့အမည်ရတုန့်လော့ဖြစ်လာခြင်းနှင့် နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း ခရီးစဉ်သည် ယွီရှောင်ဂန်းနှင့် သိပ်မသက်ဆိုင်လှပေ။
ဝိညာဉ်ဘုရင် သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိသူ မည်သူမဆို သင်ကြားမှုအပိုင်းတွင် ယွီရှောင်ဂန်းထက် မညံ့ဖျင်းနိုင်ချေ။
"ရည်မှန်းချက်ကြီးရင် အသက်အရွယ်က အရေးမကြီးဘူး..."
ထန်ဆန်းက လင်းမူကို ကြည့်ကာ သဘောတူညီသော အရိပ်အယောင်များဖြင့် ထိုစကားကို တိုးတိုးလေး ရေရွတ်လိုက်တယ်။
"လျှောက်မပြောနဲ့ ငါက မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်ဝက်တည်းနဲ့ အဆင့် ၂၉ အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာ ငါက ပါရမီရှင်တွေထဲက ပါရမီရှင်ပဲ။"
သူက ပြောရင်း ယွီရှောင်ဂန်းရဲ့ မျက်နှာတွင် စစ်မှန်သော ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လာခဲ့တယ်။ အကယ်၍ သူ၏ မွေးရာပါ ဝိညာဉ်စွမ်းအားသာ အဆင့်ငါးထက် ကျော်လွန်ခဲ့မည်ဆိုပါက သူသည် အနည်းဆုံး ဝိညာဉ်သူတော်စင် တစ်ဦး ဖြစ်နေလောက်ပြီ ။
သူရဲ့ထူးကဲလှသော ဉာဏ်ပညာကြောင့် ကောင်းကင်ဘုံက မနာလိုဖြစ်ကာ သူရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားကို အဆင့်ဝက်သာ ပေးသနားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယွီရှောင်ဂန်း၏ မာနထောင်လွှားနေသော ပုံစံကို မြင်တော့ လင်းမူနှင့် ထန်ဆန်းတို့သည် အကြည့်ချင်းဖလှယ်ကာ သူ့ထံမှ တိတ်တဆိတ် ဝေးရာသို့ ခွာလိုက်ကြတယ်။
ယွီရှောင်ဂန်းအလွန်အမင်း မာနကြီးပြီး အတ္တဆန်လှသောကြောင့် သူသည် မိမိ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် ရှင်သန်နေသော ရူးသွပ်သူတစ်ဦးသာ ဖြစ်တယ်။
ယွီရှောင်ဂန်းသည် စကားပြောရင်း ပို၍ စိတ်လှုပ်ရှားလာရသည် သူကလင်းမူထံသို့ အရှိန်အဟုန်ဖြင့် လျှောက်သွားကာ ယုံကြည်မှုအပြည့်ဖြင့်
"နောက်ဆုံးတော့ မင်းက ဆယ်ကျော်သက်လေးတစ်ယောက်ပဲ။ မင်း စာအုပ်ဘယ်နှအုပ် ဖတ်ဖူးလို့လဲ။ ငါ့ရဲ့ သိုင်းဝိဉာဉ် သီအိုရီရဲ့ စွမ်းအားကို မင်း ဘယ်လိုလုပ် နားလည်နိုင်မှာလဲ အဲဒါက တိုင်းတာလို့ မရနိုင်တဲ့အရာပဲ။"
"ကောင်းပြီ
လူကြီးတစ်ယောက်အနေနဲ့ ဒီဆရာကြီးက သဘောထားကြီးကြီးနဲ့ ဒီတစ်ကြိမ်တော့ မင်းကို အပြစ်မယူတော့ဘူး နော်ဒင်းအကယ်ဒမီကနေ အခုချက်ချင်း ထွက်သွားလိုက်တော့။"
ချက်ချင်းပင် ယွီရှောင်ဂန်းသည် ကျောနောက်တွင် လက်နှစ်ဖက်ကို ပိုက်ကာ အထက်စီးဆန်သော ပုံစံကို ဖမ်းလိုက်သည် သိုင်းဝိဉာဉ် သီအိုရီဆရာကြီးတစ်ဦးအနေဖြင့် ဤလူငယ်နှစ်ဦးကို မလွှမ်းမိုးနိုင်စရာ အကြောင်းမရှိဟု သူ ယုံကြည်နေတယ်။
"အဆင့် ၂၉ လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ ခေါ်ဝံ့သေးတယ် ဒီလောက် အရှက်မရှိတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး။"
ပြောဆိုပြီးနောက်တွင် လင်းမူသည် အားမရသေးဘဲ သူရဲ့ သိုင်းဝိဉာဉ်ကို ထုတ်ဖော်ရန် ညာလက်ကို ဆန့်ထုတ်လိုက်တယ်။
ပတ်ဝန်းကျင်ရှိ မီးဓာတ်များ စုစည်းလာသည်နှင့်အမျှ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် နီရဲသော သတ္တုပစ္စည်းတစ်ခုသည် သူရဲ့ လက်ဖဝါးပေါ်မှ ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံနေခဲ့တယ်။
"ဒါ ဘယ်လို သိုင်းဝိဉာဉ်မျိုးလဲ"
မိမိကိုယ်ကိုယ် ဆရာကြီးဟု သမုတ်ထားသော ယွီရှောင်ဂန်းသည် ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။
သူ ဤကဲ့သို့သော သိုင်းဝိဉာဉ်မျိုးကို တစ်ခါမျှ မမြင်ဖူးချေ။
ကြည့်ရုံမျှဖြင့် သာမန် သတ္တုအပိုင်းအစတစ်ခုနှင့် တူလှသည်
ဒါကို တွေးမိတော့ ယွီရှောင်ဂန်းက ရင်ထဲတွင် နှာခေါင်းရှုံ့လိုက်မိတယ် 'သူက ငါ့ကို အမှိုက်လို့ ပြောနေတာ၊ သူကိုယ်တိုင်ကကော ဘယ်လောက် ပိုစွမ်းနိုင်မှာမလို့လဲ။'
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူသည် လုံးဝ မိုးကြိုးပစ်ချခံလိုက်ရသလို တောင့်တင်းသွားခဲ့တယ်
လင်းမူရဲ့ ခြေဖဝါးမှ ဝိညာဉ်ကွင်း လေးကွင်း ထွက်ပေါ်လာပြီး သူ့ပတ်လည်တွင် ဝဲပျံနေခဲ့သည် အဝါရောင် နှစ်ကွင်းနှင့် ခရမ်းရောင် နှစ်ကွင်း ပြည့်စုံလှသော စံပြ၀ိဥာဥ်ကွင်းဖွဲ့စည်းမှု ဖြစ်လေတယ်။
ဒါက လင်းမူဟာ လေးကွင်းမြောက် ဝိညာဉ်ဘိုးဘေး တစ်ယောက်ဖြစ်ကြောင်း ပြသနေတာပဲ
ပြီးတော့ ဒီလူငယ်က အသက်တစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်ထက် မကြီးနိုင်ဘူး သူဒီလောက်ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဝိညာဉ်ဘိုးဘေး အဆင့်အထိ မည်သို့ ကျင့်ကြံနိုင်ခဲ့တာလဲ။
အပြာရောင်လျှပ်စီးနဂါးမျိုးနွယ်စုတွင်ပင် ဒီလို ထူးချွန်လှသော ပါရမီရှင်မျိုး မရှိခဲ့ချေ။
"ယွီရှောင်ဂန်း... မင်း ကိုယ့်ကိုယ်ကိုယ် အမှိုက်တစ်စ မဟုတ်သေးဘူးလို့ ထင်နေတုန်းပဲလား။"
ဒီစကားလုံးများသည် ယွီရှောင်ဂန်းရဲ့ နှလုံးသားကို ထက်မြက်သော ဓားတစ်စင်းဖြင့် ထိုးစိုက်လိုက်သလို ဖြစ်သွားသည်။
ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် သူ အသက်ရှူရ ကျပ်သွားခဲ့ရပြီးသူ၏ မျက်လုံးများ ပြာဝေသွားကာ ဆွံ့အလျက် မတ်တပ်ရပ်နေမိတယ်။
ပထမဆုံးအကြိမ်အဖြစ် သူက မိမိရဲ့ သိုင်းဝိဉာဉ် သီအိုရီ၏ မှန်ကန်မှုကို သံသယဝင်လာခဲ့သည်။
သူ နားမလည်နိုင် ဖြစ်နေရပြီး
ဒီလူငယ်က သူ့ကဲ့သို့ပင် မျိုးရိုးဗီဇပြောင်းလဲထားသော သိုင်းဝိဉာဉ် ရှိပုံရပြီး သိုင်းဝိဉာဉ်ရဲ့ အရည်အသွေးမှာလည်း မြင့်မားပုံမရချေ။
ဒါပေမဲ့ သူကဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်ဖြင့် ဝိညာဉ်ဘိုးဘေး အဆင့်သို့ ဘယ်လို ရောက်ရှိနိုင်ခဲ့တာလဲ။
"ငါက တကယ်ပဲ အမှိုက်တစ်စ ဖြစ်နေတာလား။"
ကြီးမားသော ရိုက်ခတ်မှုကို ခံလိုက်ရသဖြင့် ယွီရှောင်ဂန်းကတော့ မိမိရဲ့ ဘဝကို သံသယဝင်လာခဲ့တယ်။
အကယ်၍ သူသာ လော့စန်းပေါက်ရဲ့ ဂုဏ်သတ္တိများနှင့် ကိုက်ညီသော ဝိညာဉ်ကွင်းကို ရှာဖွေနိုင်ခဲ့လျှင် အဆင့် ၂၉ တွင် ရပ်တန့်နေမည် မဟုတ်ပေ။
သို့သော် ဖြစ်ပြီးတာတွေ ဖြစ်ပျက်ခဲ့ပြီ ဖြစ်ရာ သူကတော့ ဤဘဝတွင် အဆင့် ၃၀ သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် မဖြစ်နိုင်သလောက် ရှိနေပြီ ဖြစ်တယ်
ဝိညာဉ်ကွင်းလေးကွင်း ဝဲပျံနေသည်ကို မြင်ရသောအခါ ထန်ဆန်း၏ မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုများနှင့်အတူ လေးစားအားကျမှု အရိပ်အယောင်များ ပြည့်နှက်သွားခဲ့တယ်
သူရဲ့ သိုင်းဝိဉာဉ်ကို နိုးထပေးခဲ့သော စုယွမ်ထောင် ပင်လျှင် ဝိဉာဉ်နှစ်ကွင်း ဝိညာဉ်ဂရမ်းမာစတာ အဆင့်ပဲရှိတာလေ
အရေးကြီးဆုံးမှာ လင်းမူက စုယွမ်ထောင်ထက် ပို၍ ငယ်ရွယ်ခြင်းပင် ဖြစ်တယ်
ဒီလို အသက်အရွယ်ဖြင့် ဝိညာဉ်ဘိုးဘေး အဆင့်သို့ ရောက်ရှိနေခြင်းက သူရဲ့ သိုင်းဝိဉာဉ် သုတေသနသည် မည်မျှ နက်ရှိုင်းကြောင်း သက်သေပြနေတယ်လေ
အနည်းဆုံးတော့ သူက ဒီလူလိမ် "ဆရာကြီး" ထက် ပိုပြီး အားကိုးရတာပေါ့။
အသေအချာ စဉ်းစားပြီးနောက် ထန်ဆန်းသည် လင်းမူရဲ့ ရှေ့တွင် ပြတ်ပြတ်သားသား ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးချလိုက်သည်။
"ဆရာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။"
ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသဖြင့် ထန်ဆန်းသည် လူအမဟုတ်ပေ။ ယခုအခါ ဒီလောကတွင် မည်သည့် ဆွေမျိုးမိတ်ဆွေမျှ မရှိတော့သဖြင့် ငယ်ရွယ်လှသော လေးကွင်းမြောက် ဝိညာဉ်ဘိုးဘေးတစ်ဦးရဲ့ လက်အောက်တွင် တပည့်ခံခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်တယ်
ထန်ဆန်း လင်းမူရဲ့ ရှေ့တွင် ဒူးထောက်ကာ တပည့်အဖြစ် လက်ခံရန် တောင်းဆိုနေသည်ကို မြင်တော့ ယွီရှောင်ဂန်းသည် လုံးဝ မျှော်လင့်ချက်မဲ့သွားရခဲ့သည်။
သူ မယုံကြည်နိုင်ဘဲ နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိပြီး သွေးအန်ချင်စိတ်များ ပေါက်လာရ
ခဲ့ရတယ်
အမွှာသိုင်းဝိဉာဉ်နှင့် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိသော ပြီးပြည့်စုံသည့် တပည့်တစ်ယောက်မရှိဘဲ သူရဲ့ သိုင်းဝိဉာဉ် သီအိုရီကို ဘယ်လို သက်သေပြနိုင်တော့မှာလဲ
လင်းမူက လက်ကို မြှောက်ကာ ထန်ဆန်းကို ထခိုင်းလိုက်ပြီး
"နောင်ကျရင် ငါ့ကို ဆရာ လို့ ခေါ်ပါ၊ ဆရာကြီး လို့ မခေါ်နဲ့" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ဆရာ။"
ထန်ဆန်းက မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ရိုသေစွာ ပြန်လည်ဖြေကြားလိုက်တယ်
ထန်ဆန်းရဲ့ တပည့်ခံပွဲ အခမ်းအနား ပြီးဆုံးသွားသည်နှင့် မကြာမီ လင်းမူရဲ့ ရှေ့မှ စနစ်မျက်နှာပြင်သည် အချက်အလက်အသစ် အပ်ဒိတ်ဖြစ်သွားခဲ့တယ်
[အဓိကတာဝန် ပြီးမြောက်မှု ၅% သို့ ရောက်ရှိသွားပါပြီ။ ဆုလာဘ် - ဝိညာဉ်စွမ်းအား တစ်ဆင့် တိုးမြှင့်ပေးခြင်း။]