ENDouluo Continent: Titled Demon God, My Martial Soul is the Demon Fruit Tree
ဇာတ်လမ်းအကျဉ်း
ဒိုလော့မြေကမ္ဘာဆီ ကူးပြောင်းရောက်ရှိလာခဲ့သော ယဲ့ဖုန်း၏ ခန္ဓာကိုယ်အတွင်း၌ ငုပ်လျှိုးနေသည့် သိုင်းဝိညာဉ်မှာ အခြားမဟုတ်။ အမှောင်ထု၏ နက်နဲဆန်းကြယ်မှုများ ကိန်းဝပ်ရာ “မိစ္ဆာသစ်သီးသစ်ပင်” ပင် ဖြစ်သည်။
ထိုသိုင်းဝိညာဉ်၏ စွမ်းအားမှာ ထိတ်လန့်ဖွယ် ကောင်းလှ၏။ မည်သည့် ဝိညာဉ်သခင်၏ ခန္ဓာကိုယ်ထဲမဆို မိစ္ဆာမျိုးစေ့ကို ကပ်ပါးပြု စိုက်ပျိုးလိုက်သည်နှင့် မိစ္ဆာသစ်သီးတစ်လုံး သီးပွင့်လာမည်ဖြစ်ပြီး ထိုသူ၏ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်ကွင်း၏ သီးသန့်စွမ်းရည်များကို အကြွင်းမဲ့ စုပ်ယူဝါးမြိုပစ်နိုင်ပေသည်။
ယဲ့ဖုန်း သည် ထိုစွမ်းအားကို မိမိကိုယ်ပေါ်တွင် စမ်းသပ်ကြည့်ခဲ့ရာ မူလမိစ္ဆာသစ်သီးဖြစ်သော ”စွဲမက်ဖွယ် မိစ္ဆာသစ်သီး(မေးရိုသစ်သီး)” ဖြစ်တည်လာခဲ့သည်။ ထိုအခါ မူလကတည်းက ခန့်ညားလှသော သူ၏ ရုပ်ရည်မှာ ကြည့်မိသူတိုင်း၏ ဝိညာဉ်ကိုပင် ညှို့ယူဖမ်းစားနိုင်လောက်အောင် ပိုမိုဆွဲဆောင်မှု ရှိလာခဲ့တော့သည်။
ထိုသို့ ပါးစပ်အဟောင်းသား ဖြစ်စေမည့် တုနှိုင်းမဲ့ သိုင်းဝိညာဉ်၏ ကျေးဇူးကြောင့် ယဲ့ဖုန်း သည် အသက် ၁၉ နှစ် အရွယ်မျှဖြင့်ပင် တစ်ကမ္ဘာလုံးက မော်ကြည့်ရသည့် အဆင့် ၉၁ ”ဘွဲ့ခံဒိုလော့” အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
အတိတ်ကို ပြန်လည်တွေးတောရင်း ယဲ့ဖုန်း နှုတ်ခမ်းပါးတို့က အသာတွန့်ကွေးသွားကာ မတိတ်မဆိတ် ရေရွတ်လိုက်သည်။
“အချိန်တွက်ကြည့်ရင် ငါ့ရဲ့ တတိယမြောက်ရင်သွေးလေးတောင် မကြာခင် မွေးဖွားတော့မယ်ထင်တယ်”
သူ၏ မျက်ဝန်းထဲတွင်မူ ဆန်းကြယ်သော အရောင်အဝါတို့ တောက်ပနေ၏။ မိမိ၏ ခန္ဓာကိုယ်ထဲသို့ မိစ္ဆာမျိုးစေ့ကို ထပ်မံစိုက်ပျိုးလိုက်ပါက မည်မျှအထိ ထိတ်လန့်ဖွယ်ကောင်းသော သိုင်းဝိညာဉ်မျိုး ဖြစ်တည်လာမည်နည်းဟု ထိုသူ ရင်ခုန်စွာ မျှော်လင့်နေမိတော့သည်။