အခန်း ၁၃ ထန်ဟောက်ရောက်လာပြီ
အချိန်တွေက တစ်နှစ်ရွေ့လျားလို့ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့ပြီ ဖ
ဒီအချိန်အတောအတွင်းမှာ လင်းမူလည်းအဆင့် ၅၀ သို့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့တယ်
သူရဲ့သိုင်း၀ိဥာဥ်နဲ့ ကိုက်ညီမည့် သက်တမ်းတစ်သောင်းရှိသော ဝိညာဉ်ကွင်း တစ်ကွင်းကို စုပ်ယူလိုက်ရုံဖြင့် ဝိညာဉ်ဘုရင် တစ်ဦးအဖြစ် တရားဝင် ဖြစ်လာနိုင်တော့မည် ဖြစ်သည်
အမှန်တော့ လင်းမူ လွန်ခဲ့တဲ့ နှစ်လကတည်းက အဆင့်တက်ရန် အဆင်သင့် ဖြစ်နေခဲ့ခြင်းဖြစ်သော်လည်း မည်သည့်ဝိညာဉ်ကွင်းကို စုပ်ယူရမည်ဆိုသည်ကို မဆုံးဖြတ်ရသေးသဖြင့် ဝိညာဉ်သားရဲ အမဲလိုက်ခရီးစဉ်ကို ယခုအချိန်အထိ ရွှေ့ဆိုင်းထားခဲ့ရတယ်
သူသိထားသလောက်တော့ ဝိညာဉ်သခင်တစ်ဦးက အဆင့်တက်ရန် ဝိညာဉ်ကွင်းကို ချက်ချင်းမစုပ်ယူဘဲ နေသော်လည်း ၎င်းရဲ့ဝိညာဉ်စွမ်းအား ကျင့်ကြံမှုများမှာ ပျောက်ပျက်မသွားဘဲ ခန္ဓာကိုယ်ထဲတွင် ဆက်လက်စုစည်းနေမည် ဖြစ်ပြီး ဝိညာဉ်ကွင်းကို စုပ်ယူပြီးသွားသည့် အခါကျမှသာ ထိုသိုလှောင်ထားသော စွမ်းအားများက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး ဝိညာဉ်စွမ်းအား အဆင့်ကို တစ်ဟုန်ထိုး မြင့်တက်သွားစေလိမ့်မည်
အစပိုင်း စုဆောင်းနေရသည့် အချိန်တွင်မူ ကျင့်ကြံခြင်းနှုန်းက အနည်းငယ် နှေးကွေးနေသကဲ့သို့ ခံစားရတတ်တယ်
ထိုနေ့နံနက်တွင် လင်းမူ အစောကြီး ထလိုက်တယ် ဘာကြောင့်လဲဆိုတော့ ယနေ့က နော်ဒင်းအကယ်ဒမီးကျောင်းပိတ်ရက်ဖြစ်ပြီး သူကိုယ်တိုင်လည်း ခရီးမထွက်ခွာမီ ထန်ဆန်းကို နောက်ဆုံးအနေဖြင့် လိုက်လံပို့ဆောင်ပေးရမည်
နော်ဒင်းအကယ်ဒမီရဲ့ အဆောင်ခန်းထဲတွင် ထန်ဆန်းက သူ့ပစ္စည်းများကို အားလုံး အဆင်သင့် ထုပ်ပိုးထားပြီး မိမိရဲ့အိပ်ရာခင်းကို အသေးစိတ်ကျကျ သေသေချာချာ ခေါက်နေခဲ့တယ် ထိုအလုပ်ကိုပင် အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်နေမိတာ်
သူ အိမ်ပြန်ရတော့မည် ဖြစ်သော်လည်း စိတ်ခံစားချက်ကမူ အလွန်ပင် လေးလံနေမိတယ် အဘက်ဘက်က ပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်သော မိမိရဲ့ဆရာနှင့် နှိုင်းယှဉ်လျှင် အရက်သမားဖခင်ဖြစ်သူမှာ တကယ့်ကို ရှုပ်ပွနေသော မှတ်ဉာဏိဆိုးတစ်ခုသာ ဖြစ်တယ်
တစ်ခါတစ်ရံတွင်မူ သူ့ဆရာသာ သူ့ရဲ့မွေးဖခင် အစစ်အမှန် ဖြစ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲဟုပင် သူ တွေးမိတတ်တယ်
"ထန်ဆန်း... မင်း တစ်ခုခု ဖြစ်နေတာလား အဲဒီအိပ်ရာခင်းကို ဘယ်နှခါတောင် ထပ်ခါတလဲလဲ ခေါက်နေဦးမှာလဲ"
ရှောင်ဝူ က ကုတင်အနားတွင် ထိုင်ကာ ခြေထောက်နှစ်ဖက်ကို လွှဲယမ်းရင်း စိတ်မရှည်သော အမူအရာဖြင့် လှမ်းကြည့်ကာ မေးလိုက်တယ်
သူမ စိတ်အခြေအနေ သိပ်မကောင်းဖြစ်နေရသည့်ကြားထဲ ဒီသစ်သားတုံးကဲ့သို့ လူက တစ်ခုတည်းသော အလုပ်ကို ထပ်ခါတလဲလဲ လုပ်နေသည်ကို ကြည့်ပြီး ပို၍ စိတ်တိုလာရခြင်း ဖြစ်သည်
ရှောင်ဝူရဲ့ စကားသံကို ကြားရသောအခါ ထန်ဆန်းက လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး သူက ကုတင်ခေါင်းရင်းကို မှီထားသော ရှောင်ဝူကို မော့ကြည့်ပြီး အံ့သြတကြီးဖြင့် မေးလိုက်တယ်
"ရှောင်ဝူ... ကျောင်းပိတ်ရက် ရောက်ပြီလေ မင်း အိမ်ပြန်ဖို့ ပစ္စည်းတွေ မထုပ်ပိုးသေးဘူးလား"
"ငါ့မှာ ပြန်စရာ အိမ်မရှိဘူး ဒီကျောင်းပိတ်ရက်မှာ အကယ်ဒမီမှာပဲ နေမှာ"
"အိမ်မရှိဘူး ဟုတ်လား"
ထန်ဆန်း အံ့အားသင့်သွားရသော်လည်း မကြာမီမှာပင် သူ့မျက်ဝန်းထဲ၌ သနားဂရုဏာရိပ်များ ဖြတ်ပြေးသွားခဲ့တယ် အနည်းဆုံးတော့ သူ့မှာ ဖခင်တစ်ယောက်နှင့် ဆရာတစ်ယောက် ရှိနေသေးသည် ဖခင်ဖြစ်သူက အသုံးမကျသော အရက်သမားတစ်ဦး ဖြစ်နေလျှင်ပင် သူ့ဆရာက သူ့အပေါ် အလွန်ကောင်းမွန်လှတယ်
ထိုအချိန်တွင် ရှောင်ဝူက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် မျက်ဝန်းများ တောက်ပလာပြီး ထန်ဆန်းကို အမြန်လှည့်ကြည့်ကာ ပြောလိုက်တယ်
"ရှောင်ဆန်း... မင်းတို့အိမ်က အကယ်ဒမီနဲ့ အဝေးကြီးလား ငါပါ မင်းတို့အိမ်ကို လိုက်လည်ရင် ဘယ်လိုလဲ"
"ဒါက..."
ဒီစကားကို ကြားသောအခါ ထန်ဆန်း စိတ်ဝင်စားသွားသော်လည်း ဆရာဖြစ်သူရဲ့ သွန်သင်ချက်များကို ပြန်လည်သတိရမိသဖြင့် တွေဝေသွားရပြန်တယ်
သူ့ဆရာက အမျိုးသမီးတစ်ယောက်ရဲ့ ထောင်ချောက်ထဲ မကျရောက်စေရန် သတိထားရမည်ဟု သွန်သင်ခဲ့ဖူးပြီး အမျိုးသမီးတစ်ဦးက ပို၍ လှပလေလေ၊ လှည့်စားရန် ပို၍ လွယ်ကူလေလေ ဖြစ်သည်ဟု ပြောခဲ့ဖူးတယ်
ထန်ဆန်း တွေဝေနေသည်ကို မြင်သောအခါ ရှောင်ဝူက ချက်ချင်းပင် ခါးထောက်လိုက်ပြီး သူမရဲ့ မျက်ဝန်းအစုံဖြင့် သူ့ကို စိုက်ကြည့်ကာ "မင်းတို့အိမ်ကို လိုက်လည်ရုံတင်ဥစ္စာ ဘာလို့ ဒီလောက်တောင် ကတ်စေးနည်းနေရတာလဲ" ဟု ဆိုလိုက်တယ်
ရှောင်ဝူရဲ့ မကျေနပ်သော မျက်နှာအမူအရာကို မြင်သောအခါ ထန်ဆန်း သက်ပြင်းချလိုက်မိတယ် သူက ဆရာ့ရဲ့ သွန်သင်ချက်ကို ယာယီဘေးဖယ်ထားလိုက်ပြီး "ကောင်းပါပြီ ငါ မင်းကို အိမ်ခေါ်သွားပေးမယ်၊ ဟုတ်ပြီလား" ဟု ပြောလိုက်ရတော့တယ်
"ဒါမှ ဟုတ်မှာပေါ့"
ရှောင်ဝူက နှုတ်ခမ်းလေးစူကာ ကျေနပ်သွားသည့် ပုံစံမျိုး လုပ်ပြလိုက်တယ်
သူတို့နှစ်ယောက်လုံး ပစ္စည်းများထုပ်ပိုးပြီး အဆောင်ခန်းမှ ကျောင်းတံခါးဝသို့ လျှောက်လာကြရာ လင်းမူက သူတို့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရတယ်
"ဆရာ"
ထန်ဆန်းက လင်းမူကို ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်တယိ လွန်ခဲ့သော တစ်နှစ်တာအတွင်း ဒီအခြေခံကျသော ယဉ်ကျေးမှုက သူ့အရိုးထဲအထိ စွဲမြဲသွားခဲ့ပြီဖြစ်သည်
လင်းမူလည်း ဤကဲ့သို့သော ရိုးရာလုပ်ထုံးလုပ်နည်းများကို မနှစ်သက်သော်လည်း ထန်ဆန်းနှင့်အတူ ဆရာ၊ တပည့် ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရမည်လေ
"ရှောင်ဆန်း... အိမ်ရောက်ရင်လည်း ကျင့်ကြံခြင်းကို လက်မလွှတ်နဲ့ဦး ဒါကတော့ လမ်းခရီးမှာ စားဖို့ ရိက္ခာခြောက်တွေပါ၊ ယူသွားလိုက်ဦး"
လင်းမူက သူရဲ့ သိုလှောင်မှုလက်ပတ်ထဲမှ အရည်အသွေးမြင့် ရိက္ခာခြောက်အိတ်ကို ထုတ်ယူပြီး ထန်ဆန်းရဲ့ လက်ထဲသို့ ထည့်ပေးလိုက်တယ်
ဒီအရာများက ဝိညာဉ်သခင်တစ်ဦးအတွက် တန်ဖိုးနည်းပါးသော အရာများဖြစ်သော်လည်း ထန်ဆန်းအတွက်မူ လက်ရှိအလိုအပ်ဆုံးအရာပင် ဖြစ်သည် အဆုံးမှာတော့ ထန်ဆန်းက သူ့ရဲ့ အရင်ဘဝတွင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရပြီး ယခုဘဝတွင်လည်း ထန်ဟောက်က အလွန်တာဝန်မဲ့လွန်းတယ် ဒါ့ကြောင့် ထန်ဆန်းက မိသားစုကဲ့သို့ နွေးထွေးသော ဂရုစိုက်မှုမျိုးကို အလွန်အမင်း တောင့်တနေခဲ့ခြင်း ဖြစ်တယ်
"ကျေးဇူးတင်ပါတယ် ဆရာ"
လက်ထဲရှိ ရိက္ခာခြောက်များကို ကြည့်ရင်း ထန်ဆန်းရဲ့ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာကာ သူရဲ့ကျေးဇူးတင်ရှိမှုက ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်သွားရတယ် ဒါက သူ့ဖခင်က သူ့ကို တစ်ခါမျှ မပေးဖူးသော ဂရုစိုက်မှုမျိုး ဖြစ်သည်
ဘေးတွင်ရပ်နေသော ရှောင်ဝူကလည်း အားကျသော မျက်ဝန်းများဖြင့် ကြည့်နေမိတယမ အကယ်၍ သူမရဲ့ ဝိညာဉ်သားရဲ မူလမည်သူမည်ဝါဖြစ်ကြောင်း အဆင့်အတန်းကိုသာ စိုးရိမ်ပူပန်မှု မရှိခဲ့လျှင် သူမကိုယ်တိုင်လည်း တပည့်တစ်ဦး ဖြစ်လာချင်မိပေလိမ့်မည်
"ကဲ... သွားကြတော့ စောစော ပြန်လာခဲ့ဦး"
လင်းမူက ထန်ဆန်းရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ် သူ့တွင် ကိုယ်ပိုင် အစီအစဉ်များ ရှိနေပြီဖြစ်ရာ အနည်းငယ် အနားယူပြီးနောက် ပဉ္စမမြောက် ဝိညာဉ်ကွင်းအတွက် ပြဿနာကို ဖြေရှင်းရန် စဉ်းစားထားတယ်
ထန်ဆန်းကို လိုက်ပို့ပြီးနောက် လင်းမူလည်း ကျင့်ကြံရန်အတွက် တည်းခိုခန်းသို့ ပြန်လာခဲ့လိုက်တယ်
ညမှောင်လာသောအခါ လင်းမူက သူရဲ့ အခန်းထဲတွင် 'ကြယ်တာယာ သစ်တောကြီးအတွင်းရှိ ဝိညာဉ်သားရဲများဆိုင်ရာ စွယ်စုံကျမ်းအပြည့်အစုံ' ကို လှန်လှောကြည့်ရှုရင်း မိမိရဲ့ ပဉ္စမမြောက် ဝိညာဉ်ကွင်းအတွက် သင့်တော်မည့် ပစ်မှတ်ကို ရှာဖွေနေမိတယ်
ဝိညာဉ်သားရဲတစ်ကောင်က သက်တမ်း တစ်သောင်းနှင့်အထက်သို့ ရောက်ရှိသွားပါက သူတို့ရဲ့စွမ်းအားက သိသိသာသာ မြင့်တက်လာတတ်ပြီး အချို့သော အစွမ်းထက်သည့် သွေးမျိုးဆက်ရှိသည့် ဝိညာဉ်သားရဲများမှာ သူတို့ရဲ့ သက်တမ်းကန့်သတ်ချက်ထက် များစွာသာလွန်သော စွမ်းအားများကိုပင် ထုတ်ဖော်နိုင်ကြသည်
ဥပမာအားဖြင့် အနက်ရောင်မိစ္ဆာနတ်ဘုရားကျား ကဲ့သို့သော သားရဲမျိုးမှာ သက်တမ်း တစ်သောင်းအဆင့်မှာတင် သက်တမ်း တစ်သိန်းရှိသော ဝိညာဉ်သားရဲတစ်ကောင်နှင့် ယှဉ်ပြိုင်နိုင်ကြတယ်
လင်းမူရဲ့ လက်ရှိစွမ်းအားဖြင့် သာမန် သက်တမ်းတစ်သောင်းရှိ ဝိညာဉ်သားရဲများကို ကိုင်တွယ်နိုင်သော်လည်း သူတစ်ဦးတည်း ဘေးကင်းစွာ ရင်ဆိုင်နိုင်မည့် အမြင့်ဆုံးအဆင့်မှာ သက်တမ်း သုံးသောင်းထက် မပိုနိုင်ချေ ဒါ့ကြောင့် သူသည် လွန်စွာ အစွမ်းထက်သော သွေးမျိုးဆက်ရှိသည့် ဝိညာဉ်သားရဲများကို ဂရုတစိုက် ရှောင်ရှားရန် စဉ်းစားရမယ်
သူ ရွေးချယ်မှုအတွက် တွေဝေနေစဉ်မှာပင်...
ဒေါက်၊ ဒေါက်
တံခါးခေါက်သံ ခပ်ပြင်းပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် လင်းမူရဲ့ အတွေးများ ပြတ်တောက်ကာ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့တယ်
လင်းမူ မျက်မှောင်ကုတ်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် သံသယရိပ်များ ဖြတ်ပြေးသွားတယ် 'ဒီလိုအချိန်မတော်ကြီးမှာ ငါ့ဆီကို ဘယ်သူလာရှာတာလဲ'
နှစ်ပေါင်းများစွာ နယ်လှည့်သွားလာခဲ့သော ဝိညာဉ်သခင်တစ်ဦးအနေဖြင့် လင်းမူလည်း မကောင်းမှုအကြီးအကျယ် မလုပ်ခဲ့ဖူးသော်လည်း မီးကျားသစ်ဂိုဏ်း ကဲ့သို့သော ရန်သူအချို့နှင့်တော့ မလွဲမသွေ ရင်ဆိုင်ခဲ့ရဖူးတာပဲလေ
သူ သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ ဖြည်းညှင်းစွာ ထရပ်ပြီး တံခါးကို သွားဖွင့်လိုက်တယ်
ကျွီကနဲ အသံနှင့်အတူ တံခါးပွင့်သွားရာ အပြင်ဘက်တွင် ရိုးရှင်းပြီး ဟောင်းနွမ်းနေသော မီးခိုးရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် အရပ်မြင့်မြင့် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည် သူရဲ့ မျက်နှာက စင်္ကြန်လမ်းရဲ့ အမှောင်ရိပ်ထဲတွင် ကွယ်ပျောက်ခဲ့တယ်
'ထန်ဟောက် '
လင်းမူရဲ့ အသက်ရှူသံများ တန့်သွားပြီး သူရဲ့ အာရုံကြောများ ချက်ချင်း တင်းမာသွားရသော်လည်း သူက စိတ်ကို ချက်ချင်း ပြန်လည်ငြိမ်သက်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်ရတယ်
သက်တမ်း တစ်သိန်းရှိ ဝိညာဉ်ကွင်းကို ပိုင်ဆိုင်ထားသည့် ဟောက်ထျန်းတုန့်လော့ ကဲ့သို့သော ဘွဲ့အမည်ရတုန့်လော့ တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် အခြေအနေသာ ဆိုးရွားသွားပါက သူ့မှာ ထွက်ပြေးဖို့ အခွင့်အရေးပင် ရှိလိမ့်မည်မဟုတ်ပေ
ထန်ဟောက် ယခုကဲ့သို့ အချိန်မျိုးတွင် လာရောက်ရခြင်းမှာ ထန်ဆန်းကို သူ့ထံ အပ်နှံရန် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တယ် သူက ရန်ပြုလိုသော ရည်ရွယ်ချက် ရှိပုံမပေါ်ပေ မဟုတ်လျှင် သူသည် တံခါးကို အသာအယာ ခေါက်မနေဘဲ အစောကတည်းက ရိုက်ချိုးပြီး ဝင်လာခဲ့ပေလိမ့်မည်
"ခင်ဗျားက ဘယ်သူလဲ"
လင်းမူသည် သူရဲ့ အသံကို တည်ငြိမ်အောင် အနိုင်နိုင် ထိန်းရင်း ထိုလူကို ကြည့်ကာ မေးလိုက်သည်
ထန်ဟောက်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဖိတ်ခေါ်ခြင်းမရှိဘဲ အခန်းထဲသို့ ဝင်လာခဲ့သည် မီးရောင်အောက်တွင် ရာသီဥတုဒဏ်ကြောင့် ကြမ်းတမ်းနေသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့တယ် သူရဲ့ ဖရိုဖရဲဖြစ်နေသော ဆံပင်အနက်ရောင်များက ပုခုံးပေါ်သို့ ဝဲကျနေပြီး ကြည့်ရသည်မှာ သပ်ရပ်မှုမရှိဘဲ လုံးဝ စိတ်ဓာတ်ကျဆင်းနေသည့် ပုံစံမျိုး ဖြစ်နေသည်
သူရဲ့ ဆင်းရဲနွမ်းပါးလှသော ပုံစံမှာ ယွီရှောင်ဂန်းနှင့်ပင် နှိုင်းယှဉ်နိုင်လောက်တယ်
"ငါ့နာမည်က ထန်ဟောက် ငါက ရှောင်ဆန်းရဲ့အဖေ... မင်းရဲ့တပည့်ရဲ့ အဖေပဲ"
ထန်ဟောက်သည် လွန်ခဲ့သော တစ်နှစ်တာအတွင်း လင်းမူကို တိတ်တဆိတ် စောင့်ကြည့်ခဲ့ပြီး သူက ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းနှင့် အနည်းဆုံးတော့ ယွီရှောင်ဂန်းထက် များစွာ ပိုမိုအားကိုးထိုက်ကြောင်း တွေ့ရှိခဲ့သည်
သူ့အမြင်တွင် ထန်ဆန်းက လင်းမူကို ဆရာအဖြစ် သတ်မှတ်လိုက်ခြင်းမှာ အားသာချက်တစ်ခု ရှိနေတယ်
နောင်တွင် ဝိညာဉ်နန်းတော် ကို ရင်ဆိုင်ဖြေရှင်းရာတွင် များစွာ အသုံးဝင်ပေလိမ့်မည်
အသက် ၁၇ နှစ်အရွယ်နှင့် အဆင့်မြင့် ဝိညာဉ်ဘိုးဘေး (ယခုအခါ ဝိညာဉ်ဘုရင်နီးပါး) ဖြစ်နေခြင်းမှာ ထန်ဟောက် ကိုယ်တိုင် ထိုအသက်အရွယ်တုန်းကထက်ပင် များစွာ ပိုမိုအစွမ်းထက်နေခြင်း ဖြစ်တယ်
"ထန်ဟောက်"
လင်းမူက ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ ပြူးကျယ်သွားကာ ထိတ်လန့်သွားဟန် ဆောင်လိုက်ရင်း
"ခင်ဗျားက... ဟောက်ထျန်းတုန့်လော့ လား"
"အတိတ်က ဘွဲ့အမည်တွေကို အလေးအနက် မထားပါနဲ့တော့ မင်း ဘာလို့ ရှောင်ဆန်းကို တပည့်အဖြစ် လက်ခံခဲ့လဲဆိုတာ ငါမသိပေမဲ့ မင်း သူ့အပေါ် ကောင်းကောင်းဆက်ဆံတာကို ငါမြင်ရပါတယ် သူ့ကို မင်းလက်ထဲ အပ်နှံခဲ့ရတာ ငါစိတ်အေးရပါပြီ"
ထန်ဟောက်ရဲ့ မျက်ဝန်းများ တောက်ပသွားပြီး လင်းမူကဲ့သို့သော ပါရမီရှင်တစ်ဦး သူတို့ဘက်တွင် ရှိနေခြင်းက နောင်တွင် ဝိညာဉ်နန်းတော်အပေါ် ကလဲ့စားချေရန် ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရရှိစေမည် ဖြစ်သည်
"ရော့... ဒါကို ယူထားလိုက် ဒါက မင်းအတွက် အသုံးဝင်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် ထန်ဟောက်က အနက်ရောင် တိုကင်ပြားတစ်ခု ဖြစ်သော အမြင့်ဆုံးအဆင့် ရှိသည့် ဟောက်ထျန်းတိုကင်ပြား ကို ထုတ်ယူကာ လင်းမူထံသို့ ပစ်ပေးလိုက်တယ်
သူ ခေတ္တမျှ ထွက်ခွာသွားမည့်အကြောင်းကို ရှင်းပြပြီးနောက် ထန်ဟောက်က လှည့်ထွက်ရန် ပြင်လိုက်သော်လည်း လင်းမူက သူ့ကို အရင် တားဆီးလိုက်တယ်
"စီနီယာ... ခင်ဗျား ဒီကို ရောက်နေပြီပဲဥစ္စာ ငါ့ကို အကူအညီတစ်ခုလောက် ပေးပါလား"
လင်းမူကတော့ သူရဲ့ ပဉ္စမမြောက် ဝိညာဉ်ကွင်းကို ရှာဖွေရန်အတွက် စိုးရိမ်ပူပန်နေရစဉ်မှာတင် ထန်ဟောက်က ရုတ်တရက် ပေါ်လာခြင်း ဖြစ်ရာ ဒီလို အခမဲ့ရရှိသည့် အဆင့်မြင့် လုပ်သားကောင်းတစ်ယောက်ကို အလွတ်ခံရမှာလဲ
ခေတ္တမျှ တွေဝေသွားပြီးနောက် ထန်ဟောက်က သဘောတူညီလိုက်တယ် ၎င်းက သူ့သားရဲ့ဆရာအတွက် ပေးအပ်သင့်သော လက်ဆောင်တစ်ခုအဖြစ် မှတ်ယူလိုက်ခြင်းပင်။